Posts

Showing posts from February 28, 2014

စကော့ဈေးမှာ ချာလည်လည်

Image
ရန်ကုန်မှာရောက်နေတုန်း မပါမဖြစ် ပါအောင်ဝယ်လာခဲ့ချင်တာလေးတွေ ရှိတယ် ။ ဒါကြောင့် တခေါက်လောက်တော့ ဗိုလ်ချုပ်ဈေးကိုပြေးခဲ့တယ် ။ ဗိုလ်ချုပ်ဈေးကို ပြေးဘို့ ဆိုတာ ဒီနေ့ခေတ်လို ကားကျပ်ပုံနဲ့များများဝယ်စရာ မရှိရင် သွားချင်စိတ်တောင် မရှိတော့အောင်ပါပဲ ။ မြန်မာလို ဝတ်ရတာ ငယ်ကတည်းက နှစ်သက်တဲ့ အတွက် ခုလို ဝလာတဲ့ အချိန်မှာ ဆိုတော့ မြန်မာလိုပဲ ဝတ်ချင်မိတော့တယ် ။ ဒါပေမယ့် အဝေးကနေလှမ်းကြည့်ရင် မြန်မာမှန်းတန်းပြီး ဓာတ်ပေါက်သွားစေတဲ့ အဆင် အရောင် ဒီဇိုင်းတွေ မကြိုက်ဘူး ။  မြန်မာမှန်းသိသွားတာကို ပြောတာမဟုတ်ဘူးလေ ။ဟိုအရင်တုန်းကဆို ကုလားရောင်ဆိုတာ တို့တွေ ပြောပြောခဲ့ကြတာ သိတယ် မဟုတ်လား။ ခု တို့ဆီက လူတွေ အဲလိုတွေဝတ်နေကြပြီ ပြူးကြောင်ကြောင်တွေလေ ။ တော်ကြာ မြန်မာရောင်လို့ ပြောခံထိမှာ စိုးလို့ :D ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုးကြီးတွေ ကြိုက်ဘူးတော့ တောကျတယ် ပဲဆိုဆို အရမ်း ဇတ်ဆန်တာပဲ ဟိုးအရင်က မြန်မာတွေ ဝတ်ပုံစားပုံလေးတွေက ယဉ်တယ် ။ အရောင်က အစ ။ ခုခေတ်က မြန်မာဒီဇိုင်းတွေ အရမ်းလှလာတယ်။ဒါပေမယ့်တချိုဒီဇိုင်းတွေကတော့ ဇတ်ထဲမှာ ဝတ်တဲ့ ဒီဇိုင်းမျိုကြီးတွေ causal မဖြစ်တဲ့ ဒ