Phantom Of The Opera


သရဲကြီး ဖန်တန်ရဲ့ မျက်နှာဖုံး





ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ လူတွေ အုတ်အုတ်သဲသဲ နာမည်ကြီး ကြိုက်နှစ်သက်ခဲ့တဲ့ အော်ပရာ ပြဇာတ်တစ်ခုရဲ့ ဇာတ်ဝင်သီချင်း တစ်ပုဒ်ကို တင်ဆက် ချင်ပါတယ်...ကျမတို့ကလွဲရင် ပေါ့လေ.. ကျမတို့က ဒီလို အရမ်းဖန်တီးမှုအားကောင်းတဲ့ အနုပညာတွေနဲ့ ဘာမှ မဆိုင်သလို နေကြရတာ ဆိုတော့ ကြိုက်နှစ်သက်ချင်မှကြိုက်နှစ်သက်မှာပါ..။


ဇာတ်လမ်းအကျဉ်းကိုသိမှ သီချင်းရဲ့ အဓိပ္ပါယ်ကိုနားလည်မှာပါ....
ဒီပြဇာတ်ဟာ ၁၉ ရာစုနှောင်းပိုင်းလောက်က တည်ဆောက်ခဲ့တဲ့ Palais Garnier ဆိုတဲ့ ပြဇာတ်ရုံကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီးရေးသားခဲ့တယ် လို့သိရပါတယ်...။
ပြဇာတ်ရုံဆိုလို့ တို့ဆီက ဖိုးချစ်တို့ ကတဲ့ဇာတ်ရုံလိုမျိုး မထင်နဲ့နော် ပုံက ဒီမှာပါ..။




စိတ်ဝင်စားဘို့ကောင်းတာက အဲဒီပြဇာတ်ရုံကြီးဟာပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိပြီးတော့ ဆောက်လုပ်နေဆဲ ကာလမှာ အချိန်ရွှေ့ဆိုင်းမှုတွေ ခဏခဏ ဖြစ်ရလောက်အောင် မြေနေရာ ကွန်ကရစ်ဖောင်ဒေးရှင်းက ချမရလောက်အောင်ဖြစ်ခဲ့ပါတယ်..။
ဘာလို့လဲ ဆိုတော့ မြေအောက်တည့်တည့်မှာ subterranean lake ဆဘ်တာရန်းနီးယန်း ရေအိုင်ကြီး တည်ရှိနေပြီး အလွန်စွတ်စိုထိုင်းမှိုင်းတဲ့ မြေဖြစ်နေလို့ပါ...။
ဆောက်လုပ်ဆဲကာလမှာ မြေအောက်ကရေတွေကို ဖောက်ထုတ်ပြီး subterranean မြစ်ကြီး အဖြစ်ပြောင်းလဲ ရေလမ်းလွှဲရမှာပါ....။






အဲဒီအချိန်မှာ အလုပ်သမားတွေရော ဘဲလေးကချေသည်လေးတွေရော တဖွဖွပြောနေကြတာကတော့အော်ပရာသရဲကြီးဖန်တန် အကြောင်းပဲဖြစ်ပါတယ်..။ဒီအကြောင်းကို အထူးသတင်းလွှင့်သူကတော့ ပြဇာတ်ဇာတ်လမ်းခွဲသူဂျိုးဇက်ဖြစ်ပါတယ်..။
သူကပြောတာ.. သရဲကြီးဟာ လူသေခေါင်းကြီးနဲ့ လို့တမျိုး မီးတောက်နေတဲ့ခေါင်းကြီးလို့တမျိုး ကိုယ်ခန္ဒာက အရိုးစုကို အကျီင်္ဝတ်ထားတယ်လို့တမျိုးလျှောက်ပြောပါတယ်...။သူဟာနောက်တော့ ထူးဆန်းစွာသေဆုံးသွားပါတယ်..။ဘဲလေးကချေသည်တွေကတော့ သူ့ကို သရဲဖန်တန်က သတ်သွားတယ်လို့ယူဆကြပါတယ်..။

Phantom ဆိုတာ မျက်နှာတစ်ခြမ်းမှာ ကြောက်မက်ဖွယ် ဒါဏ်ရာဟောင်းကြီးကို မျက်နှာဖုံးစွပ်ပြီး ကျန်မျက်နှာတစ်ခြမ်းကတော့ အလွန်ချောမောတဲ့ ယောက်ကျား တယောက်ရဲ့နာမည်ဖြစ်ပါတယ်...





