Percy Jackson and the lighting thief ( 2 )




သုံးရက်အကြာ ပါဆီနိုးလာတဲ့ အချိန်မှာ သူဟာ အိပ်ယာ တခုပေါ်မှာ လှဲလျောင်းနေတယ် ။ သူဘေးနားမှာ သူငယ်ချင်း ဂရိုဘာ က စောင့်နေတယ် ။ ဘေးနားမှာ ထိခိုက်ဒါဏ်ရာ ရထားတဲ့ သူတွေကို ကုသပေးနေတယ် ။ ဒါပေမယ့် နေရာက ဒီနေ့ခေတ် ဆေးရုံလိုနေရာမျိုး မဟုတ်ဘူး ။ ထူးဆန်းနေတယ် ။ Demigods တွေကို လေ့ကျင့် သင်ကြားပေးတဲ့ လျှို့ဝှက်နေရာ Camp Half Blood.

ဂရိုဘာက မေးတယ် ဘာတွေ မှတ်မိလဲ ပါဆီတဲ့ ။ ပါဆီက "သူ အိမ်မက်မက်တယ် အရမ်းထူးဆန်းပြီး မင်းလဲ ပါတယ် ။ အိမ်မက်ထဲမှာ မင်းက ဆိတ်ကြီး " လို့ ပြောရင်းနဲ့ ဂရိုဘာ့ ခြေထောက်ကို ကြည့်လိုက်တော့ သူလန့်သွားတယ် ။

ဂရိုဘာ့ခြေထောက်က အိမ်မက်ထဲက အတိုင်း ဆိတ်ခြေထောက်ဖြစ်နေတယ် ။ အဲဒီတော့မှ ပါဆီက သူအိမ်မက် မက်တာ မဟုတ်မှန်း သိလိုက်ရတယ် ။ တဆက်တည်း မေမေ့ကို ဆုံးရှုံး လိုက်ရတာ တကယ်မှန်းသိတော့တယ် ။

ဒီနေရာမှာ ဂရိုဘာနာမည်က Satyr. စက်တယာ ။

စက်တယာ က ဆေးကုတဲ့ နေရာကနေပြီး အပြင်ထွက်ပြီး ပါဆီကို နေရာ အနှံ့လိုက်ပြတယ် ။ပါဆီ့ကိုလဲ သားရေ ကိုယ်ကျပ် အကျီင်္ပေးဝတ်ထားတယ် ။ အကာအကွယ် အတွက်လို့ ပြောတယ် ။  ဒီနေရာမှာ လူငယ်လေးတွေ အများကြီး စစ်ရေး လေ့ကျင့်နေကြတယ် ။ ဂရိုဘာက အော် ပြောလိုက်တယ် " ဟေးကောင်တွေ သတိထားကြနော် ... ဒီကောင်က Big Three သုံးယောက်ထဲက တယောက်ရဲ့ သားတဲ့ " ။ အားလုံးက ပါဆီကို သိနေကြသလိုပဲ ။ သူတို့က မခိုးမခန့်လေးတွေ ပြုံးကြတယ် ။ ( ပါဆီ့ကို ဝရဇိန် လက်နက် သူခိုး မှန်း သိကြတယ် ) ။ ကမ္ဘာ တဝှမ်းမှာ ပါဆီလို Half Blood Kids တွေ ရာနဲ့ချီရှိတယ်လို့ စက်တယာကပြောတယ် ။

တနေရာရောက်တော့ ပါဆီနဲ့ ရွယ်တူ မိန်းကလေးတယောက် နဲ့ လူတွေ အတော်များများ တိုက်ခိုက်နေကြတာတွေ့ရတယ် ။ မိန်းကလေးကအရမ်းတော်တော့ နောက်ဆုံးတော့ နိုင်သွားတယ် ။ သူငေးကြည့်နေမိတယ် ။ ဒီမိန်းကလေးကို ကြည့်ရင်း စိတ်ခံစားမှု တခု ပါဆီ့စိတ်ထဲ ဖြတ်ပြေးသွားတယ် ။


