ပိုလာဘာလီ ( Palau Bali ) Kuta Beach + Discovery Kartika Hotel

ရေကူးကန်ထဲ ဆင်းလာတော့ သတိထားမိတာ ကန်ကိုကြွေပြားတွေနဲ့ အလှဆင်ထားတာ မဟုတ်ဘူး ။ သဘာဝ ကျောက်ပြားတွေ ခင်းထားတော့ အပြာရောင်တို့ ဘာတို့တော့ မဟုတ်ဘူး ။ စိမ်းရင့်ရောင်လေးဖြစ်နေတယ် ။ ကန်လယ်လောက်မှာ ဘားရှိတယ် ။ ဘိုတသိုက် ဖန်ခွက်လေးတွေ ကိုယ်စီနဲ့ ဟေးလားဝါးလားပဲ ။ လွပ်လပ်စွာ အာကျယ်ကျယ်နဲ့ ရီမောနေကြတယ် ။ သူတို့ အတွက် အကြိုက်ဖြစ်နေမှာပဲ ။ကောက်တေး သောက်မလားတို့ ဘာတို့ ဘာမှ လုပ်ချင်စိတ်မရှိဘူး ။ ခုထိ ပျော်စရာ တခုလို မမြင်သေးဘူး ။

ကန်ဘေးနားမှာ ကိုယ်ပတ်တဲ့ ပုဝါအကြီးတွေ ငှားတဲ့နေရာရှိတယ် ။ ဟော်တယ် ကဒ်မပါရင် ငှားလို့မရဘူး ။ လာတည်းတဲ့သူတွေ အတွက် ဂိမ်းတွေ ဆော့ပေးတဲ့ အစီစဉ်တွေ ရေးထားတဲ့ ဘုတ်ကိုတွေ့တယ် ။ ရက်ကြာနေသူတွေ အတွက်တော့ မိုက်တယ် ။ ဘာလီအက ကနည်း ။ ဘာလီစကားပြောနည်း ဖရီးသင်ပေးတာ ။ တခြားဂိမ်းတွေလဲ ရှိတယ် ။

ဘိုတယောက်က အော်လိုက်တယ် "ငါဝယ်လာတယ် Oakley ကွ ၁၀ပဲ တဲ့ ဟားဟားတဲ့ " လက်ထဲက မျက်မှန်ကိုမြှောက်ပြီးပြောနေတယ် ။ ကန်ထဲက လူတွေကလဲ လက်မတွေ လှမ်းထောင်ပြလိုက်တယ် ။ နေကာမျက်မှန်တွေ ရှော့ပင်းစင်တာထဲတွေ့လိုက်တယ် ။ တံဆိတ်အစုံပဲ ။ ပေါတာလေး တခုလောက် ဝယ်တတ်ချင်တာ ပြန်သာလာရော မဝယ်လိုက်ရဘူး ။

ဘိုမလေးတွေ လှတယ်လို့ထင်ထားမိတာ ဒီကန်ထဲမှာတော့ အဟီးးးး ဆိုဒ်ဆုံပဲ ။ သူတို့ မသိအောင် ဘသူလှလဲ ဘသူမလှလဲ လိုက်ကြည့်နေမိသေးတယ် ။ သေချာကြည့်တော့ အားလုံး အနိစ္စတွေချည်းပါပဲ ခွစ်ခွစ် ။

တိုးဂိုက်က မနက်ကျမှာ ဆုံမယ် ဆိုတော့ ဒီညတော့ ကိုယ့် အစီစဉ်နဲ့ကိုယ်ပေါ့ ။ ဒါကြောင့် မလာခင် အွန်လိုင်းမှာ ထဲက ကြည့်ခဲ့တဲ့ ဟော်တယ်ရဲ့ ဥရောပ ဘူဖေးကိုပဲ ဘွတ်ကင်လုပ်ဘို့ ဆုံးဖြတ်လိုက်တယ် ။ ဈေးကလဲ သက်သာတယ် တယောက်ကို အင်ဒို ရူးပီယား ၃သိန်းကျော်ပဲ ။ စလုံးတဆယ် ကို အင်ဒို ၈သောင်းခွဲဆိုတော့ ။ တန်တယ်ပေါ့လေ ။

