၄၃

ဒီနေ့ မွေးနေ့ ။

အသက်ကြီးလာတာနဲ့ အမျှ ကျမရဲ့ အယူအဆလေးတွေ နည်းနည်းခြင်းပြောင်းလဲလာခဲ့ပါတယ် ။ ဟိုအရင်တုန်းကတော့ မွေးနေ့ကို အမှတ်တရနေ့တခု ဖြစ်စေချင်ခဲ့ပေမယ့် ဒီတနှစ်မှာတော့ တနေ့တခြား ဗာရီဟတွေ များလာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တကူးတက အလုပ်မရှူပ်စေချင်ဘူး ။ တာဝန်ကြီး တရပ်လိုလဲ မဖြစ်စေချင်တဲ့ စိတ်တွေနဲ့ ခပ်ရှိုရှိုပဲနေခဲ့ပါတယ် ။

အသက်ကြီးလာတာကို မေ့ထားချင်တာလဲ ပါပါတယ် :D ။ ဒါကြောင့် အလွန့်အလွန် ညီအမလိုရှိတဲ့ မိတ်ဆွေ တယောက် နှစ်ယောက်ကလွဲလို့ ကျမဝေါကို ပိတ်ထားခဲ့တယ် ။ မချစ်လို့တော့ မဟုတ်ဘူး ။ သူငယ်ချင်းတွေ အယောက်တိုင်းကို ရတနာတွေလို တန်ဘိုးထားပါတယ် ။

ဝေါကြီး ဖွင့်ပြီးတော့ လဲ Make sense လဲ မလုပ်ချင်ဘူး.... နာမည်ရင်းကြီးနဲ့ ဖွင့်ထားတဲ့ အကောင့်ရင်းကြီးမှာ မရင်းနှီးသူတွေကလဲ အများကြီး ကိုယ့်ကိုခင်တဲ့သူရော မခင်တဲ့သူရော ရောနှောနေတာဆိုတော့ ဘယ်သူ့ကိုမှ အနှောင့် အယှက် မဖြစ်စေချင်တော့ဘူး ။

နောက်တခုက တဖြည်းဖြည်းနဲ့ ကျမရဲ့ နယ်ပယ်လေးကို ကျဉ်းလာစေချင်တယ် ။ အဓိကကတော့ အရင်လို အေးချမ်းတဲ့ အိမ်တွင်းပုန်းဘဝလေးကို ပြန်လိုချင်လာလို့ပါ ။

ဒါပေမယ့် ကျမကို တကယ် အလေးထားတဲ့ မိတ်ဆွေ တချို့ရဲ့ ချိုမြိန်တဲ့ suprises လေးတွေကို ရရှိခဲ့တာကြောင့် မှတ်တမ်းလေး တင်ထားခဲ့ချင်ပါတယ် ။

မွေးနေ့ မတိုင်ခင်ထဲက သမီးကို ကြိတ်မေးနေတဲ့ ကျောင်းက ဆရာမတွေအကြောင်းကို သမီးပြန်ပြောလို့ ကြားရတယ် ။ ဆရာမတွေနဲ့ ကျမနဲ့ သူငယ်ချင်းတွေလို ဖြစ်နေတယ် ။ တွေ့တာနဲ့ အော်ဟစ်ပြီး နှုတ်ဆက်ကြ အာကျယ်ကျယ်နဲ့ ရီမောကြတဲ့ အထိပဲ ။ မထင်မှတ်ပဲ မနေ့ညနေ ကျောင်းဆင်းတော့ သမီးအတန်းထဲက ကလေးတွေရော ဆရာမတွေရော ကျောင်းရှေ့မှာ Happy Birthday သီချင်းကို ဆိုကြတော့ မျက်ရည်တွေ ကို မနဲထိန်းလိုက်ရတယ် ။ တယောက်နဲ့ တယောက်ဖက်ပြီး အာဘွားပေးကြတော့ ကျေးဇူးစကားပြောတာတုန်နေလို့ အရင်လိုအာကျယ်ကျယ်နဲ့တောင် အသံက မထွက်လာဘူး ။ တချို့ ဆရာမတွေက လက်ဆောင်လေးတွေ ပေးကြတယ် ။ ကျမ အရမ်းတန်ဘိုးထားတယ် ။ တခါမှ မကြုံဘူးလို့ ပါ ။