စစ်ရေး နတ်သမီး Athena အသီနာ ရဲ့ သမီး အန်နာဘသ် Annabeth


စက်တယာက ပြောတယ် ငါ အရမ်းကြည့်ချင်တဲ့ နေရာ တခုရှိတယ် လိုက်ခဲ့လို့ ။ ပါဆီတို့ နှစ်ယောက် ဆင်ခြေလျှောလေး အတိုင်း ကမ်းခြေ ဘက်ကို ဆင်းလာကြတယ် ။ လူခန္တာကို်ယ် အပေါ်ပိုင်းနဲ့ မြင်း အောက်ပိုင်း လူတွေ လေးငါးယောက် သောင်ပြင်ပေါ်မှာ ပြေးလွှားနေကြတယ် ။ နီးလာတော့ ကြည့်လိုက်တော့ ခေါင်းဆောင်ဟာ သူတို့ရဲ့ ဆရာ Mr Brunner  ဖြစ်နေတယ် ။








Chiron ခိုင်ရွန်


Mr. Brunner က ပါဆီတို့ရပ်နေတဲ့ နေရာကို ပြေးလာတယ် ။ ပြီးတော့ ပြောတယ် ငါ့ကို ဒီနေရာမှာ Chiron ခိုင်ရွန် လို့ ခေါ်ကြတယ်တဲ့ ။ ပါဆီ အတွက် အလုံခြုံဆုံးနေရာ ဟာ ဒီနေရာ ပဲ လို့ ဆိုတယ် ။ ပြီးတော့ ပါဆီအတွက် အဖေ ပွေဆိုက်ဒွန် ကိုယ်တိုင် ဆောက်ပေးထားတဲ့ အိမ်လေးကို ခေါ်သွားတယ် ။ အိမ်တခုလုံး ပွေဆိုက်ဒွန် ရဲ့ အမှတ်အသားတွေနဲ့ ။ ပါဆီအတွက် သုံးမြှောင့်လှံတံ တချောင်းလဲ တွေ့တယ် ။




ရေနတ်မင်းရဲ့ အမှတ်အသား သုံးမြှောင့် လှံတံ Trident


ပါဆီ့ အတွက် ဒီနေရာကို မလိုချင်ဘူး ။ သူနားလည်တာ အဖေက ငယ်ငယ်လေးထဲက သူ့ကို စွန့်ပစ်ခဲ့တဲ့ အတွက် ယုတ်မာတဲ့ ပထွေးနဲ့ နေခဲ့ရတယ်  ။ ခိုင်ရွန်က ပြောတယ် ။ မင်းကို သံသယရှိနေတဲ့ ကိစ္စ အတွက် မင်း ရှင်းရမယ် ။ ဒီအတွက် ဒီနေရာမှာ စခန်းဝင်လေ့ကျင့်မှရမယ် လို့ပြောတယ် ။ ပါဆီက သူမလုပ်ချင်ဘူး အဲဒီအရာ ကို သူလဲ မခိုးဘူး ။ သိလဲ မသိဘူးလို့ သူနဲ့လဲ မဆိုင်ဘူးလို့ ပြောတော့ ခိုင်ရွန်က မင်းနဲ့လဲ ဆိုင်တယ် တကမ္ဘာလုံးမှာ မှီတင်းနေထိုင်ကြတဲ့ သူတွေ အားလုံးအတွက် အရေးကြီးတယ် ။ ဒီကိစ္စကို ပါဆီက မရှင်းဘူးဆိုရင် နတ်မင်းကြီးတွေ စိတ်ဆိုးရင် တကမ္ဘာလုံး မီးလောင်ရေကြီး ငလျင်လှုပ် စတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ဆိုတော့ ပါဆီလဲ မပြောသာတော့ဘူး ။

ခိုင်ရွန်က ဒီနေရာမှာလဲ ဆရာပဲ ။ သူက သင်တန်းသားတွေ အားလုံးကို ခေါ်လိုက်တယ် ။ ပါဆီရဲ့ နာမည်နဲ့ ရာဇဝင်ကို ပြောပြလိုက်တယ် ။ Luke ဆိုတဲ့ ကောင်လေး တယောက်က ရှေ့ထွက်လာပြီး ပါဆီကို သူတို့ရဲ့ အပြာရောင် အဖွဲ့ထဲ ပါဘို့ ပြောတယ် ။ တဆက်တည်း ပါဆီ့အတွက် ခေါင်းဆောင်း တခု ရှာပေးလိုက်တယ် ။



