ညမိုးချုပ်မှ ဟော်တယ် ပြန်ရောက်တော့ ဘေးက ရှော့ပင်စင်တာမှာ ပါတိတ်သွားဝယ်မလို့ မဝယ်ဖြစ်ပြန်ဘူး .... ဒီမှာ ရှိနေတဲ့ မိန်းမကြီးကြီးငယ်ငယ် ပိန်ပိန်ဝဝ အားလုံးက စပန့်သားဂါဝန်တိုရှည်တွေပဲ ဝတ်ကြတော့ ပေါ့ပါးလွတ်လပ်တယ် ။ ပူကျွတ်နေတဲ့ ရာသီဥတုနဲ့ဆိုတော့ အဲတာမျိုးလေးသွားရှာချင်တယ် ။ ပြီးတော့ ဖိနပ်ပါးလေးလဲ ဝယ်ချင်တယ် ။ လမ်းလျှောက်ရတာ များရင် များမှာ ဆိုပြီး sneaker ပဲပါလာတယ် ။ ဘာလီမှာ ဝယ်ဝတ်မယ်ဆိုပြီး ။ နေရာတကာ ဖိနပ်ထူကြီးနဲ့ အဆင်မပြေဘူး ။ ဒါပေမယ့် ဝမ်းမကောင်းလာတော့ စောစော ရေချိုးပြီး အိပ်ပစ်လိုက်ရတယ် ။
ဒီနေ့ တိုးရ်ဂိုက်ရဲ့ တာဝန်က နေ့တဝက်ပဲ ဒါပေမယ့် သူက ပြောတယ် စင်ဒေါ်လာ ၅၀ ထပ်ပေးရင် တနေကုန် လိုက်ခဲ့မယ်တဲ့ ... တို့တွေလဲ သဘောတူလိုက်တယ် ... မထွက်ခင်ထဲက သေချာ စဉ်းစားထားတယ်... ဒီနေ့တော့ သူပို့တဲ့ ဆိုင်မှာ မစားဘူး မဝယ်ဘူးလို့ .... ။ ကိုယ့်ဘာသာကိုယ် လမ်းမှာ မြင်တွေ့နေတဲ့ ဆိုင်တွေ စားချင်စရာကြီးတွေ ။ ကိုယ့်ဘာသာကိုယ်ပဲရွေးမယ် ။ မနေ့က ရိုမန်တွတ်ဒင်နာ က ဆောပလော်တီးပလိုက်တာ စင်ဒေါ်လာ ၁၅၀ ကုန်ပြီးအော်အော့တွေ စားခဲ့ရလို့ စိတ်ထဲက အီးတင်းနေတာ အဟီးး ။
အမှန်က ဒီနေ့မနက်ပိုင်းစမ်းရေထွက်တဲ့ Holy Spring ဘုရားကျောင်း ၊ ကော်ဖီစိုက်ပျိုးရေး ၊ မျောက်ရွာ ပြီးတော့ ဘာလီရဲ့ နောက်ဆုံးဘုရင်ပိုင်တဲ့ ဘုရားကျောင်း၊ စတဲ့နေရာတွေကို လိုက်ပို့ပေးမယ် ။ သမီးကဘာလီ Zoo သွားချင်တယ် ဆိုတော့ အဲဒီကို အရင်ဝင်မယ် ။
ဒီမနက်လဲ ဝမ်းတွေ သွားသေးတယ် မခံမရပ်နိုင်လောက်အောင် မနာဘူးဒါပေမယ့် သွားချင်ရင် ချက်ချင်းမှ ။သမီးလဲ နည်းနည်း ဝမ်းတွေ ပျော့နေတယ် ။ သိပ်တော့ အဆိုးကြီး မဟုတ်ဘူး ။
မနက်ခင်းထဲက မိုးလေး တစိမ့်စိမ့်ရွာနေတယ် ။ အရင်ဆုံး Bali Zoo ကို သမီးဆန္ဒ္ဒအရ ချီတတ်ကြတယ် ။ အမှန်က သေးသေးလေး ဘာလီမှာ တခြား zoo အကြီးကြီးတွေ ရှိတယ် ။ ဒါက သမီး သွာချင်တယ် ဆိုလို့ ပို့ပေးတာ နီးနီးနားနားက ဇူးသေးသေးလေးဆီကိုပဲ သွားကြတာ ။ ဘာလီမှာ Bali Safari, Night Safari နဲ့ Marine Park အစရှိတာတွေ ရှိတယ် ။ ဒါပေမယ့် လမ်းကြောင်းထဲ မပါဘူး ။ မပို့ပေးဘူး ။
