Posts

Showing posts from September 20, 2013

Percy Jackson and Sea of the Monster ( 3 )

Image
တိုင်ဆန်တို့လှေအား အန္တရာယ် မပြုနိုင်အောင် ပါဆီဖန်ဆင်းလိုက်သော ရေတံတိုင်း နောက်ထပ်ရေလှိုင်းကြီး တခုကို ဖန်ဆင်းပြီး ပါဆီက ရေလှိုင်းတံတိုင်းပေါ်ကို ခုန်ဆင်းလိုက်ပါတယ် ။ အဲဒီရေလှိုင်းအတိုင်း ရေလွှာလျှောစီးပြီး လှေကလေးနောက်ကို လိုက်သွားတဲ့အခါ လုခ်နဲ့နောက်လိုက်တယောက်တို့လဲ ထိုရေလှိုင်းပေါ် ခုန်ဆင်းပြီးလိုက်ပါတယ် ။ ထိုအခါ လုခ်ပဲ ရေပေါ်ပေါ်နိုင်ပြီး နောက်တယောက်က ပြုတ်ကျ ကျန်ခဲ့ပါတယ် ။ လုခ်လိုက်လာတာကို တွေ့တဲ့ ပါဆီက လက်နဲ့ တချက်ဝှေ့လိုက်တော့ လုခ်လဲ ပြုတ်ကျကျန်ရစ်ပါတော့တယ် ။ ဒီတော့မှ ပါဆီလဲ လှေကလေးပေါ်ခုန်ဆင်းလိုက်ပါတယ် ။ ပါဆီက လေဓာတ်ဘူးကို တလှည့်ကိုင်ပြီး ကျန်သူ နှစ်ဦးက အနားယူနေတဲ့ အချိန်မှာ တိုင်ဆန်ရဲ့ မျက်စေ့က နဂို အတိုင်း တလုံးပဲ ပေါ်ပါတော့တယ် ။ Mist ဖြန်းဆေး ဘူးကတော့ ကုန်သွားပါပြီ ။  တိုင်ဆန်လေး ပြန်ရုပ်ဆိုးသွားပါပြီ ။ ပါဆီက လေဓာတ်ဘူးကို ပိတ်ပြီး တိုင်ဆန့်မျက်စေ့ကို ဖြန်းဘို့ ပေးရာ တိုင်ဆန်က လက်မခံချေ ။ သူငယ်စဉ်ကတည်းက ရုပ်ဆိုးသည့်ဘဝမှာ ကျင့်သားရခဲ့ပြီဖြစ်ကြောင်း ရှင်းပြပါသည် ။ အန်နာဘသ်စိတ်ထဲမှာတော့ တိုင်ဆန် ကိုကြည့်ပြီး လွန်ခဲ့သည့် ၇နှစ်က ကိစ္စ ပြန်လည