Percy Jackson and Sea of the Monster ( 3 )
![]() |
တိုင်ဆန်တို့လှေအား အန္တရာယ် မပြုနိုင်အောင် ပါဆီဖန်ဆင်းလိုက်သော ရေတံတိုင်း |
နောက်ထပ်ရေလှိုင်းကြီး တခုကို ဖန်ဆင်းပြီး ပါဆီက ရေလှိုင်းတံတိုင်းပေါ်ကို ခုန်ဆင်းလိုက်ပါတယ် ။ အဲဒီရေလှိုင်းအတိုင်း ရေလွှာလျှောစီးပြီး လှေကလေးနောက်ကို လိုက်သွားတဲ့အခါ လုခ်နဲ့နောက်လိုက်တယောက်တို့လဲ ထိုရေလှိုင်းပေါ် ခုန်ဆင်းပြီးလိုက်ပါတယ် ။ ထိုအခါ လုခ်ပဲ ရေပေါ်ပေါ်နိုင်ပြီး နောက်တယောက်က ပြုတ်ကျ ကျန်ခဲ့ပါတယ် ။ လုခ်လိုက်လာတာကို တွေ့တဲ့ ပါဆီက လက်နဲ့ တချက်ဝှေ့လိုက်တော့ လုခ်လဲ ပြုတ်ကျကျန်ရစ်ပါတော့တယ် ။ ဒီတော့မှ ပါဆီလဲ လှေကလေးပေါ်ခုန်ဆင်းလိုက်ပါတယ် ။
ပါဆီက လေဓာတ်ဘူးကို တလှည့်ကိုင်ပြီး ကျန်သူ နှစ်ဦးက အနားယူနေတဲ့ အချိန်မှာ တိုင်ဆန်ရဲ့ မျက်စေ့က နဂို အတိုင်း တလုံးပဲ ပေါ်ပါတော့တယ် ။ Mist ဖြန်းဆေး ဘူးကတော့ ကုန်သွားပါပြီ ။
တိုင်ဆန်လေး ပြန်ရုပ်ဆိုးသွားပါပြီ ။ ပါဆီက လေဓာတ်ဘူးကို ပိတ်ပြီး တိုင်ဆန့်မျက်စေ့ကို ဖြန်းဘို့ ပေးရာ တိုင်ဆန်က လက်မခံချေ ။ သူငယ်စဉ်ကတည်းက ရုပ်ဆိုးသည့်ဘဝမှာ ကျင့်သားရခဲ့ပြီဖြစ်ကြောင်း ရှင်းပြပါသည် ။ အန်နာဘသ်စိတ်ထဲမှာတော့ တိုင်ဆန် ကိုကြည့်ပြီး လွန်ခဲ့သည့် ၇နှစ်က ကိစ္စ ပြန်လည်မြင်ယောင်လာသည် ။ ဆိုက်ကလော့စ်ကြီးက သာလီယာလေးကို သတ်လိုက်သည်ကို မေ့၍မရခဲ့ပေ ။
ခရီးဆက်လာရင်း မိုးကောင်းကင်တပြင်လုံးမဲမှောင်နေသော နေရာသို့ရောက်ရှိလာချိန်မှာ တိုင်ဆန်လက်ထဲက လေဓာတ်ဘူးက ရုတ်တရက် ရေထဲ လွတ်ကျသွားသောကြောင့် လှေကလေးရပ်သွားသည် ။ အန်နာဘသ်က အလွန်စိတ်ပျက်သွားချိန်မှာ သူတို့လှေကလေး၏ဘေးနား တဝိုက်မှာ ငါးမန်းဆူးတောင်များကဲ့သို့ ချွန်ထက်သော အရာများ ပတ်လည်ဝိုင်းလာနေသည်ကိုတွေ့လိုက်ရသည် ။
တဖြေးဖြေးနဲ့ ငါးမန်းတောင်များက ဝိုင်းစက်သော သဏ္ဍာန်ပိုမိုများပြားလာပြီး ပိုမို ချွန်ထက်လာသည် ။ နောက်တော့ ရေဝဲကြီး တခု ပေါ်ပေါက်လာပြီးသူတို့ လှေကလေး ချာလည်လည်ကာ ထိန်းမနိုင်းသိမ်းမရပဲ လှေပေါ်က ပြုတ်ကျ မသွားအောင်သာ သေသေချာချာ ဝမ်းလျားမှောက်၍ကိုင်ထားရသည် ။ နောက်တော့ စုတ်ဝဲကြီးက သူတို့လှေကလေးကို ရေထဲက တွင်းနက်ကြီး တခုဆီကို ဆွဲချသွားတော့သည် ။
![]() |
