Da Vinci Code ( 2 )


ဘိရှော့ အာရင်ဂါရိုစာက သူ့ကို အမြဲ ဦးဆောင်မှုပေးခဲ့တယ်လို့ စီးလာ့စ်က သီလရှင်ကြီးကို ပြောလိုက်တယ် ။

 သူမက မင်းအတော်ဇွဲကြီးတာပဲလို့ ပြောလိုက်တယ် ။

ဟုတ်တယ် ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘယ်လိုသေးငယ်တဲ့ အခွင့်အရေးကိုမှ လက်မလွတ်နိုင်ဘူးလို့ ပြောလိုက်တယ် ။

သူက ညသန်းခေါင်းကျော်လောက်မှာ ရောက်လာတာကို သီလရှင်က မင်း မနက်မိုးလင်းမှ လာပါလား ခုတော့ မှောင်နေတုန်းပဲလို့ပြောလိုက်တယ် ။ 

စီးလာ့စ်က မကြားချင်ယောင်ဆောင်ပြီး စစ္စတာ ကျွန်တော့ ကိုပြောပြပါ ။ နှင်းဆီပန်းလမ်းကြောင်း Rose line အကြောင်းကို လို့တောင်းဆိုလိုက်တယ် ။


စိန့်ဆဲပစ်စ်ဘုရားကျောင်းမှာဖြတ်သန်းသွားသော ကမ္ဘာမြေကြီးရဲ့ အလယ်တည့်တည့်မှ ပိုင်းခြားထားသော သုညဒီဂရီလောင်ဂျီကျုမျဉ်း

 ပြင်သစ်နိုင်ငံ Saint Sulpice ဘုရားကျောင်းကြီးရဲ့ကြမ်းပြင်မှာ တောင်နှင့်မြောက် ဖြောင့်တန်းအောင်ဆွဲထားတဲ့ Paris Meridian လို့ပြင်သစ်မှာ ခေါ်ကြတဲ့ ဂရင်းဝှစ်ခ်ျ စံတော်ချိန်လမ်းကြောင်းဖြတ်သန်းသွားတဲ့နေရာရှိပါတယ် ။

အဲဒီလမ်းကြောင်းကို နှင်းဆီပန်းပွင့်ပုံနဲ့ ကြေးသတ္တုကို ဆက်ပြီးဆွဲထားတဲ့ အတွက် တချို့က နှင်းဆီလမ်းကြောင်း Roseline လို့ခေါ်ပါတယ် ။

 ပြင်သစ်နိုင်ငံကို ဖြတ်သန်းသွားတဲ့ Zero Longitude သုညဒီဂရီလောင်ဂျီကျု့မျဉ်းကြောင်း ဂရန်းဝှစ်ခ်ျလမ်းကြောင်း (ခေါ်) Roseline နှင်းဆီလမ်းကြောင်းဟာ ၁၃၅မိုင်ရှည်လျားပါတယ် ။


ပြင်သစ်နိုင်ငံနဲ့ သုညဒီဂရီလောင်ဂျီကျုမျဉ်း

 ပြင်သစ်နိုင်ငံတခုထဲကိုပြောတာပါ ။ ထိုလမ်းကြောင်းကို ပြင်သစ်နိုင်ငံမှ စဆွဲထားတာလို့ယူဆရပါတယ် ။

စီးလာစ်နဲ့ ယုံကြည်သူအချို့ဟာ Keystone လို့ခေါ်တဲ့ ခရစ်တော်ရဲ့ လျှို့ဝှက်ချက်ပါတဲ့ သော့တုံးဟာ ဒီလမ်းကြောင်းရဲ့ ကနဦး အစဆုံးနေရာမှာ မြှုတ်နှံထားတယ်လို့ ယုံကြည်ကြပါတယ် ။

စိန့်ဆဲလ်ပစ်ဘုရားကျောင်းထဲမှာ ဖြတ်သန်းသွားတဲ့ သုညဒီဂရီလောင်ဂျီကျုမျဉ်း သို့မဟုတ် စီးလာ့စ်ယုံကြည်သော Roseline





စစ္စတာဆီက လမ်းကြောင်းရဲ့ အစကို သိလိုက်ရပြီဖြစ်တဲ့ စီးလာ့စ်က " စစ္စတာ ကျွန်တော့လို နာကျင်မှုတွေကို မခံစားစေရဘူး " လို့ ရေရွတ်လိုက်တယ် ။

စစ္စတာက နားမလည်စွာကြည့်နေတဲ့အခါမှာ သူက ဘုရားသခင်ရဲ့ ငြိမ်းချမ်းမှု အသင့်ဆီမှာ တည်ပါစေလို့ ပြောလိုက်တယ် ။

စစ္စတာကြီးကလဲ မင်းပေါ်မှာလဲ တည်ပါစေလို့ပြောပြီး လှည့်ထွက်လာခဲ့တော့တယ် ။

_..._

RoseLine ရဲ့ အစနေရာကို တူးနေတဲ့ စီးလာ့စ်ကိုကြည့်နေတဲ့ စစ္စတာကြီးဟာ စိတ်ပျက်နေပါတယ် ။

