Posts

Showing posts from September 23, 2013

Percy Jackson and Sea of the Monster ( 1 )

Image
 တောအုပ်ကြီးရဲ့ အလယ် Camps Half Blood အနီးမှာ ထိပ်လန့်ခြင်းများစွာနဲ့ Camps ဆီအရောက် ပြေးလွှားနေကြရသူများကတော့ ဆိုက်ကလော့စ် မျက်လုံးတဘက်ဘီလူးကြီး နှစ်ကောင် လိုက်ဖမ်းနေလို့ အသက်လုပြေးနေရတဲ့ Demigod ငယ် သုံးယောက်နဲ့ စက်တယာ ဆိတ်တပိုင်းလူတပိုင်းကောင်လေးတို့ ဖြစ်ပါတယ် ။ သူတို့ကတော့ လုခ် Luke ၊ အန်နာဘသ် Annabath ၊ သာလီယာ Thalia နဲ့ ဂလိုဘာ Grover တို့ ဖြစ်ပါတယ်။ လုခ် ၊ အန်နာဘသ် နဲ့ ဂလိုဘာ " ဂလိုဘာ ပြေးပြေး..... " လို့ အော်လိုက်တဲ့သူကတော့ ငယ်ရွယ်သူ Demigod လေး တပါးဖြစ်တဲ့ သာလီယာ Thalia ဖြစ်ပါတယ် ။ ပြေးနေရင်း ဂလိုဘာ လို့ ခေါ်တဲ့ ဆိပ်ကလေးက ချော်လဲကြသွားတယ် ။ သူ့ကို ထူနေတဲ့ အချိန်မှာ ကြောက်မက်ဖွယ် အော်သံကြီးနဲ့ ဘီလူးကြီး ဆိုက်ကလောစ့်က မှီလာပြီး သူတို့ကို သစ်ပင်ကြီးတွေကို ချိုးပြီး ပစ်ပေါက်လိုက်တာ ခံလိုက်ရတယ် ။ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ဆိုတာ သိတဲ့ သာလီယာလေးဟာ ကျန်တဲ့ ၃ ဦး အတွက် သူ့အသက်ကိုစွန့်ဘို့ ဆုံးဖြတ်လိုက်တယ် ။ ကျန်တဲ့ ကလေးတွေ ကို ပြေးခိုင်းလိုက်ပြီး တဘက်ကို လှည့်ပြီး ရင်ဆိုင်လိုက်ချိန်မှာပဲ ။ ဆိုက်ကလော့စ်ကြီးက သူ့ကို ကိုင်ပေါက်လိုက်တဲ့ အ