ဟော်တယ်က စားကောက်ဆိုင် ၃ဆိုင်ရှိတယ် ။ အီတာလျံ စားသောက်ဆိုင်က ကမ်းခြေထွက်တဲ့ တာလမ်းကြီး ပေါ်မေးတင်ထားတာ ။ နာမည်က La Cucina Restaurant တဲ့
ညကျရင် မီးအကတွေ ဘာအကတွေလဲ ရှိတယ် ဆိုတော့ သမီးမြင်ဘူးအောင် ဘွတ်ကင်လုပ်ထားလိုက်တယ် ။

 ရေချိုးပြီး လှတပတလေးဝတ်လာပြီး ဆင်းလာခဲ့ကြတယ် ။ အမှန်က ကိုယ်က ထင်တာပါ တကယ်က မလှပါဘူး အဟီး.....။ ဆိုင်ကနေရာ ချန်ထားပေးတဲ့နေရာလေးက အကတွေ အကုန်မြင်ရတဲ့ နေရာလေး ။ ပထမ တရောင်းတောင်ကပြီးသွားပြီဆိုတော့ အစားသောက်ဆီကိုပဲ တန်းသွားလိုက်တယ် ။ ဘာဘီကျူး အကင်မကြိုက်တဲ့ ကိုယ်တောင် ကြိုက်သွားတယ် ။ အသားတွေ အားလုံး နူးညံ့တယ် အနံ့နိုင်နင်းတယ် ။ စားလို့ တအားကောင်းတယ် ။ sauce တွေကလဲ အစုံပဲ sauce ကချည်းပဲကို တနေရာ စားပွဲအပြည့်ချထားပေးတယ် ။ ကျန်တာကတော့ အီတလီစတိုင် မုန့်တွေလဲ အစုံ ။ ဟင်းချိုလဲ ပါတယ် ။ မှတ်တောင် မမှတ်မိတော့ဘူး ။

အသုတ်တွေလဲ စုံတယ် ။ ပေါင်မုန့်တွေလဲ စုံတယ် ။ အသုတ်တွေ သုတ်ထားတာ အကုန်ကြိုက်တယ် ။ အာလူးသုတ် ပါစတာသုတ် ဥနီသုတ် စုံနေတာပဲ ။ အာလူးသုတ်ဆို အရင်က လုံးဝ မကြိုက်ဘူး ။ ဒီမှာတော့ တော်တော်ကောင်းတယ် ။







မုန့်တွေလဲ အကုန်ကောင်းတယ် ။ ဘာလီက ဘီယာကလဲ တော်တော်လတ်ဆတ်တယ် ။ ပုလင်းလေးနဲ့လာတာ ။ နေ့လည်က အလိုမကျတာတွေတောင် တဖြည်းဖြည်းနဲ့ ကွာဟချက်ကို မြင်လာတယ် ။
သူတို့ရဲ့ အဆောက် အဦးတွေ ခိုင်မာ ခေတ်မီတာ ၊ သူတို့ရဲ့ ဝန်ထမ်းတွေ လုပ်ကိုင်တာ သပ်ယပ်တာ ၊ ဒေသန္တရ နဲ့ ဆိုင်တဲ့ လိုက်လျော ညီထွေမှု ရှိတာတွေ ကို မြင်လာတယ် ။ မြန်မာပြည်က ဟော်တယ်မှာ စင်ကာပူက junk food ကို ဒေါ်လာနဲ့ ရောင်းပြီး လက်သုတ်ပုဝါကြီးတွေ နဲ့ အလှဆင်ထားတာမျိုး မရှိဘူး ။ အနောက်တိုင်းအစားစာဆိုရင် အဲဒီ အတိုင်းအနံ့အရသာ အမှန်ထွက်တယ် ။

