Da Vinci Code ( 3 )


တိဘင်းဟာ ပိုလီယိုရောဂါ ရှင် အောက်ပိုင်း မသန်သူဖြစ်ပါတယ် ။ သူက ပြင်သစ်ကဆရာဝန်တွေကို မယုံကြည်ပဲ ဂရိတ်ဗြိတိန် မှာ ခဏခဏ ဆေးကုသဘို့ သွားရောက်လေ့ရှိသူဖြစ်ပါတယ် ။ သူဟာ စတီးတပ်ဆင်ထားတဲ့ ခြေထောက် အစွပ်ကိုဝတ်ဆင်ထားပြီး တုတ်ကောက်အကူနဲ့ လှုပ်ရှားပါတယ် ။

ဒီအချိန်မှာ ရဲတွေရော စီးလာ့စ်ရော ဘဏ်ကကားဟာ ရှပ်တိုဗီလပ် စံအိမ်ကြီးမှာ ရောဘတ်လန်ဒန်တို့နဲ့ အတူရောက်ရှိနေပြီဆိုတာ သိသွားကြပါပြီ ။

ဆိုဖီက သူ့လက်ထဲက သော့တုန်းက ရောဘတ်လန်ဒန်ကို ပေးလိုက်ပြီး ကျမတော့ ခုထိဘာမှ နားမလည်သေးဘူး တခုတော့ရှိတယ် ရှင်ခုထိ ထွက်မသွားသေးတာကို ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ် ။

သူတို့နှစ်ယောက် စံအိမ်ကြီးပေါ်တတ်သွားတဲ့အချိန်မှာ တံခါးလာဖွင့်ပေးသူက လေးတိဘင်းရဲ့ သစ္စာရှိလူယုံဖြစ်တဲ့ ရင်မီ ဖြစ်ပါတယ် ။

အိမ်ထဲရောက်တော့ တိဘင်းက " ရောဘတ် .... မင်းက မိန်းကလေးတယောက်နဲ့လာတာပဲ" လို့ ရင်းနှီးစွာ ပြောလိုက်တယ် ။
ရောဘတ်က " ဆာ တိဘင်း ကျနော်နဲ့ အတူပါလာတဲ့ မိန်းကလေးနှင့် မိတ်ဆက်ပေးပါရစေ သူကဆိုဖီနာဗှူလို့ ခေါ်ပါတယ်လို့ ပြောလိုက်တယ် ။

ဆိုဖီက ကျမတို့ အချိန်မတော်မှာ ရောက်လာမိတယ် မိုးချုပ်နေပြီ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ် ။

လက်ဆွဲနှုတ်ဆက်ကြပြီး တိဘင်းက ဆိုဖီလက်ကို ယူပြီးနမ်းလိုက်ပါတယ် ။ နောက်ကျတာမဟုတ်ဘူး မိုးလင်းကာနီးပြီ မိန်းကလေး လို့ပြောတယ် ။ ဆိုဖီက ပြုံးပြလိုက်တော့ နှစ်သက်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးပဲလို့ မှတ်ချက်ပြုပါတယ် ။

ရင်မီပြင်ဆင်လာတဲ့ ညစာကို ဆိုဖီက ငြင်းဆိုလိုက်တော့ တိဘင်းက စားကြည့်ပါ ရင်မီကလိုင်ယွန်မြို့ကလာတာ သူ့လက်ရာဆော့စ်တွေ အရမ်းကောင်းတယ်လို့ပြောလိုက်တယ် ။ ဆိုဖီက တကယ်မစားနိုင်လို့ပါလို့ငြင်းလိုက်တယ် ။

ညကြီး အချိန်မတော်ထူးထူးဆန်းဆန်းရောက်လာပုံတယ် သေရေးရှင်ရေးတမျှအရေးကြီးတယ်လဲပြောတယ် ငါလို အိုမင်းမစွမ်းက ဘာများကူညီနိုင်မှာလဲလို့ တိဘင်းကပြောတော့ ရောဘတ်က ကျွန်တော်တို့ Priory of Sion အကြောင်းနဲ့ ပတ်သတ်တာ ပြောချင်လို့ပါလို့ ပြောလိုက်တယ် ။ 

တိဘင်းက ထိမ်းသိန်းသူတွေအကြောင်း လားတဲ့ ။ လျှို့ဝှက်စစ်ပွဲတွေပေါ့ တဲ့ ။ 

ရောဘတ်လန်ဒန်က ဟုတ်တယ် ကျွန်တော်တို့ ပစ္စည်းတခုယူလာတယ် ။ အဲဒီဟာကို ဆရာရဲ့ အကူအညီမပါပဲ ဖော်ထုတ်နိုင်စွမ်းမရှိလို့ပါလို့ပြောလိုက်တယ် ။ 

ဂရန်းမာစတာလေးယောက်နဲ့ အတွင်းရေးမှူ အုပ်ချုပ်သူသုံးယောက်က ဒီ Holy Grail ရဲ့ မူလပထမ အစောင့်အကြပ်တွေ အဖြစ်နဲ့ စတင်ခဲ့ကြတယ် ။ လို့တိဘင်းက စကားစလိုက်တဲ့ အခါမှာ ရင်မီက မသိမသာ နားထောင်နေတာ ကို သတိထားမိလိုက်တော့ တိဘင်းက ရင်မီ ညစာ အတွက်ကျေးဇူးပဲထွက်သွားလို့ရပါပြီလို့ ပြောလိုက်တယ် ။

စားပွဲမှာ ထိုင်ပြီး ဆက်ပြီး စကားကောင်းကြပါတယ် ။ တိဘင်းနဲ့ ရောဘတ်က ခရစ်တော်ဟာ သာမာန်လူသားလား ဘုရားအစစ်လား ဆိုတာကို ငြင်းကြပါတယ် ။ တချို့တွေကပြောကြတယ် သေပြီးတော့မှ ရှင်သန်ထမြောက်ပြီး ဘုရားအဖြစ်ကို ရတာတဲ့ ။ ဆိုဖီက ဒါဆိုသူက ထာဝရ ဘုရားရှင်ရဲ့ သားတော် မဟုတ်ဘူးပေါ့တဲ့ ။ တိဘင်းက တူတောင် မဟုတ်ဘူးလို့ပြောတယ် ။

