Posts

Showing posts with the label no label

ကျမဘဝရဲ့ အကြောက်ဆုံးအရာ

Image
ယဉ်ကျေးသိမ်မွေ့သည့် အပြုအမူ လွန်ကဲသော ပုဂ္ဂိုလ်တစ်ဦးသည် အချိန်ကြာလာတဲ့ အခါ ငြီးငွေ့ဖွယ် စိတ်ပျက်ဖွယ် ကောင်းလာတတ်တယ် သတိထားမှုလွန်ကဲသော ပုဂ္ဂိုလ်ကတော့ တိုးသထက် တိုးလာတာကတော့ ကြောက်စိတ်ပဲ စည်းကမ်းကြီးလွန်းတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ သည်းခံစိတ် နည်းရုံမက သည်းညည်းခံနိုင်တဲ့ ခံနိုင်ရည်ပါ လျှော့ သွားတက်တယ် သတ္တိလွန်ကဲတဲ့ လူမျိုးကျတော့ တစစနဲ့ အကျိုးအကြောင်းကို သိပ်မဝေဖန်ပဲ ရမ်းကားတက်လာတယ် သံသယ လွန်ကဲတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ လောကမှာ ကိုယ့်အတွက်လဲ အပူမီးကြီးမားစွာလောင်ကျွမ်းတယ် သူ့အတွက်လဲ အချင်းချင်းဆက်ဆံရေးမှာ ယုံကြည်မှု မရတာ အလိုလျောက် သိနိုင်တဲ့ အတွက် ဘယ်သူမှ စိတ်ရောကိုယ်ရောပေါင်းမှာ မဟုတ်လို့ မိမိသာလျင် ပူဆွေးဝမ်းနည်းရတတ်တယ်.... သူဟာ အားလုံးကို ဖျက်စီးပစ်နိုင်တဲ့ အင်အားအကြီးမားဆုံး destroyer ပါပဲ. ဒီအရွယ်ကိုရောက်လာတော့ လူအမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီပေါ့ ။ လူတွေဟာ အမျိုးမျိုး လှည့်စားနေကြတာပါ ။ တခြားသူတွေကို လှည့်စားတာထက်စာရင် ကိုယ့် စိတ်ကို လှည့်စားနေကြတာ ရာခိုင်နှုန်းပိုများတယ် ။ ကိုယ်ကိုယ်တိုင်ကမှ အပစ်ကင်းတယ် ဆိုသူတွေရှိကောင်းရှိမယ်။ ဒီထက်ပိုလာတာက ကိုယ်ကမှ သည်းခံနေရတာ ဆိုသူ...

နေရာ

Image
အသက်အတော်ကြီးလာပြီ ကိုယ့်ကိုယ်ကို တချိန်လုံး ၄၃ ပြည့်ပြီလို့ထင်နေမိတယ် ။ မနေ့ကမှ သေချာစဉ်းစားမိတော့မှ ၄၂ ပဲရှိသေးတယ် အဟီးးးး ။ စိတ်တွေ အရမ်းထွေတယ် ။ မေ့တတ်တယ် ။ အသက်တကယ်ကြီးသွားပြီ ။ :D ခုနောက်ပိုင်း အသည်းရောအူရော အရမ်းနေချင်တဲ့ နေရာလေးတွေကို စုဆောင်းထားတာပါ ဘာရယ် မဟုတ်ဘူး ။ တကယ်ကံကောင်းတဲ့ သူတွေ ။ နေချင်လိုက်တာ ။