 |
Zoo ထဲမှာ ရှိသမျှ တိရိစ္ဆာန် ဒီပုံထဲမှာ အကုန်ပါသည် :P |
အဲဒီ zoo လေးက ကိုယ်ပိုင် zoo ။ သူဌေးတယောက်ပိုင်တာ ဆိုတော့ အကောင်ပလောင်ကလဲ များများ မရှိပါဘူး ။ ထိန်းသိမ်းတာလဲ သိပ်မကောင်းဘူး ။ နံနံစော်စော်မိုးရေ တစွတ်စွတ်နဲ့ ။
ချီလီက ဒီနေ့ အပြင်မှာ နေ့လည်စာကို ဝက်ပျိုသားလေး ကောင်လုံးကင် စားကြမလားတဲ့ ။ ဘာလီမှာ ဝက်ပျိုသား ကောင်လုံးကင်က မြန်မာပြည်က မုန့်ဟင်းခါးဆိုင်လိုနေရာတိုင်း ဆိုင်သေးသေးလမ်းဘေးဆိုင်တွေမှာပါရှိတယ် ။ နာမည်လဲ ကြီးတယ် ။ စားကောင်းတယ် လို့ပြောတယ် ။ ဒါပေမယ့် သူဘယ်ခေါ်ခေါ် မစားတော့ဘူးလို့ ဆုံးဖြတ်ထားတာရော ဝက်သေးသေးလေးကို တကောင်လုံးကင်ထားတာ သနားစရာကြီး မကြည့်ချင်တာရော ဘိုက်မကောင်းလို့ မစားဘူးလို့ပဲပြောလိုက်တယ် ။ မဆာဘူးလို့ ။ နောက်မှ လမ်းမှာ ကိုယ့်ဘာသာ ကြည့်ပြီး ဆိုင်ရွေးမလို့ ။ သူရွေးမယ့် ဆိုင်ကတော့ ကြောက်ပါတယ် A .
 |
ချားချင်လား |
 |
ချားချင်ဘူး :( |
နောက်တော့ zoo ထဲမှာ ရှိတဲ့ စာသောက်ဆိုင်လေးက ဘူဖေးရှိတယ် အဲဒီမှာ စားကြမယ် ဆိုပြီး ထိုင်ကြတယ် ။ ဘိုက်မကောင်းလို့ ဘူဖေး မစားပဲ အာလာကတ် မှာပြီးစားတော့ အရမ်းစားကောင်းတယ် ။ အဲဆိုင်လေးဘက်ရောက်ရင် အစားစာလေးတွေ ပူနွေးပြီး အရသာရှိလို့ ရွေးလို့ ညွှန်းလိုက်ပါတယ်နော် ။
မုန့်တွေလဲ အရမ်းကောင်းတယ် ။ သမီးကတော့ ဖွတ်တို့ မျောက်မည်းတူးလေးတို့ အကောင်လေးတွေကိုချီပြီး ဓာတ်ပုံတွဲရိုက်ချင်တယ် ဆိုလို့ တန်းစီပြီး ရိုက်ကြသေးတယ် ။
zoo က ထွက်တော့ Holy Spring ဘက်ကို ထွက်လာကြတယ် ။ pura tirtha empul ဘုရားကျောင်းလို့ခေါ်တယ် ။ ဘာလီ အလယ်ပိုင်းလောက်မှာ ရှိတယ် ။ စိမ့်စမ်းရေ ထွက်ပေါက်က ထွက်လာတဲ့ ရေကို တန်ခိုးရှိတယ်လို့ ယူဆပြီး မျက်နှာသစ်ကြ ရေဝင်စိမ်ကြတယ် ။
ဒီဘုရားကျောင်း အပါအဝင် Batur Lake, Temple စတဲ့ ဘုရားကျောင်းအားလုံး ကမ္ဘာ့ အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတယ် ။ ခရစ်တော်ပေါ်ပြီး ဆယ်ရာစုကနေ ဆယ်လေးရာစု အတွင်းမို့လို့ နှစ်ပေါင်း၆၀၀ ကျော်သက်တန်း ရှိတဲ့ world heritages များဖြစ်ပါတယ် ။
 |
