Posts

Showing posts from May 28, 2014

ကျမဘဝရဲ့ အကြောက်ဆုံးအရာ

Image
ယဉ်ကျေးသိမ်မွေ့သည့် အပြုအမူ လွန်ကဲသော ပုဂ္ဂိုလ်တစ်ဦးသည် အချိန်ကြာလာတဲ့ အခါ ငြီးငွေ့ဖွယ် စိတ်ပျက်ဖွယ် ကောင်းလာတတ်တယ် သတိထားမှုလွန်ကဲသော ပုဂ္ဂိုလ်ကတော့ တိုးသထက် တိုးလာတာကတော့ ကြောက်စိတ်ပဲ စည်းကမ်းကြီးလွန်းတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ သည်းခံစိတ် နည်းရုံမက သည်းညည်းခံနိုင်တဲ့ ခံနိုင်ရည်ပါ လျှော့ သွားတက်တယ် သတ္တိလွန်ကဲတဲ့ လူမျိုးကျတော့ တစစနဲ့ အကျိုးအကြောင်းကို သိပ်မဝေဖန်ပဲ ရမ်းကားတက်လာတယ် သံသယ လွန်ကဲတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ လောကမှာ ကိုယ့်အတွက်လဲ အပူမီးကြီးမားစွာလောင်ကျွမ်းတယ် သူ့အတွက်လဲ အချင်းချင်းဆက်ဆံရေးမှာ ယုံကြည်မှု မရတာ အလိုလျောက် သိနိုင်တဲ့ အတွက် ဘယ်သူမှ စိတ်ရောကိုယ်ရောပေါင်းမှာ မဟုတ်လို့ မိမိသာလျင် ပူဆွေးဝမ်းနည်းရတတ်တယ်.... သူဟာ အားလုံးကို ဖျက်စီးပစ်နိုင်တဲ့ အင်အားအကြီးမားဆုံး destroyer ပါပဲ. ဒီအရွယ်ကိုရောက်လာတော့ လူအမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီပေါ့ ။ လူတွေဟာ အမျိုးမျိုး လှည့်စားနေကြတာပါ ။ တခြားသူတွေကို လှည့်စားတာထက်စာရင် ကိုယ့် စိတ်ကို လှည့်စားနေကြတာ ရာခိုင်နှုန်းပိုများတယ် ။ ကိုယ်ကိုယ်တိုင်ကမှ အပစ်ကင်းတယ် ဆိုသူတွေရှိကောင်းရှိမယ်။ ဒီထက်ပိုလာတာက ကိုယ်ကမှ သည်းခံနေရတာ ဆိုသူ