နှစ်ချို့ ပင်လယ် သတ္တဝါကြီး Monster of sea ရဲ့ ပါးစပ်ကြီးမှ ဖြစ်ပေါ်လာသော စုတ်ဝဲ |
တလိမ့်ကောက်ကွေး ပြုတ်ကျပြီး အောက်ကိုရောက်တော့မှ အလွန်ကြီးမားသော ပင်လယ်ထဲနေ နှစ်ချို့ သတ္တဝါကြီး၏ ပါးစပ်ကြီးဟ၍ မြိုချခြင်းကို ခံလိုက်ရမှန်း သိတော့သည် ။ ထိုသတ္တဝါကြီး မည်မျှကြီးမားသနည်းဆိုလျင် ဝမ်းဘိုက်ခန်းကြီးသည်ပင် ကျယ်ပြောလှပေသည် ။ပင်လယ်ပျော်မိစ္ဆာကြီး Sea of the Monster ကြီး တကောင်ပင်ဖြစ်သည် ။ တချက်တချက် အစာကို ကြိတ်သည့် အင်္ဂါရပ်များလည်း လှုပ်ရှားနေသည်ကိုတွေ့ရပြီး သူတို့စီးလာသော အသက်ကယ်လှေကလေး ကို ကြိတ်ပစ်လိုက်သည်ကို တွေ့လိုက်ရပါသည် ။
![]() |
Monster of sea ကြီးရဲ့ ဝမ်းဘိုက် အတွင်းမှာ |
တချိန်က ပင်လယ်ပြင်ရှိ ဘာမြူဒါ တြိဂံဟူသော ထိုအရပ်တွင် အနှီသတ္တဝါကြီး ကျက်စားကာ အနားသို့ရောက်လာသမျှ ဖမ်းယူစားသောက်ခဲ့သောကြောင့် သဘောင်္များ လေယာဉ်ပျံများသည် ကြီးမားသော စုတ်အားကို မခံနိုင်ပဲ ပျက်ကျခဲ့သည်ဟူ ယူဆရပါသည် ။
တနေရာမှ ရင်းနှီးသော အော်သံ ကြိမ်းမောင်းသံများကြားရသဖြင့် ကြည့်လိုက်ရာ ကလယ်ရစ်ဆီနှင့် သူမနှင့် တကွ အတူပါလာသောနောက်လိုက်များ သေဆုံးပြီး ဖုတ်ကောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။ ဆိတ်အီဂနိုတေး အပါအဝင် ဖုတ်ကောင် Zombie များကို ဝမ်းဘိုက်တွင်းတနေရာရှိသင်္ဘောကြီးပေါ်တွင် ကလယ်ရစ်ဆီက ခိုင်းနေတာကို တွေ့လိုက်ရသည် ။ ကလယ်ရစ်ဆီသည် မည်မျှ အာဏာပြင်းထန်သနည်းဆိုလျှင် သေပြီးသူများ ဖုတ်ကောင်ဖြစ်နေသောသူများပါ မချန် သူမ၏ စေခိုင်းမှုများကို နာခံနေရလေသည် ။
![]() |
သူ့နောက်လိုက် သေလွန်သွားသော ဖုတ်ကောင် ဇွမ်ဘီများကို အော်ဟစ်ခိုင်းနေသည့် ကလယ်ရစ်ဆီ |
ဆုံတွေ့ကြသော အခါ ပါဆီက မိစ္ဆာကောင်ကြီး ၏ဝမ်းဘိုက်မှ လွတ်မြောက်ရန်နည်းလမ်းကို ကလယ်ရစ်ဆီနဲ့ တိုင်ပင်ရာ သူမက ရွှေသားမွေးစောင်ကို သူမသာလျင်ရယူမည် ဆိုသည်ကို သာ တွင်တွင် ပြောနေလေသည် ။ သတ္တဝါကြီး၏ ဝမ်းဘိုက်က မြိုချထားသော သူတို့အား တဖြည်းဖြည်းစုတ်ယူခြင်းကို ခံနေရပါပြီ ။ သူတို့ရှိနေသော သင်္ဘောကြီး တနေရာသို့ တဖြည်းဖြည်းရွေ့နေပါပြီ ။
