Percy Jackson and the lighting thief ( 2 )

သုံးရက်အကြာ ပါဆီနိုးလာတဲ့ အချိန်မှာ သူဟာ အိပ်ယာ တခုပေါ်မှာ လှဲလျောင်းနေတယ် ။ သူဘေးနားမှာ သူငယ်ချင်း ဂရိုဘာ က စောင့်နေတယ် ။ ဘေးနားမှာ ထိခိုက်ဒါဏ်ရာ ရထားတဲ့ သူတွေကို ကုသပေးနေတယ် ။ ဒါပေမယ့် နေရာက ဒီနေ့ခေတ် ဆေးရုံလိုနေရာမျိုး မဟုတ်ဘူး ။ ထူးဆန်းနေတယ် ။ Demigods တွေကို လေ့ကျင့် သင်ကြားပေးတဲ့ လျှို့ဝှက်နေရာ Camp Half Blood. ဂရိုဘာက မေးတယ် ဘာတွေ မှတ်မိလဲ ပါဆီတဲ့ ။ ပါဆီက "သူ အိမ်မက်မက်တယ် အရမ်းထူးဆန်းပြီး မင်းလဲ ပါတယ် ။ အိမ်မက်ထဲမှာ မင်းက ဆိတ်ကြီး " လို့ ပြောရင်းနဲ့ ဂရိုဘာ့ ခြေထောက်ကို ကြည့်လိုက်တော့ သူလန့်သွားတယ် ။ ဂရိုဘာ့ခြေထောက်က အိမ်မက်ထဲက အတိုင်း ဆိတ်ခြေထောက်ဖြစ်နေတယ် ။ အဲဒီတော့မှ ပါဆီက သူအိမ်မက် မက်တာ မဟုတ်မှန်း သိလိုက်ရတယ် ။ တဆက်တည်း မေမေ့ကို ဆုံးရှုံး လိုက်ရတာ တကယ်မှန်းသိတော့တယ် ။ ဒီနေရာမှာ ဂရိုဘာနာမည်က Satyr. စက်တယာ ။ စက်တယာ က ဆေးကုတဲ့ နေရာကနေပြီး အပြင်ထွက်ပြီး ပါဆီကို နေရာ အနှံ့လိုက်ပြတယ် ။ပါဆီ့ကိုလဲ သားရေ ကိုယ်ကျပ် အကျီင်္ပေးဝတ်ထားတယ် ။ အကာအကွယ် အတွက်လို့ ပြောတယ် ။ ဒီနေရာမှာ လူငယ်လေးတွေ အများကြီး စစ်ရေး...