ဟိုဘက်ကထွက်တဲ့ရေကို ဒီဘက်က ဆည်ထားတာကြည်နေရောပဲ |
 |
မျက်နှာကျက်တွေ စိတ်ဝင်စားလို့ |
 |
အမိုးတွေကလဲ အထပ်ထပ် ခိုင်ခန့်လိုက်တာ |
 |
သက်ကယ်တွေကို အခွေလိုက်မိုးထားတာ နှစ်ပေါင်း ၂၀ လောက်ခံတယ်တဲ့ |
လူတွေ ဆင်းစိမ်လို့ ရတဲ့ နေရာရဲ့ နောက်ဘက်မှာ စိမ့်စမ်းထွက်တဲ့ နေရာကို ကန်နဲ့ ဘောင်ခတ်ထားတယ် ။
 |
စိမ့်စမ်းပေါက်အစ ဒီဘက်က ထွက်တဲ့ ရေကို ရေညှိတွေမပါအောင် ကန်ဟိုဘက် မျက်နှာသစ်တဲ့ ဘက်ထိ စစ်ထားတဲ့ နည်းက မြင့်တယ်ထင်မိတယ် ။ ဟိုဘက်က ရေညှိမပါဘူး |
အဲဒီ ကန်ရဲ့ အတွင်းဘက်မှာ တောင်ကုန်းလေး နှစ်ခု ရှိပြီး ၁၉၆၅ တုန်းက အာဏာရှင် အင်ဒိုနီးရှား သမ္မတဟောင်း ဆူကာနို လာရင် တည်းဘို့ အိမ်ဆောက်ထားပါတယ် ။ ခုတော့ အရေးကြီး ပုဂ္ဂိုလ်များတည်းရန် သတ်မှတ်ထားတယ် ။
 |
ဆူကာနိုရဲ့ တည်းခိုနန်းတော် |
အဲဒီတောင်ကုန်းလေးရဲ့ အောက်မှာတော့ စမ်းရေနဲ့ ပြုလုပ်ထားတဲ့ ရေကူးကန်ကို သမ္မတဆူကာနို အတွက် ဆောက်ထားပေးပြီး အခု မသုံးတော့ ပဲ ငါးတွေ မွေးထားတယ် ။
 |
ဆူကာနိုရဲ့ စမ်းရေးနဲ့ လုပ်ထားတဲ့ ရေကူးကန်ဟောင်း |
ဘုရားကျောင်း ဘေးပေါက်မှာ ဆိုင်တန်းလေး ရှိပြီး တော်တော်စည်ကားတယ် ။ ဈေးနှုန်းလဲ သင့်တင့်ပါတယ် ။ ဒါပေမယ့် ဘိုက်နာနေလို့ မဝယ်ခဲ့ရပြန်ဘူး အိမ်သာပဲ ရှာနေရတယ် :D
 |
ဒီပုံထဲမှာ ကြည့်လို့ မသင့်တော်တာပါတယ် |
 |
သေချာရှာပြီးကြည့်ကြနော် :D |
ဘုရားကျောင်းက ထွက်လာကြတော့ ဘာလီရဲ့ နာမည်ကြီး လူဝကော်ဖီ ရောင်းတဲ့ ကော်ဖီ စိုက်ပျိုးရေး အရောင်းဆိုင်ဆီကို ထွက်လာကြတယ် ။
 |
ကော်ဖီစေ့ အဖိုနဲ့ အမ / အဖိုက သေးသေးလေး နှစ်ခြမ်းခွဲလို့ မရဘူး ပိုခါးတယ်တဲ့ |
 |
လူဝစားတဲ့ ကော်ဖီသီး |
 |
Luwak |
 |
လူဝကောင်လေးပါထားတဲ့ ကော်ဖီစေ့အီးတုန်း |
 |
အဲအတုန်းအတိုင်း ထုပ်ထားတာ |
 |
ကလေးလေးက လာဝယ်တဲ့သူတွေလဲ လာရော ထလာပြီး ယောင်းမလေးကိုကိုင်ပြီ ဒီဘက်ကို ပြုံးပြတယ် အဲတာ နဲ့ ဓာတ်ပုံရိုက်လိုက်မှ သွားပြန်ထိုင်တယ် :D |
အဲဒီ ကော်ဖီဆိုင်မှာလာတဲ့ ဧည့်သည်တွေကို ထိုင်ဘို့နေရာလေးတွေ လုပ်ပေးထားပြီး ရောင်းတဲ့ ကောင်မလေးတွေက သူတို့ရဲ့ တခြားကော်ဖီများနဲ့ ဧည့်ခံတယ် ။
