အော်ဂဲနစ် ရောဂါ

မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့် လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။ ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။ ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။ မဒေါက်ကို ...