ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ ၆

 ထရန်စ်ဆိုက်ဘေးရီးယမ်းရထားလေးရဲ့ စက်ယန္တယားကြောင့် ဇာဘုရင်ခေတ် စက်မှုပညာထွန်းကားမှုကို နှောင်းလူတွေ လေ့လာခွင့်ရခဲ့ပါတယ် ။

ဇာဘုရင် နီကိုလပ်စ် နဲ့ မိဘုရား အဲလက်စ် တို့ သမီးနှစ်ဦး ထွန်းကားပြီးတဲ့အချိန်မှာ နီကိုလပ်စ်က သူ့ဇနီးကို Lilies of the Valley တောင်ကြားမှလီလီပန်းကလေးများ ဆိုတဲ့ ဥကို လက်ဆောင်ပေးခဲ့ပါတယ် ။ ပန်းရောင် ဗြုတ်မျက်နှာပြင်လေးပေါ်မှာ ပုလဲလုံးလေးတွေနဲ့ လီလီပန်းကလေးတွေ ပုံဖော်ထားပြီး စိန်လုံးလေးတွေကိုတော့ နှင်းစက်ပုံသွေးထားပြီး ရွှေရောင် ပန်းရိုးတွေ နဲ့ ကျောက်စိမ်းရောင် အရွက်တွေကြားမှာ တွဲရရွှဲကျနေတဲ့ ပုံလေးဖန်တီးထားပါတယ် ။ ဖာဘယ်ဂျေးရဲ့ ခေတ်ဆန်တဲ့ အလှနဲ့ တော်ဝင်မဆန်တဲ့ ဥနှစ်လုံးထဲက တစ်လုံးပါ ။

ထုံးစံအတိုင်း ဆပရိုက်စ်လေးတခုပါပါတယ် ။ ရွှေကွပ်ထားတဲ့ပုလဲသီးလေးကိုမလိုက်လို့ရှိရင် ဥရဲ့ထိပ်ဆုံးမှာ ရှိတဲ့ ပတ္တမြားသရဖူလေးမြင့်တတ်လာပြီး အဲဒီရဲ့အောက်မှာ ဓာတ်ပုံလေးသုံးပုံ ပေါ်လာပါတယ် ။ နီကိုလပ်စ်ရဲ့ ပုံက ထိပ်ဆုံး သမီးတော် နှစ်ပါးဖြစ်တယ် အော်ဂါနဲ့ တတ်တီယာနာတို့ရဲ့ ပုံလေးတွေက အောက်မှာပါ ။ ဂျိုးနက်စ် ဆိုတဲ့ ပန်းချီဆရာက ဆင်စွယ်ပေါ်မှာ ပန်းချီရေဆွဲခဲ့တာ ဖြစ်ပါတယ် ။ ဘောင်တွေကို စိန်တွေနဲ့ ကွပ်ထားပြီးနောက်ကျောက ရွှေပြားပေါ်မှာ July 31, 1898 လို့ ထွင်းထားပါတယ် ။ ဒီဥဟာ ဆ်ုက်ဘေးရီးယားရထားလမ်းဥ ၁၉၀၀ခုနှစ် မတိုင်ခင်နှစ်နှစ်အလိုမှာ ပေးခဲ့တာပေါ့နော် ။ ပြီးတော့ မယ်တော်ကြီး အတွက် ဂတ်ချီနာနန်းတော်ဥက ၁၉၀၁ နှစ် ။
နောက် တလုံးကတော့ 1906 ခုနှစ်မှာ ပေးခဲ့တဲ့Moscow Kremlin Egg မော်စကိုကရင်မလင်နန်းတော်ဥကြီးဖြစ်ပါတယ် ။

