Posts

Showing posts from October 11, 2013

Da Vinci Code ( 2 )

Image
ဘိရှော့ အာရင်ဂါရိုစာက သူ့ကို အမြဲ ဦးဆောင်မှုပေးခဲ့တယ်လို့ စီးလာ့စ်က သီလရှင်ကြီးကို ပြောလိုက်တယ် ။  သူမက မင်းအတော်ဇွဲကြီးတာပဲလို့ ပြောလိုက်တယ် ။ ဟုတ်တယ် ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘယ်လိုသေးငယ်တဲ့ အခွင့်အရေးကိုမှ လက်မလွတ်နိုင်ဘူးလို့ ပြောလိုက်တယ် ။ သူက ညသန်းခေါင်းကျော်လောက်မှာ ရောက်လာတာကို သီလရှင်က မင်း မနက်မိုးလင်းမှ လာပါလား ခုတော့ မှောင်နေတုန်းပဲလို့ပြောလိုက်တယ် ။  စီးလာ့စ်က မကြားချင်ယောင်ဆောင်ပြီး စစ္စတာ ကျွန်တော့ ကိုပြောပြပါ ။ နှင်းဆီပန်းလမ်းကြောင်း Rose line အကြောင်းကို လို့တောင်းဆိုလိုက်တယ် ။ စိန့်ဆဲပစ်စ်ဘုရားကျောင်းမှာဖြတ်သန်းသွားသော ကမ္ဘာမြေကြီးရဲ့ အလယ်တည့်တည့်မှ ပိုင်းခြားထားသော သုညဒီဂရီလောင်ဂျီကျုမျဉ်း  ပြင်သစ်နိုင်ငံ Saint Sulpice ဘုရားကျောင်းကြီးရဲ့ကြမ်းပြင်မှာ တောင်နှင့်မြောက် ဖြောင့်တန်းအောင်ဆွဲထားတဲ့ Paris Meridian လို့ပြင်သစ်မှာ ခေါ်ကြတဲ့ ဂရင်းဝှစ်ခ်ျ စံတော်ချိန်လမ်းကြောင်းဖြတ်သန်းသွားတဲ့နေရာရှိပါတယ် ။ အဲဒီလမ်းကြောင်းကို နှင်းဆီပန်းပွင့်ပုံနဲ့ ကြေးသတ္တုကို ဆက်ပြီးဆွဲထားတဲ့ အတွက် တချို့က နှင်းဆီလမ်းကြောင်း Roseline လို့ခေါ်ပါတယ် ။  ပြင်သစ်