ဘာရယ် မဟုတ်

Image
ဘာမှ မဟုတ်တာတွေ အပလာတွေရေးမှာ မို့လို့ ဘာရယ် မဟုတ်လို့ ခေါင်းစဉ်တတ်လိုက်တယ် အဟီး  ဖဘကို ပတ်ရှောင်ချင်သူဆိုတော့ ဘလော့ကို တချိန်လုံးရေးဖြစ်နေတယ် ။ သီးခြားလေး ခံစားရတဲ့အတွက် ပိုကြိုက်တယ် ။ ဖဘမှာ ကိုယ်သိတဲ့သူတွေ ၊ ခင်တဲ့သူတွေ ၊ တချို့ဆို ကြိုးစားအားထုပ်မှုလေးတွေနဲ့ လူတွေ ဗဟုသုတကို ဖရီးရအောင်ကြိုးစားပေးနေသူလေးတွေ အားရှိအောင် လိုက်ခ် လုပ်မိရင်ကအစ ကဲ့ရဲ့ချင်တဲ့ သူတွေ နဲ့ ဝေးတဲ့ အတွက် ဘလော့မှာ ပျော်တယ် ။ လူဆိုတာ သူများမျက်ချေးပဲမြင်ဘို့ သီးသန့်ကျင့်ကြံနေကြတဲ့သူတွေ ဆိုတော့ ဝလကလပေါ့နော် ။ ဖဘမှာ ဘာလုပ်လုပ်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးထဲရောက်ရောက်သွားတာကို မကြိုက်တော့ဘူး ။ တခါတလေ ပြချင်တာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ မှတ်တမ်းလေးလိုထားချင်တယ် ။ အကြောင်းတိုက်ဆိုင်သူတွေ ပဲသိစေချင်တယ် ။ ပြတဲ့ သဘောကြီးရောက်သွားရင် သူများအမြင်ကပ်မှာ ကြောက်နေတာနဲ့ပဲ စိတ်ပျက်လက်ပျက်ဖြစ်ရတယ် ။ ပြီးတော့ ရှိသေးတယ် ကိုယ်ပဲပြမယ် သူများပြတာ စောက်မြင်ကပ်ဘို့ကောင်းတယ် ဆိုတဲ့သူတွေကို စိတ်ထဲက ဆလံသလိုက်ပါတယ် ။ ဘလော့ရေးတယ် ။ သူငယ်ချင်းတွေကို လင့်မတတ်ခိုင်းဘူး ။ လွတ်လွ...

ဒွိဟ

Image
ရာဇဝင်ဆိုတာ ကိုယ်တို့ရာဇဝင်ထဲမှာတင် မကပဲ သူတို့ ( နိုင်ငံခြားက ရာဇဝင်တွေ ) လဲ ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ သေချာလိုက်ရှာလေသိလေပဲ ။ ကျမ အခုရေးခဲ့တဲ့ ဇာတ်လမ်းက 2011 က ထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်ပြီး ဝီကီ အကိုးအကားနဲ့ ရေးတာပါ ။ ဒါပေမယ့် ဝီကီထဲမှာ ပါးဆီးယပ်စ်က ဇုဇ်ရဲ့သားဖြစ်နေတယ် ။ ဒီရုပ်ရှင်ထဲမှာကျတော့ ပွေဆိုက်ဒွန်ရဲ့သားတဲ့ ။ ရာဇဝင် တခုလုံးကျေညက်တဲ့ အထိတော့ လိုက်ဖတ်ဘို့ မလွယ်သေးတဲ့ အတွက် ခုလောလောဆယ်တော့ ရုပ်ရှင်က ပြသလောက်ပဲ အကြမ်းဖျဉ်း နားလည် ထားတာ ကောင်းပါတယ် ။ ဒါပေမယ့် ဒီ ဂရိဒဏ္ဍာရီတွေက ခေတ်အဆက်ဆက် ဒါရိုက်တာ ပေါင်းစုံနဲ့ ဇာတ်လမ်း ဆင်ပြီး ရိုက်ခဲ့ကြပါတယ် ။ ဒစ်စနေချန်နယ်က ကာတွန်း အနေနဲ့လဲ ရိုက်ခဲ့တယ် ။ မာဒူးဆာကို သတ်ခဲ့တဲ့သူက ပါးဆီယပ်စ်အပြင် ဟာကျူလိစ်ကပါသတ်တယ်လို့ ဖတ်လိုက်ရပြန်တော့ ဟာကျူလိစ်က ဘယ်သူလဲ လိုက်ရှာရပြန်တယ် ။ အမှန်က ပါးဆီးယပ်စ်ကို ရောမ ခေတ်ရောက်တော့ ဟာကျူလိစ်လို့ ခေါ်တာပါ ။ သူကလဲ တိုင်းပြည်ရဲ့ အန္တရာယ်ကို ကယ်တင်ခဲ့တဲ့အခါမှာ အကောင်ကြီးသုံးကောင်ကို သတ်ခဲ့ပါသေးတယ် ။ ဒါပေမယ့် မာဒူးဆာကိုလဲ ကူညီခဲ့ပြီး ...