ထို့ နောက် ပါဆီက ကလယ်ရစ်ဆီ ၏ သင်္ဘောမှာ တပ်ဆင်ထားသော စိန်ပြောင်းအမြောက်နှင့် သတ္တဝါကြီး၏ ဝမ်းဘိုက်ကို အချက်များစွာ တနေရာတည်း ပစ်ဖောက်ပစ် လိုက်ပါသည် ။ ကလယ်ရစ်ဆီက သင်္ဘော ကို ဝမ်းဘိုက်ပေါက်ထွက်မည့်နေရာ ဆီသို့ ဆလင်ဒါအားလှည့်ထားသည် ။
![]() |
လူတွေရော ဖုတ်ကောင် Zombie တွေရော လွတ်လာပြီ |
အချက်များစွာပစ်ဖောက်ပြီးနောက် အပေါက်ကြီးမှ ရေတလဟော ဝင်လာသော အချိန်တွင် သင်္ဘောကို စက်ကုန်ဖွင့်ထားလိုက်သည်။ ဝမ်းဘိုက်အတွင်းရေများပြည့်လာသည်ကို စောင့်ရင်း ရေဖိအားကြောင့် သင်္ဘော၏ မှန်များအက်ကြောင်းရာများထင်လာသည် ။ မှန်များ မပေါက်ကွဲမီလေးတင် သင်္ဘောကြီးသည် ဝမ်းဘိုက်ကြီး၏ အပေါက်မှ လွတ်မြောက်ခဲ့ပေသည် ။
![]() |
30 , 31 , 75 , 12 လတ္တီကျုဒ် နဲ့ လောင်ဂျီတွတ် |
သဘောင်္၏ ဦးပိုင်းတွင် ရပ်နေကြရင်းနဲ့မှ ပင်လယ်ပြင်တွင် လောင်ဂျီတွတ် လတ္တီကျုဒ် မျဉ်းကြောင်းများပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသော ပါဆီက ယခုမှ the Gray sisters ပေးလိုက်သော နံပါတ်များသည် ။ လောင်ဂျီတွတ်နဲ့ လတ္တီကျုမျဉ်းကြောင်းများ၏ နံပါတ်များဖြစ်သည်ကို မှတ်မိလိုက်သည် ။
နောက်ဆုံးခရီးဆက်ထွက်ကြရာ မကြာမီပင် ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးမှ လွတ်မြောက်ကာ ကုန်းမြေကို မြင်ရပါတော့သည် ။ ထိုနေရာကား ကြီးမားသော Circleland ဟု အမည်တပ်ထားသော ကစားကွင်းကြီးဖြစ်ပြီး စဖွင့်သည့်နေမှာပင် ပိုလီဖီးမက်စ်ဆိုသော ထိုနေရာကို ကျက်စားနေသည့် ဆိုက်ကလော့စ် မျက်စေ့တလုံးပိုင်ရှင်ကြီး၏ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည့် နေရာကြီးပဲဖြစ်ပါသည် ။
![]() |
ထိုနေရာမှာ အစောင့်ဖြစ်နေသော ဆိုက်ကလော့စ်ကြီး ဟိုလီဖီးမက်စ် ဖျက်ဆီးသောကြောင့်စွန့်ပစ်ခံထားရသော CircleLand ကစားကွင်းကြီး |
ထိုနေရာအား လူတို့ စွန့်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်သည် ။
![]() |
ဒီကစားကွင်းကြီး တည်ဆောက်ပြီးစီးလို့ ဖွင့်ပွဲ Grand Opening Ceremony မှာ ပဲ ဆိုက်ကလော့စ်က ဖျက်ဖြစ်တာ |
ထိုဆိုက်ကလော့စ်ကြီးသည် ရွှေသားမွေးစောင်ကို စောင့်၍ထိုနေရာတွင် နေနေရသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည် ။ ဆိုက်ကလော့စ်ကြီး ပိုလီဖီးမက်သည် ပွေဆိုက်ဒွန်နှင့် ရေညှိနတ်သမီး Nimph ၏ သားဖြစ်သည် ။ သူသည် အသားစား သတ္တဝါဖြစ်ပြီး လူသားလည်းစားသည် ။ ပါဆီနဲ့ တိုင်ဆန်တို့ နဲ့ ညီအကို ဆိုပဲ ။:P