တူးလို့ပြီးသွားတဲ့ အချိန်မှာ ထွက်ပေါ်လာတာကတော့ Keystone မဟုတ်ပါဘူး သမ္မာကျမ်းစာပိုဒ်နံပါတ် တခုဖြစ်တဲ့ JOB 38:11 လို့ရေးထားတဲ့ ကျောက်ပြားကြီးပဲဖြစ်ပါတယ် ။ 

_..._

ရဲတွေကို မျက်ခြေဖြတ်ပြီး ဆိုဖီတို့နှစ်ယောက်ဟာ မကောင်းတဲ့ မိန်းမတွေ ကျက်စားတတ်တဲ့ ပဲရစ်မြို့ရဲ့ Bois De Boulogne ဆိုတဲ့ အရပ်ကို ရောက်လာကြပါတယ် ။

ချမ်းအေးလှတဲ့ ညမှာ ထိုင်စရာရှာရင်း ဘိမ်းစားတယောက်ထိုင်နေတဲ့ ခုံတန်းကို ပိုက်ဆံပေးပြီး ဖယ်ခိုင်းလိုက်ပါတယ် ။

"Words connected" ဆိုဖီက စလိုက်တယ် ။

သူမရဲ့ အဘိုးအမြဲပြောလေ့ရှိတယ်တဲ့..... "ဆိုဖီ .... စကားလုံးတွေဟာ ဆက်စပ်နေတယ်" လို့ ပြောတယ် ။" ပဟေဠိတွေ ။  ကုဒ်တွေ "လို့ပြောတယ် ။

ပရောဖက်ဆာရောဘတ်လန်ဒန်က ရတနာသိုက်ရှာရသလိုပဲတဲ့ ။

ဆိုဖီက လူသတ်သမားရှာရတာကိုပြောတာလားလို့မေးလိုက်တယ် ။ ဒီကိစ္စရပ်တွေ အားလုံးဟာ Priory of Sion နဲ့များ ဆက်စပ်နေလား မသိဘူးလို့ ပြောတယ် ။

ပရောဖက်ဆာလန်ဒန်က မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ် ဘာလို့လဲဆိုတော့ Sion နဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတိုင်းမှာ သွေးထွက်သံယိုမှုတွေ ရှိခဲ့တယ်လို့ ပြောတယ် ။

 နှစ်ပေါင်းထောင်ချီကြာခဲ့တုန်းက ဂျေရုစလင်ကို ပြင်သစ်တွေချီတတ်တိုက်ခိုက်ခဲ့တဲ့ ဘာသာရေးခရူးဆိတ်စစ်ပွဲဟာ အလွန်ပြင်းထန်ခဲ့တယ် ။ ဒီစစ်ပွဲကို စခဲ့တဲ့သူဟာ Priory of Sion ရဲ့ Secret Brother ဖြစ်သူပြင်သစ်ဘုရင်တပါးက စခဲ့တယ်လို့ပြောတယ် ။ သူ့ရဲ့စစ်တပ်ကို Knights Templar လို့ခေါ်တယ် ။ 

သူတို့ဟာ ခရစ်တော်ရဲ့မွေးဖွားတဲ့နေရာကို နေရာချဲ့ထွင်ယူထားတဲ့ အစ္စလမ်ဘာသာဝင်တွေလက်က ပြန်လည်တိုက်ယူခဲ့တာ ဖြစ်တယ် ။

ဂျေရုဆလင်မြို့မှ နေရာတခုမှာ Holy Grail လို့ခေါ်တဲ့ မြင့်မြတ်တဲ့ ခရစ်တော်ရဲ့ ခွက်ဖလား သို့မဟုတ် လျှို့ဝှက်ချက်တခု မြှုတ်နှံထားတဲ့ နေရာရှိတယ်လို့ ယုံကြည်ခဲ့ကြတယ် ။


 ပြင်သစ်နဲ့ ရောမက ကတ်သလစ်နဲ့ အင်ဂလီကန်ဘာသာ ကိုယ်းကွယ်သူ  Knights Templar စစ်သည်တွေကို ပုတ်ရဟန်းမင်းက ၁၃ရက်သောကြာနေ့မှာ လျှိုဝှက် အမိန့်ပေးခဲ့ပြီး ရှာစေခဲ့ပေမယ့် သူတို့ထင်တဲ့ နေရာမှာ ဘာမှ မတွေ့ရှိခဲ့ကြပါဘူး ။

ဒါဆို လူသတ်သမားက အဘိုးဆော်ညဲရီး အဲဒီ ခွက်ဖလား Holy Grail မြှုတ်နှံထားတဲ့ နေရာကိုသိနေတယ်လို့ ပြောတာပေါ့နော်တဲ့ ဆိုဖီကမေးလိုက်တယ် ။

 ရောဘတ်လန်ဒန်က ဖြစ်နိုင်တယ် ဒီထက်လဲပိုနိုင်တယ်လို့ပြောတယ် ။

ပန်းချီကားကြီးနောက်ကရလာတဲ့ သော့ကို သေချာကြည့်လိုက်တော့ သာမာန်သော့ မဟုတ်ပဲ လေဆာနဲ့ ထွင်းထားတဲ့ အစက်ကလေးတွေ ရယ် Haxo 24  လို့ထွင်းထားပြီးတော့ သော့လက်ကိုင်မှာ Fluer de Lis လို့ခေါ်တဲ့ လီလီပန်းပုံ အမှတ်အသားတပ်ဆင်ထားတာကိုသတိထားမိတယ် ။