နာကျည်းမှုတွေနဲ့ အော်ပရာပြဇာတ်ရုံကြီးရဲ့ ဟိုးမြေအောက် လှိုဏ်ခေါင်းထဲမှာ သစ္စာရှိလူယုံမကြီး မဒမ်ဂါရီနဲ့ သူမ၏သမီးငယ် ဘဲလေးအက မင်းသမီးလေး မဂ်ဂါရီတို့နဲ့ တိတ်တဆိတ် နေထိုင်ခဲ့ပါတယ်....
သူဟာမိမိကိုယ်ကို တစ္ဆေသရဲ အဖြစ်ခံယူနေထိုင်ပြီး ဒီအော်ပရာ ကဇာတ်ရုံကြီးမှာရှိတဲ့ ဝန်ထမ်းတွေကို ခြောက်လှန့်လေ့ရှိပါတယ်...။
သူ့ရဲ့ နာမည်ရင်းက အဲရစ်ခ် Erik ဖြစ်ပြီး ဒီအော်ပရာဇာတ်ရုံကြီးရဲ့ မန်နေဂျာ အဆက်ဆက် ကို ခြောက်လှန့်ပြီး သူ့အားလစဉ်ဖရန့်ငွေ ၂၀၀၀၀ ပေးရန်နှင့် ကပွဲတိုင်း အထူးတန်းနေရာမှာ နေရာချန်ထားရန် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်...။


Box Five လို့ခေါ်တဲ့ အထူးတန်းပွဲကြည့်စင်

stall တန်း


Palais Garnier ပြဇာတ်ရုံကြီးရဲ့ အတွင်းပိုင်းတနေရာ... (သမ္မတရုံနဲ့တူသယ်ညော်...)


အဲဒီတောင်းဆိုမှုတွေဟာ မန်နေဂျာအသစ်တွေရောက်ရှိလာချိန်မှာ မန်နေဂျာသစ်တွေရဲ့မယုံကြည်မှုကြောင့်ပျက်ပြားခဲ့ရပါတယ်...။သူတို့က အရင်မန်နေဂျာဟောင်းပါးစပ်က ကောလဟာလ လို့ပဲထင်ပါတယ်..။
အဲဒီအချိန်မှာ အဲရစ်ခ်သရဲကြီးဟာ အကာအကွယ် အနေနဲ့ ဘဲလေးကချေသည်လေး ခရစ်စတင်း ကို ချဉ်းကပ်ပါတော့တယ်..။သူဟာသူ့ကိုယ်သူ ဂီတနတ်ဘုရား အဖြစ် သူမရဲ့သေဆုံးသွားတဲ့ဖခင်က သူမရဲ့ဂီတစွမ်းရည် မြင့်တတ်လာစေရန် သင်ကြားပေးရန်စေလွှတ်လိုက်သည်ဟု ပြောဆိုခဲ့ပါတယ်..။သူဟာခရစ်စတင်းရဲ့ အဝတ်လဲခန်း နံရံတဘက်ကနေပြီး အသံဖြင့်စည်းရုံးခဲ့တာပါ...။



နောက်တော့ တကယ်လဲ ခရစ်စတင်းရဲ့ အသံစွမ်းရည်ဟာ ဆရာအသစ် သရဲရဲ့ သင်ကြားမှုကြောင့် မြင့်လာခဲ့ပြီး... တနေ့မှာ ခေါင်းဆောင်မင်းသမီး နေမကောင်းသောကြောင့် သူမကခေါင်းဆောင်နေရာမှာ အစားထိုးကပြခွင့်ကို ရခဲ့ပါတယ်....။
ပရိတ်သတ်တွေ အံ့သြလောက်အောင်ဖျော်ဖြေနိုင်ခဲ့ပါတယ်....။
သူမဟာဖျော်ဖြေနေရင်းမူးမေ့လဲကျသွားတဲ့အခါ ချစ်သူငယ်ရည်းစား ရာအူးက ပြုစုပေးခဲ့ပါတယ်...။
သရဲကြီး အဲရစ်ခ်က သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုအားကျခဲ့ပါတယ်...။ နောက်တော့ သူမကို လူလုံးပြ အတွေ့ခံပြီး သူနေထိုင်ရာမြေအောက် ကမ္ဘာကိုခေါ်ဆောင်သွားခဲ့ပါတယ်.....။