တိဘင်းက မင်းတို့ကို ခွက်ဖလားကို ပြမယ် ဆိုပြီး စာကြည့်ခန်းထဲခေါ်သွားတယ် ။ အဲဒီမှာ ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲဆိုတဲ့ ဒါဗင်ချီ ဆွဲခဲ့တဲ့ ပန်းချီကား ပုံတူကြီးကို ပရိုဂျက်တာနဲ့ ပြထားတာ ရှိတယ် ။ တိဘင်းက မေးတယ် ဆိုဖီ ခရစ်တော် ဘယ်မှာ ထိုင်နေလဲ ဆိုတော့ အလယ်တည့်တည့်မှာပါတဲ့ ။ သူဘာသောက်နေတာလဲ ဆိုတော့ ဝိုင်သောက်နေတာတဲ့ ။ ဒါဆို စားပွဲပေါ်မှာ ဝိုင်ခွက် ဘယ်နှစ်ခွက်ရှိလဲဆိုတော့ ဆိုဖီက တခွက်တဲ့ ။ ဒါဆို အဲဒီ တခွက်က ( Holy Grail ခွက်ဖလား ) ကဘယ်မှာလဲ လို့မေးလိုက်တော့ ဆိုဖီက သေချာ ကြည့်တာ စားပွဲပေါ်မှာ ဘာဝိုင်ခွက်ဖလားမှ မရှိပါဘူး ။



ဒါဆိုရောဘတ် မင်းသူ့ကို အဲဒီခွက်ဖလားဘယ်ရောက်သွားလဲ ရှင်းပြလိုက်ပါတဲ့ ။

ရောဘတ်က လက်ဝါး နှစ်ဖက်ကို ထောင်ပြီး လက်ထိပ်ခြင်းထိလိုက်ကာ ထိပ်ချွန်ပုံလုပ်လိုက်ပါတယ် ။ ဒါဟာ သာမာန်ဆို ရင် ယောက်ကျားတယောက်ရဲ့ သင်္ကေတပဲ ဒီနေ့ခောတ်မှာလဲ စစ်တပ်တွေမှာ ယောက်ကျားရဲ့ သင်္ကေတအဖြစ် သုံးနေကြတယ်တဲ့ ။

ထို့နောက် လက်ချောင်းထိပ်များကို ဖွင့်လိုက်ပြီး လက်ဖနောင့်ခြင်း ထိလိုက်ကာ တြိဂံဇောက်ထိုးပုံလုပ်ပြလိုက်ပြီး ဒါကတော့ မိန်းမ ကို ဆိုလိုတာ ပါလို့ ရှင်းပြလိုက်တယ် ။ အဲတာကို Chalice  ချဲလေ့လို့လဲခေါ်တယ် အဲတာ ဟာနောက်တမျိုး အဓိပ္ဗါယ်က ခွက်ဖလားပဲတဲ့ ။ ဒါဟာ မိန်းမတယောက်ရဲ့ သားအိမ်နေရာ ပုံစံလဲ ရှိတယ်တဲ့ ။

တိဘင်းက ရှေးခောတ်အခေါ်အဝေါ်မှာ Grail ဆိုတာ ခွက်လို့သတ်သတ် အဓိပ္ဗါယ်မကဘူး မိန်းမတယောက်လို့ ဆိုလိုတာပဲတဲ့ ။ ပြီးတော့ ဒီမိန်းမဟာ ရှေးပဝေသဏီထဲကရှိခဲ့တဲ့ လျှို့ဝှက်ချက်ကို သယ်ဆောင်သိမ်းဆည်းပေးခဲ့သူပဲတဲ့ ။
Holy Grail ခွက်ဖလားပုံပေါ်နေသော ပန်းချီလှည့်စားချက်

ဒီအဖြစ်မှန်ဟာ ခရစ်ယာန်ဝါဒမှာ ရှိတဲ့ သန့်စင်မြင့်မြတ်မှုကို အနှောင့်အယှက်ပေးနေတဲ့ အရာပဲတဲ့ ။

ဆိုဖီက ရှင်ပြောချင်တာ Holy Grail က ပစ္စည်းတခုမဟုတ်ပဲ သက်ရှိလူတယောက်လို့ အမျိုးသမီးတယောက်လို့ ပြောချင်တာလားတဲ့ ။

တိဘင်းက ဟုတ်တယ် သူမအခုဆို ပေါ်ပေါက်လာတော့မှာ လို့ပြောတယ် ။

ဆိုဖီက ဒါပေမယ့် ကျမသိတာ အားလုံးက ယောက်ကျားတွေချည်းပဲတဲ့ ။

တိဘင်းက ဟုတ်ရဲ့လား ။ ဒါဆိုရင် ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲ ပန်းချီကားမှာ ခရစ်တော်ရဲ့ ညာဘက် ထိုင်ခုံဘက်ခြမ်းမှာ ပေါ်နေတဲ့ အနီရောင်ဆံပင်ရှည်ပိုင်ရှင်ဟာ ဘယ်သူလဲ ။ဆိုပြီး ပရိုဂျက်တာ ပြကွက်ထဲက ခရစ်တော်ရဲ့ ညာဘက်မှာ ထိုင်နေတဲ့ သူတယောက်ထဲကိုပဲ ပြလိုက်တယ် ။

 ပခုံးပေါ်မှာ တင်ထားတဲ့ အမျိုးသမီးတယောက်ရဲ့လက်ဟာ ဘယ်သူ့လက်လဲ ။ ရင်သားတခုရဲ့သဲလွန်စလား ဒါမှ မဟုတ် တိမ်လိုကွက်ပြီး ဖုံးနေတာလား စိတ်ကထင်သလိုမြင်လို့ရတာပဲလို့ ပြောတယ် ။

ဆိုဖီက သူမကဘယ်သူလဲ ဆိုတော့ တိဘင်းက သမီးရယ် အဲတာ မေရီမယ်ဒလင်းပေါ့လို့ ပြန်ဖြေတယ် ။