Fleur-de-lis  သင်္ကေတပါတဲ့ ဘဏ်ကသော့ချောင်း


ခင်ဗျားရဲ့ အဘိုးထားခဲ့တဲ့ ဒီသော့ဟာ သာမာန်တော့ မဟုတ်ဘူးလို့ ရောဘတ်လန်ဒန်က ပြောလိုက်တော့ ဆိုဖီက Haxo 24 ဆိုတာ ဘဏ်က Treasure Trust ရတနာသေတ္တာအပ်နှံထားတဲ့ လိပ်စာနံပါတ်ပါလို့ပြောလိုက်ပါတယ် ။

_..._


စာရွက်ပေါ်မှာ ရေးထားတဲ့ အရေးကြီးနံပါတ်တွေကိုခေါ်ပြီး ဖြစ်ကြောင်းကုန်စင်ကို တုန်လှုပ်စွာနဲ့ ဖုန်းဆက်ပြောပြနေသူကတော့ သီလရှင် စစ္စတာကြီး ဖြစ်ပါတယ် ။

 ဒီအချိန်မှာ အခန်းထဲကို ဝင်လာတဲ့သူကတော့ မကျေမချမ်းဖြစ်နေတဲ့ စီးလာ့စ်ပါ ။ 

သူမျှော်လင့်တဲ့ အရာမတွေ့ရတော့ စစ္စတာကို လာရှာတာဖြစ်ပါတယ် ။ သူက ခင်ဗျား ကျုပ်ကိုညာတာပဲ ခင်ဗျားသိတယ်လို့ ပြောလိုက်တယ် ။

 စစ္စတာက အဲတာ ကျမ်းစာပုဒ်ပဲလေ Job 38:11 အဓိပ္ဗါယ်က And I said, ‘Thus far you shall come, but no farther;  လို့ပြောလိုက်တယ် ။ ဒီအပြင် ဘာမှ မရှိတော့ဘူးလို့ ပြောတာတဲ့ ။

ခင်ဗျားဟာ ဒီဘုရားကျောင်းရဲ့ စစ္စတာပဲ Key stone သော့တုန်းဘယ်မှာလဲ လို့မေးလိုက်တော့ စစ္စတာကြီးက ငါမသိဘူးလို့ဖြေလိုက်တယ် ။

 စီးလာ့စ်ဟာ လက်ထဲက အင်္ဂတေတုန်းနဲ့ တချက်ထဲ စစ္စတာကြီးရဲ့ခေါင်းကို ရိုက်သတ်လိုက်ပါတယ် ။ 

ပါးစပ်ကနေ ကျမ်းစာတွေ ရွတ်ဆိုပြီး စစ္စတာကြီးရဲ့ မျက်လုံးကို ပိတ်ခဲ့လိုက်ပါတယ် ။

_..._

ဘိရှော့ အာရင်ဂါရိုဆာ က ကျောင်းထိုင်ဆရာတော်ကြီးတွေဆီမှာ ရောက်ရှိလာပါပြီ ။ သူရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းစဉ်တွေမှာ သုံးဘို့အတွက် ငွေလာတောင်းတာ ဖြစ်ပါတယ် ။ သူတောင်းတဲ့ ငွေပမာဏက ယူရိုငွေ 20 ဘီလီယမ်ဖြစ်ပါတယ် ။ 

ဆရာတော်က ခင်ဗျားရဲ့ အင်တာဗျုးကို ကြည့်ပြီးပြီ ။ ခင်ဗျားဖြေတာ အတော်ကောင်းသားပဲ လို့ ပြောပြီး ကျန်တဲ့ ဆရာတော်တွေနဲ့ တွေ့ဘို့ စီစဉ်လိုက်ပါတယ် ။

သူတောင်းတဲ့ငွေက များလွန်းတယ်လို့ ပြောလိုက်တဲ့ ဆရာတော်ကြီးတွေကို သူကဒေါသတကြီးနဲ့ ဗာတီကန်ကတောင်ခွင့်ပြုထားတာ ခင်ဗျားတို့က ဘာလို့ မပေးနိုင်ရတာလဲ ။ ဒါဟာ ဘုရားသခင်ရဲ့ ဂုဏ်သိက္ခာတော် အတွက် ။ အားလုံးရဲ့ အနာဂတ် အတွက်လို့ အော်လိုက်ပါတယ် ။ 

ကျွန်တော်ရှာနေတဲ့ Holy Grail ဟာ ဒီညမှာတွေ့မှာ ။ ဒီညမှာပဲ အပြီးတိုင်ဖျက်ဆီးပလိုက်တော့မှာ ။ ဒါမှ စိတ်အေးရတော့မှာ ။ 

ကျွန်တော်ဟာ Teacher ရဲ့ ညွှန်ကြားချက်တွေနဲ့ ကျွန်တော့ရဲ့ တပည့်ကို သေချာခိုင်းထားပြီးပြီ ။ ခင်ဗျားတို့အားလုံး Priory of Sion ဆိုတာ ကိုသိနားလည်ကျမှာပါလို့ ပြောလိုက်တော့  ။ အားလုံးဘာမှ မပြောနိုင်တော့ဘူး ။