ဖန်တန်က ခရစ်စတင်းကိုသူနေထိုင်ရာမြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားရာ လျှို့ဝှက်လမ်း


အဲဒီမှာ ခရစ်စတင်းဟာ သရဲအဲရစ်ရဲ့သရုပ်မှန် ကိုစိတ်ပျက်စွာသိခဲ့ရပါတယ်...။သူဟာသရဲ မဟုတ် သာမာန်လူဆိုတာရော...၊ဂီတနတ်ဘုရားလဲ မဟုတ်တာ ကိုရော ...၊ ခြောက်လှန့်မှုတွေ ပြုလုပ်နေတာ သူပဲဆိုတာကိုရောပေါ့...။ သူဟာ ကြမ်းတမ်းရက်စက် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိတဲ့အတွေးအခေါ်တွေနဲ့ခါးသီးတဲ့ လူတယောက်ဆိုတာ သိခဲ့ရပါတယ်...။ ဒါပေမယ့်သူဟာ အလွန်တော်ပြီး သနားစရာလဲကောင်းနေပြန်တယ်.....။
သူမဟာ လွှတ်ပေးဘို့တောင်းဆိုခဲ့ရာမှာ အဲရစ်ခ်က နောက်ငါးရက်ကြာမှ လွှတ်ပေးမယ် လို့ပြောပါတယ်..။
ဒီရက်ပိုင်းတွေမှာ သူဟာသူမ ထမင်းစားရင် ထိုင်ကြည့်နေတတ်ပြီး... သူရဲ့ လူသေကောင်အခန်းလိုပြင်ဆင်ထားတဲ့အခန်းရယ် ခေါင်းတလားကို  ပြုပြင်ထားတဲ့ သူ့ရဲ့အိပ်ယာတွေကို မြင်တွေ့ခဲ့ရပါတယ်...။


နောက်တော့ သူတို့နှစ်ယောက် စုံတွဲသီချင်းတစ်ပုဒ်ကို စပ်ဆို သီကုံးကြပါတယ်.. သူမဟာသူ့ရဲ့ မျက်နှာဖုံးကြီးကို ဆွဲခွာချင်ပေမယ့် အခွင့်မသာခဲ့ပါဘူး...။
အဲရစ်ခ်ကလဲ သူ့ကို ချစ်မြတ်နိုးတဲ့သူကို တွေ့ကြုံလာမှ သူရဲ့ မျက်နှာကို ဖွင့်ဟပြမယ်လို့ဆုံးဖြတ်ထားပါတယ်....။
နောက်တော့ သူ ခရစ်စတင်းကိုလွှတ်ပေးလိုက်ပါတယ်.. ။ ကတိတစ်ခုတော့ပေးခဲ့ရတယ်.... သူမရဲ့အချစ်တွေကို ဘယ်သူ့ကိုမှ မပေးလိုက်ဘို့နဲ့ သူ့ဆီကို ကိုယ်တိုင်လာချင်စိတ်နဲ့ ဘယ်သူ့တိုက်တွန်းမှုမှ မပါပဲ လာချင်ရင်သာ လာခဲ့ဘို့ ဖြစ်ပါတယ်...။
ဒါပေမယ့် ခရစ်စတင်းဟာ သူ့ကို သနားတဲ့စိတ်နဲ့ကြောက်ရွံ့စိတ်ပေါင်းပြီး အခါများစွာ သူ့ဆီကို လာခဲ့ပါတယ်....။
နောက်တော့ သူမရဲ့ ငယ်ရည်းစား ရာအူးဟာ သင်္ကာမကင်းဖြစ်လာပြီး နောက်ယောင်ခံ စုံစမ်းခဲ့ပါတယ်...။ ဒီနောက်တော့ သူမဟာ ရာအူးကို ဇာတ်ရုံကြီးရဲ့ခေါင်မိုးပေါ်မှာ အဖြစ်သနစ် အကုန်ကိုပြောပြလိုက်ပြီး ပဲရစ်မြို့ကနေ နှစ်ယောက်သား ထွက်ပြေးဘို့ တိုင်ပင်ကြပါတယ်...။