နန်းစတက်ထဲက ကြုံခဲ့ရတဲ့ သွေးစွန်းခဲ့သောဖြစ်ရပ်များနဲ့ပတ်သတ်ပြီး ပြည်သူလူထုကြားမှာပြန့်နှံ့နေတဲ့ သူတို့မောင်နှံကံဆိုးခြင်းတွေကြုံရတော့မယ်ဆိုတဲ့ နိမိတ်တဘောင်တွေကြားလာရတာတွေ ၊ လက်ထပ်ပြီးထဲက ထီးမွေနန်းမွေဆက်ခံမယ့် သားရတနာမမွေးဖွားပဲ သမီးချည်းသာ လေးယောက်ဆက်တိုက်မွေးဖွားခဲ့တာတွေ နဲ့ ၁၉၀၄-၀၅ မှာဖြစ်ပွားခဲ့တဲ့ ရုရှား-ဂျပန်စစ်ပွဲဖြစ်ပွားပြီး ရုရှားမဟာအင်ပါယာကြီးက ဂျပန်ကျွန်းနိုင်ငံလေးကို စစ်ရှုံးခဲ့တာတွေ ၊ ကရင်မလင်နန်းတော်ကြီးထဲမှာ ဖြစ်ပွားခဲ့တဲ့ နီကိုလပ်စ်ရဲ့ အချစ်ဆုံးဦးလေးလဲဖြစ် ယောက်ဖလဲဖြစ်တဲ့ အလက်ဇန်ဒရိုဗစ်ခ်ျ လုပ်ကြံခံရတာတွေ နဲ့ ကံကြမ္မာ မျက်နှာသာမပေးခဲ့တဲ့ စိတ်ခြောက်ခြားမှုတွေကို ရှောင်လွဲရင်း မြို့ပြင်နန်းတော်မှာ ခဏတာသွားရောက်နေထိုင်ပြီး ကရင်မလင်နန်းတော်ကို ပြည်တော်ပြန်ဝင်လာတဲ့ နီကိုလပ်စ်တို့ကို ပေးဘို့ ၁၉၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပေမယ့် ဂျပန်နဲ့ဖြစ်တဲ့စစ်ပွဲကြောင့် ၁၉၀၆ ကျမှ နီကိုလပ်စ်ကို ပေးနိုင်ခဲ့ပါတယ် ။ 1904 ခုနှစ်မှာတော့ သားလေး အလက်စီ Alexei ကိုမွေးဖွားခဲ့ပါပြီ ။

