မင်္ဂလာရှိသော အချစ်ဆုံးသူရဲ့ မွေးနေ့



သမီးမွေးနေ့ကို စင်ကာပူပြန်ရောက်ပြီး မူကြို နဲ့ ပထမတန်းက သူငယ်ချင်းတွေ ရော ဆရာဆရာမအရင်းတွေရော ဖိတ်ပြီး ပါတီလေး လုပ်မလို့ကြိုတင် ကြံစည်ထားပေမယ့် မလုပ်တော့ဘူး ။
တလလောက်ကြိုပြီး စီစဉ်မလို့ ကျမ တယောက်ထဲ မလုပ်တတ်တာနဲ့ နောက်ကျပြီး ဘာမှ ဘွတ်ကင်မလုပ်မိလိုက်ဘူး ။

အဲတာလဲ ကောင်းပါတယ် ။ သမီးလေးကလဲ လိမ်မာတယ် ။ သမီးကြီးမှ ပါတီ လုပ်မယ်တဲ့ ။ ခုတော့ သူ့အတွက် လက်ဆောင် ကောင်းကောင်းလေး တခုပဲ ဝယ်ပေးလိုက်တယ် ။ သူ့ဘဝ အတွက် ရှေ့ရေးမှာ သုံးလို့ရအောင်လို့လေ ။ :)

ဒီမွေးနေ့လေးမှာ သမီးလေး အတွက်အဓိပ္ဗါယ်ရှိတာလေးတွေ လုပ်ဖြစ်တယ် ။ အမှတ်တရ အနေနဲ့ ဘလော့မှာ မှတ်တမ်းတင်ထားဘို့တော့ ဒိတ်ယူထားလိုက်တယ် ။ ဒါပေမယ့် အားပြီး စိတ်လိုလက်ရရှိမှ ပဲ ရေးတော့မယ် ဆိုပြီး ခဏထားလိုက်တယ် ။

ဒီနှစ်သမီးလေး သိသိသာသာ ထွားလာတယ် ။ သူ့ရဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကလဲ လူကြီးထက်တောင် များလာပြီ ။ စာအုပ်ကလဲ ကြိုက်တတ်တော့ စာအုပ်တွေဆိုလဲ အများကြီးဖြစ်နေပြီ ။ သူ့အတွက် ဘေဘီကော်နာလေး တခုတော့ လုပ်ပေးမှ ရတော့မယ် ။ နို့မို့ရင် တအိမ်လုံးသူ့ဟာတွေချည်းဖြစ်နေပြီ ဆိုပြီး အဲအတွက်ကို ကျကျ နန စိတ်ရောက်နေတာနဲ့ ဘလော့ဘက် မလှည့်ဖြစ်ဘူး ။

စာအုပ်စဉ်တခု စီစဉ်ပေးတယ် ။ study table တခု ။ အရုပ်သေတ္တာတခု ။ အရင်က သူ့ဟာတွေ ရောနှောနေတာတွေလဲ ပြန်စီစဉ်တကျလုပ်ပေးရတာ အားကို မအားဘူးခုထိ ။ စာရွက်စာတမ်းပေါင်းစုံကို တရွက်ခြင်း စီစစ်ပြီး ဘူးတွေထဲ သိမ်း ။ သမီးကျောင်းမှာ ပုံဆွဲလာတာတွေ လေ့ကျင့်ခန်းလုပ်ထားတာတွေကို သူ့အတန်းနဲ့ သူသိမ်း ။

 ပြီးတော့ သူက loft bed တခု လိုချင်သေးတယ် ။ မာမီ slide ပါတာဝယ်ပေးတဲ့ ။ အဲတာပါရင် အိမ်မှာ လမ်းလျှောက်စရာ နေရာ ရှိတော့မှာ မဟုတ်ဘူး ။ သူ့အင်ပါယာကို အတော်ချဲ့ချင်နေပြီလေ ။ :D
အိမ်က အသုံးမလိုတဲ့ ပိုနေတဲ့ ပရိဘောဂတွေလဲ အများကြီး ဝဲပလိုက်ရတယ် ။ ကြိမ်ဆိုဖာ နှစ်လုံး ။ ကွန်ပျူ တာ စားပွဲက အီကေယာဆုံလည်ကုလားထိုင် အမည်းကြီး ။ တီဗီ တလုံး ။ အီကေယာက chest drawer တလုံး ။

ရှိသေးတယ် သူ့အတွက် အဲဒီ နှစ်ထပ်အိပ်ယာ ဝယ်ဖြစ်မယ် ဆိုရင် ထပ်လွှင့်ပစ်စရာတွေ ။ နှမြောလို့ သုံးလို့ရသေးပေမယ့် ။ အဲတာတွေ ရှိနေရင် နောက်ထပ်လာမှာတွေ ဝင်လို့ရမှာ မဟုတ်ဘူး ။ အိမ်က ကျဉ်းနေတယ် ။ တသက်လုံး အဲတာကြီးတွေ ကြည့်ပြီးနေရရင်လဲ စိတ်ညစ်ညူးတယ် ။ လူ့ဘဝတောင် နှမြောလို့မှ မရတာပဲနော် :P ။