ခရစ်စတင်းနဲ့ ရာအူး

အဲရစ်ခ်က သူတို့ပြောတာကိုကြားသွားပြီး နောက်ထပ်အစီစဉ် တစ်ခုကို ထပ်မံ ကြံစည်ပါတော့တယ်...။ အဲဒီညမှာ ခရစ်စတင်းဟာ သူမခေါင်းဆောင်းမင်းသမီးအဖြစ် ကပြရမယ့် ပြဇာတ်မှာ နောက်ဆုံးညဖြစ်ပါတယ်..။ ဇာတ်ဝင်ခန်းထဲမှာ သူမဟာ နတ်ဘုရားကို သူမဆီက ဝိဥာဉ်နှုတ်ယူဘို့ တောင်းပန်ငိုကြွေးနေတဲ့ အခန်းကို ကပြနေစဉ်မှာပဲ အဲရစ်ခ်က နတ်ဘုရားယောင်ဆောင်ပြီး သူမကို ဇာတ်စင်ပေါ်ကနေ ခိုးပြေးပါတော့တယ်....။

ရာအူးဟာသူတို့နောက်ကို နောက်ယောင်ခံပြေးလိုက်သွားပါတယ်....။ နောက်တော့ လမ်းမှားပြီး အဲရစ်ခ်ရဲ့ အိမ်ကိုရောက်ရမည့် အစား သူ့ကို လမ်းပြခေါ်သွားတဲ့ အဲရစ်ခ်ရဲ့လူ ပါရှန်းဆိုသူနဲ့အတူ နှိပ်စက်တဲ့ အခန်းထဲရောက်သွားပြီး နှစ်ယောက်လုံး အဲရစ်ခ်ရဲ့ အဖမ်းကို ခံလိုက်ရပါတယ်....။
သူတို့နှစ်ယောက်ဟာ အဲရစ်ခ် ခရစ်စတင်းပေါ်မှာ ဒေါသတကြီးကြိမ်းမောင်းတာကို ကြောက်မက်ထိပ်လန့်ဖွယ် မြင်တွေ့ကြရပါတယ်....။သူဟာ ခရစ်စတင်းသစ္စာဖောက်ပြီးပြောပြလိုက်တဲ့အတွက် အရမ်းစိတ်ဆိုးနေခဲ့ပါတယ်...။
သူမဟာ သူမရဲ့ချစ်သူကိုလက်ထပ်မယ်ဆိုရင် ဒီပြဇာတ်ရုံကြီးကို ဖျက်ဆီးပစ်မယ်လို့ခြိမ်းခြောက်ပါတယ်.....။


နောက်တော့ သူမဟာ သူ့ရဲ့ ခြိမ်းခြောက်မှုကို ကြောက်ရွံ့စွာလက်ခံလိုက်ရပါတယ်....။
နောက်တော့ ခရစ်စတင်းကိုယ်တိုင် အဲရစ်ခ်ရဲ့ဘ၀ကို သနားစိတ်ဝင်လာပြီး အဲရစ်ခ်ကျူးလွန်ခဲ့တဲ့ ရုပ်ပျက်ဆင်းပျက် အပြုမူတွေကို မေ့လျော့ပြီး..... အဲရစ်ခ်ပေါ်မှာ ရှိလာတဲ့ သူမရဲ့ အချစ်စိတ်ကိုပြသလာခဲ့ပါတယ်.....။ အဲရစ်ခ်မျက်နှာပေါ်က အရာကို ဖယ်ရှားတွေ့မြင်ခွင့်ရခဲ့ပြီး သူ၏နဖူးကို ညင်သာစွာနမ်းရှိုက် ခဲ့ပါတယ်.....။



နောက်တော့ အဲရစ်ခ်ဟာ သူမတို့ချစ်သူနှစ်ယောက်ကို လွှတ်ပေးခဲ့ပြီး လက်ထပ်ကြဖို့ အားပေးခဲ့ပါတယ်...။ သူမကို နောက်ထပ်မလာဘို့နဲ့ သူသေပြီးနောက်မှ လာရောက်ဘို့ .....။ သူ ခရစ်စတင်းကို ဆင်မြန်းပေးခဲ့တဲ့ လက်ထပ်လက်စွပ် နဲ့ အတူသူ့ကိုမြေမြှုတ် သင်္ဂြိုဟ်ပေးဘို့ မှာကြားခဲ့ပါတယ်...။


