Posts

Showing posts with the label food

easy cooking

Image
သမီးနဲ့ ကိုယ်နဲ့ နှစ်ယောက်စာ ချက်လို့ လွယ်တာလေးတွေပဲ ချက်တယ် ။ ဆယ်လ်မွန်ငါးက အဲအတိုင်းအလွှာလေးတွေလာတာ ဆိုတော့ ဆီပူထိုးပြီး ကျက်တယ်ဆိုယုံလေးပဲ လုပ်လိုက်ပြီး ဂျပန်ဆော့စ်ဆမ်းလိုက်တာ စုစုပေါင်းမှ ၃မိနစ်လောက်ပဲကြာတယ် ။ ကျန်တဲ့ ဆီပူလေးကို ကြက်သွန်ဖြူ ဥတလုံးကြီးကြီးလေး တလုံးကို ဓားပြားရိုက်ပြီး နွမ်းအောင်လုပ် ပြီးရင် ပန်းပွင့်စိမ်းထဲ့ပြီး ရေစပ်စပ်လေးနဲ့ ဆားလေးနဲနဲ ထည့်လိုက်ရင် ရေလဲခမ်းစပြုရော စားလို့ရရော ။ ယိုးဒယားသင်္ဘောသီးသုတ် ကလဲ ထောင်းရတာ ဆိုတော့ သင်္ဘောသီးစိမ်းကို ငှက်ပျောသီး တလုံးစာလောက် ခြစ်လိုက်ပြီး ကျန်တာ အကုန် ထောင်းထည့်တာ ( မြေပဲလှော် ပုဇွန်ခြောက် ကြက်သွန်ဖြူ ဥတလုံး တခု ၊ ခရမ်းချဉ်သီး ပဲတောင့်ရှည် တချောင်းပိုင်းပြီးသား ၊ ဆားသကြား ၊ ရှာလကာရည် (သို့ ) သံပုရာရည်တို့နဲ့ ရောထောင်းလိုက်ယုံပဲ မြန်တယ် ။ ဒါကတော့ ကော့တေးလ်လို့ခေါ်တဲ့ NTUC ဝက်အူချောင်းလေးတွေနဲ့ ရွှေပဲသီးကြော် ဒါကသူငယ်ချင်း စူးမေးထားတဲ့ silver fishes ကို နနွင်းမှုန့် ဆားလူးပြီး အကျွတ်ကြော်စားလိုက်တာ ။ အရမ်းနုတော့ တခြမ်းက ဝါလာမှအချပ်လိုက် လှန်ရဲတယ် ။ အဲဒီ ချွန်ချွန်လေးအရွက်တွေကို ဝယ်လာပြီး ဘာလ...

foods

Image
ငါးဥဟင်း  ဂေါ်ရခါးသီး နဲ့ စလုံးဘော့ကျိတ် :D ဖရန်ဖရန်ပရိတ်သတ် ဝက်ကျပ်ကင်သုတ် ဆာလ်မန်ငါး အာလူးဟင်း fish nuggets   Greens ကြက်ဥပူတင်း ( Flan Lache ) လုပ်စားတယ် ။ သကြားရည်ကို ပြစ်တဲ့ အထိ အိုးနဲ့ အပူပေးပြီးကျို တယ် ။ ပြီးတော့ ပန်းကန်ထဲ ပါးပါးထည့်ပြီး အအေးခံထားတယ် ။ ကြက်ဥ ၁၀လုံး အနှစ်ပဲယူတယ် အကာတွေ ကို ကိတ်မုန့်ဖုတ်မယ် နို့ဆီတဘူး နို့စိမ်းတဘူးဖောက်ထည့်    စက်နဲ့ မမွေဘူး လေခိုပေါက်တွေ ပါသွားမှာ စိုးလို့ ဒါက ကိတ်မုန့်ဖုတ်မလို့ ခွက်ကို ထောပတ်သုတ် ပြီး ဆီစိမ်စက္ကူ ပတ်ထားတာ    ဖလန်လက်ချေး ဖုတ်နေတာ   ကြက်ဥ အကာ စက်နဲ့ ခုလို အမြုတ်ထွက်တဲ့ အထိ ပြင်းပြင်းနဲ့ ကြာကြာလေးမွှေ ပြီးရင်ဂျုံမှုန့် တခွက်ဇကာချပြီးသား မုန့်ဖုတ်ဆော်ဒါ 1 tsp နဲ့ ဆားနည်းနည်း သကြားတခွက် ထည့်ပြီးရင် Spatula နဲ့ ပဲ မွှေတယ် ။ ဂျုံ မှုန့်နဲ့ စက်နဲ့ မတည့်ပါ :D ။ အကောင်းစားစက်ဆိုရင်တော့ ရတယ် ။ ready to be baked. flan lache ကျက်ပြီ ကိတ်မုန့်ဖုတ်မယ် ကျက်ပြီ လှတယ် အဆင်ပြေတယ် :D ဒီနေ့ ဂျပန်လို ချက်စားတယ် သခွာသီးသုတ် အာလူးချေနဲ့ Saba fish

အော်ဂဲနစ် ရောဂါ

Image
မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့်  လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။ ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။  ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။ မဒေါက်ကို ...