နောက်ပြီး အလောတကြီးနဲ့ မွေးနေ့မတိုင်ခင် နှုတ်ဆက်ထားတဲ့ ညီမလေးတယောက်ရှိတယ် ။ :D ချစ်စရာကောင်းသော ညီမလေးက လောပြီး တပတ်ကြို wish လုပ်မိတာ ဟီးဟီးးး ။ မပေါ့မပါးကြီးနဲ့ ဘန်ကောက်ရောက်ခဲ့တာ အမအတွက် မမေ့ မလျော့လက်ဆောင်ပါလာသေးတယ် ။ နှစ်အိမ့် တအိမ် လိုပဲ ဂါဝန်စုတ်ကြီးတွေ ဝတ်ပြီး နေ့ရော ညရော မျက်နှာတောင် မသစ်သေးပဲ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး တီဗီထိုင်ကြည့်ကြ လေပေါခဲ့ကြတာလေးတွေကို ပြန်လိုချင်ပါသေးတယ် ။ ညီမလေးနဲ့ အသက်ခြင်း တအားကွာပေမယ့် သူလဲ တဦးတည်းသောသမီးကိုယ်လဲ တဦးတည်းသော သမီးဖြစ်ရတာခြင်း အတူတူဆိုတော့ ညီအမလို ရင်းနှီးမှုက အလိုခြင်ဆုံးအရာပါပဲ ။ စိတ်ထားခြင်း ဝါသနာခြင်း ကလဲ မကွာ၊ ဟန်ပန် ကလဲ မရှိဘူး ။ ညီမလေးကိုလဲ သတိတွေရလျက် ကျေးဇူးတင်ပါတယ် ။

နောက်ထပ် ကျေးဇူးတင်ချင်တာကတော့ နှစ်တိုင်း အပြန်အလှန် တယောက်နဲ့ တယောက် ပြန်ဆုံကြကတည်းက မွေးနေ့လုပ်တန်းကို နှစ်ခြိုက်စွာ ကစားခဲ့ကြတဲ့ ညီမငယ်တယောက်ပါပဲ ။ အသက်ကြီးလာတော့ မွေးနေ့ကို မသိခြင်ယောင်ဆောင်ပြီး ဒီနှစ်တော့ ဘာမှ မလုပ်တော့ဘူး ။ အိမ်မှာကလဲ ကိုယ်တယောက်ထည်း အရင်လို ချက်ပြုတ်တာတွေ မလုပ်နိုင်  အပြင်လဲ ထွက်စားရမှာ mood မရှိလို့ပါ ။ ဒါပေမယ့် အမမွေးနေ့ကို မြိုင်ဆိုင်သွားအောင်လို့ ဆိုပြီး မွေးနေ့ကိတ်လေးဝယ်ပြီးရောက်လာမယ် ဆိုတော့မှ ကမန်းကတန်း အိမ်ကိုရှင်း ပါလာမယ့် ဧည့်သည် တွေ အတွက် စားစရာလေး ကောက်လုပ်ပြီး ပျော်ပျော်ပါးပါး တန်ဘိုးထားတဲ့ မွေးနေ့လေး တခု suprise အနေနဲ့ ရရှိခဲ့တယ် ။ လက်ဆောင်ကြီးကြီး တခုလဲ ပါလာပါတယ် ။  ပြီးတော့ လျှောက်လည်ကြတယ် ။ လက်ဆောင်တွေရော ကိတ်မုန့်ရော ဟတ်ပီးဘသ်ဒေး သံစုံသီချင်း အတွက်ရော အမှတ်တရ ဓာတ်ပုံတွေ ရရှိခဲ့တာပါ ဒီနေ့လေးမှာ တယောက်တည်း မပစ်ထားပဲ အတူရှိခဲ့ကြတာရော အရာရာအားလုံးကိုပါ ကျေးဇူး အထူးတင်ပါတယ် မောင်နဲ့ညီမတွေရေ ။

နောက်ထပ် ကျေးဇူးတင်ချင်တဲ့သူတွေလဲ ရှိပါသေးတယ် ။ ဘာသာ မတူ နိုင်ငံမတူပဲ ခင်မင်လာခဲ့ကြတယ် ။ အရင်က ခင်မင်ဘို့ စိတ်ကူးထဲမှာလုံးဝ မရှိတဲ့ သူငယ်ချင်းတွေပါ ။ မနက်မိုးလင်းလင်းခြင်း မက်ဆေ့သံလေးတွေကြောင့် ပျော်ရွင်မှုနဲ့ အိပ်ယာထခဲ့ရတယ် ။ ရုံးဆင်းတော့လဲ တညလုံးမက်ဆေ့တွေနဲ့ စကားတွေ ပြောကြတယ် ။ ဒီအချိန်မှာ ကလေးတွေကို ကိုယ်စီကိုယ်ငှ စာသင်ပေးနေကြတဲ့ အချိန်တွေပေါ့ ။ သူတို့နဲ့ စနေနေ့ချိန်းထားတယ် နောက်ထပ် မွေးနေ့ကိတ်တလုံးလှီးရမယ် ။ မွေးနေ့ကိတ်ဆိုတာ တနှစ်မှာ တလုံးထက် ပိုမလှီးရဘူးလို့ကြားဘူးပေမယ့် သူငယ်ချင်းအုပ်စုတွေ မတူတော့ အမြဲတန်း ၃လုံး လေးလုံးလောက်က လှီးရတာပဲ ။ သူတို့ ဝယ်ထားတဲ့ လက်ဆောင်လေးတွေကို ဓာတ်ပုံရိုက်ပြီး ပို့ထားကြပြီ ။

