Percy Jackson and Sea of the Monster ( 1 )




 တောအုပ်ကြီးရဲ့ အလယ် Camps Half Blood အနီးမှာ ထိပ်လန့်ခြင်းများစွာနဲ့ Camps ဆီအရောက် ပြေးလွှားနေကြရသူများကတော့ ဆိုက်ကလော့စ် မျက်လုံးတဘက်ဘီလူးကြီး နှစ်ကောင် လိုက်ဖမ်းနေလို့ အသက်လုပြေးနေရတဲ့ Demigod ငယ် သုံးယောက်နဲ့ စက်တယာ ဆိတ်တပိုင်းလူတပိုင်းကောင်လေးတို့ ဖြစ်ပါတယ် ။

သူတို့ကတော့ လုခ် Luke ၊ အန်နာဘသ် Annabath ၊ သာလီယာ Thalia နဲ့ ဂလိုဘာ Grover တို့ ဖြစ်ပါတယ်။

လုခ် ၊ အန်နာဘသ် နဲ့ ဂလိုဘာ


" ဂလိုဘာ ပြေးပြေး..... " လို့ အော်လိုက်တဲ့သူကတော့ ငယ်ရွယ်သူ Demigod လေး တပါးဖြစ်တဲ့ သာလီယာ Thalia ဖြစ်ပါတယ် ။

ပြေးနေရင်း ဂလိုဘာ လို့ ခေါ်တဲ့ ဆိပ်ကလေးက ချော်လဲကြသွားတယ် ။ သူ့ကို ထူနေတဲ့ အချိန်မှာ ကြောက်မက်ဖွယ် အော်သံကြီးနဲ့ ဘီလူးကြီး ဆိုက်ကလောစ့်က မှီလာပြီး သူတို့ကို သစ်ပင်ကြီးတွေကို ချိုးပြီး ပစ်ပေါက်လိုက်တာ ခံလိုက်ရတယ် ။

ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ဆိုတာ သိတဲ့ သာလီယာလေးဟာ ကျန်တဲ့ ၃ ဦး အတွက် သူ့အသက်ကိုစွန့်ဘို့ ဆုံးဖြတ်လိုက်တယ် ။ ကျန်တဲ့ ကလေးတွေ ကို ပြေးခိုင်းလိုက်ပြီး တဘက်ကို လှည့်ပြီး ရင်ဆိုင်လိုက်ချိန်မှာပဲ ။

ဆိုက်ကလော့စ်ကြီးက သူ့ကို ကိုင်ပေါက်လိုက်တဲ့ အတွက် သာလီယာလေး အသက်ပေးလိုက်ရပါတယ် ။ သာလီယာလေးဟာဇုဇ်နတ်မင်းရဲ့ သမီးတော်လေး တပါးဖြစ်ပါတယ် ။ သူက Muses နတ်သမီး ၉ ပါးမှာ အငယ်ဆုံးလဲ ဖြစ်ပါတယ် ။

အသက်ပေးလိုက်ရတဲ့ သာလီယာလေးကို အသွင်ပြောင်းပြီး ရှင်သန်ခွင့်ကို ဖခင်ဇုဇ်နတ်မင်းက ပေးလိုက်တဲ့ အတွက် ကြီးမားတဲ့ သစ်ပင်ကြီး အဖြစ် ပေါက်ဖွားရှင်သန်လာပြီး သစ်တောကြီး တခုလုံးကို အကာအကွယ် ပေးနေတဲ့ တန်ခိုးအတားအဆီး ဖြစ်သွားခဲ့ပြီး ကျန်တဲ့ ကလေး ၃ဦး ကို ရန်များမှ ကာကွယ်ပေးခဲ့ပါတယ် ။


ဇုဇ်ရဲ့ သမီးလေး အသက်ပေးသွားသူ သာလီယာ










ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး ၇နှစ် အကြာမှာ New York City နားက တောအုပ်ကြီးထဲမှာ တည်ရှိတဲ့ Camp Half Blood ဆိုတဲ့ လူသားတပိုင်း နတ်သားတပိုင်းလေးတွေ လေ့ကျင့်ရာ စခန်းကြီးထဲမှာတော့ ပါဆီတယောက် ပြိုင်ဘက်ဒယ်မီဂေါ့မိန်းကလေး ( Clarisse La Rue ) ကလယ်ရစ်ဆီရဲ့ စိန်ခေါ်မှုကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ် ။ ကလယ်ရစ်ဆီဟာ အိုလံပီယာ ၁၂ယောက် ထဲမှ ဒေါသအိုး အေးရာ့စ် Ares ရဲ့ သမီးဖြစ်သည်နှင့်အညီ ကြမ်းတမ်းမောက်မာပြီး ဗိုလ်ကျတတ်သူဖြစ်ပါတယ် ။