Massenger God Hermes ရဲ့ သား Luke လုခ်


 ဒီနေ့ ပါဆီတို့ အပြာ အဖွဲ့နဲ့ အနီအဖွဲ့တို့ ယှဉ်ပြိုင်ရမှာက တဖွဲ့ နဲ့ တဖွဲ့ ယှဉ်ပြိုင် တိုက်ခိုက်ပြီး တောတွင်း တနေရာ မှာ စိုက်ထားတဲ့ အလံကို အရယူရမှာ ဖြစ်တယ် ။  ယှဉ်ပြိုင် တိုက်ခိုက်ရင်း တောတွင်း တနေရာ စမ်းချောင်းလေးတခုကို တွေ့တော့ ပါဆီက မျက်နှာ သစ်ပြီး ရေသောက်နေတုန်း သူတို့ ယှဉ်ပြိုင်လုရမယ့် အလံကို တွေ့လိုက်ရတယ် ။ ပါဆီက ဝမ်းသာအားရ ယူမယ်လုပ်တော့ ။ သစ်ပင်ပေါ်က အသံ တခုနဲ့ အတူ ခုန်ချလာတဲ့ အန်နာဘသ်ကို တွေ့လိုက်ရတယ် ။ သူမက ပြောလိုက်တယ် "အဲလောက် လွယ်မယ် ထင်လို့လား" တဲ့ ။

အန်နာဘသ်နဲ့ ယှဉ်ပြိုင်တိုင်ခိုက်မှာ ရမှာ ဆိုတာ သိတော့ သူတို့ နှစ်ယောက် တိုက်ခိုက်ကြတယ် ။ ပါဆီက ဒါဏ်ရာ အချို့နဲ့ စမ်းချောင်းဘေးမှာ လဲကျသွားတယ် ။ အန်နာဘသ်က ပြောတယ် သူက အသီနာ Athena ( God of war strategy) ရဲ့ သမီး သူဘယ်တော့မှ မရှုံးဘူးလို့ ပြောလိုက်တယ်  ။

ဒီအချိန်မှာ ပါဆီ့နားထဲမှာ တစုံတယောက်က " ရေရဲ့အားကိုယူလိုက်ပါ ရေဟာ မင်းရဲ့ ပါဝါပဲ" လို့ ပြောလိုက်သံကို ကြားလိုက်ရတယ်  ။ ပါဆီလဲ လှူပ်လို့ရတဲ့ လက်တဘက်နဲ့ စမ်းချောင်းထဲကရေကို ထိလိုက်တဲ့ အခါမှာ ရေက သူခန္ဒာကိုယ်က ဒါဏ်ရာတွေ ကို ကုစားလိုက်တာ တွေ့လိုက်ရတယ် ။ တဆက်တည်း အားအင်ပြည့်ဝလာတယ် ။

ပြန်လည်ရင်ဆိုင်လိုက်တဲ့ ပါဆီကို တွေ့လိုက်ရတဲ့ ခိုင်ရွန် ၊ စက်တယာ နဲ့ အန်နာဘသ် အပါအဝင် လူတွေ အားလုံးဟာ ပါဆီဟာ ရေနတ်မင်းရဲ့ သားတော် အစစ်ပဲ ဆိုတာ သိလိုက်ရတယ် ။ ပြန်လည်တိုက်ခိုက်တဲ့ အခေါက်မှာတော့ ပါဆီက အန်နာဘသ်ကို အနိုင်ရသွားတယ် ။








ညရောက်တော့ လူငယ်တွေအားလုံးပျော်ရွှင်စွာစားသောက်ကြတယ် ။ အပရိုဒိုက်တီး အလှနတ်သမီးရဲ့ သမီးတော်တွေ ဖြစ်တဲ့ မြူးဇက် Muses တို့လဲတွေ့တယ် ။ စက်တယာအကြိုက်ပေါ့ ။ ( Muses = ရန်ကုန်မှာ ဒီနာမည်နဲ့ စားသောက်ဆိုင်ရှိတယ် ) 