ဗီယက်နမ်သူ ပွာကညော ချစ်သူငယ်ချင်း ကလဲ ဖုန်းနဲ့ကို လှမ်းပြီး နှုတ်ဆက်ထားပါတယ် သူငယ်ချင်းတွေကို အမြဲ ဂရုတစိုက်ရှိတဲ့ သူငယ်ချင်းကို လဲ ကျေးဇူး အကြီးကြီး တင်ပါတယ်နော် ။ တွေ့မှ စားကြဝါးကြမယ် ချစ်သူငယ်ချင်းတို့ရေ ။ စိတ်ကောက်လို့ မရ စိတ်တိုလို့မရတဲ့ ဒေါက်တို လူပုပေမယ့် စိတ်မရှည်တဲ့ ဘတမ အီးတုန်းမကြီးကိုလဲ တွေ့မှဆွဲဆိတ်တော့မယ် အဲလေကျွေးတော့မယ်နော် ။ တခါလောက်တော့ ကောက်ကြည့်မလို့ စိတ်ကူးထားတယ် ။ ဒင်းချော့မလား သိချင်လို့ ။ အမယ်လေး ပြောရတာတောင် နည်းနည်းကြောက်တယ်နော် ။

ဝေါပိတ်ထားပေမယ့် မက်ဆေ့ထဲကနေ နှုတ်ဆက်ကြတဲ့ ခင်မင်တဲ့ ညီမလေး မောင်လေး တူလေး တူမလေးတွေကိုလဲ မှတ်တမ်းတင်ပါတယ် ။ ရန်ကုန်ကနေတောင် လှမ်းပြီး မက့်ဆေ့ ပို့ကြတဲ့ သမီးရဲ့ ဆရာမလေးတွေ ကလဲ ကျမကို အရမ်းခင်ကြတယ် ။ ညတိုင်း မက်ဆေ့တွေနဲ့ ပုံလေးတွေ ပို့ကြတယ် ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူး အများကြီးတင်ပါတယ် ။ ရန်ကုန်ပြန်ရောက်တာနဲ့ မတွေ့ မဖြစ်တဲ့ စာရင်းထဲပါသူတွေ ပါ ။ တသက်လုံးအမြဲ တန်ဘိုးထားရမယ့် သူတွေပါ ။ လက်ဆောင်တွေလဲ ဝယ်ထားကြပါတယ်တဲ့ ။ ဘာဆို ဘာမှ မလိုချင်ပါဘူး တကယ်လိုချင်တာ မေတ္တာပါ ။ ထမင်းတွေ အိုးလိုက်ကြီးမှောက်ချပြီး အပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး မွေးနေ့ဆုတောင်းပေးတဲ့ တူလေးကိုလဲ သူ့ရဲ့ ဖေးဘရိတ် အိက်စထရာအော်ဒန်နယ်ရီ ရေဒဲမုန့် ဝယ်ကျွေးပါမယ် ။ ပြီးရင် ဆီးချိုမတတ်အောင် သံပုရာရည် ပြန်တိုက်ပါမယ် ။ :D