ဆိုဖီက ပြည့်တန်ဆာလို့ဆိုတဲ့ တယောက်လားတဲ့ ။ မေရီမယ်ဒလင်းဟာ ပြည့်တန်ဆာတဦးလို့ကြားဘူးပါတယ် ။ ဒါကြောင့် သူ့ရဲ့ယုံကြည်ရတဲ့ နောက်လိုက်များနဲ့ ခရစ်တော်ကို ရန်သူများရန်က ဖုံးကွယ်ပေးနိုင်ခဲ့တာလို့ဆိုကြပါတယ် ။

တိဘင်းက သူမဟာ အဲလိုအမျိုးသမီး မဟုတ်ပါဘူး အေဒီ ၅၉ ၁ ခုနှစ်က ဘုရားကျောင်းတွေက စွပ်စွဲတာပါ အမှန်က သူမဟာ ခရစ်တော်ရဲ့ ဇနီးပါလို့ ဖြေတယ် ။

ရောဘတ်က ဒါက မယားကြီး ပုံပြင်ဟောင်းပေါ့လို့ ပြောတယ် 
တိဘင်းက ဒါပေမယ့် အမှန်ပါတဲ့ ။
ရောဘတ်က သက်သေ အတိကျ မရှိပါဘူးတဲ့ ။
တိဘင်းက သူသိတာနဲ့ ငါသိတာတွေ တူတူလောက်ပါပဲ ။ Holy Grail ကို ပြင်သစ်လို ဘယ်လိုခေါ်လဲ သမီးသိလားတဲ့ ။
ဆိုဖီက Le Sangreal. တဲ့
အဲတာ ဘာအဓိပ္ဗါယ်လဲ ဘာသာပြန်ပြပါလားတဲ့ ။ တိဘင်းက

ဆိုဖီက Sang+Real အဲတာကြောင့် Royal Blood လို့ ဆိုလိုတာတဲ့ ။

တိဘင်းက ရာဇဝင်မှာ ခရစ်တော်ရဲ့ ခွက်ဖလားလို့ တင်စားခဲ့ကြတာဟာ ခရစ်တော်ရဲ့ သွေးသားကို လွယ်ထားရသော ဝမ်းကြာတိုက်လို့ ဆိုလိုတာပဲဖြစ်တယ်တဲ့ ။

ခရူးဆိတ် ဘာသာရေးနဲ့ ပတ်သတ်တဲ့ အဓိကရုဏ်းတွေ ရှုပ်ထွေးနေချိန်မှာ မေရီမယ်ဒလင်းဟာ ခရစ်တော်ရဲ့ ရင်သွေးကို လွယ်ထားရတယ် ။ ဒါကြောင့် မြင့်မြတ်တဲ့ ရင်သွေးကို မွေးဖွားဘို့ မြင့်မြတ်တဲ့ ခရစ်တော်မွေးဖွားရာ ဂျေရုဆလင်ကိုစွန့်ပြီး ပြင်သစ်ကို ရောက်လာတယ် အဲဒီမှာ ဆယ်ရာ ဆိုတဲ့ သမီးကို မွေးဖွားခဲ့ပါတယ်တဲ့ ။

ရောဘတ်က ဒါဟာ တကယ်သာမှန်ခဲ့လို့ရှိရင် အတော် မလေးစားရာ ရောက်တော့မှာပဲ ဆိုတော့ ဆိုဖီက ဘာလို့လဲတဲ့ ။ ခရစ်တော်ရဲ့ တိတ်တဆိတ်ဇာတ်လမ်းမို့ပါတဲ့ ။ ပြီးတော့ ခရစ်တော်ရဲ့ မျိုးဆက်က မိန်းကလေးဖြစ်နေတော့ ဘုရားလောင်းဟာ မိန်းမဖြစ်တော့မယ့် သဘောပဲ ။

ဒါကြောင့် တချို့ကိုးကွယ်သူတွေက မိန်းမသားကို ကောင်းကင်ဘုံသို့လမ်းပြသူအဖြစ်ကိုးကွယ်ကြတယ် ။ ဒါပေမယ့် ယနေ့ခောတ် ဘုရားကျောင်းတွေက တဘက်လှည့်နဲ့ ခရစ်တော် ရောက်ရှိလာရာ ကယ်တင်ခြင်းတပ်ဆိုပြီး လမ်းလွှဲခဲ့ကြတယ် လို့ပြောတယ် ။

တိဘင်းက ဒါဆို ကောင်းကင်ဘုံကိုရောက်ဘို့ အဓိက သော့ချက်ကို ကိုင်နိုင်တဲ့ အရှင်သခင်က ဘယ်သူလဲတဲ့ ။

ရောဘတ်က ခရစ်တော်ရဲ့ သမီး မိန်းမသားပဲပေါ့ ဒါဆို ဘုရားကျောင်းတွေ အတွက် ပြသနာ အကြီးအကျယ်ပေါ်ပြီတဲ့ ။ 

အဲဒီမှာ ကတ်သလစ်ကိုးကွယ်သူတွေဟာ ရာဇဝင်မှာ သွေးနဲ့ ပြည့်နေစေမယ့် ဖြစ်ရပ်တွေကို ဖန်တီးတဲ့ The Malleus Maleficarum နဲ့  The Witches' Hammer.ဆိုတဲ့ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့တယ် ။ လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ မိန်းမသားတွေကို နှိပ်ကွပ်တယ် သတ်တယ် ။ နှစ်ပေါင်း ၃၀လောက် အတွင်း စုန်းမတွေဖမ်းတယ်ဆိုပြီး မိန်းမပေါင်း ငါးသောင်းလောက်ကိုဖမ်းပြီး အရှင်လတ်လတ် မီးရှို့သတ်ပစ်ခဲ့ကြတယ် ။ လို့ရောဘတ်က ရှင်းပြတယ် ။

တိဘင်းက ဒါဆိုတော်သေးတာပေါ့ ငါကြားတာ သန်းနဲ့ချီတယ်လို့တောင်ကြားတာ ။ ဒါဆို ခရစ်တော်ရဲ့ ဆက်ခံသူဟာ မိန်းကလေး ဖြစ်ခဲ့တဲ့ အတွက် မိန်းမသားတွေ အများကြီး အသတ်ခံရတယ် ။ ဒါကြောင့် Priory of Sion ဆိုတဲ့ လျှို့ဝှက် အဖွဲ့ အစည်းဟာ ရာစုနှစ်ပေါင်း ၂၀လောက် ကာကွယ်ပေးခဲ့ရတာပေါ့ လို့ပြောတယ် ။ သူတို့ဟာ တော်ဝင်သွေးအတွက် အုပ်ထိန်းကာကွယ်ခဲ့သူတွေ ၊ အတိတ်က အမှန်တရားကို သိမ်းဆည်းပေးခဲ့သူတွေ ၊ ဂျီးစက်ခရိုက်စ်နဲ့ မေရီမယ်ဒလင်းတို့ရဲ့ ရင်သွေးကို ကာကွယ်ခဲ့သူတွေပေါ့လို့ ပြောလိုက်တယ် ။

