Posts

Showing posts from February 16, 2014

စနေရှင်းတမ်း

Image
ဒီတပတ် လဲ မအားပြန်ဘူး ကတိပေးထားတာလေးတွေကို ကျေအောင် ဆပ်နေရတယ် ။ မတတ်တဲ့ သူတွေက မပင်ပန်းဘူး ။ တတ်လဲ တတ် အားလဲ နာတော့ ကိုယ့် အတွက် အချိန်အားဆိုတာ မရှိတော့ဘူး ။ Jasmine  ထိုင်းကပြားမလေးဂျက်စမင်လေး အတွက် စင်ဒရဲလား ဝတ်စုံ မယ်လစ်ဆာ ရဲ့ အမ စမီရာ  Smira အတွက် ရေသူမလေး အေရီရယ် လူယောင်ဖန်ဆင်းရင် ဝတ်တဲ့ဝတ်စုံ    ကလေးတွေပဲ သိတယ် ဘယ်မင်းသမီးက ဘာဝတ်စုံ ဝတ်သလဲ ဆိုတာကို ။ သူတို့က အရောင်နဲ့ တကွ အညွှန်းပေးတာလေ ။ ကိုယ်က ဂူးဂဲလ်မှာ ပြန်ရှာ ပြီး ကြည့်ချုပ်ရတယ် ။ မမအိမ်းကတော့ အကုန်ကြိုက်နေတယ် ။  သူ့အတွက် ဆိုဖီယာ ဝတ်စုံတဲ့ ကျန်သေးတယ် ။ Sophia the First တဲ့ ။ ဒီမင်းသမီးလေးက တို့ငယ်ငယ်က ပေါ်တဲ့ မင်းသမီးလေး မဟုတ်ဘူး ။ ခုခေတ်မှာ ပေါ်လာတာ ။   :D မောာာဒယ်........ဟယ်.......  :P