Baking blueberry muffins


အာဗန်ကို ၁၆၀ ဒီဂရီနဲ့ ၁၅မိနစ် အပူပေးပြီး စက္ကူခွက်လေးတွေ ဗန်းထဲထည့်ထားလိုက်တယ်

Baking soda က ဝယ်ထားတာ တလကျော်ပြီ မို့လို့ Self rising Flour ပဲ နှစ်ခွက် ထည့်တယ် ။ ဆား Baking soda Baking podwer 1tea spoonpစီ ခက်ရင်းလေးနဲ့ပဲ မွှေလိုက်တယ်

ပိုတဲ့ ဂျုံမှုန့်ကို ဘူထဲပြောင်းထည့်ချင်လို့ တံဆိတ်ညှပ်နေတာ

အဲလိုမမှတ်ထားရင် မေ့ပြီးရောကုန်ရော :D

နွားနို့ မလောက်ရင် ရောဘို့

နွားနို့ တခွက်ခွဲ ထောပတ် အရည်ဖြစ်ပြီးသား ၂၀၀ ဂရမ် သကြားတခွက် ရောခလောက်ထားတယ် 

အမှုန့်တွေ မွှေထားတဲ့တဲ့ အရည်တွေ ရောမယ်

အရည်တွေထဲ အနံ့အဖြစ်ေ၇ာဘို့ အမှန်က သစ်ဂျဘိုးခေါက်မှုန့်လေးဆို Muffin နဲ့ လိုက်တယ်

အနံ့ တဇွန်းထည့်ခေါက်

ကြက်ဥနှစ်လုံးသတ်သတ်ခေါက်ပြီး အရည်အဖွဲ့ထဲ ရောမယ်

အရည်နဲ့ အမှုန့်ရောပြီးတော့ ပြစ်ပြစ်လေးဖြစ်တဲ့ အချိန် ရေဆေးပြီး စစ်ထားတဲ့ ဘလူးဘယ်ရီလေးတွေပါရောမယ်

ဖြေးဖြေးပဲ ဇွန်းနဲ့ မွှေလိုက်တယ်

ခွက်လေးတွေထဲ မျှထည့်တယ်

ချိစ် အမှုန့်ကုန်နေလို့ အချပ် ၃ချပ်ကို ဆားနည်းနည်း သကြားနည်းနည်းနဲ့ လက်နဲ့ ခြေလိုက်တယ်


မုန့်ပေါ်က ဖြူးလိုက်တယ်
၁၆၀ ဒီဂရီနဲ့ ၁၆မိနစ် ဖုတ်လိုက်တယ်

ရပြီ

အရမ်းစားကောင်းတယ် မနက်ဖန် သမီးကျောင်းက ကလေးတွေနဲ့ မေမေတွေက အမြဲမုန့်တွေ တူတူစားကြတာ ပျော်စရာမို့ တွေးပြီး ကြည်နူးမိတယ် ။သမီးလေးရဲ့ သူငယ်ချင်းတွေရဲ့ မေမေတွေက နေ့တိုင်းတွေ့နေကြ သူငယ်ချင်းတွေ ဖြစ်နေပြီ။ နိုင်ငံစုံကပဲ စိတ်ထားကောင်းကြတယ် ။

Comments

  1. ၀ိုး စားချင်စရာ ... တို့အမ ဒါတွေ လည်း လုပ်တတ်တာပဲ။

    Nge.

    ReplyDelete
  2. ညီမလေး ဘလော့က နဲနဲ လိုင်းစုံနေပြီ ရှုပ်နေပြီ ဘိုလုပ်ရမလဲ ဟိဟိ ဘလော့တွေ ခွဲထားရင် ကောင်းမယ်ညော်

    ReplyDelete
  3. ရှိသေးရင်နဲနဲကျွေးပါ :D

    ReplyDelete
    Replies
    1. တုန်ပီ တုန်ပီ... :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်