 |
စီးပွားရေး :D |
 |
အလကားရတဲ့ ကော်ဖီများ |
အဲတာတွေက ဘာလဲ ဆိုတော့ ဂျင်ဆင်းကော်ဖီ ဂျင်းကော်ဖီ ဘာလီကော်ဖီ စပလင်ကော်ဖီ ကိုကိုးကော်ဖီ ချဉ်ပေါင်သီးကော်ဖီ နဲ့ အုန်းနို့ကော်ဖီတွေ ။ အမှန်က ဂျင်းရယ် စပလင်ရယ် ချဉ်ပေါင်သီးရယ်က ကော်ဖီမပါပါဘူး ။ ကျန်တာတွေပဲပါတယ် ။ အားလုံးသောက်လို့ကောင်းတယ် ။ အားလုံးအလကားတိုက်တယ် ။ ဒါပေမယ့် လူဝ ကော်ဖီ လို့ခေါ်တဲ့ Luwak coffee ကတော့ တခွက်မြည်းရင် ရူးပီးယား ၅သောင်း ဆိုတော့ US$ 5 လောက်ကျတာပေါ့ ။
သူများတို့တော့ မသောက်ခဲ့ဘူး ။ ဘာလို့လဲ ဆိုတော့ လူဝ ဆိုတဲ့ အကောင်လေးက ကော်ဖီသီးနီနီလေးတွေ ကိုစားပြီး အစေ့တွေကို အစာမချေပဲ အီးနဲ့ တူတူ အတောင့်လိုက်ပါထားတာလေးတွေကို ဒီတိုင်းလှော်ပြီး ကြိတ်ထားတာမို့လို့ ။
သူ့ကော်ဖီက ဘာလို့ကောင်းလဲ လို့ မေးကြည့်တော့ ကဖင်းဓာတ် ၈၀ ရာခိုင်နှုန်းလျော့သွားလို့တဲ့ ။ အမြဲသောက်ရင် ပိန်တယ် ဘာညာနဲ့ ဘာလီကကောင်တွေ အတော်လုပ်စားတတ်တယ် ။ ၂ငုံလောက်စာလေးကို မြည်းချင်ရင် ၅ဒေါ်လာ ဆိုတော့ ဘာလီပါးနဲနဲ ဝလာတော့ တော်ပြီလို့ပဲ ပြောလိုက်တယ် ။
ဒါပေမယ့် ကျန်တဲ့ ကော်ဖီတွေ ကိုကြိုက်လို့ ဝယ်လာခဲ့ပါသေးတယ် ။
ဘာလီကော်ဖီရယ် စပလင်ကော်ဖီရယ် ဂျင်းဂျာတီးရယ် စပလင်အနံ့ အနှိပ်ဆီ နဲ့ လာဗင်ဒါအနံ့ အနှိပ်ဆီတို့ ဝယ်လာတယ် ။ ဘယ်လောက်လဲ ဆိုတော့ ရူးပီးယား ၅သိန်းခွဲ ။ အားနာလို့ ဝယ်လာတာ ။ လုံးးးးးးးးးးဝ မတန်ဘူးဆိုတာ သဘောပေါက်တယ်ဟုတ် ။
US$ 70 လောက် ဆို စလုံးမှာ ကမ္ဘာ့အကောင်းဆုံး ကော်ဖီတောင်ဝယ်လို့ရတယ် ။
ဂလိုနဲ့ ဝယ်လိုက်သမျှ အီလည်လည်တွေချည်းပဲ ။ ပြီးတော့ မျောက်ရွာ သွားမယ်တဲ့ ။ မြောက်ရွာတွေ ၃ရွာလောက်ရှိတဲ့ အထဲမှာ အသေးဆုံး လူမလာဆုံးနေရာ ကို လိုက်ပို့တာပါ ။ ကိုယ်လဲ ပထမဆုံးအခေါက်ဆိုတော့ ဘာလီရည် မလည်သေးတော့ ပြုံးပြုံးနဲ့ပဲ ခေါင်းတညိတ်ညိတ် လုပ်နေလိုက်တယ် ။ အမှန်က သူလိုက်ပို့လို့ပါ မျောက်တွေမကြည့်ချင်ပါဘူး ။
