Connected Disconnected

မီးပွိုင့်မကူးခင် ဒီဘက်ခြမ်းမှာထဲက ကားလမ်းဟိုဘက်ခြမ်းက ကိုယ်စီးမယ့်ဘတ်စကားကိုတွေ့နေရတယ် ။ ဘုရား... ဒီကားလွတ်သွားရင်နောက်ထပ် ၁၀မိနစ်ထက်စောင့်ရတော့မှာပဲ ။ အချိန်မမီတော့ဘူးထင်တယ်လို့တွေးရင်း မီးစိမ်းသွားတော့ အပြေးကလေး အမှီကူးလိုက်တယ် ။ ပြေးမယ့်သာ ပြေးရတာ လူတွေ ကားပေါ်ရောက်ကုန်ကြပြီ ။ အယ်..... ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်မယ် ။ အလောသုံးဆယ် ပြေးရင်းလွှားရင်း လက်ကတော့ ပြထားဦးမှ ။ ဒရိုင်ဘာမြင်လိုမြင်ငြားပေါ့နော် ။ ထင်တော့ မထင်ပါဘူး ။ ကိုယ်လဲ ကားနောက်နားလောက်ရောက်ရော ကားတံခါးပိတ်သွားရော...... ဟူးးးး ပြေးနေတဲ့ ခြေထောက်ကို ရပ်လိုက်မယ် ပြင်လိုက်စဉ်မှာ ကားတခါး ပြန်ပွင့်လာတာတွေ့လိုက်မိတယ် ။ ကမန်းကတန်း ကားပေါ်ပြေးတတ်ရင်း ကိုယ့် ကို စောင့်ပေးတဲ့ ဒရိုင်ဘာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး လက်မှတ်ကိုကပ်ကာ နောက်ဘက်သို့ ရွှေ့လာခဲ့လိုက်တယ် ။ ဒရိုင်ဘာက ကိုယ်နေရာမှာ သေချာရပ်လိုက်ပြီ ဆိုမှ ကားကို မောင်းထွက်ပေးလိုက်တဲ့ အချိန်မှာ တော့ သူ့ဘက်ကို မကြည့်မိတော့ပေမယ့် ။ ကိုယ့်ရဲ့ နောက်ကျောမှာ စိတ်ကလေးတခု ဖြတ် ဆို ကပ်လာခဲ့တာကို ခံစားလိုက်ရ...