Posts

Showing posts from 2013

နေရာ

Image
အသက်အတော်ကြီးလာပြီ ကိုယ့်ကိုယ်ကို တချိန်လုံး ၄၃ ပြည့်ပြီလို့ထင်နေမိတယ် ။ မနေ့ကမှ သေချာစဉ်းစားမိတော့မှ ၄၂ ပဲရှိသေးတယ် အဟီးးးး ။ စိတ်တွေ အရမ်းထွေတယ် ။ မေ့တတ်တယ် ။ အသက်တကယ်ကြီးသွားပြီ ။ :D ခုနောက်ပိုင်း အသည်းရောအူရော အရမ်းနေချင်တဲ့ နေရာလေးတွေကို စုဆောင်းထားတာပါ ဘာရယ် မဟုတ်ဘူး ။ တကယ်ကံကောင်းတဲ့ သူတွေ ။ နေချင်လိုက်တာ ။

၄၃

Image
ဒီနေ့ မွေးနေ့ ။ အသက်ကြီးလာတာနဲ့ အမျှ ကျမရဲ့ အယူအဆလေးတွေ နည်းနည်းခြင်းပြောင်းလဲလာခဲ့ပါတယ် ။ ဟိုအရင်တုန်းကတော့ မွေးနေ့ကို အမှတ်တရနေ့တခု ဖြစ်စေချင်ခဲ့ပေမယ့် ဒီတနှစ်မှာတော့ တနေ့တခြား ဗာရီဟတွေ များလာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တကူးတက အလုပ်မရှူပ်စေချင်ဘူး ။ တာဝန်ကြီး တရပ်လိုလဲ မဖြစ်စေချင်တဲ့ စိတ်တွေနဲ့ ခပ်ရှိုရှိုပဲနေခဲ့ပါတယ် ။ အသက်ကြီးလာတာကို မေ့ထားချင်တာလဲ ပါပါတယ် :D ။ ဒါကြောင့် အလွန့်အလွန် ညီအမလိုရှိတဲ့ မိတ်ဆွေ တယောက် နှစ်ယောက်ကလွဲလို့ ကျမဝေါကို ပိတ်ထားခဲ့တယ် ။ မချစ်လို့တော့ မဟုတ်ဘူး ။ သူငယ်ချင်းတွေ အယောက်တိုင်းကို ရတနာတွေလို တန်ဘိုးထားပါတယ် ။ ဝေါကြီး ဖွင့်ပြီးတော့ လဲ Make sense လဲ မလုပ်ချင်ဘူး.... နာမည်ရင်းကြီးနဲ့ ဖွင့်ထားတဲ့ အကောင့်ရင်းကြီးမှာ မရင်းနှီးသူတွေကလဲ အများကြီး ကိုယ့်ကိုခင်တဲ့သူရော မခင်တဲ့သူရော ရောနှောနေတာဆိုတော့ ဘယ်သူ့ကိုမှ အနှောင့် အယှက် မဖြစ်စေချင်တော့ဘူး ။ နောက်တခုက တဖြည်းဖြည်းနဲ့ ကျမရဲ့ နယ်ပယ်လေးကို ကျဉ်းလာစေချင်တယ် ။ အဓိကကတော့ အရင်လို အေးချမ်းတဲ့ အိမ်တွင်းပုန်းဘဝလေးကို ပြန်လိုချင်လာလို့ပါ ။ ဒါပေမယ့် ကျမကို တကယ် အလေးထားတဲ့ မိတ်ဆွေ တချို့ရဲ့

Two more

Image
ငယ်ငယ်တုန်းက ဝတ်ခဲ့ရတဲ့ ဂျူးလိယက် အကျီင်္

Chilling in my own way

Image
ခန်းဆီးတွေချုပ်ပြီးပြီ ဇာအကျီ်လေးလဲ ချုပ်ပြီးပြီ အခု သမီးဝတ်ဘို့ဂါဝန်လေးတွေချုပ်နေတာ စိတ်ချမ်းသာလိုက်တာ ... ငယ်ငယ်တုန်းကဆို အဲလိုလေးနေခဲ့တာ .... တချက်မှ မအားဘူး .... တခုမဟုတ် တခု လုပ်နေရမှ စိတ်ငြိမ်တာ .... ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမမူမိတဲ့အတွက် အလုပ်ပြီးတယ် .... ပညာလဲတိုးတယ် .... မှတ်မိသေးတယ် အလုပ်နဲ့ လက်နဲ့ မပြတ် နေခဲ့တဲ့ အရင်တုန်းက အခုထက်လဲ စိတ်အများကြီးချမ်းသာတယ်.... တိုလီမုတ်စ ပေါင်းစုံထည့်ထားတဲ့ ဘူးလေးတွေနဲ့ ကိုယ့်ရဲ့ ဘုံလေး ခန်းဆီးချုပ်ရတာ မပင်ပန်းပဲ အရမ်းပျင်းတယ် ပြီးကာနီးဝတ်ကြည့်တာ မပြီးသေးဘူး ဇာအကျီလေးက ရန်ကုန်က ညီမငယ်တယောက်ပို့ပေးတဲ့အစ ဆိုတော့ သူနဲ့ လိုက်တဲ့ လုံချည်စ မရှိသေးဘူး... ပိုးနက်ပြာပြောင်လေးဝယ်မယ် စိတ်ကူးထားတယ် ။ ဒီနေ့ ဝယ်လာတာလေးတွေ ဒီဘရန်းက အညွှန်းကောင်းတဲ့သူရှိလို့ ကြိုက်နေပြန်ပြီ သမီးလေးအကျီ ၂ထည်ပဲပြီးတယ် နေ့လည်က ထွက်ပြီး လမ်းသလားလိုက်သေးလို့ သမီးက မေမေ မြန်မာအကျီင်္ ဝတ်ချင်တယ် ဆိုလို့ ချုပ်ပေးရဦးမယ်... <3 <3 <3

