Posts

Showing posts from October 25, 2013

Hate speech kills the Free Speech

Image
အင်တာနက်မှာ လူတွေဟာ စိတ်ချဉ်တွေ ပေါက်နေကြတယ် ။ တခုခု ဆို ပြင်းပြင်းထန်ထန်ပြောလိုက်ရမှ ကျေနပ်နေကြတယ် ။ လူတွေမှာ ဘဝတလျှောက်လုံး မပြေလည်ခဲ့တဲ့ စိတ်အဆာတွေ ရှိတယ် ။ ဒီလိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ထွက်ပေါက် အဖြစ် တဘက်သားရဲ့  ရှေ့မှောက်မှာ ဖောက်ခွဲထုပ်ပစ်လိုက်ခြင်ကြတယ် ။ ဒီလိုလုပ်တဲ့ အခါမှာ သူဖောက်ခွဲ ထုပ်တာ ခံရတဲ့ အကြောင်းအရာ လူပုဂ္ဂိုလ် ဖြစ်ရပ် မှန်တယ် မှားတယ် ကြည့်မနေဘူး ။ သူရဲ့ ရည်ရွယ်ချက်ကလဲ စိတ်ကို ဖောက်ထုပ်ဘို့သတ်သတ် ဆိုတော့ ဒါတွေက အရေးမပါဘူး ။ သူဖွင့်ထုပ်ပစ်လိုက်ဘို့ ပေါ့သွားဘို့က အဓိက လိုရင်းပဲ ။ မှန်စရာလဲ မလိုဘူး ။ မျှတစရာလဲ မလိုဘူး ။ လူကြီး လူကောင်းဆန်ဘို့လဲ မစဉ်းစားဘူး ။ ကိုယ်ခြင်းစာဘို့ကတော့ ဝေးရောပေါ့ ။  ဒါပေမယ့် မသိရင်တော့ သူတို့ အော်ဟစ်နေတာ အမှန်တရားတွေလိုပဲ ။ ဒါပေမယ့် သူတို့မှာ အမှန်အမှား ခွဲခြားတတ်သူက ဆယ်ယောက်တယောက်ပဲပါတတ်တယ် ။ အဲဒီမှာ ခံလိုက်ရသူတွေက မထင်မှတ်ပဲ သူတို့ရဲ့ တားဂတ်ဖြစ်သွားတဲ့ သူတွေပေါ့ ။ လူတွေရဲ့ အဆင်မပြေမှုတွေ ဘဝရဲ့ဟန်ချက် Balance ဆုံးရှုံးနေမှုတွေဟာ ကြည့်တတ်ရင် ကြောက်ဘို့ကောင်းတယ် ။ ကိုယ့်ဘဝကို ကိုယ့်ဘာသာ မျှတအောင်