ဆရာတော်က သူ့ကို ငါတို့ ဘာဆက်လုပ်ရမှာလဲလို့မေးလိုက်တော့ teacher ဆီက ဖုန်းကို စောင့်ယုံပါပဲလို့ ပြောပါတယ် ။

_..._


ဆိုဖီနဲ့ ရောဘတ်လန်ဒန်တို့ သော့မှာ ပါတဲ့ လိပ်စာအတိုင်း ဇူးရစ်မြို့က Depository Bank of Zurich ဘဏ်ကို ရောက်ရှိလာပါပြီ ။

 ဘဏ်ထဲသို့ဝင်တဲ့သော့ပေါက်ထဲကို သော့ထည့်လိုက်တာနဲ့ စက်က လေဆာနဲ့တို့ပြီးထွင်းထားတဲ့ အစက်တွေကိုဖတ်ပြီး တံခါးလွယ်ကူစွာပွင့်သွားပါတယ် ။ 

ဘဏ်ထဲကို ဝင်လိုက်တာနဲ့ ဘဏ်မန်နေဂျာက ပြုံးရွှင်စွာ နှုတ်ဆက်ပြီး Deposite Box ရတနာသေတ္တာများထားရာ အခန်းထဲကို ညွှန်ပြလိုက်ပါတယ် ။

သူတို့နှစ်ယောက်ကို ကြည့်ပြီး ကွန်ပြူတာကို refresh လုပ်လိုက်တဲ့ အခါမှာ လတ်တလော ရဲမှအလိုရှိဆုံး လူများရဲ့ စာရင်းထိပ်မှာ သူတို့နှစ်ယောက်ပေါ်လာတာကို တွေ့လိုက်ရပါတယ် ။

သူက ဆိုဖီတို့ နှစ်ယောက်နောက်ကို လိုက်သွားပါတယ် ။ ဖမ်းဘို့တော့ မဟုတ်ပါဘူး ။ ဒီသော့တွေရဲ့ ကုဒ်နံပါတ်တွေကို သေချာနှိပ်ဘို့နဲ့ မှားနှိပ်လို့ရှိရင် ဘယ်တော့မှ ဖွင့်လို့ရတော့မှာ မဟုတ်ကြောင်းလာရှင်းပြတာပါ ။

 ရောဘတ်လန်ဒန်က သော့ဂဏန်းတွေဆိုတာ မှားတတ်တာပဲလို့ပြောလိုက်တော့  မန်နေဂျာက သော့ကို လက်ဆင့်ကမ်းဆက်ခံသူတွေဟာ ဒီအချက်ကိုသေချာ သဘောပေါက်ရမှာပါလို့ ပြန်ပြောပါတယ် ။ ခင်ဗျားတို့မှတ်မိဘို့မျှော်လင့်ပါတယ်လို့ ပြောပါတယ် ။ 

သူပြန်ထွက်သွားပါပြီ ။

ဆိုဖီက သူငယ်စဉ်အဘိုးသင်ပေးထားတဲ့ Fabonacci number တွေဖြစ်တဲ့ 01123581321 နံပါတ်ကို နှိပ်ဘို့လုပ်လိုက်ပါတယ် ။ 

အဲဒီနံပါတ်တွေရဲ့ အစီစဉ်က နောက်တလုံးရဘို့ ရှေ့နှစ်လုံးကိုပေါင်းရတာပါ ။ အက္ခရာသင်္ချာမှာ Fn = Fn - 1 + Fn - 2 ဖြစ်ပါတယ် ။ F0 = 0 ဖြစ်ပြီး F1 = 1 ဖြစ်ပါတယ် ။ 

သော့ကိုထိုးထည့်လိုက်တာနဲ့ နံပါတ်ကွက်ပေါ်လာပါတယ် ဆိုဖီက နံပါတ်စဉ်အတိုင်းနှိပ်လိုက်တော့ သော့ပွင့်သွားပြီး အော်တိုမက်တစ်သေတ္တာကို စက်နဲ့လှည့်ပြီးယူလာပေးပါတယ် ။

 သေတ္တာကိုဖွင့်လိုက်တဲ့အခါမှာတော့ အထဲမှာ ရှားပါးတဲ့ သစ်သားတမျိုးဖြစ်တဲ့ Rose wood သစ်နဲ့ လုပ်ထားတဲ့ ဘူးလေးတဘူးတွေ့ရပါတယ် ။ ဘူးလေးရဲ့ အပေါ်မှာ နှင်းဆီပုံလေးထွင်းထားပါတယ် ။



ရောဘတ်လန်ဒန်က ဘုရားရေ ဒီနှင်းဆီပွင့်ဟာ Holy Grail ရဲ့ သင်္ကေတပဲလို့ရေရွတ်လိုက်ပါတယ် ။ တကယ်ကို Holy Grail နဲ့ ဆက်စပ်နေပါပြီ ။ 

ဘုရားသခင်ရဲ့ ခွက်ဖလား Holy Grail


အဲဒီအချိန်မှာ ဘဏ်မန်နေဂျာက ပြန်ဝင်လာပြီး ရေးကြီးသုတ်ပြာနဲ့ ရဲတွေ ရောက်နေပါပြီလို့လာပြောပါတယ် ။ ခင်ဗျားတို့ လုံခြုံမှုအတွက် ကျွန်တော့နောက်ကလိုက်ခဲ့ပါလို့ပြောပါတယ် ။ သူကခေါ်ထုတ်သွားပေးပါမယ်တဲ့ ။ 