ကလယ်ရစ်ဆီ


ကမ့်ပ် အတွင်းမှာပြုလုပ်ခဲ့သော ပြိုင်ပွဲတိုင်းလိုလို ပါဆီ နိုင်ချေရှိသော်လည်း တခြားသာမာန် ဒယ်မီဂေါ့များကို ညှာတာတတ်သူပါဆီဟာ ကလယ်ရစ်ဆီကို အမြဲတန်း ရှုံးနိမ့်ခဲ့ရပါတယ် ။ Camp Director လည်းဖြစ် ဝိုင်အရက်နတ်ဘုရားလည်း ဖြစ်တဲ့ Mr.D က ပါဆီကို အမြဲ နှိပ်ကွပ်လေ့ရှိတော့ ရှုံးနိမ့်သူတို့ရဲ့ ထုံးစံအတိုင်း ကစားကွင်းကြီး တခုလုံးမှာ ပြန့်ကျဲနေတဲ့ အမှိုက်များကို ပါဆီတယောက်ထဲ လိုက်လံ သိမ်းဆည်းရလေ့ရှိပါတယ် ။

Mr.D ကနှိမ်ပြီး အမှိုက်ကောက်ခိုင်းနေတဲ့ ပါဆီ

စိတ်ဓာတ်ကျနေတဲ့ ပါဆီဟာ ကန်ရေပြင်စပ်မှာ ထိုင်ရင်း ဒါဏ်ရာတွေကိုရေနဲ့ ကုစားရင်း ဖခင် ရေနတ်မင်းကြီး ပွေဆိုက်ဒွန်ဆီမှာ ရင်ဖွင့်ပေမယ့်လဲ ဖခင်ဆီက တုန့်ပြန်မှု တစုံတရာ ပြန်ရလေ့ မရှိခဲ့ပါဘူး ။

တနေ့မှာ ဆရာ ခိုင်ရွန်ရဲ့ ခေါ်ယူမှုကြောင့် ပါဆီ ဟာ အန်နာဘသ်နဲ့ ဂရိုဘာ တို့နဲ့အတူ ဆရာ့ဆီကို လာခဲ့ကြပါတယ် ။ သူတို့ကို ဆရာက ပါဆီရဲ့ အဖေတူ အမေကွဲ ညီအကို ဆိုသူလေးတယောက်နဲ့ မိတ်ဆက်ပေးပါတယ် ။ သူ့နာမည်က တိုင်ဆန် Tyson ဖြစ်ပြီး ပွေဆိုက်ဒွန်နဲ့ ဆိုက်ကလောစ့် မျိုးနွယ်ဝင် မိခင်တို့မှ မွေးဖွားလာသူဖြစ်ပါတယ် ။ သူမှာ မျက်လုံးတလုံးပဲ ရှိပြီး သာမာန်ကလေးများထက် ထွားကျိုင်းပြီး သန်မာပါတယ် ။ 

"Hello Brother" said Tyson

ညီငယ်က ရင်းနှီးစွာနှုတ်ဆက်ပေမယ့်လဲ အံ့သြနေတဲ့ ပါဆီက သူရဲ့ ညီလေးကို အသိအမှတ်ပြုဘို့ လိုလားတဲ့ ပုံစံမရှိခဲ့ပါဘူး ။ ကမ့်ပ်တခုလုံးကလဲ မျက်လုံးတလုံးပဲ ပါတဲ့ တိုင်ဆန်လေးဟာ ပွေဆိုက်ဒွန်ရဲ့သား ပါဆီရဲ့ ညီမှန်းသိတဲ့အခါမှာ လှောင်သလိုလို အကြည့်နဲ့ ကြည့်ကြပါတယ် ။ 

ကမ့်ပ်မှာ ရှိတဲ့ သူအားလုံး ဆိုက်ကလော့စ်ကြီးတွေ သတ်လိုက်လို့ သေသွားရှာတဲ့ သာလီယာလေးရဲ့ အဖြစ်ကို မမေ့ကြသေးတဲ့ အတွက် တိုင်ဆန်အတွက် နွေးထွေးတဲ့ ကြိုဆိုမှုကို မရခဲ့ပါဘူး ။ အထူးသဖြင့် ကလယ်ရစ်ဆီက ပိုဆိုးပါတယ် ။ တိုင်ဆန့်ကို လှောင်ပြောင်တဲ့ အတွက် တိုင်ဆန်ဟာ တလုံးထဲရှိတဲ့ မျက်စေ့ကို ကာကွယ်ဘို့ နေကာမျက်မှန်တတ်လိုက်ပါတယ် ။