တခုခုရေးတော့မယ်ဆို လေကြောက ရှည်ရှည်လာတယ် ။ တိုတိုရေးတဲ့ အကျင့် လုပ်ဦးမှပဲ ။ ပြောချင်တာတွေကို လူရှေ့ သူရှေ့ မပြောတတ်တော့ ။ ဒီမှာ လာရင်ဖွင့်ရသလိုဖြစ်နေတယ်လေ ။

သမီးလေးမွေးနေ့ကို သမီးရဲ့ အရင်းနှီးဆုံးသူတွေပဲ ဖိတ်လိုက်တယ် ။ မိဘခြင်းလဲ အရမ်းခင်တယ် ။ တခုခုဆို ပြေးလာပြီး ကူညီကြတယ် ။ မိဘတွေကလဲ ကိုယ့် သမီးအတွက် တခုဝယ်ရင် နောက်သမီးတွေ အတွက်ပါ ပါလာအောင်ဝယ်ပေးတယ် ။ တွေ့ဆုံကြုံကွဲ ဓမ္မတာမို့ ဘယ်နေ့ ခွဲကြရမယ် ဆိုတာ မသိရပေမယ့် ။ ခုချိန်မှာတော့ ညီအမတွေလိုတတွဲတွဲပဲ ။ အဓိကကတော့ မနာလိုတာ ဘာညာ မရှိဘူး ။ အားနာလို့ လိုက်ဖော်လိုလိုက်စရာလဲ မလိုဘူး ။ ဖော်လိုလိုက်ရတဲ့ အလုပ်ကို အတော်အီသွားပြီ :D :D ။

ဒါကြောင့် သမီးကိုလဲ သေချာ မေးတယ် ။ သမီး ကိုယ့် အတွက်ပဲကိုယ်လိုချင်လား ။ သမီးသူငယ်ချင်းတွေအတွက် အချိန်ကုန်ခံမလားလို့ ။ သမီးကတော့ ငယ်ပေမယ့် သိတတ်တယ် ။ သူဘာလိုချင်တယ် ဆိုတာ သူ အတိကျသိတယ် ။ :D

မိသားစု ၃စု တရုတ်ဆိုင်ကြီးတခုမှာ သွားစားကြတယ် ။ အဝစား ကြိုက်သလောက်ပျော် ။ မွေးနေ့ကိတ်ကတော့ မာမီးလုပ်တာ ။ အဟီး စားလို့ အရမ်းကောင်းကြတယ်ဆိုပဲ ။ Maureen ဆိုတဲ့ စလုံးသူငယ်ချင်းမက သူ့မွေးနေ့ အတွက်လုပ်ပေးပါဦးတဲ့ ။ @o@ :P

သမီး အတွက်ကိတ်မုန့်ကို ကိုယ်တိုင်ဖုတ်ပေးပါဆိုလို့ လိုတာလေးတွေ Tangs က သွားပြေးဝယ်ရတယ် ။





လက်မမှန်သေးဘူး အရသာ ကောင်းနေပြီ ။ ဒါပေမယ့် မလှသေးဘူး ။


မေမေ့သမီးကြိုက်ရင် ပြီးရောနော် <3 <3 <3

 ဒါတွေကတော့ သမီးလေး ဒီနှစ်ရတဲ့ လက်ဆောင်လေးတွေပါ ။

 ကျမမောင် အငယ်ဆုံးက သူ့တူမလေး ကြိုက်တာ ဝယ်ပါစေဆိုပြီး ပြောတာ ဒီအိမ်လေးရွေးလိုက်တယ် ။ သူ့တူမကို သူကလဲ ချစ်မှချစ် ။ ဈေးအရမ်းကြီးတယ် မဝယ်ပါနဲ့ ဆိုတာတောင် မရဘူး ။

မမအိမ်း အရမ်းပျော်နေတာပေါ့ ။





ဒါက သူ့အဖေဘက်က အဒေါ် ဝယ်ပေးတာ ။ လက်ပတ်နာရီ ဝယ်မလားဆို မယူဘူးတဲ့ ။ ဘာဘီ ပဲတဲ့ ။ သူ့မှာလဲ ဘာဘီတွေ လေးငါးခြောက်ရုပ် ရှိနေပြီလေ ။ ဒါကတော့ မာရီပိုဆာ ဘာဘီဆိုပဲ ။ အတောင်ပံက ဖွင့်လို့ ပိတ်လို့ရတယ်တဲ့ ။