ဆိုဖီက အံ့သြစွာနဲ့ ရှင်က ရဲတွေလာမယ်ဆိုတာ ဘယ်လိုသိတာလဲလို့မေးလိုက်တယ် ။

 ခင်ဗျားတို့ဟာ ဒီဘဏ်ရဲ့ နှစ်အရှည်ကြာဆုံး အပ်နှံသူတွေမို့လို့ကျွန်တော့မှာ ကာကွယ်ဘို့ အကြံရတာပါလို့ပြောလိုက်ပြီး သူတို့ကို မီးခံသေတ္တာတွေ သယ်တဲ့ အလုံပိတ်ကားထဲကို ခေါ်လိုက်ပါတယ် ။

အဲဒီလို အလုံပိတ်ကားတွေ ဓာတ်လှေခါးတွေကို ကြောက်တတ်တဲ့ ရောဂါရှိသူကတော့ ရောဘတ်လန်ဒန်ပါ ။ အပြင်မှာရဲတွေ ခြေရှုပ်နေပြီမို့ မငြင်းသာတော့ပါဘူး ။

 ကားမောင်းထွက်ဘို့ပြင်နေတဲ့ မန်နေဂျာက ကားနားကိုချဉ်းကပ်လာတဲ့ ရဲကို ဘာကိစ္စလဲမေးလိုက်တော့ ရဲက သတင်းစာကိုပြပြီး ဒီရာဇဝတ်သားနှစ်ယောက်ကို ရှာချင်တယ်လို့ပြောလိုက်တယ် ။

ဘဏ်မန်နေဂျာက ခင်ဗျားတို့ရှာနေတဲ့ ရာဇဝတ်သားတွေ ရှိတယ် သွားဝင်ရှာလိုက်လို့ပြောပါတယ် ။ 

ခင်ဗျားသော့မဖွင့်ပေးပဲနဲ့ ကျုပ်တို့က ဘယ်လိုဝင်လို့ရမှာလဲလို့ ပြောတော့ ကျုပ်က ဒရိုင်ဘာ ဘယ်လိုလုပ်သော့ရှိမှာလဲလို့ ပြောလိုက်တယ် ။ ရဲက ဒရိုင်ဘာတယောက် ဖြစ်ပေမယ့် ရိုးလက်စ်နာရီဝတ်နိုင်တယ်နော်လို့ ခနဲ့လိုက်တော့ အဲတာ အတုကြီး ခင်ဗျားကြိုက်ရင် ပြန်ရောင်းမယ်လေ လို့ ပြောလိုက်တော့ ရဲက တော်စမ်းပါ သွား သွားလို့ ပြောပြီး လွှတ်ပေးလိုက်ပါတယ် ။

ကားထဲမှာ ဆိုဖီက Holy Grail ဘာညာတွေဟာ အလကားပါတဲ့ ။

 ရောဘတ်လန်ဒန်က မင်းက ဘုရားသခင်ကို မယုံဘူးလားဆိုတော့

 ဆိုဖီက ဟင့်အင်း ကျမက ကောင်းကင်က တန်ခိုးတွေကို မယုံဘူးလို့ပြောပါတယ် ။ လူသားတွေနဲ့ သူတို့ရဲ့ ကြင်နာမှုကိုပဲ ယုံတယ်တဲ့ ။

 ရောဘတ်လန်ဒန်က ကားဆောင့်လိုက်တိုင်း ချွေးသီးချွေးပေါက်ကျအောင် လန့်နေပါတယ် ။ 

ဆိုဖီက Rose wood ဘူးလေးကို ဖွင့်လိုက်တော့ cryptex လို့ခေါ်တဲ့ စာလုံးတွေကိုအစီစဉ်တိုင်း လှည့်ဖွင့်မှပွင့်ပြီး အထဲမှာ လျှို့ဝှက်ချက်ကို သိမ်းဆည်းထားတဲ့ စီးလာ့စ်လိုက်ရှာနေတဲ့ Key stone  သော့တုန်းလေးကို တွေ့လိုက်ရပါတယ် ။ 

ဘုရားသခင်ရဲ့ လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားတဲ့ သော့တုန်း Keystone or Cryptex


ဒီ သော့တုန်းလေးဟာ ဆလင်ဒါပုံရှိပြီး သူ့ကို မာဘယ်ကျောက်နဲ့ ထွင်းထားတဲ့ အက္ခရာတွေ ပါတဲ့ ကွင်းတွေနဲ့ စွပ်ထားပါတယ် ။

 အက္ခရာ တလုံးစီရဲ့ အတွင်းဘက်မှာပါးလွှာတဲ့ ကြေးဝါနဲ့အကွေ့အကောက်တွေ ဖော်ထားပြီး မှန်ကန်တဲ့ အက္ခရာကို လှည့်လိုက်လို့ရှိရင် ဆလင်ဒါဟာ နှစ်ခြမ်းကွဲပြီး အထဲကပါးလွှာတဲ့ ပေပရပုဒ်မှာရေးထားတဲ့ လျှို့ဝှက်စာကို ရရှိမှာဖြစ်ပါတယ် ။