![]() |
ရေညှိ နတ်သမီး Nimph ပွေဆိုက်ဒွန်၏ နောက်ချစ်သူတယောက် ဆိုက်ကလော့ကြီး ဟိုလီဖီးမက်စ်၏ အမေ |
![]() |
Trojan စစ်ပွဲမှာ ပါဝင်ခဲ့သော လူရှုပ်စာဆို Odysseus ၏ အကြံပက်စက်မှုကြောင့် မျက်လုံးကွယ်ခဲ့ရသော ဟိုလီဖီးမက်စ် |
သူ၏တလုံးထဲရှိသော မျက်လုံးမှာ လူရှုပ် Odysseus ဟုခေါ်သော ထရိုဂျန်စစ်ပွဲ၏ ပင်မဇာတ်လိုက်တဦးမှ အရက်မူးအောင် တိုက်ပြီး မီးသင်းထားသော လှံတံနှင့်ဖောက်ခံထားရသောကြောင့် အမြင်အာရုံ မကောင်းပေ ။ ပါဆီ၊အန်နာဘသ် ၊ တို်င်ဆန်နှင့် ကလယ်ရစ်ဆီတို့က သားရဲတွင်းကြီး၏ အနက်ဆုံးအပိုင်းထိရောက်သော ကစားကွင်းသုံး ရထားလေးကိုစီးပြီး လိုက်ပါသွားသည် ။
![]() |
မျက်လုံး အတု တလုံးတပ်ဆင်လျက် ဆိုက်ကလော့စ်အားချော့နေရသော သနားစရာ ဂရိုဘာ ဆိတ်ကလေး |
ထိုနေရာတွင်တွေ့လိုက်ရသူမှာ ဂလိုဘာဖြစ်သည် ။ သူသည် ဂါဝန်အကျီင်္ကို ဝတ်ထားပြီး နဖူးတွင် မျက်လုံးအတုကို တတ်ထားကာ ဆိုက်ကလော့စ်အမယောင်ဆောင်၍ ဆိုက်ကလော့ကြီး ပိုလီဖီးမက်စ်အား ချော့နေသည် ။ ပိုလီဖီးမက်စ်သည် မျက်စေ့မှုန်နေသောကြောင့် ဂလိုဘာအား ဆိုက်ကလော့စ်တကောင် ဟုပဲ ထင်နေသည် ။
![]() |
ပြေးကြမယ် |
သူတို့က ဂလိုဘာအားခေါ်လိုက်သော အခါ ဂလိုဘာ သူတို့အားတွေ့သွားလေသည် ။ ကလယ်ရစ်ဆီက ဂလိုဘာ့ပုံကို ကြည့်ပြီး ဓာတ်ပုံရိုက်လိုက်သည် ။ ထို့နောက်သူတို့သည် ရွှေသားမွေးစောင်အား ပခုံးပေါ်တွင်တင်၍ အိပ်ငိုက်နေသော သတ္တဝါကြီး ထံမှ စောင်ကို ရအောင်ယူ၍ ထွက်ပြေးကြလေသည် ။
ဂလိုဘာက "ငါအလုပိထွက်ပြီ " ဆိုပြီး မိန်းမဂါဝန်ကို ဆွဲချွတ်ပြလိုက်သောအခါ ပိုလီဖီးမက်စ်က မင်းက ယောက်ျားကြီးပဲ ဟု ရေရွတ်လေသည် ။ သူတို့သည်ပိုလီဖီးမက်စ်သတ္တဝါကြီးအား သူ့၏ဂူထဲတွင်သူ့အား ကျောက်တုံးဖြင့်ပိတ်လှောင် ပစ်ခဲ့လေသည် ။
![]() |
လုခ် ငရဲပြည်အောက်ဆုံးက သယ်လာသော ဘိုးတော် Titan တစ်တန်ကြီး ခရိုနပ်စ်၏ ဂူ |
ညီငယ် တို်င်ဆန်သေဆုံးမှုအတွက် ပါဆီက အလွန်ဝမ်းနည်းသွားပြီး ညီလေးလို့ ပင်တခွန်းမှ မခေါ်မိသည့် အတွက် နောင်တကြီးစွာရရှိခံစားမိသည် ။ သူတို့ ၃ယောက်ကိုလုခ်က ရိုလာကိုစတာကြီးနှင့် ချည်နှောင်ထားသည် ။ ထိုနောက် လုခ်က တစ်တန်ကြီး၏ ရွှေတလားကြီးပေါ်တွင် ရွှေသားမွေးစောင်ကို လွှမ်းခြုံလိုက်ပြီး ပါးစပ်မှ Titan တစ်တန်ကြီးအားရည်စူး၍ဆုတောင်းလိုက်လေသည် ။
