Posts

Showing posts from September 22, 2013

Percy Jackson and the Sea of Monster ( 2 )

Image
Mist ဖြန်းဆေးဘူး ကမ့်ပ် အပြင်ဘက်တောကြီးထဲရောက်တော့ Mist ဖျန်းဆေးကိုသုံးပြီး တိုင်ဆန့်မျက်စေ့ကိုဖျန်းပေးလိုက်တာ တိုင်ဆန်မျက်လုံး ၂လုံးဖြစ်သွားပါတယ် ။ အန်နာဘသ်က မာဒူးဆာဆီက ယူလာတဲ့ လက်ကျန် အကြွေစေ့တွေကို မြေပြင်ပေါ်ကို ပေါက်ချလိုက်ပြီး လက်ခေါက်မှုတ်လိုက်တဲ့ အခါမှာ the Gray sisters မောင်းတဲ့ တမလွန်တက္ကစီ ဟာမီးခိုးငွေ့တန်းကြီးသဏ္ဍာန်နဲ့ ရောက်ရှိလာပါတယ် ။  တမလွန်တက္ကစီ The Gray Sisters ဆိုတာ  Graeae ,  Graiae ,  Graiai ,  Graii တို့ဖြစ်ပါတယ် ။ သူတို့ကို Anger ဒေါသ ၊ Tempest မိုးသက်မုန်တိုင်း နဲ့ Wasp နကျယ်ကောင်လို့လဲ ခေါ်ကြပါသေးတယ် ။ အမှန်က သူတို့အားလုံးဟာ Fate လို့ခေါ်တဲ့ ကံတရားတွေပါ ။ ဒေါသ မိုးသက်မုန်တိုင်းနဲ့ နကျယ်ကောင်လို့ အမည်ရတဲ့ The Gray Sisters မြန်မာလိုဆိုရင် လောဘ ဒေါသ မောဟ၃ပါးနဲ့ တူတယ်လို့ ထင်မိပါတယ် ။ ဘဝဆိုတဲ့ကားကို ဒီ၃မျိုးနဲ့မောင်းလို့ ဖြစ်ချင်ရာဖြစ် နောက်ဆုံး တမလွန်ကို ရောက်ရတယ်လို့ ယူဆပုံရပါတယ် ။ ပြီးတော့ ဒီ၃မျိုးဟာ ပညာရှိတယ်လို့ ကိုယ့်ဘာသာ ထင်ယောင်ထင်မှားလဲ ပြုတတ်ကြပါတယ် ။ သူတို့ ၃ယောက်ပေါင်းမှ မျက်လုံးတလုံးနဲ့ သွားတချောင်းပဲ ပိုင်ဆိုင်ကြ