မှားယွင်းတဲ့ အက္ခရာတွဲကို လှည့်မိပါက ပါးလွှာချွန်ထက်တဲ့ကြေးဝါအကောက်တွေက ပရပိုဒ်ကို ပတ်ထားတဲ့ ဖန်ချောင်းထဲက ဗီနီဂါ ရှာလကာရည်တွေကို ထိုးခွဲပြီး ပရပုဒ်ကစာတွေစိုရွှဲပြီး ပျက်စီးသွားမှာ ဖြစ်ပါတယ် ။ 

အဲဒီ Cryptex သော့တုန်းမှာ ပါတဲ့ အက္ခရာတွေ ကို အလှည့်ကျတွဲကြည့်မယ် ဆိုပါက အဖြေ ၁၂သန်းလောက်ထွက်လာမှာဖြစ်ပါတယ် ။ 

အဘိုးအိုဆော်ညဲရီးက ဆိုဖီအတွက် သစ်သားနဲ့ လုပ်ထားတဲ့ ကစားစရာ Cryptex လေးတခု လုပ်ပေးဘူးတဲ့ အတွက် ဆိုဖီက ဒီအကြောင်းကိုသိပါတယ် ။

 ရောဘတ်လန်ဒန်က ငါ့အဘိုးကတော့ ငါငယ်ငယ်က သစ်သားတွန်းလှည်းလေး လုပ်ပေးဘူးတယ်လို့ပြောလိုက်တယ် ။

ဆိုဖီက သေချာတယ် ဒီဟာက Holy Grail တော့ မဟုတ်နိုင်ဘူးတဲ့ ။ ဆိုဖီက အလုံပိတ်အခန်းထဲမှာ ကြောက်နေတဲ့ ရောဘတ်လန်ဒန်စိတ်အေးအောင်လို့ သူငယ်စဉ်က သူမအမေလုပ်ပေးခဲ့သလို လက်ဝါးနှစ်ဘက်ကို ပူအောင်လုပ်ပြီး သူ့ရဲ့နားထင်မှာ ကပ်ပေးလိုက်တော့ သက်သာသွားပါတယ် ။ သူမငယ်စဉ်က သူ့မရဲ့ မိဘနှစ်ပါးရော အစ်ကိုပါ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားတာကို ပြောပြပါတယ် ။

ထိုအချိန်မှာ ကားရပ်သွားပြီး ကားနောက်တံခါးက ဝုန်းဆိုပွင့်လာပါတယ် ။ ဘဏ်မန်နေဂျာက သူတို့ကို သေနတ်နဲ့ချိန်ထားပြီး ဒီသေတ္တာကို လာဖွင့်တဲ့သူကို စောင့်ဘို့ ဘဏ်မှာ အလုပ်ဝင်တာ နှစ် ၂၀ ရှိပြီလို့ပြောတယ် ။ သူကသေတ္တာကိုတောင်းပါတယ် ။ သေနတ်နဲ့ ကားခေါင်မိုးပေါ်ကို ပစ်ပြလိုက်တော့ မပေးရင် တကယ်သတ်မယ်လို့ ထင်ရပါတယ် ။

ရောဘတ်လန်ဒန်က သော့တုန်းထည့်တဲ့ သေတ္တာလေးကို မြှောက်ပြီး မန်နေဂျာနားကို လာရင်း ကျည်ဆန်ခွံလေးကို မသိမသာ ဖိနပ်နဲ့ တွန်းလာပါတယ် ။

မန်နေဂျာက သော့တုန်းကို ယူလိုက်ပြီး သူတို့နှစ်ယောက်ကို ကားနံရံမှာ လှည့်ခိုင်းထားပါတယ် ။ သူတို့ကို ကားတံခါးပိတ်ထားခဲ့ပြီး သော့ခတ်ထားခဲ့ပြီး ထွက်သွားဘို့လုပ်တာပါ ။ ဒါပေမယ့် ကားတံခါးက ပိတ်လို့မရပါဘူး ရောဘတ်လန်ဒန် ခြေထောက်နဲ့ တွန်းယူလာတဲ့ ကျည်ဆန်ခွံ့လေးက တံခါးကြားမှာတစ်နေပါတယ် ။ 

ဝုန်းဆို ကားတံခါးကို ရောဘတ်လန်ဒန်က ခြေထောက်နဲ့ ကန်လိုက်တော့ မန်နေဂျာနောက်ပြန်လန်ကျသွားပါတယ် ။ ရောဘတ်လန်ဒန်က ခုန်အုပ်လိုက်ပြီး သော့တုန်းကိုယုလိုက်တဲ့ အချိန်မှာ ဆိုဖီက ကားရှေ့ခန်းကို အမြန်ပြေးသွားပြီးမောင်းထွက်လိုက်ပါတယ် ။

 မန်နေဂျာက ကုန်းထလာပြီး သေနတ်နဲ့ ပစ်ပေမယ့် ဘဏ်ကားမို့လို့ ကျည်မဖောက်နိုင်တော့ပါဘူး ။