မော်စကိုကရင်မလင်ဥက ဖာဘယ်ဂျေးဥတွေထဲမှာ အကြီးဆုံးပဲ ။ နန်းတော်ဝင်းထဲက ဇာဘုရင်အဆက်ဆက်နန်းတတ်ပွဲ လုပ်တဲ့ ကတ်သီဒရယ်ဘုရားကျောင်းခေါင်မိုးလုံးကြီးရဲ့ ဒီဇိုင်းကိုယူထားတာပါ ။  ခေါင်မိုးလုံးလေးကိုဖြုတ်တတ်လို့ရတယ် ။ သုံးခုတွဲ ပြုတင်းပေါက် ရှည်ရှည်သေးသေးလေးတွေ လေးစုံကနေ ဘုရားကျောင်းရဲ့ အတွင်းပိုင်းအလှတွေကို အသေးစိတ်မြင်လို့ရတယ် ။ ကော်ဇောနီ ရုပ်တုပိစိလေးတွေ နဲ့ ဘုရားစင်ကြီး အစရှိသဖြင့်ပေါ့ ။
ဘေးမှာ ရင်ပြင်နီကိုလှမ်းမြင်နိုင်တဲ့ ကရင်မလင်မှာရှိတဲ့ မျှော်စင်တွေထဲက အဓိကအကျဆုံးမျှော်စင်ကိုနာရီစင်နဲ့တကွ ထည့်ထားပါတယ် ။
ဒီဥမှာပါတဲ့ ဆပရိုက်စ်ကတော့ တေးဂီတသံလေးပါ ။ တပုဒ်ကတော့ အီစတာသီချင်းဖြစ်ပြီးနောက်တစ်ပုဒ်ကတော့ နီကိုလပ်စ်ရဲ့ အနှစ်သက်ဆုံး Izhe Khveruviny ဆိုတဲ့ သီချင်းပါ။
၁၉၀၈ ခုနှစ်မှာ မိခင် မာရီယာ မိဘုရားခေါင်ကြီးကို လက်ဆောင်ပေးခဲ့တဲ့ ဥဒေါင်းငှက် Peacock ဆိုတဲ့ ဥကလဲ တမူးထူးခြားတဲ့ လက်ရာ တစ်ခုပါ ။ ခရစ္စတယ် သလင်းကျောက် ဥခွံအကြည်နဲ့ တောက်ပတဲ့ ငွေမင်ကနုတ်လေးတွေနဲ့  နှစ်ခြမ်းခွဲရတဲ့ ပုံမျိုးဖြစ်ပြီး ထိပ်မှာ ခလုပ်လေးနဲ့ ပြန်ချိတ်ရတာပါ ။ အထဲမှာ ရွှေနဲ့ရောင်စုံကြွေရေသုတ် ဒေါင်းရုပ်ကလေးက ၄.၃ လက်မလောက်အရွယ်ရှိပြီး ခေါင်းတောင်ပံနဲ့ အမြီးတို့ကိုလှုပ်ရှား ဖွင့်လို့ရပါတယ် ။ သစ်ကိုင်းလေးတွေက ရွှေနှင့် ကြွေရေသုတ်ထားပြီး ကျောက်သံပတ္တမြားလေးတွေ နဲက တန်ဆာဆင်ထားပါတယ် ။ ၁၈ရာစုက James Cox ဆိုသူ ဖန်တီးခဲ့တဲ့ Peacock clock ဆိုတဲ့ ရွှေရုပ်တုနာရီ ကို အတုယူခဲ့တာဖြစ်ပါတယ် ။
ဒီနှစ်ပိုင်းတွေမှာ တော်ဝင်မိသားစုဟာ သာယာနေခဲ့ပါတယ် ။ ရုရှားပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြပေမယ့် သူတို့ကတော့ နန်းတော်ကြီးတွေ များစွာနဲ့စံနေခဲ့ပါတယ် ။ နွေရာသီတွေဆိုရင် Standart ဆိုတဲ့ ပေ ၃၀၀ ရှည်တဲ့ တော်ဝင်ဇိမ်ခံသင်္ဘောကြီးနဲ့ ပင်လယ်ထဲမှာ ဇိမ်ကျလို့ကောင်းဆဲပေါ့ ။ သူ့ခောတ်သူ့အခါက တော်ဝင်သင်္ဘောတွေထဲမှာ အကြီးဆုံးလို့ ပြောရင်ရနိုင်ပါတယ် ။ ဘောလတစ်ပင်လယ်ပြင်တလျှောက် ပျော်ရွှင်နေကြတဲ့ နီကိုလပ်စ်တို့ မိသားစု ကိုဖော်ကျူးထားတဲ့ ဒီ Standart ဆိုတဲ့ ဥကို ၁၉၀၉ မှာ ဖန်တီးခဲ့ပါတယ် ။ တစ်ဥလုံး သလင်းကျောက်နဲ့ကြည်နေအောင်သွေးပြီး ထွင်းဖောက်မြင်ရအောင်လုပ်ထားပြီး ခါးပတ်နေရာမှာ ကြွေရေသုတ်သစ်ရွက်စိမ်းလေးတွေနဲ့ စိန်သေးသေးလေးတွေက ဥကို လှဲလားတဲ့ပုံမှာ အထက်ခြမ်းနဲ့ အောက်ခြမ်းကို ခွဲခြားထားတယ် ။ Standart 1909 ဆိုတဲ့စာကိုလဲ ခါးပတ်ပေါ်မှာ ထွင်းထားတယ် ။ ဘေးတဘက်တချက်စီမှာ သရဖူဆောင်းဒုထ္တာကျောက်တော်ဝင်သိန်းငှက်ရုပ်တွေက လက်ကိုင်အဖြစ်ထားရှိပြီး တကောင်ခြင်းစီရဲ့အောက်မှာ မိုးစက်ပုံ ပုလဲသီးကို တွဲလောင်းချိတ်ဆွဲထားပါတယ် ။ မဟာဆန်စွာ အနုစိတ်ခြယ်မှုန်းထားတဲ့ ထောက်တိုင်ကို ရွှေ ပုလဲ ကြွေဆေးတို့နှင့်ပြုလုပ်ထားပြီး ဒုထ္တာလင်းပိုင်နှစ်ကောင် အမြီးခြင်းလိမ်နေတဲ့ပုံထွင်းထုထားပါတယ် ။
ဆပရိုက်စ်ကတော့ ရွှေရောင် Standart Yatch ရွက်သင်္ဘောပုံစံငယ်လေးပါ ။ ရွှေ ပလက်တီနမ် တို့နဲ့ ဖန်တီးထားပြီး ကျောက်သလင်းပြားကို ရေလှိုင်းပုံစံ ပင်လယ်ပြင်မှာ ခုတ်မောင်နေတဲ့ ပုံဖြစ်ပါတယ် ။














Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်