တနေ့ ဒယ်မီဂေါ့လေးတွေ အားလုံးနေ့လည်စာကို စားသုံးနေကြတဲ့ အချိန် ကမ့်ပ်ကြီး တခုလုံးတုန်ခါမှုကို ဆက်တိုက်ကြုံလာရပါတယ် ။ တစုံတယောက်ရဲ့ အော်သံကြောင့် ကမ့်ပ်ရဲ့ ဝင်ပေါက်ကိုပြေးထွက်လာကြတဲ့ အချိန်မှာ သစ်တောကြီးနဲ့ ကမ့်ပ်ကို ကာကွယ်ပေးနေတဲ့ သာလီယာ သစ်ပင်ကြီး သေဆုံးတော့မည်ကဲ့သို့ ညှိုးခြောက်နေတာကို တွေ့လိုက်ကြရပါတယ် ။ သာလီယာသစ်ပင်သာ သေဆုံးခဲ့လို့ရှိရင် ကမ့်ပ်တခုလုံးရဲ့ ကံကြမ္မာဟာ မကောင်းနိုင်တော့ပါဘူး ။





တုန်ခါမှုကြီး ပြင်းထန်သထက်ပြင်းထန်လာတဲ့ အချိန်မှာ အားလုံးရင်ဆိုင်လိုက်ရတာကတော့ စက္ကောမယန္တရား အတတ်နဲ့ ဖန်တီးထားတဲ့ ကြီးမားတဲ့ နွားရိုင်းကြီးရောက်ရှိလာပြီး ကမ့်ပ်တခုလုံးဝုန်းဒိုင်းကြဲအောင် တိုက်ခိုက်တာ ကို ခံလိုက်ရပါတယ် ။ ဒယ်မီဂေါ့တွေကို သူ့ရဲ့ဦးချိုကြီးနဲ့ မွှေးယမ်းပြီး ကော်ထုတ်ပါတယ် ။ ကလယ်ရစ်ဆီ ။ အန်နာဘသ် ၊ ဂလိုဘာ ၊ တိုင်ဆန် နဲ့ ပါဆီတို့ အပြင်းအထန်ကာကွယ်ကြပေမယ့် ဒါဏ်ရာများစွာ ရခဲ့ကြပါတယ် ။ပါးစပ်ကြီးကိုဟပြီးအော်လိုက်တဲ့ အချိန်တိုင်းမှာ မီးတောက်တွေပါးစပ်ထဲက ထွက်လာပါတယ် ။








ပါဆီက အလံနီကို ဝှေ့ပြလိုက်တဲ့ အချိန်မှာ နွားရိုင်းကြီးဟာ ပါဆီ့ဆီကို ပြေးဝင်လာဆဲ အန်နာဘသ်ထိုးလိုက်တဲ့ လှံတံဟာ နွားရိုင်းကြီးရဲ့ ကိုယ်ထဲဝင်သွားပြီး သူ့ခန္ဓာကိုယ်ထဲက စက်က ကြေညက်အောင်ခြေပစ်လိုက်ပါတယ် ။

 အဲဒီ အချိန်မှာ ကလယ်ရစ်ဆီက အကောင်ကြီးရဲ့ ကျောပေါ်ကို ခုန်တတ်သွားပြီး ခွစီးလိုက်ပါတယ် ။ ကျောပြင်ပေါ်က သံချပ်တွေရုတ်တရက် ပွင့်လာပြီး ကလယ်ရစ်ဆီကို ကန်ထုတ်လိုက်ပါတယ် ။

 နောက်တော့ တိုင်ဆန်က နွားကြီးရဲ့ ဦးချိုနှစ်ဘက်ကို တွန်းထားတဲ့ အချိန်မှာ သူ့ကို မီးတောက်တွေနဲ့ မှုတ်ထုတ်လိုက်ပါတယ် ။ တိုင်ဆန်ကတော့ မမှုပါဘူး ။ နောက်တော့ ပါဆီကိုလှည့်ပြီး တိုက်ခိုက်ပါတော့တယ် ။