စကားကောင်းနေတုန်းမှာ ရင်မီက ဆာ သူတို့နှစ်ယောက် တီဗီမှာ ပေါ်လာတယ် သူတို့ဟာ လူသတ်မှုလေးခုရဲ့ သံသယ ရှိသူတွေလို့ ပြောလိုက်တယ် ။

အရမ်းစိတ်ဆိုးသွားတဲ့ တိဘင်းက ရောဘတ်မင်းငါ့အပေါ်မှာ မရိုးသားဘူး အခု ငါ့အိမ်က ထွက်သွား ငါရဲကို ဖုန်းဆက်မယ်လို့အော်လိုက်တယ် ။ 

ရောဘတ်က ဆာ ခဏနေပါဦး ဆိုဖီက သေသွားတဲ့ ဆော်ညဲရီးရဲ့ မြေးပါလို့ ပြောလိုက်တယ် ။
အသတ်ခံရသူလေးယောက်စလုံးဟာ Sion အဖွဲ့ဝင်တွေ ဖြစ်နေတယ် ။ ဆိုဖီက ဒီအဖွဲ့ဝင် မာစတာတယောက်ရဲ့ ငယ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်တာ ခံလာရတဲ့သူ ။ ဒါကြောင့် ကိုယ့် အဖွဲ့ထဲက သူကိုတော့ ကိုယ်ပြန်သတ်မှာ မဟုတ်ဘူး ။ ဖြစ်နိုင်တာက ဒီအဖွဲ့ နဲ့ မဆိုင်တဲ့ တခြားသတ်သတ် လူတယောက်ပဲ ဖြစ်နိုင်တယ် ။ လို့ပြောလိုက်တယ် ။

တိဘင်းက ရောဘတ် မင်းထင်တာတွေ ပြောမနေနဲ့ လို့ပြောတယ် ။ အဲတော့မှ ရောဘတ်က Cryptex လို့ခေါ်တဲ့ သော့တုန်းကို တိဘင်းကိုပြလိုက်တော့ တိဘင်းမင်သက်သွားခဲ့တယ် ။

သူ မထင်တဲ့ အရာကို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ မဖြစ်နိုင်ဘူးလို့ရေရွတ်မိလိုက်တယ် ။ အဲဒီအချိန်မှာ စီးလာ့စ်တယောက် အိမ်ထဲအထိ ခိုးဝင်ရောက်လာပြီး အခန်းအပြင်က နားထောင်နေပါတယ် ။ ခြံအပြင်မှာလဲ ရဲတပ်ဖွဲ့ရောက်လာပြီ ။ စီစီတီဗီကနေ ဝင်ရောက်လာသူတွေကိုတောင် မကြည့်နိုင်လောက်အောင် တိဘင်းက Key Stone ကို စိတ်ဝင်စားနေပါတယ် ။

တိဘင်းက သတိကြီးစွာထားပြီး  Rose wood ဘူးလေးကို ဖွင့်လိုက်တယ် ။ ပေါ်လာတဲ့ မာဘယ်ကျောက်အဖြူလေးပေါ်မှာ ရေးထားတဲ့ အက္ခရာတွေကို မှန်ဘီလူးနဲ့ ကြည့်လိုက်တယ် ။ ရောဘတ်က သတိပေးလိုက်တော့မှ တိဘင်းက အထဲမှာ Holy Grail ရှိရာကို ညွန်ထားတဲ့ မြေပုံရှိတယ်လို့ ပြောပြတယ် ။ သူလဲ မဖွင့်ရဲဘူး ။ ဆိုဖီကို ကြည့်လိုက်ပြီး အဘိုးက ငယ်တုန်းက ဘာလို့သင်ပေးခဲ့လဲလို့ ချော့မေးလိုက်တယ် ။ ဆိုဖီက ကျမမသိဘူး ဘာမှ ကို မမှတ်မိဘူးလို့ စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်တယ် ။

ရောဘတ်က တခုခု ပြောလိုက်ဘို့ကြံစည်လိုက်စဉ်မှာပဲ လေလိုအဟုန်နဲ့ လူတယောက်ပြေးဝင်လာပြီး ရောဘတ်ကို လည်မြိုကို ပြေးညှစ်ပါတယ် ။ သူကတော့ စီးလာ့စ်ပါ ။ သူ့ခေါင်းကို စာအုပ်စဉ်နဲ့ ဆွဲရိုက်ပြီး ခွေကျသွားစဉ်မှာ ဆိုဖီဘက်ကို သေနတ်နဲ့ ချိန်ထားလိုက်ပါတယ် ။ တိဘင်းက သူ့အကျီင်္ ထဲကို Key Stone ကို ဝှက်လိုက်တယ် ။ စီးလာ့စ်က မြင်ပြီးတောင်းလိုက်တော့ တိဘင်းက မင်းဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တယ် ။

စီးလာစ်က တိဘင်းကိုသေနတ်နဲ့ချိန်လိုက်တော့ တိဘင်းက Key stone ကို စားပွဲပေါ်တင်လိုက်တယ် ။ ကောက်ယူလိုက်တဲ့ အချိန်မှာ တိဘင်းက စီးလာ့စ်ရဲ့ ထော့နဲ့နေတဲ့ ခြေထောက်ကို သံတုတ်ကောက်နဲ့ ထိုးချလိုက်ပါတယ် ။ မိမိကိုယ်ကိုညှင်းဆဲပြီး Celice သံကွင်းနဲ့ ညှစ်ပတ်ထားတဲ့ နေရာမို့လို့ အသည်းခိုက်အောင် နာကျင်သွားတဲ့ စီးလာ့စ်ကို ခေါင်းကို တုတ်ကောက်နဲ့ ရိုက်ချလိုက်ပါတယ် ။ ဆိုဖီက စီးလာစ်ရဲ့ ခေါင်းကို ကြမ်းပြင်နဲ့ နှစ်ချက် သုံးချက်လောက် ဆွဲဆောင့်လိုက်ပါတယ် ။ စီးလာ့စ်လွတ်ကျသွားတဲ့ သေနတ်ကို ဆိုဖီက ကောက်ယူလိုက်တယ် ။ ပြီးတော့ ရောဘတ်ကို ဆွဲထူလိုက်တယ် ။