နောက်ပြီး အရမ်းလိမ်မာတဲ့ အချစ်ဆုံးသမီးလေး ။ ဒီနေ့တနေ့လုံးမာမီးကို အရမ်းကြင်နာတယ် ။ သူစိတ်ကောက်မိတာတောင် မာမီးမွေးနေ့ကောက်မိလို့ ဖက်ထားပြီး ပြန်တောင်းပန်တယ် ငိုချင်နေတာလေး ချက်ခြင်းရပ်ပစ်တယ် ။ သမီးငိုတာ တခါမှ မတွေ့ဘူးဘူး ဒီနေ့ သူလဲ ပင်ပန်းသွားတယ် ထင်တယ် ။ မုန့်ဟင်းခါးလေးပဲ စားပြီး မာမီးနောက် တကောက်ကောက်လိုက်ခဲ့တယ် ။ သမီးလေးက သားအမိခြင်းသာ နားလည်တဲ့ အရာလေးတွေ အများကြီး ပေးခဲ့တယ် ။ ဒီနေ့ မွေးနေ့မှာ သမီးလေးကြောင့် စိတ်တွေ နူးသွားခဲ့တယ် ။ သမီးလေးရေ ကျေးဇူးတင်ပါတယ် ချစ်ချစ်ရယ် ။

မွေးနေ့ဆုတောင်း မလုပ်ဖြစ်ကြ မသိကြတဲ့ သူငယ်ချင်းတွေလဲ တို့ကို မမေ့ဘူးဆိုတာ သိပါတယ် ။ သူငယ်ချင်းများနဲ့ တူတူအိုကြချင်ပါတယ် ။ မိတ်ဆွေ သူငယ်ချင်းအားလုံးကို အလေးထား ချစ်ခင်တဲ့ ။


ဘွားတော်




ညီမ ချောချောလေးရဲ့ စေတနာလှလှလေး ကိတ်မုန့်လေး


သမီးလေးပေးတဲ့ တန်ဘိုး မဖြတ်နိုင်တဲ့ လက်ဆောင်


စလုံးသူသူငယ်ချင်းရဲ့ ကျမနာမည်ထွင်းထားတဲ့ ဟမ်းချိန်းလေး

အင်ဒိုနီးရှား သူငယ်ချင်းဆီက


သမီးလေးရဲ့ လက်ရှိ ဆရာမရဲ့ လက်ဆောင်

ဆပ်ပရိုက်စ်မွေးနေ့ လာလုပ်ပေးတဲ့ ညီမနောက်တယောက်ရဲ့ လက်ဆောင်လေး

သမီးလေးရဲ့ ငယ်ဆရာမ ပေးတဲ့ လက်ဆောင်

မွေးနေ့ ဆပ်ပရိုက်စ်လုပ်ပေးတဲ့ ညီမ ချောချောလေးပေးတဲ့ လက်ဆောင်

ချစ်ဆုံးသမီးလေးရဲ့ အမှတ်တရ 

ခင်မင်ကြတဲ့သူတွေအားလုံး စိတ်၏ကျန်းမာ ချမ်းသာခြင်း ကိုယ်ကာယ၏ ကျန်းမာချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ လှိုက်လှဲစွာ ဆုတောင်းလိုက်ပါတယ် ။

ရွှေနှင်းဆီသူ ညီမလေးရဲ့ လက်ဆောင်
ယိုးဒယားသူငယ်ချင်း Pag ကပို့လိုက်တဲ့ ဓာတ်ပုံလေး

 ရွှေနှင်းဆီသူလေးရဲ့ လက်ဆောင်

Comments

  1. Happy Birthday သူငယ်ချင်းရေ... ချစ်ခင်ကြင်နာတတ်တဲ့နင့်ရဲ့ကောင်းကင်နဲ့တူသောချစ်ခင်ပွန်းကြီးရယ်... အလိုက်သိနားလည်ပြီးလိမ္မာချောမောလွန်းတဲ့နင့်ရဲ့အသည်းနှလုံးလေးရယ်နဲ့အတူ မွေးနေ့ပေါင်းများစွာကျန်းမာရွှင်လန်းစွာဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်... ( နင့်အကြောင်းသိလို့ဖေ့ဘွတ်မှာဝေါပေါ်တက်ပြီးwishမလုပ်တာ)... ဒေါက်တိုမရယ်နင်ရယ်ငါရယ်ဆုံမှနောက်ကျမွေးနေ့ပွဲလေးကျင်းပကြမယ်နော် <3

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ် သူငယ်ချင်းဖောရေ.... ပေးတဲ့ဆုနဲ့ထပ်တူ သူငယ်ချင်းမိသားစုလဲ ပြန်ရပါစေနော်..... ရန်ကုနရောက်ရင် မကျေပွဲ ဝါးကြမယ်နော်... :D

    ReplyDelete
  3. အိမ်းဆံပင်လေးတွေ တော်တော်ရှည်လာပြီ .... အိမ်းကကြီးလေ ချောလေပဲ (အမေတူမို့ ထင်တယ်နော် :D )

    Nge.

    ReplyDelete
    Replies
    1. အဟဲ မုန့်ကျွေးမယ်လေ.. :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်