ပါဆီဟာနွားရိုင်းကြီးရဲ့ ဦးချိုနှစ်ဘက်ကြားမှာ ချောင်ပိတ်မိနေတဲ့ အချိန်မှာ နွားရိုင်းကြီးက ပါးစပ်ကိုဟပြီး မီးတောက်တွေနဲ့ ပါဆီမျက်နှာတည့်တည့်မှုတ်ထုတ်မယ့် အချိန်မှာ နောက်ဆုံးပါဆီပစ်လွှတ်လိုက်တဲ့ ဖခင်ပေးထားတဲ့ ဓားဟာ နွားရိုင်းကောင်ကြီးရဲ့ ပါးစပ်ကနေ ဝမ်းဘိုက်ထဲ တည့်တည့်ဝင်သွားတဲ့ အခါမှာတော့ နွားရိုင်းကောင်ကြီး ပေါက်ကွဲ သွားပါတော့တယ် ။




ဓားနဲ့ ပစ်သွင်းလိုက်တဲ့ ပါဆီ



ဒီအချိန်မှာ ကမ့်ပ်ရဲ့ သစ္စာဖောက် လုခ် ရောက်လာပြီး သာလီယာပင်ကို သူအဆိပ်ခတ်လိုက်ပြီ ဆိုတဲ့ အကြောင်းနဲ့ နွားရိုင်းကြီးကို သူလွှတ်လိုက်တာ ဆိုတဲ့ အကြောင်း ပါဆီကို လာပြောသွားပါတယ် ။ ပြီးတော့ ရှေးနတ်မင်းများ ဖတ်ခဲ့တဲ့ ရှေ့ပြေးနိမိတ်တခုကို သိရှိထားဘို့ သတိပေးပြီး ပြန်ထွက်သွားခဲ့ပါတယ် ။ ပါဆီနဲ့ ကမ့်ပ် ရှိသမျှလူအကုန် ဂိတ်ပေါက်ဝကို သွားပြေးကြည့်ကြတဲ့ အခါမှာ သာလီယာ သစ်ပင်လေးသေဆုံးကာနီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ် ။ ဒါဟာ ကမ့်ပ်ကို အကာအကွယ်အဖြစ်ရှိနေတဲ့ မှော်အတားအဆီး ယိုင်နဲ့လာတဲ့ အဓိပ္ဗါယ် ဖြစ်ပါတယ် ။







ပါဆီဟာ ခိုင်ရွန်ဆီသွားပြီး လုခ်ဆီက သူကြားခဲ့ရတဲ့ ရှေ့ပြေးအတိတ်နိမိတ် ဟာဘာလဲ ဆိုတာမေးကြည့်ပါတယ် ။ ခိုင်ရွန်ဟာ စိတ်မပါ့တပါနဲ့ ပါဆီကို အဆောက်အဦးတခုရဲ့ ထပ်ခိုးပေါ်ကို ညွှန်ပြခဲ့ပါတယ် ။ အဲဒီထပ်ခိုးပေါ်မှာ ပူဇော်ထားတဲ့ ဝိဥာဉ် တခုရှိပါတယ် ။ အဲဒီဝိဥာဉ်က ဘာပြောလဲ ဆိုတော့ ပါဆီတို့ရဲ့ ဖခင်တွေ ကြီးစိုးနေတဲ့ အိုလံပီယာခောတ် မတိုင်ခင် ရွှေခောတ်မှာ ကြီးစိုးခဲ့တဲ့ ဖခင်ကြီး ခရိုးနပ်စ် ( တစ်တန်ကြီး ) ရဲ့ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ခန္ဓာကိုယ်ကြီး ဟာ အကြီးဆုံးသားကြီးရဲ့ သွေးနှောသား Demigod  အသက်၂၀ပြည့်တဲ့ နေ့ကြရင် ပြန်လည်တည်ဆောက်မိလာပြီး အဲဒီ သွေးနှောသား ဒယ်မီဂေါ့ဒ်ကပဲ အိုလမ်ပတ်စ် ခေတ်ကို ဖျက်ဆီးမှာလား ကယ်တင်မှာလားဆိုတာကို အဆုံးအဖြတ်ပေးမယ်လို့ ပြောပါတယ် ။ 

အဲဒီကလေးဟာ ပွေဆိုက်ဒွန်ရဲ့သား ပါဆီကိုယ်တိုင်ပဲ ဖြစ်ပါတယ် ။ အဲဒီ အတိတ်နိမိတ်ကြောင့် စိတ်ရှုပ်နေတဲ့ ပါဆီဟာ အန်နာဘသ်နဲ့ ဂလိုဘာတို့ သိရှိထားတဲ့ သစ်ပင်ရဲ့ အသက်ကိုကယ်နိုင်တဲ့ ရွှေသားမွေးစောင် အကြောင်းကို သိခဲ့ရပါတယ် ။ သူတို့ဟာ ဒီအကြောင်းကို အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ Mr.D ကို တင်ပြကြပါတယ် ။