မှောင်လာတော့ စုံတွဲလေး ထွက်လာပြီးကတယ် ။ တီးလုံးလေးတွေရယ် စကားပြောသံလေးတွေရယ် အဆင်ကို ပြေနေတာပဲ ။ ကနေတဲ့ သူတွေကလဲ အကနဲ့ ညီအောင်ဝတ်ထားပေမယ့် လော်လီတာ မတွေ့ရတော့ မိသားစုလိုက် လာတဲ့သူတွေ စိတ်အနှောင့်ယှက်မဖြစ်တော့ဘူး ။ မိသားစုတွေ အကုန်လုံးကို လာခေါ်ပြီး တွဲကကြတယ် ။ ပထမဆုံး ကလေးကို ဦးစားပေးတယ် ။ အိမ်းလေးပါသွားတယ် ။ နောက် လူကုန်လာခေါ်ကြတော့တာပဲ ။ ဘာပဲပြောပြော ဖျော်ဖြေမှုလေးက ပရောဖက်ရှင်နယ် ကျတယ် ။

မီးအက ကျတော့လဲ အင်တာနက်မှာ မြင်ဘူးတယ် သိပ်မထူးဆန်းဘူး ဆိုပေမယ့် တကယ်ကိုယ့်ရှေ့မှာ လာကပြတော့ လှတယ် ။ ကျွမ်းကျင်မှုရယ် အလှအပရယ် ပေါင်းစပ်လိုက်တော့ စားနေတာ ရပ်ပြီးသေချာ ကြည့်ဖြစ်တယ် ။ သမီး အတွက် မမေ့စရာလေးတွေပေါ့နော် ။ အကအဖွဲ့ တဖွဲ့ ပြောင်းတိုင်း သမီးကို လာခေါ်ကြတာပဲ ။ ဘိုက်ပေါ်စကပ်အတိုလေးတွေ ဝတ်ထားပေမယ့် မကလပ်ဘူး ။ ဖော်ရွေတယ် ခင်ဘို့ကောင်းတယ် ။ သမီးအတွက် ပထမဆုံး အတွေ့အကြုံအဖြစ် သူအရမ်းကို တသသ ပြောနေတော့တယ် ။



နေ့လည်က ရှော့ပင်းစင်တာထဲမှာ စွပ်ကျယ်အကျီင်္ဂျိုင်းပြဲကြီးတွေနဲ့ ဘိုတွေတွေ့တယ် ။ ဘုရားစူး ဘိုတွေပဲ ခြေတွေလက်တွေ ဆိုတာ မည်းသည်းနေတာပဲ ။ တကိုယ်လုံးလဲဘိုနဲ့ တူတာ နှာခေါင်းနဲ့ နီနေတဲ့ နားရွက်ပဲ ကျန်တော့တယ် ။ ဘာလီမှာ မပြန်တမ်း လာနေကြတယ်လို့ ပြောတယ် ။

ဈေးပေါတယ် အစားသောက်ပေါတယ် ဘာမှမလုပ်ပဲ ဂျလေဘီလုပ်လို့ရတယ် ။ ဒါကြောင့်နေမယ် ။
ဟော်တယ် ရှေ့ဘက်လမ်းမကြီးက ညဆို တရုပ်တန်းလိုပဲ ။ ဘားတွေ ကလပ်တွေ အပြည့် ပဲ ။ စင်တင်ဂီတဝိုင်းတွေ ပျော်ရွှင်အော်ဟစ်သံတွေနဲ့ ဒေသခံတွေတော့ မဟုတ်ဘူး ။ ဘိုတွေ ကိုရီးယား ဂျပန်တွေ ပျော်နေကြတာ ။
မြန်မာပြည်က စင်တင်တွေကတော့ ညစ်ပဲ့တယ် စုတ်ပဲ့တယ် ။ အကျင့်ပျက်တွေ များတယ် ကျားရော မရော ။ နေရာတကာ တဏှာတွေချည်းပဲ ။ ရွံစရာ ကောင်းတယ် ။