ပြေးဝင်လာတဲ့ အိမ်ထိန်း ရင်မီက စီးလာ့စ်ကို တိတ်တွေနဲ့ပတ်ပြီး ချည်နှောင်လိုက်ပါတယ် ။ ရင်မီကို သေနတ် ကို ယူထားဘို့ အမိန့်ပေးလိုက်တယ် ။

ဒီအချိန်မှာ စီစီတီဗီ ကင်မရာမှာ ရဲတွေက ဂိတ်တံခါးကြီးကို ကားနဲ့ ဆွဲပြီး ဖြိုချလိုက်တာကိုတွေ့လိုက်ရပါတယ် ။ 

ရောဘတ်က တိဘင်း ဆရာ ဒီ Key Stone ကိုစိတ်ဝင်စားတယ် ဆိုရင် ကျွန်တော်တို့ကို လွတ်အောင်လုပ်ပေးပါလို့ ပြောလိုက်တယ် ။ တိဘင်းက ငါ့မှာ နည်းလမ်းရှိပါတယ် လို့ပြောလိုက်တယ် ။

ရဲတွေ အိမ်ထဲ ပြေးဝင်လာကြချိန်မှာ သူတို့က နောက်ဘက်သစ်တောကြီးထဲကနေ ကားတစီးနဲ့ မောင်းထွက်ပြေးကြပါပြီ ။ မီးမဖွင့်ပဲ သစ်ပင်ကြားထဲကနေမောင်းတဲ့ အတွက် ရဲတွေရဲ့လက်ကနေလွတ်မြောက်သွားကြပါတယ် ။ နောက်တော့ လမ်းမကြီးတခုကို ရောက်သွားကြပြီး ။ တိဘင်းပိုင်တဲ့ ဂျက်လေယာဉ်နဲ့ လန်ဒန်ကို ထွက်ခွာ သွားခဲ့ကြပါတယ် ။

လေယာဉ်ပေါ်မှာ ဆိုဖီဟာ စီးလာ့စ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ သူ့အဘိုးကို သတ်ခဲ့သလားဟုမေးခဲ့ပါတယ် ။ အဖြစ်အပျက်တွေ အားလုံးကို စိတ်ပျက်တဲ့ ဆိုဖီက ရောဘတ်ကို လန်ဒန်ရောက်ရင် သံရုံးကို ချက်ခြင်းသွားဘို့တိုက်တွန်းခဲ့ပါတယ် ။ သူမ အတွက်တော့  သေဆုံးမှုတွေ အားလုံးဟာ အဓိပ္ဗါယ်မရှိပါဘူး ။ ဘာသာရေးကို အယုံအကြည်မရှိတဲ့ သူမပိုပြီး စိတ်ပျက်ခဲ့ပါတယ် ။

 Key Stone ကို လှည့်ကြည့်နေတဲ့ရောဘတ်ကို အဘိုးက ဒါကြီးကို ကျမလက်ထဲ ဘာကြောင့်ထားခဲ့တာလဲ ဖျက်ဆီးပစ်လိုက်ပါလို့ ပြောလိုက်တယ် ။ ကျွန်တော့်ကိုလဲ မင်းကို ကူညီဘို့ဘာကြောင့်ရွေးခဲ့မှန်း မသိပါဘူး ။ ကျွန်တော်နဲ့လဲ မဆိုင်ဘူး ။ ဒါပေမယ့် မင်းကိုတော့ ဒီအရှုပ်ထဲမှာ တယောက်ထဲ မထားခဲ့ပါဘူးလို့ ပြောလိုက်တယ် ။

ဆိုဖီက အဘိုးကရှင့်ကို ဒါကြောင့်ရွေးခဲ့တာပေါ့ ။ ရှင်ဘယ်တော့မှ မငြင်းဘူးဆိုတာ သူသိတယ် ရှင်က ဇွဲကောင်းတာကြောင့်ပဲလို့ ပြောလိုက်တယ် ။

ပဲရစ်လေဆိပ်မှာတော့ တိဘင်းရဲ့ လေယာဉ်ကို လွတ်ပေးလိုက်တဲ့ တာဝါတိုင်ကကြီးကြပ်သူကိုတော့ ရဲဗိုလ်ကြီး ဘီဇူးဖဲ့ခ်ျက အားရပါးရလက်သီးနဲ့ ထိုးချလိုက်ပါတယ် ။

_..._


တိဘင်းနဲ့ ရောဘတ်တို့နှစ်ယောက် Cryptex ကို ကြိုးစားပြီး လှည့်ဘို့ စာလုံးများကိုမှတ်သားနေကြပါတယ် ။ ဆိုဖီက မဒမ်မယ်ဒလင်းဘာဖြစ်သွားလဲတဲ့ ။ တိဘင်းက ဘယ်သူမှ မသိလိုက်ဘူး ။ သူသေဆုံးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ခေါင်းသွင်းလိုက်ကြပြီး ကိုယ်းကွယ်ခဲ့ကြတယ်လို့ ပြောတယ် ။

မဒမ်မယ်ဒလင်းရဲ့ အခေါင်းမှာ အမှတ်အသားအနေနဲ့ နှင်းဆီပွင့်ကို ထားခဲ့ကြတယ် ။ အဲဒီနှင်းဆီပွင့်ဟာ rose wood ဘူးလေးပေါ်က အမှတ်အသားမှန်း မှတ်မိသွားတဲ့ ရောဘတ်က ဘူးလေးကို ယူပြီး အတွင်းဘက်သော့ပေါက်ရှိတဲ့နေရာကိုစူးနဲ့ ထိုးလိုက်တယ် ။

အဲဒီတော့ သစ်သားမှာ ကပ်ထားတဲ့ နှင်းဆီပန်းတံဆိပ်ပြားလေး ပြုတ်ကျလာတယ် ။ တံဆိတ်ပြားလေးရဲ့နောက်ဘက်မှာ သတ္တုပြင်လေးပေါ်မှာ ထွင်းထားတဲ့စာတွေကိုတွေ့လိုက်ရတယ် ။ စာတွေက မှန်ထဲမှာကြည့်မှ အတည့်မြင်ရမယ့် မှန်စာတွေ ဖြစ်ပါတယ် ။



In London lies a knight a Pope interred.
His labor´s fruit a holy wrath incurred.
You seek the orb that ought be on his tomb.
It speaks of rosy flesh and seeded womb.