 နောက်တော့ ကမ့်ပ်ရဲ့ စည်းဝေးပွဲမှာ Mr.D က ရွှေသားမွေးစောင်အကြောင်းကို သူရဲ့ အကြံစည်လိုလို နဲ့ ပြောပြပါတယ် ။ စိတ်တိုသွားတဲ့ အန်နာဘသ်ဟာ စိတ်ကို ထိန်းချုပ်ထားခဲ့ရပါတယ် ။ Mr.D ဟာ ရွှေသားမွေးစောင် ရှာဘို့တာဝန်ကို ကလယ်ရစ်ဆီနဲ့ နောက်ဆိတ်တကောင်ဖြစ်တဲ့ အီဂနိုတေး Ichneutae ကို ပေးလိုက်ပါတယ် ။ အီဂနိုဒိုက်ဟာ အရှာအဖွေတော်သူဖြစ်ပါတယ် ။

 ဆိတ်တွေနဲ့ ဝက်တွေဟာ တစ်တန်ကြီးတွေကို အသက်ပြန်ရှင်သန်နိုင်အောင် လုပ်ပေးနိုင်သော ရွှေသားမွေးစောင်ကို စောင့်ရှောက်နေရတဲ့ ဆိုက်ကလောစ့်တွေရဲ့ အိမ်မွေး တိရစ္ဆာန်တွေ ဖြစ်သောကြောင့် ဆိတ်တွေကို သွားခိုင်းရခြင်းဖြစ်ပါတယ် ။

ရွှေသားမွေးစောင်ရှိတဲ့ အရပ်က သင်္ဘောများ၏ မပြန်လမ်းရှိရာ ငရဲပြည်၏ သမုဒ္ဒရာ ဝင်ပေါက် ဘာမြူဒါ တြိဂံ Bermuda Tringle ဆိုသော အရပ်မှာ ဖြစ်ပါတယ် ။

ဂရိရာဇဝင် အယူအဆအရ ငရဲပြည်သို့ ဝင်ပေါက် စုစုပေါင်း ၆ ပေါက် ရှိပါတယ် ။ မြန်မာဗုဒ္ဓဘာသာ အယူကတော့ ငရဲပြည်ဝင်ပေါက် ၈ပေါက်ရှိပါတယ် ။



ဆိတ် အီဂနိုတေး


နတ်ဝင်သည်ဝိဥာဉ်ဆီမှ ကြားခဲ့ရတဲ့ အဆို အရ လုခ်ကလဲ ဒီရွှေသားမွေးစောင်ကို လုယူမှာ ဆိုတာကို သိထားတဲ့ အတွက် ပါဆီကိုယ်တိုင် ခွင့်ပြုချက်မရပဲ ကမ့်ပ်မှ ခိုးထွက်ဘို့ ကြံစည်ရပါတယ် ။ သူနဲ့ အတူ အန်နာဘသ် ဂလိုဘာနဲ့ ညီလေး တိုင်ဆန်တို့လဲ ပါလာကြပါတယ် ။





ဒုတိယပိုင်း ဆက်ရန်





ရေးသူ


Comments

  1. ကောင်းထှာနော်.. ရှင်းနေတာပဲ.. ရုပ်ရှင်ကြည့်တာတောင် အဲ့လောက် လုံးစေ့ပတ်စေ့ နားမလည်ဘူး.. တော်ဘီ.. ရုပ်ရှင်မကြည့်တော့ဘူး. ဒီကဟာပဲ ထိုင်ဖတ်တော့မယ်... ပုံလဲပါတယ်... ပုံတွေက လှုပ်လဲ လှုပ်တယ်... :D

    ReplyDelete
  2. ဟယ်.... ပန်ပန် စိတ်ကြီးတာအေ... :D

    ReplyDelete
  3. သူများ ကြည့်ချင်အောင် ရေးတယ်နော် ... မီးတို့တောမှာ ဒါမျိုးကြည့်ရဘူး :( :( :(

    ReplyDelete
    Replies
    1. အင်တာနက်က ကြည့်မလား ညီမလေး လင့်ခ် ပေးမယ်လေ :) :) :)

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်