မြောက်ရွာထဲကို လည်ဘို့ အဲထဲက မိန်းမတယောက်နောက်ကို လိုက်ရတယ် ။ ချီလီနဲ့ ဒရိုင်ဘာက အပြင်မှာ ကျန်ခဲ့တယ် ။ မျောက်တွေ ပြပြီးတော့ သူ့ဆိုင်လေးကို ဖိတ်ပါရစေဆိုပြီး ခေါ်သွားတယ် ။ ပြီးတော့ ဈေးရောင်းရော ။ အားနာတာနဲ့ ဂါဝန်အဝါ တထည်ရွေးပြီးဈေးမေးတော့ ရူးပီးယား ၂သိန်းခွဲတဲ့ ။ အမယ်ယေးဂျာ ။ လိုချင်တာက အဖြူရောင်လေး ။ သူ့မှာ ရှိတာက လိမ္မော်ရောင် အနီရဲရဲ နဲ့ အဝါရောင်
နောက်တော့ ရှော့ပင်းစင်တာက ဈေးကို သိထားတော့ မဆစ်ရဲဘူး ။ အတင်းနဲ့ ပေးမသွားပဲ ဆစ်ခိုင်းနေတယ် ။ တို့ကျိုက်ထီရိုးက ဈေးသည်လေးများကိုချည်းပဲ မနှိမ်ကြပါနဲ့ ။
ဒါဘာလီနော် ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲက ဖြူသီက သီချင်းထဲမှာ ဆိုထားတာတော့ ဘာလီက ချစ်စရာလေး ။ ဟီးဟီး ။ စရိုက်ဆိုတာလူမျိုးနဲ့ မဆိုင်ပါဘူးလို့ ။ :D
နောက်တော့ ဆစ်ချလိုက်တာ ၈သောင်းနဲ့ တည့်သွားတယ် ။ စိတ်လေလေနဲ့ ထွက်လာပြီး သူက ထပ်မေးသေးတယ် အဖြူရောင်လိုချင်လား ငါ့သူငယ်ချင်းဆိုင်မှာ ရှိတယ်တဲ့ ။ ဒါပေမယ့် ရောက်နေရာက မရွေ့နဲ့ ဆိုပြီး ဆိုင်တွေထဲကို သူတယောက်ထဲ ပြေးဆင်းသွားပြီး အကြာကြီးစောင့်နေရပြီး ပြန်လာခေါ်တယ် ။
ကိုယ်ကလဲ သစ္စာစောင့်သိတယ် တွေ့တဲ့ဆိုင်ကိုမဝယ်ဘူး ။ သူပြန်လာတဲ့ အထိစောင့်တယ်။ သူခေါ်သွားတဲ့ ဆိုင်ရောက်တော့ ထုပ်ပြတဲ့ အဖြူတွေက အဟောင်းတွေ ။ မရမက ဝယ်ခိုင်းပြန်ရော ၈သောင်းလားဆိုတော့ လျှော့ပါမယ်တဲ့ ။ ပထမ မိန်းမက ဘာလစ်ရှ် လိုပြောတယ် ။ နောက်တော့ မလျှော့တော့ပါဘူး ၂ထည်ယူမှ လျှော့မှာပါလုပ်ရော ။ ခုပဲလျှော့မယ် ခုပဲ မလျှော့ဘူး ။ အညှိုးညှိုးပဲ ။ ငါနော်
နေပါစေတထည်ပဲ ယူမယ် ဆိုပြီး ငွေရှင်းပြီးထွက်လာတော့ နောက်ကနေ လိုက်ပြောတယ် ။ နောက်တထည်ယူပါ ၃သောင်းတဲ့ ။ :(
လူက အန်တောင် အန်ချင်လာတယ် ။ ကလိမ်ကကျစ်ဆို အပြုံးမပျက်သာ ဆက်ပြောနေမယ် ။ လူက ဒောသ ထွက်လာတာ ။ အဲတာလဲ ကိုကိုချီလီရဲ့ အဆက်သွယ်တွေပဲ ။
နောက်တနေရာကတော့ နောက်ဆုံးဘုရင်ရဲ့ ဘုရားကျောင်း ။ ဒီနေရာကလဲ တူတူပါပဲ ။ ထူးဆန်းတာ တခုပဲ ရှိတယ် ကြက်တိုက်တဲ့ အဆောင်ကြီးရှိတယ် ။ ဘုရင်တွေ ခေတ်က ။ ရုပ်တုတွေဘာတွေ နဲ့ ပြန်လည်ခင်းကျင်းပြသထားတယ် ။ တိုက်ကျက် အစာကျွေးပုံတွေ ဘာတွေပေါ့လေ ။
 |
နှစ်သစ်ကူးပွဲ ရှိတယ် |
 |
အိမ်တွေကြားက လယ်တွေ |
 |
အနိမ့်အမြင့် ထူတဲ့ လမ်း |