Hate speech kills the Free Speech

Image
အင်တာနက်မှာ လူတွေဟာ စိတ်ချဉ်တွေ ပေါက်နေကြတယ် ။ တခုခု ဆို ပြင်းပြင်းထန်ထန်ပြောလိုက်ရမှ ကျေနပ်နေကြတယ် ။ လူတွေမှာ ဘဝတလျှောက်လုံး မပြေလည်ခဲ့တဲ့ စိတ်အဆာတွေ ရှိတယ် ။ ဒီလိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ထွက်ပေါက် အဖြစ် တဘက်သားရဲ့  ရှေ့မှောက်မှာ ဖောက်ခွဲထုပ်ပစ်လိုက်ခြင်ကြတယ် ။ ဒီလိုလုပ်တဲ့ အခါမှာ သူဖောက်ခွဲ ထုပ်တာ ခံရတဲ့ အကြောင်းအရာ လူပုဂ္ဂိုလ် ဖြစ်ရပ် မှန်တယ် မှားတယ် ကြည့်မနေဘူး ။ သူရဲ့ ရည်ရွယ်ချက်ကလဲ စိတ်ကို ဖောက်ထုပ်ဘို့သတ်သတ် ဆိုတော့ ဒါတွေက အရေးမပါဘူး ။ သူဖွင့်ထုပ်ပစ်လိုက်ဘို့ ပေါ့သွားဘို့က အဓိက လိုရင်းပဲ ။ မှန်စရာလဲ မလိုဘူး ။ မျှတစရာလဲ မလိုဘူး ။ လူကြီး လူကောင်းဆန်ဘို့လဲ မစဉ်းစားဘူး ။ ကိုယ်ခြင်းစာဘို့ကတော့ ဝေးရောပေါ့ ။  ဒါပေမယ့် မသိရင်တော့ သူတို့ အော်ဟစ်နေတာ အမှန်တရားတွေလိုပဲ ။ ဒါပေမယ့် သူတို့မှာ အမှန်အမှား ခွဲခြားတတ်သူက ဆယ်ယောက်တယောက်ပဲပါတတ်တယ် ။ အဲဒီမှာ ခံလိုက်ရသူတွေက မထင်မှတ်ပဲ သူတို့ရဲ့ တားဂတ်ဖြစ်သွားတဲ့ သူတွေပေါ့ ။ လူတွေရဲ့ အဆင်မပြေမှုတွေ ဘဝရဲ့ဟန်ချက် Balance ဆုံးရှုံးနေမှုတွေဟာ ကြည့်တတ်ရင် ကြောက်ဘို့ကောင်းတယ် ။ ကိုယ့်ဘဝကို ကိုယ့်ဘာသာ မျှတအောင်

Phantom Of The Opera

Image
သရဲကြီး ဖန်တန်ရဲ့ မျက်နှာဖုံး Nightwish - Phantom Of The Opera (live) by  Taish ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ လူတွေ အုတ်အုတ်သဲသဲ နာမည်ကြီး ကြိုက်နှစ်သက်ခဲ့တဲ့ အော်ပရာ ပြဇာတ်တစ်ခုရဲ့ ဇာတ်ဝင်သီချင်း တစ်ပုဒ်ကို တင်ဆက် ချင်ပါတယ်...ကျမတို့ကလွဲရင် ပေါ့လေ.. ကျမတို့က ဒီလို အရမ်းဖန်တီးမှုအားကောင်းတဲ့ အနုပညာတွေနဲ့ ဘာမှ မဆိုင်သလို နေကြရတာ ဆိုတော့ ကြိုက်နှစ်သက်ချင်မှကြိုက်နှစ်သက်မှာပါ..။ ဇာတ်လမ်းအကျဉ်းကိုသိမှ သီချင်းရဲ့ အဓိပ္ပါယ်ကိုနားလည်မှာပါ.... ဒီပြဇာတ်ဟာ ၁၉ ရာစုနှောင်းပိုင်းလောက်က တည်ဆောက်ခဲ့တဲ့  Palais Garnier  ဆိုတဲ့ ပြဇာတ်ရုံကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီးရေးသားခဲ့တယ် လို့သိရပါတယ်...။ ပြဇာတ်ရုံဆိုလို့ တို့ဆီက ဖိုးချစ်တို့ ကတဲ့ဇာတ်ရုံလိုမျိုး မထင်နဲ့နော် ပုံက ဒီမှာပါ..။ စိတ်ဝင်စားဘို့ကောင်းတာက အဲဒီပြဇာတ်ရုံကြီးဟာပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိပြီးတော့ ဆောက်လုပ်နေဆဲ ကာလမှာ အချိန်ရွှေ့ဆိုင်းမှုတွေ ခဏခဏ ဖြစ်ရလောက်အောင် မြေနေရာ ကွန်ကရစ်ဖောင်ဒေးရှင်းက ချမရလောက်အောင်ဖြစ်ခဲ့ပါတယ်..။ ဘာလို့လဲ ဆိုတော့ မြေအောက်တည့်တည့်မှာ  subterranean lake  ဆဘ်တာရန်းနီးယန်း ရေအိုင်ကြီး တည်ရှိနြေ