The apps in my devices ( iOS )

ဟမ်းဖုန်းလေးတွေကိုင်ကာစကတော့ ဖုန်းထဲမှာ အရင်ဆုံးထည့်တဲ့ app ကတော့ မြန်မာဖောင့် နဲ့ facebook ပါ ။ နောက်ထပ် အငမ်းမရ ထည့်ခဲ့တဲ့ apps လေးတွေကတော့ ဂိမ်းမျိုးစုံပါပဲ ။ နောက်ပြီး သီချင်းတွေ ရယ် MTV တွေရယ် ။ ဘယ်သွားသွား ဘာလုပ်လုပ် ဖုန်းနဲ့ မျက်နှာ အပ်နေတာ ။ အလကားရတာတွေလဲ ရှိသလို ပိုက်ဆံနဲ့ ဝယ်တာတွေလဲ ဒေါ်လာ ၂၀၀ ဘိုးလောက်မကတော့ဘူး ။ နောက်တော့ အဲတာတွေ ရှိနေတာ ကို မျက်စေ့က နောက်လာတယ် ။ ဘာဆို ဘာမှ ဖုန်းထဲ ကိုမသွင်းခြင်တော့ လောက်အောင် ငြီးငွေ့သွားတယ် ။ ရှိသမျှ ဂိမ်းတွေ အရုပ်လှလှလေးတွေ wallpapers တွေ အကုန်ဒလိပစ်လိုက်တယ် ။ နောက်တော့ တကယ် အသုံးကျမယ့် apps လေးတွေ ကိုယ်တကယ် စိတ်ဝင်စားမယ့် apps လေးတွေပဲ ပြန်ရှာပြီး သွင်းထားလိုက်တယ် ။ ဒါတွေကတော့ ကျမ အတွက် စိတ်ဝင်စားဘို့ ကောင်းတဲ့ apps တချို့ ဖြစ်ပါတယ် ။ အမှန်က အများကြီးပေါ့ ။ ဒါပေမယ့် မြန်မာ ဒဘလော့ပါ တယောက် ကိုတွေ့လိုက်ပြီး သူ့ apps လေးတွေ မဆိုးလို့ အစဉ်အတိုင်း တင်ပြလိုက်တာပါ ။ မြန်မာ ဓာတ်ပုံဆရာတွေ အတွက် လက်တည့်စမ်းချင်သူတွေ အတွက် ပေါ့ ။ Myanmar Street Photographe...