စာထဲကအတိုင်းဆိုရင် Templars ဆိုတာ အင်္ဂလန်မှာရှိတဲ့ Temple Charch လို့ကောက်ချက်ချလိုက်တယ် ။ 
 ရောဘတ်က ကျွန်တော်တို့ကို အခုလို ကူညီတာ ကျေနပ်ပါပြီလို့ဆိုတော့ တိဘင်းက သူလဲ ခုလို ကြီးမားတဲ့ သမိုင်းတခုရဲ့ ပဟေဠိကြားထဲရောက်နေရတဲ့ အတွက် အရမ်းကျေနပ်ပါတယ် ။ သူကတောင်ပြန်ပြီးပါဝင်ခွင့်ပေးတဲ့ အတွက်ကျေးဇူးတင်နေတာလို့ပြန်ပြောလိုက်ပါတယ် ။ 


_..._

လန်ဒန်လေကြောင်းပိုင်နက်ထဲ ဝင်လိုက်တာနဲ့ သူတို့လေယာဉ်နောက်ကို ရဲကားတွေ တောက်လျှောက်လိုက်လာပါပြီ ။ လေဆိပ်ထဲ ဆင်းသက်လိုက်တာနဲ့ တိဘင်းက တုတ်ကောက်ကို အားပြုပြီး ဆင်းလာခဲ့ပါတယ် ။ ရဲတွေကသေနတ်တွေနဲ့ ချိန်ပြီးဝိုင်းထားပါတယ် ။ တိဘင်းက ကျွန်တော့မှာ အရေးကြီးတဲ့ ဆေးစစ်ချက်ယူဘို့ရှိတယ် နောက်ကျလို့မရဘူး လို့ပြောလိုက်တော့ သူနဲ့ ရင်မီကိုပေးသွားလိုက်တယ် ပြီးတော့ လေယာဉ်ကို ရှာဘို့ပဲ ဆုံးဖြတ်လိုက်တယ် ။ အမှန်ကတော့ ရဲကားတွေ မလာခင်လေးတင် ရောဘတ်လန်ဒန်နဲ့ ဆိုဖီနဲ့ စီးလာ့စ်တို့က လေယာဉ်အရေးပေါ်ပေါက်ကနေဆင်းပြီး တာလပတ်စတွေကြားကနေပုန်းပြီး ကားထဲရောက်နေပါပြီ ။ လေယာဉ်ပေါ်မှာ ဘာမှရှာမတွေ့တဲ့ ရဲအရာရှိက ပေးသွားလိုက်လို့ပြောလိုက်တော့ ချိန်ထားတဲ့သေနတ်တွေကို ဖယ်လိုက်ပါတယ် ။

ကားပေါ်မှာ စီးလာ့စ်နဲ့ ရင်မီကိုချန်ထားခဲ့ပြီး တိဘင်း ရောဘတ်နဲ့ ဆိုဖီတို့ ဆင်းလိုက်ကာ စာထဲမှာပါတဲ့  လန်ဒန်မြို့သိမ်းမြစ်နားက တမ်ပယ် Temple Charch ဘုရားကျောင်းထဲဝင်လာခဲ့ကြတယ် ။ 1185 ခုနှစ်က ဒီဘုရားကျောင်းကို Knight Templar အင်္ဂလန်အဖွဲ့ချုပ်အတွက်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ လန်ဒန်မြို့ကို ဒီဘုရားကျောင်းကို ခြံရံပြီး ချဲ့ခဲ့ကြတာလို့တိဘင်းကရှင်းပြတယ် ။

တိဘင်းက လမ်းကြုံလို့ပြောရဦးမယ် ငါ့ရဲ့လေယာဉ်သေးသေးလေးထဲမှာ မင်းလိုက်နိုင်တာ တောင် အတော်အံ့သြသွားတယ် ။ ရောဘတ်ငယ်ငယ်က ရေတွင်းထဲပြုတ်ကျပြီး တညလုံးရေထဲမှာ အော်နေတာ ဘယ်သူမှ မကြားဘူး ။ ရောဘတ် ၇နှစ်အရွယ်ကလေ ။ သူပြန်ကြားရတာ လှိုင်သံပါနေတဲ့ သူ့ရဲ့အော်သံကိုပဲ ။ အဲဒီကစပြီး ရောဘတ်ဟာ အခန်းကျဉ်းကြောက်တဲ့စိတ်ဒါဏ်ရာရသွားတာလို့ ဆိုဖီကိုပြောပြနေတယ် ။

Temple Church ထဲဝင်လာကြတော့ ကြောက်စရာ ထိပ်လန့်စရာမျက်နှာတွေနဲ့ ရှေးဟောင်းဗိသုကာလက်ရာများကိုတွေ့ရပါတယ် ။ 

ရောဘတ်က "In London lies a knight a Pope interred." လို့ဆိုတယ် ။ ဘယ်အခေါင်းရဲ့အောက်မှာ တည်ရှိနိုင်မလဲ ။ အခေါင်းတွေ အများကြီးထဲမှာ သူရဲကောင်းပုံစံတွေ နဲ့ ပြုလုပ်ထားတာ ။ ခြေထောက်နှစ်ချောင်းပူးထားတဲ့ အရုပ်ပါတဲ့ အခေါင်းကတော့ လန်ဒန်ကိုပြန်ရောက်တဲ့ အဓိပ္ဗါယ်ပဲလို့ပြောတယ် ။