 ခရမ်းရောင်လေးကလဲ မာရီပိုဆာ ရုပ်ရှင်ထဲက မာရီပိုဆာရဲ့ သူငယ်ချင်း ကတ်တာညာ တဲ့ အဲတာလေးကတော့ သူ့ဘာသူ မုန့်ဘိုးနဲ့ စုပြီးဝယ်ထားတာလေ ။ ခုတော့ စုံသွားပြီ ပေါ့ ။


ဒါကတော့ ရန်ကုန်က ညီမအရင်းလို ချစ်ရတဲ့ မိတ်ဆွေတယောက်က ဝယ်ပြီး စလုံးအထိ ပို့ပေးတာ ။ သူကလဲ နှစ်တိုင်း မပျက် မကွက်ပဲ ။




မေမေဝယ်ပေးတာလေးတော့ မတင်တော့ပါဘူးလေ ။ အဟဲ ။

ဘေဘီကော်နာလေးရဘို့ မာမီး ချွေးတလုံးလုံး လုပ်ထားတာလေးတွေ ။

 စာအုပ်တွေ သူ့ဟာတွေချည်းပဲ ။
 အရုပ် တွေချည်းပဲ ထားတဲ့ နေရာ သပ်သပ် ။

 ဒါလေးကတော့ ဒိုင်ဆိုက ၂ကျပ်နဲ့ သွားရွေးလာတာတွေ ။ သူက ပန်းရောင်ကြိုက်တော့ အားလုံးပန်းရောင် ။ သစ်သားဆုံလည်လေးက Tangs မှာ ဈေးအရမ်းကြီးလို့ ပြန်ထားခဲ့တာ IKEA မှာ ဈေးသက်သက်သာသာနဲ့ ရလာတာ ပျော်လို့ :D


စာအုပ်ထောင်ဘို့ဟာ ၊ ပုတီးစိတ်ဘို့ဟာ ။ သူ့ဘာသာသူ ပုတီးစိတ်ဘို့ ပန်းရောင်လေးရွေးလာပြီး ။ ညအိပ်ယာဝင်တိုင်း ပုတီးစိတ်တယ် ။ သမီးလေးက အရမ်းကို လိမ်မာတယ် ။  ကျန်တာတွေက ထုဘို့ နှက်ဘို့ ။ မုန့်လုပ်ဘို့ ။


ဆန်းဒေးမှာ British council မှာ စာစီစာကုံး ဆုရတော့ အရုပ်ထပ်ဝယ်ပေးလိုက်ရပြန်ပါကော ။ သူ့ အိမ်လေးထဲ ထည့်ဘို့ ပရိဘောဂတွေ ။ အဲတာ သူ့ရဲ့ collection ပေါ့လေ ။



ခုထိ မပြီးသေးဘူး သူ့အတွက် အိမ်ရှင်းရဦးမယ် ။

Happy Birthday မေမေ့ သမီးလေး ။ သမီးလေးကို အရမ်းချစ်တယ် ။

သမီးလေး အတွက် အသက်ရှင်မယ် ။



Comments

  1. အမရေ ... အိမ်းက စာအုပ်ကြိုက်တာ ကောင်းလိုက်တာ .. အမေတူသမီးမို့ ထင်တယ် ... မွေးနေ့အတွက် ကိတ်မုန့်လဲ ဖုတ်ပေး ဒီလောက်လည်း ဂရုစိုက်တဲ့ အမေရတာ အိမ်းက ကံကောင်းလိုက်တာ :) ... သမီးလေး တစ်ယောက် မွေးရတာ မလွယ်ပါလားနော် ... လုပ်တတ်ရမှာတွေ အများကြီးပဲ :) ... နောက်လာမယ့်နှစ်တွေမှာ အမဆီကနေ အများကြီးသင်ရဦးတော့မှာပဲ။

    ReplyDelete
    Replies
    1. ငယ်ရေ အိမ်းက ၂ပတ်ကို တခါ စာကြည့်တိုက်သွားတယ် ။။ အမကဒ်နဲ့ ၁၀အုပ် သူ့ကဒ်နဲ့ ၈ အုပ် ပေါင်း၁၈ အုပ် ။ အမ အတွက် တအုပ်ပဲ ပါတယ် ။ Marvel က ထုတ်တဲ့ စူပါဟီးရိုးကောမစ်တွေ အကုန်ဖတ်နေပြီ ။ ငယ်ရဲ့ သတင်း အတွက် အမလဲ ရင်ခုန်နေတယ် ။ ဘယ်ချိန်လာမှာလဲ စလုံးကို

      Delete
  2. အရုပ်တွေမြင်တော့ ကလေးတောင် ပြန်ဖြစ်ချင်သွားတယ် :D စာအုပ်စင်ဘေးနားက ထိုင်ခုံလေးကို သဘောကျလိုက်တာ။ အဲမှာထိုင်ပြီး စာဖတ်ရရင် တော်တော်ဇိမ်ရှိမှာဘဲ ;-) Happy belated birthday!

    ReplyDelete
    Replies
    1. လာလည်တာကျေးဇူးပဲနော် သဉ္ဖာ :) :)

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်