ပါစီဂျက်ခ်ဆန် စွဲပြီ

Image
မနေ့က သမီးနဲ့ စာကြည့်တိုက်ကိုသွားကြတယ် ။ အရင်က တခါမှ မကြည့်ဘူးတဲ့ section ဘက်ကို မျက်စေ့က ရောက်သွားတာနဲ့ သွားစပ်စုကြည့်မိလိုက်တော့  DVD တွေ ရှိနေတာပဲ...။ အဲတာ နဲ့ ဝမ်းသာသွားပြီး စူးစမ်းကြည့်လိုက်တော့ Percy Jackson and the lightning thief ဆိုတဲ့ DVD လေး ဝမ်းသာအားရနဲ့ ရလာခဲ့တယ် ။ ခုတလောမှာ ပါစီဂျက်ခ်ဆန် ပါစီဂျက်ခ်ဆန် နဲ့ ခဏခဏ နားထဲကြားနေရသလိုပဲ ။ ဘယ်နေရာက ကြားမိလိုက်သလဲတော့ သေချာ မသိဘူး ။ သာမာန် action ကားတကား စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ပဲလို့ပဲ ထင်ခဲ့တယ် ။ နောက်တော့မှ တီဗီမှာ ရှေ့တပတ် ရုံတင်မယ့် Percy Jackson and the sea of monsters ဆိုတဲ့ ကားသစ်တကားအကြောင်း ကြော်ငြာတွေ့တော့မှပဲ သိတော့တယ် ။ အိမ်ရောက်တော့ သမီးနဲ့ တူတူကြည့်ကြတယ် ။ ကြည့်ရင်းနဲ့ ရှေးခေတ် ဂရိ နတ်ဘုရားတွေ ရဲ့ အကြောင်းတွေကို ဒီနေ့ခေတ် နဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းလေးတပုဒ်ပဲ ။ ဒီနေ့ခေတ် ထူးဆန်းတဲ့ ရိုက်ချက်တွေနဲ့ ဒါရိုက်တာတွေ ဇာတ်လမ်းဆရာတွေရဲ့ စိတ်ကူးကတော့ အံ့မခန်းပါပဲ ။  အကယ်၍သာ ဂရိ နတ်ဘုရားကြီးတွေသာ သက်ရှိထင်ရှား ရှိနေမယ်ဆို တဟားဟားနဲ့ သဘောတွေ ကျနေမှာ မြင...

စာရေးချင်တယ်

Image
အရင်တုန်းက လက်ဆော့မိတဲ့ ဘလော့လေးတွေ အကြောင်းကြောင်းကြောင့် ပျက်သွားတဲ့ နောက် စာရေးတဲ့ ဘက် ခြေဦးမလှည့်မိတာ ကြာပြီ ။ တခါတလေ ပြောချင်တဲ့ စိတ်ကလေးတွေ ပေါ်လာရင်တော့ စာလေးရေးပြီး မှတ်ထားမိချင်တယ် ။ စိတ်ပြေလက်ပျောက်ရှိတာပေါ့ ။ အနည်းဆုံးကိုယ့်ဘာသာ ကိုယ် ပြန်စကားပြောနေသလို မျိုးလေးရေးချင်မိတယ် ။ ပရိတ်သတ်တွေ ဘာတွေနဲ့တော့ နာမည်တခုရလောက်အောင်ရေးတဲ့ အဆင့် ကိုယ့်မှာ မရှိပါဘူး ။ စာလုံးပေါင်းသတ်ပုံတော့ မှန်အောင်ရေးဘို့ ဆုံးဖြတ်ထားမိတယ် ။ နို့မို့ ကိုယ့်သာသာကိုယ် ပြန်အထင်သေးမိမှာ လေ :P ။ စာရေးနေတဲ့ နိုင်ငံကျော်တချို့တောင်မှ အသံထွက် အတိုင်းရေးနေတာတွေ တွေ့ရတော့ စိတ်ပျက်မိတယ် ။ နေ့စဉ်ကြုံတွေ့နေရတာလေးတွေက ဝတ္တုတွေထက် စိတ်ဝင်စားဘို့ပိုကောင်းပေမယ့် ရေးချလိုက်ဘို့ကျတော့ မကောင်းဘူးလေ ။ လူတယောက်ရဲ့ အကြောင်းကို ရေးချရတဲ့ အလုပ်က တာဝန်ကြီးတယ် ။ ကိုယ့်ရဲ့ အမြင်က သမာသမတ်ကျဘို့ ဆိုတာကလဲ လွယ်မယောင်နဲ့ ခက်တဲ့ အရာမျိုးကိုး ။ သူ့ဘက်က ကြည့်တော့ လက်ဖဝါး ကိုယ့်ဘက်က ကြည့်တော့ လက်ဖမိုး ဆိုတာ မျိုးတွေ ရှိတတ်တယ် ။ ပြီးတော့လည်း အသက်အရွယ် အချိန်အခါ ...