တိဘင်းကနှစ်ခုကတော့ သံချပ်ကာဝတ်ရုံတွေအပေါ်က သင်တိုင်းတိုတွေဝတ်ထားတယ် ။ နောက်နှစ်ခုကတော့ ဝတ်ရုံရှည်တွေဝတ်ထားတယ် တဲ့ ။

ရောဘတ်က နှစ်ခုကတော့ ဓားတွေကိုဆုတ်ကိုင်ထားတယ် တဲ့ ။

တိဘင်းက နှစ်ယောက်ကတော့ ဘုရားဆုတောင်းနေတဲ့ ပုံပဲတဲ့ ။ ဒီတယောက်ကတော့ ဘေးတစောင်းလှဲနေတယ် ။ ဒီတယောက်ကတော့ သနားစရာ တကိုယ်လုံးတောင် မမြင်ရတော့ဘူးလို့ပြောကြတယ် ။

ရောဘတ်က ကျွန်တော်တော့ ဒီအခေါင်းတွေဟာ အရုပ်သတ်သတ်ပဲ ။ အထဲမှာ ဘာမှ မရှိဘူး ။ အခေါင်းပေါ်မှာလဲ ဘာမှ ရှာမတွေ့ဘူးလို့ ပြောလိုက်တယ် ။ စာထဲမှာ ဒီလိုဆိုထားတယ်လေ the orb that ought be on his tomb.
သူတို့က စာသားထဲက Templar ဆိုတဲ့ စာလုံးအရ ဒီ Temple ဘုရားကျောင်းမှာ ရှိမယ်ထင်နေကြတာပါ ။
ဆိုဖီကပြောတယ် ဒီနေရာမှားတယ် သွားကြစို့တဲ့ သူမစိတ်ထဲမှာ ထင့်နေတယ် ။

အဲဒီအချိန်မှာ ရင်မီကလွှတ်ပေးလိုက်တဲ့ စီးလာ့စ်က ပြေးဝင်လာပြီး ဆိုဖီလည်ကို ဓားချွန်နဲ့ ထောက်လိုက်တယ် ။ သူပြီးတော့ နောက်တယောက်ဝင်လာတာက ရင်မီ ။ သူက သေနတ်နဲ့ရောဘတ်ကိုချိန်ထားပြီး သူ့လက်ထဲက Key stone ကိုယူလိုက်တယ် ။ စီးလာ့စ်က တိဘင်းကို ဓားစာခံအဖြစ်ခေါ်ထုတ်သွားပြီး ကျန်တဲ့ ရောဘတ်နဲ့ ဆိုဖီကို သေနတ်နဲ့ပစ်သတ်မလို့လုပ်တဲ့ အချိန်မှာ ဘုရားကျောင်းခေါင်မိုးက ငှက်တွေ ရုတ်တရက်ထပျံတာကြောင့် အငိုက်မိသွားတာကို အခွင့်ကောင်းယူပြီး ရောဘတ်နဲ့ ဆိုဖီတို့ ထွက်ပြေးကြတယ် ။

လန်ဒန်တံတားကြီးပေါ်က ကားကိုဖြတ်မောင်းလာရင်း စီးလာ့စ်က teacher က ဘယ်သူလဲလို့မေးလိုက်တော့ ရင်မီက ငါပဲတဲ့ ။ မင်းလုပ်ခဲ့တာတွေ တော်လောက်ပါပြီ Opus Dei ရုံးချုပ်မှာ အနားယူပါတော့ ။ မင်းအတွက်ဆုကြေးရတော့မှာပါလို့ ပြောလိုက်တယ် ။ စီးလာ့စ်က ယုံသွားတယ် ။ 

နောက်တော့ ရင်မီက Teacher အစစ်ဆီကို ပြန်သွားပြီး key stone ကို အပ်လိုက်ပါတယ် ။ ဆရာက ဆုငွေ အမြောက်အမြားချီးမြင့်တယ် ။ ပြီးတော့ ကော့ညက်အရက်ပုလင်းပြားလေးကို ပေးလိုက်တယ် ။ အဲဒီထဲမှာ မြေပဲမှုန့်တွေ ပါတာကို မသိတဲ့ ရင်မီက သောက်လိုက်တယ် ။ ရင်မီကမြေပဲနဲ့ လုံးဝ မတည့်တဲ့ရောဂါရှိပါတယ် ။ နောက်တော့သူဟာလဲကျပြီးသေဆုံးသွားပါတယ် ။ ဆရာက သူ့ကိုအပြတ်ရှင်းလိုက်ပါပြီ ။ Teacher ဆရာအစစ်က တိဘင်းကိုယ်တိုင်ဖြစ်ပါတယ် ။ ရောဘတ်လန်ဒန်တို့ရှေ့ကနေ ဟန်ဆောင်ပြီး သူ့ကို ပြန်ပေးဆွဲခိုင်းခဲ့တာပါ ။

သူဟာ Opus Dei လို့ခေါ်တဲ့ ရိုမန်ကတ်စလစ်ဂိုဏ်းက ဘိရှော့ အာရင်ဂါရိုစာ ကို စတင်စည်းရုံးပြီး ဗာတီကန် သာသနာပိုင်ချုပ်ရဲ့ ယုံကြည်မှုကို ရယူခဲ့တယ် ။ သာသနာပိုင်ချုပ်က Opus Dei ဂိုဏ်းကို အထောက်အပံ့မပေးတာကို ဒီ Holy Grail ကိစ္စနဲ့ သုံးပြီး ပြန်ရအောင်အကြံပေးခဲ့ရာက Teacher  ပြောသမျှ နားထောင်ပြီး အားလုံးလိုက်နာခဲ့တာပါ ။ သူရဲ့ တပည့်ရင်း စီးလာ့စ်ကို လိုအပ်သမျှတွေ အကုန်ခိုင်းပြီး စွမ်းဆောင်ပေးခဲ့တယ် ။ 

ဒါပေမယ့် Teacher ကိုယ်တိုင်က လောလောဆယ် သူဘယ်သူဆိုတာ ခဏလောက် ဖျောက်ထားမယ် စီးလာ့စ်က Key Stone ရပြီးချိန်မှ သူဘယ်သူဆိုတာ ပြောပြမယ်လို့လျှို့ဝှက်ထားတာပါ ။ 