နောက်တော့ အဲရစ်ခ်ဟာ ခရစ်စတင်းတို့ကိုလွှတ်ပေးခဲ့ပြီး သုံးပတ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်.....။
သူမသေဆုံးခင်လေးမှာ ခရစ်စတင်းဟာ သူ့ကိုနမ်းခဲ့တဲ့ တစ်ဦးတည်းသော မိန်းမဖြစ်ကြောင်း... သူ့ကိုနမ်းရှိုက်စဉ်မှာ ခံစားရတဲ့ အကြောင်းတွေကို ပါရှန်းဆိုတဲ့ တခါက အဲရစ်ခ်ရဲ့ အသက်ကိုကယ်တင်ခဲ့ဘူးတဲ့ မိတ်ဆွေရဲမှတဆင့် ပြောကြားခိုင်းခဲ့ပါတယ်....။





[Christine (Tarja):]
In sleep he sang to me, in dreams he came,
that voice which calls to me,
and speaks my name.
And do I dream again? For now I find
the phantom of the opera is there
inside my mind.
အိပ်မက်ထဲမှာ သူသီချင်းဆိုနေတယ်....
အိပ်မက်ထဲကိုသူလာတယ်....
ဒီအသံဟာ သူငါ့ကိုခေါ်နေတဲ့ အသံပဲ....
ငါ့နာမည်ကိုရေရွတ်နေတယ်....
အိပ်မက်တွေမက်ပြန်ပြီလား.... ရှာဖွေကြည့်ချင်တယ်....
အော်ပရာရဲ့ ဖန်တန်တော့လာချေပြီ....ငါ့ရဲ့စိတ်အလျဉ်မှာ....

[Phantom (Marco):]Sing once again with me our strange duet;my power over you grows stronger yet.And though you turn from me to glance behind,the phantom of the opera is thereinside your mind.ငါနဲ့အတူ သီဆိုစမ်းပါ... တို့ရဲ့ဆန်းပြားတဲ့ စုံတွဲသီချင်း....မင်းပေါ်မှာ ငါရဲ့ လွှမ်းမိုးမှုတွေ တိုးလာနေပြီ....မင်းထွက်သွားပေမယ့် ငါ့ကိုနောက်ပြန် လှည့်ကြည့်နေတယ်.....အော်ပရာရဲ့ ဖန်တန်တော့လာချေပြီ....မင်းရဲ့စိတ်အလျဉ်မှာ....




[Christine (Tarja):]
Those who have seen your face
draw back in fear.
I am the mask you wear,
ရှင့်မျက်နှာကိုမြင်ဘူးသူတွေဟာ....
ကြောက်ရွံ့မှုနဲ့ပြေးကြမှာ.....
ကျမဟာရှင့်အတွက် မျက်နှာဖုံးပါ.....

[Phantom (Marco):]it's me they hear.သူတို့ကြားတာငါ့အသံပဲ.....[Christine (Tarja) & Phantom (Marco):]Your spirit and my voice in one combined;the phantom of the opera is thereinside my/your mind.ရှင့်ရဲ့ဝိဥာဉ်နဲ့ ကျမ အသံပေါင်းစပ်တဲ့အခါ......အော်ပရာရဲ့ ဖန်တန်တော့လာချေပြီ....ငါ့ရဲ့ / မင်းရဲ့စိတ်အလျဉ်မှာ....




[Voices:]
He's there the phantom of the opera.
Beware the phantom of the opera.
သူ....ဒီမှာ အော်ပရာထဲက ဖန်တန်.....
သတိထားပါ....အော်ပရာထဲက ဖန်တန်.....




[Phantom (Marco):]
In all your fantasies, you always knew
that man and mystery
မင်းရဲ့စိတ်ကူးယဉ်အိမ်မက်တွေထဲမှာ... မင်းအမြဲသိမှာ...
ဒီလူနဲ့ သိမ်မွေ့နက်နဲမှု.....

[Christine (Tarja):]were both in you.နှစ်ခုလုံးပါပဲ....[Christine (Tarja) & Phantom (Marco):]And in this labyrinth where night is blind,the Phantom of the opera is hereinside my/your mind.ဒီဝင်္ကပါကြီးထဲမှာ ...ညဟာ ကန်းနေတာ....အော်ပရာရဲ့ ဖန်တန်တော့လာချေပြီ....ငါ့ရဲ့ / မင်းရဲ့စိတ်အလျဉ်မှာ....




[Phantom (Marco):]
Sing, my angel of music!
သီဆိုလေ.... ငါ့ရဲ့နတ်ဘုရားရဲ့တေးသံ...


Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်