Posts

Showing posts from October 13, 2013

Da Vinci code ( 1 )

Image
ဒီနေရာမှာ Da Vinci Code ကို အစအဆုံးသွားကြည့်လို့ရပါတယ် ။ ဇာတ်ကားကောင်းလေးတွေလဲ အများကြီးရှိတယ် ပဲရစ်မြို့က လုဗရီ ပြတိုက် ပဲရစ်စ်မြို့က လုဗရီပြတိုက်ကြီးရဲ့ Grand Gallery ဂရန်းဂယ်လာရီ ဟောကြီးထဲမှာ ခပ်သုတ်သုတ် စိုးရိမ်တကြီး ပြေးလာတဲ့ သူတယောက်က   ယဲက်ဆော်ညဲရီး ဆိုသော ပြတိုက်စောင့်သည့် အဘိုးကြီး ဖြစ်သည် ။ သူပြေးနေတဲ့ နေရာက မိုနာလီဇာ ပန်းချီကားကြီး ရှိတဲ့နေရာဆီသို့ ။ သူနောက်က ပြေးလိုက်လာတဲ့သူက ခရစ်ယာန်ဘုန်းကြီးတပါးဖြစ်သူ သမင်ဖြူရောဂါရှင် ဆီလာ့စ် ဖြစ်သည် ။ Grand Gallery of Louvre Museum  ပြတိုက်စောင့်ကြီးထံမှ သူအလိုရှိနေသော အရာက Keystone လို့ ခေါ်တဲ့ သော့တုန်း ။ အဘိုးကြီးက ဟောခန်းတခန်းထဲ အပြေးဝင်လိုက်ပြီး သံတိုင်တံခါးကို ချလိုက်နိုင်ပေမယ့် သူလဲကျသွားသည် ။ တံခါး အပြင်က ဆီလာ့စ်က သူ့ကို ထိုအရာကို ပေးရန် တောင်းဆိုရင်း သေနတ်နဲ့ ချိန်ထားသည် ။ အဘိုးကြီးက " နေဦး " ..... ဒီသော့ ငါ့ဆီမှာ မဟုတ်ဘူး  Church of Saint-Sulpice  ဆိုတဲ့ ပြင်သစ်က စိန့်ဆဲလ်ပိစ် ဘုရားကျောင်းကြီးရဲ့ Sacristy ခေါ်တဲ့ ကျောင်းထိုင်ဆရာတော်၏ ဘာသာရေးအဆောင် အယောင်မျာ