ထိုအချိန်တွင် ပါဆီ၏ အိပ်ကပ်တွင်းမှ ဆရာခိုင်ရွန်ပေးထားသော ဖခင်၏ ဖောင်တိန်လေးကို ထုပ်ပြီး ခလုပ်နှိပ်လိုက်ရာ ဓားဖြစ်သွားပြီး ချည်နှောင်ထားသည်များကို ဖယ်ရှားနိုင်လေသည် ။ ထိုအချိန်တွင် ဓားသည်အရောင် တဖိတ်ဖိတ်တောက်ပလာလေသည် ။
တစ်တန်ကြီး ၏ အခေါင်းတလားပေါ်မှ ရွှေသားမွေးစောင်ကို လုခ်နှင့် ပါဆီတို့ အသေအကျေ တို်က်ခိုက်လုနေဆဲမှာပင် တစ်တန်ကြီး၏ခေါင်းတလားပွင့်လာပြီး တစစနှင့် ခန္ဓာကိုယ် အစိတ်ပိုင်းများ စတင်တည်ဆောက်နေပြီဖြစ်သည် ။ ထိုအချိန်တွင် ရေထဲပစ်ချခံရသဖြင့် ပြန်လည်ရှင်သန်လာသော ရေနတ်မင်းပွေစိုက်ဒွန်၏ သားဖြစ်သူ တိုင်ဆန်က ပေါ်လာပြီး လုခ်အား လွှင့်ပစ်လိုက်လေသည် ။ ရေနတ်မင်း၏သားတော် တပါးဖြစ်သော တိုင်ဆန်သည် ရေထဲ ပြုတ်ကျသွားရာမှ ရေ၏ကုစားမှုကြောင့် အသက်ပြန်ရှင်လာလေပြီ ။
![]() |
ရှင်သန်ထမြောက်ခြင်း |
![]() |
ဒယ်မီဂေါ့လေးတွေ ကို လိုက်နင်းခြေနေတာ |
ဒယ်မီဂေါ့တချို့အား ခြေထောက်နှင့် နင်းခြေပစ်သည် ။ ဂလိုဘာအားလဲ ဖမ်းပြီး စားပစ်လိုက်သည် ။ ကစားကွင်းဟောင်းကြီး တခုလုံးကမ္ဘာပျက်အောင် ပြေးနေကြရသည် ။ ပါဆီကို လုခ်ခေါ်လာသော မန်တီကိုး အကောင်ကြီးက တိုက်ခိုက်နေဆဲမှာပင် ခရိုနပ်စ်၏ခြေထောက်ကြီး ပါဆီနားရောက်လာ၍ ပါဆီက ဖခင်၏ ဓားနှင့် ဖြတ်ချလိုက်သည့်အခါ ခရိုနပ်စ် ပြိုလဲသွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ခေါင်းတလားဆီသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရ၍ ပါဆီ၏ ဖခင်ပေးသောဓားသည် ခရိုနပ်စ်၏ ကံကြမ္မာ ကို အဆုံးအဖြတ်ပေးနိုင်သည့် ကြိမ်စာဓားမှန်း ပါဆီက သဘောပေါက်သွားသည် ။
ခရိုနပ်စ်က ပါဆီကို လက်ဖြင့် ဖမ်းချုပ်လိုက်တဲ့ အချိန်ထိအောင် ပါဆီက မရပ်မနား ခုတ်လေရာ နောက်ဆုံးအနေနှင့် ခရိုနပ်စ်၏ ရင်ဝ ကို ခုတ်မိသောကြောင့် တစ်တန်ကြီး၏ ခန္ဓာကိုယ်တခုလုံးပြိုကွဲသွားပြီး အစိတ်ပိုင်းများ ခေါင်းတလားကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည် ။
