Posts

Showing posts from November 20, 2018

ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ ၆

Image
 ထရန်စ်ဆိုက်ဘေးရီးယမ်းရထားလေးရဲ့ စက်ယန္တယားကြောင့် ဇာဘုရင်ခေတ် စက်မှုပညာထွန်းကားမှုကို နှောင်းလူတွေ လေ့လာခွင့်ရခဲ့ပါတယ် ။ ဇာဘုရင် နီကိုလပ်စ် နဲ့ မိဘုရား အဲလက်စ် တို့ သမီးနှစ်ဦး ထွန်းကားပြီးတဲ့အချိန်မှာ နီကိုလပ်စ်က သူ့ဇနီးကို Lilies of the Valley တောင်ကြားမှလီလီပန်းကလေးများ ဆိုတဲ့ ဥကို လက်ဆောင်ပေးခဲ့ပါတယ် ။ ပန်းရောင် ဗြုတ်မျက်နှာပြင်လေးပေါ်မှာ ပုလဲလုံးလေးတွေနဲ့ လီလီပန်းကလေးတွေ ပုံဖော်ထားပြီး စိန်လုံးလေးတွေကိုတော့ နှင်းစက်ပုံသွေးထားပြီး ရွှေရောင် ပန်းရိုးတွေ နဲ့ ကျောက်စိမ်းရောင် အရွက်တွေကြားမှာ တွဲရရွှဲကျနေတဲ့ ပုံလေးဖန်တီးထားပါတယ် ။ ဖာဘယ်ဂျေးရဲ့ ခေတ်ဆန်တဲ့ အလှနဲ့ တော်ဝင်မဆန်တဲ့ ဥနှစ်လုံးထဲက တစ်လုံးပါ ။ ထုံးစံအတိုင်း ဆပရိုက်စ်လေးတခုပါပါတယ် ။ ရွှေကွပ်ထားတဲ့ပုလဲသီးလေးကိုမလိုက်လို့ရှိရင် ဥရဲ့ထိပ်ဆုံးမှာ ရှိတဲ့ ပတ္တမြားသရဖူလေးမြင့်တတ်လာပြီး အဲဒီရဲ့အောက်မှာ ဓာတ်ပုံလေးသုံးပုံ ပေါ်လာပါတယ် ။ နီကိုလပ်စ်ရဲ့ ပုံက ထိပ်ဆုံး သမီးတော် နှစ်ပါးဖြစ်တယ် အော်ဂါနဲ့ တတ်တီယာနာတို့ရဲ့ ပုံလေးတွေက အောက်မှာပါ ။ ဂျိုးနက်စ် ဆိုတဲ့ ပန်းချီဆရာက ဆင်စွယ်ပေါ်မှာ ပန်းချီရေဆွဲခဲ့တာ ဖြစ်ပါတ