ဒီအချိန်မှာ မီးဖိုကြီး ရဲ့ အလယ်မှာ ကြီးမားတဲ့ မီးတောက်တွေနဲ့ သတ္တဝါကြီး တကောင်ရောက်လာတယ် ။ လူတွေအားလုံးထိပ်လန့်နေကြပေမယ့် သတ္တဝါကြီးအော်ခေါ်နေတာ ပါဆီ့နာမည် တခုထဲပါ ။ ပါဆီခိုးထားတဲ့ ဝရဇိန်လက်နက် ကို ပေးမယ်ဆိုရင် သူ့မေမေကိုပြန်ရမယ် ဆိုတာနဲ့ ပါဆီလဲ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ရင်ဆိုင်လိုက်တယ် ။ အမှန်က သတ္တဝါကြီးက ငရဲမင်းကြီး ဟေးဒီးစ် Hades ကိုယ်တိုင်ပါပဲ ။ ပါဆီ့ အဖေ ရေနတ်မင်းရဲ့ အကိုလည်းဖြစ်တယ် ။ ပါဆီ့ ဦးလေးပေါ့ ။ သူက ပြောတယ် ပါဆီ့မေမေ မသေသေးဘူး ငရဲပြည်မှာ သူဖမ်းထားတယ် ။ အမေကို ပြန်လိုချင်ရင် ဝရဇိန်လက်နက်နဲ့ လာလဲဘို့ပြောပြီး ပြန်ပျောက်ကွယ်သွားတယ် ။


Hades ငရဲမင်းကြီး


ညလယ်ရောက်တော့ ပါဆီ စိတ်ဆုံးဖြတ်ချက်ချပြီး အထုပ်ကိုဆွဲလို့ ထွက်လာတယ် ။ သူ့မေမေ မသေသေးတဲ့နောက် ငရဲမင်းနောက်ကိုလိုက်ပြီး လိုက်ကယ်မယ်လို့ဆုံးဖြတ်လိုက်တယ် ။ ပါဆီထွက်လာမယ် ဆိုတာ ကို သိတဲ့ စက်တယာနဲ့ အန်နာဘသ်က ပါဆီ့နောက်ကို လိုက်လာတယ် ။ တားမရဘူး ။ နောက်တော့ ငရဲပြည်ကို ဘယ်လို သွားကြမလဲ လို့ တိုင်ပင်ကြတော့ အန်နာဘသ်က ဒီလမ်းကို သိတဲ့ သူတယောက်ဆီကို ခေါ်သွားပေးတယ် ။ အဲဒီလူကတော့ Luke ပဲ ။ သူ့အဖေက သတင်းနတ်သားဆိုတော့ နတ်ပြည်နဲ့ငရဲတခွင် ခေါက်တုန့်ခေါက်ပြန် သွားနေသူဖြစ်တယ် ။







Luke လုခ်က သူတို့လာတော့မယ် ဆိုတာ ကြိုသိနေတယ် ။ သူက ပါဆီကို ဘူးလေး တဘူးပေးတယ် ။ ဖွင့်ကြည့်လိုက်တော့ တောင်ပံပါတဲ့ ဖိနပ်လေး တစုံဖြစ်နေတယ် ။ သူ့အဖေရဲ့ ဖိနပ်ပေါ့ ။ သူ့အဖေဆီမှာ အများကြီးရှိတယ် ။ ဖိနပ်ဘူးထဲက နောက်ထပ်ထွက်လာတာ ငရဲပြည်ရဲ့ မြေပုံ ။ ( ဖိနပ်က all star တံဆိပ် :D )

 နောက်တခုပေးလိုက်သေးတယ် ။ လုခ်ရဲ့ အကြိုက်ဆုံး ဒိုင်း အကာ တခု ။ လုခ်ကပြောတယ် ငရဲပြည်ဆိုတာ ထင်သလောက် ဝင်ထွက်ရတာ မခက်ပါဘူးတဲ့ ။ ဟေးဒီစ်ရဲ့ မိန်းမဟာ ငရဲပြည်မှာ မပျော်တဲ့ အတွက် သူနဲ့ ပျော်ပါးဘို့ လျှို့ဝှက်ဧည့်သည်တွေ အမြဲ သွားလာနေတာလို့ ပြောပြတယ် ။ မြေပုံထဲက ပြထားတဲ့ နေရာမှာ ရှိတဲ့ အစိမ်းရောင်ပုလဲတွေကို အစဉ်အတိုင်း ရှာပြီးမှ သွားဘို့ ။ နို့မို့ရင် ပြန်လာလို့မရဘူးလို့ မှာလိုက်တယ် ။






Comments

  1. ပါဆီလေးအမေကိုကယ်နိုင်မှာလား...စိတ်ဝင်စားစွာနောက်တခန်းဆက်ဖတ်မယ်

    ReplyDelete
  2. မရှုပ်နေဘူးလား... :D

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်