ညဈေးတန်းမှာ အစားသောက်တွေ အရမ်းမိုက်တယ် ။ လတ်လတ်ဆတ်ဆတ် အကင်တွေ ရနိုင်တယ် ။ အကျီစွပ်ကျယ် ဖိနပ်ပါးနဲ့ တခွက်တဖလားသွားသောက်ပြီး သူငယ်ချင်းတွေ ရလာနိုင်တယ် ။ ဒီထက်တော့ ညစ်ပတ်ပုံမပေါ်ဘူး ။ သူ့နေရာနဲ့ သူ့ကမ္ဘာ လောကကြီးရဲ့ လွပ်လပ်မှု ကို ရှာနေကြသူတွေပေါ့ ။ ဘီယာလောက်ကလွဲရင် မူးပြီး လဲနေသူ ဆေးချနေသူတွေလဲ မတွေ့ဘူး ။ ညသန်းခေါင် သမီး နဲ့ လမ်းထွက်လျှောက်ရင် ကောင်မလားလို့ ဟော်တယ်က ကောင်လေးကို မေးတော့ ဘာမှ စိတ်ပူစရာ မလိုဘူးလို့ပြောတယ် ။ တကယ်လဲ ဟုတ်တယ် ။ စိတ်ရှုပ်စရာ ဘာတခုမှ မတွေ့ရဘူး မိသားစုလိုက်ကို ညတိုင်းပါတီလုပ်လို့ရနေတာ ။ ရဲတောင် မတွေ့ဘူး လုံခြုံရေးဆိုတဲ့ ကောင်တွေလဲ မတွေ့ဘူး ။ မူးနေတဲ့ ကောင်တွေကို ဆွဲထုပ်လာတဲ့ လူမိုက်လဲ မရှိဘူး ။ ကားပတ်ကင်ထိုးတဲ့ အတန်းဒန့်တောင် မရှိဘူး ။ လူတိုင်း ၉၆၉၃ ပဲ :D

မနက်ကျရင် ချီလီလာမယ် ။ ချီလီ Gede ဆိုတာ ဂိုက်လေ ။ ဘာလီလာတာ စိတ်ညစ်သမျှ ပြေအောင်လာတာ ဆိုတော့ တွေ့သမျှ မီးကုန်ယမ်းကုန် မအင်ဂျွိုင်းတော့ပါဘူး ။ စကထဲက သဘာဝတောတောင် ရေမြေကို ခံစားချင်လို့လာတာ ။ totally relax ပဲလိုချင်တယ် ။ စောစော အိပ်မယ် ။ ဟော်တယ် မှာ နားရတဲ့ အရသာကိုလဲ ခံစားလိုက်ဦးမယ် ။ စောစော အိပ်မယ် ။

ချီလီလိုက်ပို့မယ့်နေရာတွေက တကယ် နေရာ ကောင်းမကောင်းကို ညကျမှ ဂူးဂဲလ်ကနေ ရှာကြည့်ဦးမယ် ။

ဘာလီ ကျွန်းကြီး တခုလုံးမှာ တို့တွေ တည်းမယ့်နေရာက အောက်ဆုံးခြေထောက်လေးနားက Kuta Beach ရှိတဲ့ နေရာ လေဆိပ်သစ်ကလဲ အဲနားမှာပဲ

ကျွန်းမကြီးနဲ့ ခြေထောက်လေးကို ဘေးက ရေတိမ်ပိုင်းကနေ ဆက်ထားတဲ့ တံတားကြီး တစင်းတွေ့တယ် အတော်ရှည်မယ် ထင်တယ် အဲနေရာကို လိုက်ပို့ခိုင်းမလို့လဲ စဉ်းစားထားတယ် ။


 ဘာလီကျွန်းတကျွန်းလုံးကို ဂူးဂဲလ်ကနေ ကြည့်ရတာ အတော်တော့ လှတယ် ။ လောလောဆယ် မသေသေးတဲ့ မီးတောင်တွေကလဲ မပေါက်ကွဲတာ ဆယ်နှစ်ကျော်ပြီ ဆိုတော့ ပေါက်မယ်ဆို နေ့ည မရွေး ပေါက်ကွဲနိုင်တယ် ။ မနက်ဖန်ကျရင် အဲဒီမီးတောင်တွေထဲက ကျွန်း အရှေ့ပိုင်းက မီးတောင် တခုဆီကို လိုက်ပို့မယ်တဲ့ ။


ဆက်ရန်




Comments

  1. သချာကြည့်တော့ အားလုံး အနိစ္စတွေချည်းပါပဲ ခွစ်ခွစ် ။ :D

    ReplyDelete
    Replies
    1. ဓာတ်ပေါက်သွားပြီ ဟားဟား

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်