ဒါပေမယ့် အာရင်ဂါရိုစာ မသိလိုက်ပဲ စီးလာ့စ်ကို တိုက်ရိုက်ဆက်သွယ်ပြီး Priory Of Sion ရဲ့ ထိပ်တန်းစာရင်းဝင်လေးယောက်ကို သတ်ခိုင်းခဲ့ပါတယ် ။

Teacher တိဘင်းဟာ ရင်မီကို သတ်ပြီး ရဲဆီကို စီးလာ့စ်ရှိတဲ့နေရာကို သတင်းပေးလိုက်ပါတယ် ။ ပြီးတာနဲ့ နောက်ထက်သဲလွန်စရနိုင်တဲ့ ဆာအိုက်ဆက်နယူတန်ရဲ့ အုတ်ဂူရှိတဲ့ Westminster Abbey ဘုရားကျောင်းကို ထွက်ခွာသွားပါတယ် ။


_..._

ရောဘတ်လန်ဒန်နဲ့ ဆိုဖီတို့လဲ ဘတ်စကားပေါ်မှာ စာကြည့်တိုက်ကို ဘယ်လိုသွားရင်ကောင်းမလဲလို့ ကြံစည်နေကြပါတယ် ။ ဆိုဖီက ဘတ်စကားနောက်မှာ တယောက်ထဲထိုင်နေတဲ့ ကျောင်းသားလေးဆီက စာကြည့်တိုက်ကဒ်ပြား ရယူချင်လို့ ထသွားပါတယ် ။ နောက်တော့ ဆိုဖီအချက်ပြတော့ ရောဘတ်ကလဲ ထသွားလိုက်ပါတယ် ။ စာကြည့်တိုက်သွားစရာ မလိုပဲ ကျောင်းသားလေးရဲ့ ဟမ်းဖုန်းထဲကနေ စာကြည့်တိုက်ဝဘ်ဆိုဒ်ထဲ ဝင်ကြည့်ခွင့်ရလိုက်ပါတယ် ။ 

Search bar ထဲကနေ Key words တွေဖြစ်တဲ့ London, Knight, Pope , Grail စတာတွေ ရိုက်ရှာလိုက်တော့ Alexander Pope ဆိုတဲ့ ၁၈ရာစုနှစ်က နာမည်ကျော်ကဗျာဆရာတယောက်ရဲ့ အချက်အလက်တွေ ထွက်လာပါတယ် ။ ကျောင်းသားလေးက သူကို A-Pope လို့ မှတ်ထားပါတယ် ။ 

ရုတ်တရက် ရောဘတ်က ဆိုဖီဘက်ကိုလှည့်ပြီး မင်းအဘိုးကတော့ တကယ့်ပညာရှင်ပဲလို့ရေရွတ်လိုက်တယ် ။ 

ရောဘတ်က နှင်းဆီပန်းလေးနောက်က စာပုဒ်ထဲက In London lies a knight a Pope interred ဆိုတာကို သတိရလိုက်ပါတယ် ။ 

သူတို့ ဘတ်စကားပေါ်က ဆင်းဘို့အသင့်ပြင်လိုက်တယ် ။ ကဗျာဆရာ A Pope ဟာ ဆာအိုက်ဆက်နယူတန်သေဆုံးစဉ်က ကဗျာတပုဒ်စပ်ဆိုပေးခဲ့တယ် ။ ဒါကြောင့်ဆာအိုက်ဇက်နယူတန်ရဲ့ အုတ်ဂူရှိတဲ့ Westminster Abbey ဘုရားကျောင်းကို သွားရမှာဖြစ်တယ် ။

 ရောဘတ်က ဆိုဖီကို ရှင်းပြနေတယ် ။ Knights တွေဟာ ဆာအိုက်ဇက်နယူတန်ဆီကို သွားကြမှာသေချာတယ် ။ ကမ္ဘာမြေဆွဲအားကို တွက်ချက်နိုင်ခဲ့တဲ့ Knight တဦးလဲဖြစ်တယ် ။ ဂရန်းမာစတာတွေရဲ့ Priory Will စည်းမျဉ်းအရ သေဆုံးသွားသူ အဖွဲ့ဝင်အတွက်စုရုံးရောက်ရှိလာကြမယ် ။ ပြီးတော့ ခင်မင်သူကဗျာဆရာက သေဆုံးသူအတွက် ကမ္ဘာကျော်ကဗျာစပ်ဆိုမယ်တဲ့ ။ အဲဒီကဗျာဆရာက Alaxander Pope ( A Pope ) ပဲလို့ပြောတယ် ။

တိဘင်းက သူတို့နှစ်ယောက်မရောက်ခင် ဒီနေရာကို ရောက်ရှိနေပါပြီ ။ သူက ထွက်လာပြီးပြောလိုက်တာက ငါဒီနေရာကို ရောက်အောက်လာရတဲ့ အကြောင်းက ငါတသက်လုံးသုတေသနပြုလာတဲ့ ခရစ်တော်ရဲ့ ဇနီး မေရီမယ်ဒလင်း ရဲ့ ရုပ်ကြွင်းတကယ်ရှိတာကိုသက်သေ ပြချင်လို့ ဒါပေမယ့် ဆိုဖီဒီနေ့ ဒီနေရာကိုရောက်ရှိလာရတဲ့ အကြောင်းကတော့ ခရစ်တော်ရဲ့ နောက်ဆုံးသက်ရှိ ဗီဇသွေးဖြစ်လို့ လို့ပြောပါတယ် ။

လူသတ်မှုတွေကို ဦးဆောင်ခဲ့သူမှန်း သဘောပေါက်သွားတဲ့ ဆိုဖီနဲ့ ရောဘတ်က ထွက်သွားမလို့ပြင်တာကို တိဘင်းက သေနတ်နဲ့ချိန်ထားရင်း သူ့နောက်လိုက်ခဲ့ဘို့ခေါ်သွားပါတယ် ။




Comments

  1. ဘာသာပြန် စာရေးဆရာမ ပဲ.... မိတယ်...း))

    ReplyDelete
  2. အမှားတွေ ကြားမှာ ဖြည့်ရမှာလေးတွေ ရှိသေးတယ် အရမ်းအီသွားလို့နောက်မှ ဖြည့်တော့မယ် :P

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်