ရောဘတ်လန်ဒန်ကို နည်းနည်းထိသွားပါတယ် ။

သူက ကားမောင်းနေရင်း ဆိုဖီကို မင်းနဲ့ မင်အဘိုးနဲ့ အကြောင်းပြောပြဘို့အချိန်တန်ုပြီလို့ ပြောပါတယ် ။ မင်းကို မင်းအဘိုးက စောင့်ရှောက်ခဲ့တယ်ပြောတယ် ဒါပေမယ့် ဘာကြောင့် စကားမပြောကြတာလဲလို့မေးလိုက်တယ် ။

 ဆော်ညဲရီးက မင်းကို သာမာန်ထိမ်းကျောင်းခဲ့တာ မဟုတ်ဘူး ။ မင်းငယ်သေးတဲ့ အချိန်မှာ ကစားဘို့ပေးတာကအစ သာမာန်ကစားစရာမဟုတ်ပဲ cryptex တခုကိုပေးခဲ့တယ် ။ မင်းကို တနေ့နားလည်လာအောင်လေ့ကျင့်ပေးခဲ့တာ ။ သူသိတယ် တနေ့ Holy Grail ဟာအန်တရယ်ရှိတဲ့ အခြေအနေမှာ မင်းလက်ကို အပ်ခဲ့ဘို့ ရည်ရွယ်ခဲ့ပုံပဲလို့ ပြောလိုက်တယ် ။

ဆိုဖီက ဒါဆို အဲဒီ Holy Grail ဟာတကယ်ရှိတယ်လို့ ရှင်ကယုံတယ်ပေါ့လို့မေးလိုက်တယ် ။ 

ကျွန်တော်တို့အခုတောင် အသတ်ခံရမလိုဖြစ်ခဲ့ပြီ ။ ဒီဟာကို ယုံကြည်တဲ့ အဖွဲ့တွေလဲ ရှိတာသေချာနေပြီလို့ပြောလိုက်တယ် ။

 ငါ့အသိတယောက်ရှိတယ် သူကတော့ ဒီသော့တုန်းကိုဖွင့်နိုင်မယ်ထင်တယ်လို့ပြောလိုက်တယ် ။

 ထိုသူက သူဌေးတဦးလဲဖြစ် ပညာရှင်တဦးလဲဖြစ်တဲ့ လေးတိဘင်း ဆိုတဲ့ အဘိုးကြီးဖြစ်ပါတယ် ။ ဗြိတိသျှတော်ဝင်သမိုင်းဆရာတဦးဖြစ်ပြီး သူဟာပဲရစ်မြို့မှ မိုင်လေးဆယ်ဝေးတဲ့ အရပ်က ရှပ်တိုဗိလက် Château Villette ဆိုတဲ့ စံအိမ်ကြီးတခုမှာ လူယုံတပည့်တဦးနဲ့ အတူနေထိုင်ပါတယ် ။


chateau-de-villette ရှပ်တိုဗီလပ် စံအိမ်ကြီး

သူ့အိမ်ထဲကို လွယ်လွယ်နဲ့ဝင်လို့မရပါဘူး ။ အိမ်ထဲကနေဖွင့်ပေးမှဝင်လို့ရတာပါ ။

 တိဘင်းက" ရောဘတ် ငါ့ဆီမှာ မင်းအကြွေးရှိလို့လာတာလား" တဲ့ ။ 

 ရောဘတ်က " တိဘင်း..... သူငယ်ချင်းဟောင်းကို ကြိုဆိုပါ "လို့ပြောလိုက်တယ် ။ 

 တိဘင်းက ရောဘတ်ကို မှတ်မိပေမယ့် မေးခွန်း ၃ခုအင်တာကွန်းကနေတဆင့်မေးပါတယ် ။ 

ပထမမေးခွန်းက မင်းကြိုက်တာ ကော်ဖီလား လဘက်ရည်လားတဲ့ ရောဘတ်က လက်ဘက်ရည်လို့ဖြေလိုက်တယ် ။

 နောက်မေးခွန်း နွားနို့နဲ့လား သံပုရာသီးနဲ့လားတဲ့ ။ ဆိုဖီက နွားနို့ပေါ့လို့ပြောတော့ ရောဘတ်က ခေါင်းယမ်းလိုက်တယ် ။ အဲတာကတော့ လဘက်ရည်အမျိုးစားပေါ်မူတည်တယ်လို့ ပြန်ဖြေလိုက်တယ် ။

 နောက်ဆုံးမေးခွန်းကတော့ အတည်ပါကွာ ဘယ်နှစ်ခုနှစ်မှာ ဟားဗတ်ကဂုဏ်ထူးဆောင်ကျောင်းသားတယောက်ဟာ ဟန်နလေမြို့က အောက်စဖို့ဒ်ကျောင်းသားတယောက်ထက် အဆင့်တွေကျော်ပြီးပိုတော်ခဲ့တာလဲ မေးလိုက်တော့ ရောဘတ်က အဲလိုအမှားအယွင်းမျိုးမဖြစ်ဘူးသေးပါဘူးဗျာ လို့ဖြေလိုက်တော့ တိဘင်းက မင်းမှန်တယ်ဆိုပြီး ဝင်ခွင့်ပေးလိုက်ပါတယ် ။