သူ၏ ဘိုက်ထဲမှ ဂလိုဘာနှင့် လုခ်တို့ ပြန်လည်လွတ်မြောက်လာလေသည် ။ ဂလိုဘာက မြေပြင်ပေါ်သို့ကျလာပြီး လုခ်က ဆိုက်ကလော့စ်ကြီး ဟိုလီဖီးမက်စ်၏ သားရဲတွင်းထဲကျသွားလေသည် ။ သူသည်ဂလိုဘာ ကိုယ်စား မိန်းမတယောက်အယောင်ဆောင်ပြီး ကယ်မယ့်သူ မပေါ်မခြင်း ဆိုက်ကလော့စ်ကြီး အနားတွင်နေရတော့ပေမည် ။
တိုင်ဆန်လေးက ပြေးသွား၍ ခေါင်းတလားကြီး ဆီမှာ လွှမ်းထားသော ရွှေသားမွေးစောင်ကို ဆွဲယူချလိုက်သည် ။ တစ်တန်ကြီး ခရိုနပ်စ် ခေါင်းတလားကြီးထဲ အပြီးပိုင်ရောက်သွားပြီး အားလုံးငြိမ်သက်သွားသည် ။
ခေါင်းတလားကြီး ပိတ်သွားပြီ ။
ကမ့်ပ်သို့ပြန်ရောက်သောအခါ ကလယ်ရစ်ဆီက ရွှေသားမွေးစောင်ကို အဆိပ်မိနေသော သာလီယာပင်လေးပေါ်သို့လွှမ်းလိုက်သည် ။ သစ်ပင်လေး ပြန်လည်ရှင်သန်လာပါပြီ ။ Camp Half Blood တခုလုံး ပျော်ပွဲ ရွှင်ပွဲများဖြင့် ပျော်ရွှင်ကြသည် ။
![]() |
ရွှေသားမွေးစောင်နဲ့ ကလယ်ရစ်ဆီ |
ဒါပေမယ့် ခိုင်ရွန်က ပါဆီကို သတိပေးသည်မှာ နတ်ဝင်သည်ပြောသော ရှေ့ပြေးနိမိတ်၏ အဓိပ္ဗါယ်မှာ နှစ်ဆင့်ဖြစ်သည် ။ ပြီးတော့ ပါဆီလဲ အသက် ၂၀ မပြည့်သေးပေ ။ တကယ့် ရင်ဆိုင်ရမည့် တိုက်ပွဲကလဲ Circleland ကစားကွင်းမှာ ဖြစ်မှာ မဟုတ်ဟု သတိပေးခဲ့သည် ။
![]() |
Camp Half Blood |
ဒယ်မီဂေါ့ အားလုံးနေ့စဉ်မပျက်မကွက်လေ့ကျင့်ရမည့် တာဝန်များကို ထမ်းဆောင်ကြသည် ။ တနေ့သော် ကမ့်ပ်တခုလုံး၏ တိတ်ဆိတ်သော အခြေနေကို အထိတ်တလန့်ဖြစ်သွားတဲ့ အထိ အော်လိုက်သော အသံတခု ကြားလိုက်ရသည် ။
ဂလိုဘာက အားလုံးကို လာကြည့်ကြဘို့ ခေါ်နေသည် ။ ကမ့်ပ်၏ ဝင်ပေါက်ဝမှာ ရှိသော သာလီယာပင်သည် အပြီးတိုင် ကုစားခြင်းကို ခံလိုက်ရပြီး သာလီယာလေး ရှင်သန်ထမြောက်လာပြီဖြစ်သည် ။ ပါဆီစဉ်းစားမိလိုက်သည်မှာ အိုလံပတ်စ်၏ က့ကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဒယ်မီဂေါ့ နောက်တပါးသည် သာလီယာများ ဖြစ်လေမလား.....။
ပြီးပါပြီ အားပေးသူများကို ကျေးဇူးတင်ပါတယ် ။ ၃ရက် ၃ည ရှာဖွေ ဘာသာပြန်ပြီး ကျေနပ်မိပါတယ် ။ ကိုယ်ကိုယ်တိုင် မသိသေးတာတွေရော သိလိုက်ရပါတယ် ။ ရုပ်ရှင် တကား၏ ဆွဲဆောင်အားသည် ကျမကို ဒီလောက်ထိ ဆွဲခေါ်သွားပါသည် ။
တခုခုသိချင်ရင် ရေဆုံးရေဖျားလိုက်တတ်သော ကျမ၏ အကျင့်ကြောင့် အလွန်ပင်ပန်းပါ၏...... :D :P
ပုံ
ရေးသူ
Comments
Post a Comment