လေးတိဘင်းဟာ သူ့ဘဝတလျှောက်လုံး Holy Grail ဆိုတဲ့ အရာကိုလေ့လာခဲ့တာပါ ။ 

ဒီနေရာမှာ Holy Grail ဆိုတဲ့ ခရစ်တော်ရဲ့ ခွက်ဖလားနဲ့  သော့တုန်း Key stone ရဲ့ ဆက်စပ်မှုကို ရှင်းပြချင်ပါတယ် ။ ခောတ်အဆက်ဆက် ခရစ်တော်ကို ကြည်ညိုလေးစားသူတွေဟာ ခရစ်တော်မွေးဖွားရာ ဂျေရုဆလင်မြို့ Zion တောင်မှာ  လျှို့ဝှက်စွာ သိမ်းဆည်းထားခဲ့တဲ့ ခွက်ဖလား ဆိုတဲ့ အရာကို လိုက်ရှာခဲ့ကြရာ ထိုနေရာမှာ နေထိုင်ကြီးစိုးလာကြတဲ့ အစ္စလမ်ဘာသာဝင်များနဲ့ ပြင်းထန်တဲ့ ခရူးဆိတ် ဘာသာရေးတိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ် ။ အဲဒီ ခွက်ဖလားဆိုတာကို တချို့သမိုင်းလေ့လာသူများကတော့ ခွက်ဖလားအစစ်လို့မယူဆပဲနဲ့ ခွက်ပုံစံ ရှိတဲ့ မိန်းမရဲ့ သားမြတ်အိမ်အယူအဆ တနည်းအားဖြင့် ခရစ်တော်နဲ့ သူ့ကို သတ်မယ့် ဘုရင်ရဲ့ရန်က ကာကွယ်ပေးခဲ့တဲ့ Mary Magdalene မယ်ဒလင်းဆိုတဲ့ အမျိုးသမီးတို့ ချစ်ကြိုးသွယ်ခဲ့ရာမှာ ကျန်ရှိခဲ့တဲ့ ခရစ်တော်ရဲ့ Blood line သွေးသားမျိုးရိုးစဉ်ဆက် လို့ ယူဆခဲ့ပါတယ် ။


ခရစ်တော်ကို မြေမြှုတ်နေတဲ့ သူတွေနဲ့ ခရစ်တော်ရဲ့ ချစ်သူ မယ်ဒလင်း Sacred Feminine


ဇာတ်လမ်းရဲ့ အစမှာ ရေးခဲ့တဲ့ ရောဘတ်လန်ဒန် အထူးပြုလေ့လာနေတဲ့ မြင့်မြတ်တဲ့ မဟာမိန်းမ sacred feminine  ဆိုတာ ခရစ်တော်ရဲ့ချစ်သူအမျိုးသမီး မြင့်မြတ်တဲ့ သွေးသားကို လွယ်ထားရသူ မေရီမယ်ဒလင်း ကို ဆိုလိုတာ ဖြစ်ပါတယ် ။

ထိုမျိုးဆက်ရဲ့ နောက်ဆုံးလူသားဟာ Priory of Sion ဆိုင်ယွန်တောင်တော်ရဲ့ လျှို့ဝှက် အဖွဲ့အစည်းဖြစ်တဲ့ Knight Templar တွေရဲ့ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယနေ့ထိတိုင်လျှို့ဝှက်စွာ အသက်ရှင်လျက်ရှိခဲ့ပါတယ် ။ ဒီရုပ်ရှင်အရတော့ ထိုသူဟာ အဘိုးကြီး ဆော်ညဲရီးရဲ့မွေးစားမြေး ဆိုဖီပါ ။ 

ထိုလျှို့ဝှက်ချက်တွေကို Key Stone လို့ခေါ်တဲ့ သော့တုန်းထဲက ပုရပိုဒ်ထဲမှာ ရေးမှတ်ထားပါတယ် ။ ထိုအရာတွေကို ရှိနေတာကို ခရစ်တော်ရဲ့ နာမတော် သိက္ခာတော်ကို ပျက်စီးမှာ မလိုလားသောကြောင့် ဖျက်စီးပစ်ချင်သူတွေနဲ့ ထိန်းသိမ်းထားတဲ့ Khight Templar တို့ရဲ့ လွန်ဆွဲမှုက ခောတ်အဆက်ဆက်မှာ ရှိခဲ့ပါတယ် ။ 
အဲဒီ Knight Templar သူရဲကောင်း တွေအဖွဲ့ထဲမှာ ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီက ၁၂ ယောက်မြောက် မာစတာနဲ့ နဲ့ သိပ္ဗံပညာရှင် ဆာအိုက်ဇက် နျူတန် က ၁၉ ယောက်မြောက် မာစတာတွေလို့ သိရပါတယ် ။


စွယ်စုံရပညာရှင်ကြီး ပန်းချီဆရာ ကဗျာဆရာ သိပ္ဗံဆရာ ကြီး လီယိုနာဒို ဒါဗင်ချီ


ဒီနေရာမှာ ကမ္ဘာအရပ်ရပ်က Secret Society များ ဖြစ်ကြတဲ့ Knight Templar မာစတာများရဲ့ စာရင်းကို လေ့လာနိုင်ပါတယ် ။




ဆက်ရန်

Comments

  1. ဖြည်းဖြည်း... ဖြည်းဖြည်းချင်းဖတ်မှ အရသာ ရှိတာ..း))

    ReplyDelete
  2. ရှုပ်သွားပြီထင်တယ် :D

    ReplyDelete
  3. မရှုပ်ဘူး။ ကောင်းတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်