 |
အမျိုးသမီးများ ဓမ္မတာ လာနေချိန်မဝင်ရတဲ့ |
 |
နောက်ဆုံးဘုရင်ရဲ့ ဘုရားကျောင်း ရေပန်းက လွန်ခဲ့တဲ့ ၁၆ ရာစုထဲက ထည့်ဆောက်ထားတာ ခေတ်မီလို့ ရိုက်လာတာ |
 |
ကြက်တိုက်တဲ့ တဲကြီး |
အမှတ်တရ ဒီဘုရားကျောင်း မှာ ဘွတ်ဘွတ်ပါခဲ့ရသေးတယ် ။ တော်သေးတယ် ဘာလီက အိမ်သာတွေ အကုန်သန့်တယ် ။ နို့မို့ မလွယ်ဘူး ။
 |
ဘာလီထွက်ကျောက်တွေ မည်းမည်းကြီးက ချော်ရည်ပူကျောက် |
 |
ဘာလီမှာ ဆင်းရဲသားတွေတောင် ဒါမျိုးမိုးနိုင်တယ် |
 |
မြန်မာပြည်မှာတော့ သူထိန်းတွေပဲ သုံးနိုင်တယ် |
 |
အုတ်တွေ က အထူကြီးတွေ |
ဒီနေ့နောက်ဆုံး လိုက်ပို့တဲ့ နေရာကတော့ တကယ် အလွန်လှတဲ့ sun set beach ပါပဲ ။ တော်တော် လှတယ် ။ Tanalok လို့ခေါ်တဲ့ ကမ်းခြေ ။ ရေကူးလို့ မရဘူး ကျောက်ဆောင်အချွန်တွေ ထူထပ်များပြားပြီး လှိုင်းကြီးတယ် ။ တောင်စွန်းပေါ်မှာ ဘုရားလေး တဆူရှိတယ် ။ ပိတ်ထားတယ် တတ်လို့ မရဘူး ။ အဓိကက ရှုခင်း လာကြည့်ကြသူတွေ အများကြီးပဲ သောင်ပြင်တဝိုက် အပြည့်ပဲ ။
ရေတတ်ချိန်ဆို ဒီလိုဖြစ်နေတာ ။ ကံကောင်းတော့ ရေကျချိန်နဲ့ သွားတိုးတယ် ။ နည်းနည်းမှောင်နေပြီ ။ ဓာတ်ပုံတောင် ရိုက်လို့ မကောင်းတော့ဘူး ။
 |
ဒီရေတတ်ချိန်ဆို ဒီနေရာတွေက ရေပြင် အပြည့် |
 |
အပေါ်ကို တတ်တဲ့ လမ်းကို ပိတ်ထားတယ် |
 |
အဲဒီဂူထဲမှာ မြွေနေတာ |
အဲဂူထဲမှာ ငန်းတော်ကြားမြွေသူတော်ကောင်း ၂ကောင်ရှိတယ် ။ သွားကိုင်ရင် ကံကောင်းတယ် ဆိုလို့ တန်းစီပြီးသွားကိုင်ကြတယ် တခါကိုင် ၅၀၀၀ ။ ကိုယ်တော့ မကိုင်ဘူး သမီးတို့တော့ ကိုင်ကြတယ် ။
မြွေလဲ ဝဋ်ပဲနော် ။ တယောက်ကလာလိုက် မ, ကြည့်လိုက် တယောက်ကလာလိုက် ကိုင်ကြည့်လိုက် ။ သနားပါတယ် ။ Animal torture ပဲ ။ ကံကောင်းခြင်ရင် မြွေ ဘာကြောင့် ကိုင်ရမှာလဲ တခြားဟာ လုပ်ပါလား ။ ဘုဂလန့်သိပ်ကျလို့ မဖြစ်ဘူး ။ ဘေးရောက်သွားလိမ့်မယ် အဟီး
 |
ဒါက ဂူးဂဲလ်က ပုံ |
 |
ဟိုဘက်တွေမှာ ကျောက်ဆောင်တွေ ဘုရားတွေ ရှိသေးတယ် မှောင်နေတော့ မသွားတော့ဘူး |
ကိုကိုချီလီ ကို Fed up ဖြစ်လာတဲ့ တို့တသိုက် ဘာမှ မစားပဲ ဟော်တယ်ပဲ ပြန်ပို့ခိုင်းလိုက်တယ် ။ ရေမိုးချိုးပြီး တော့ ၁၀နာရီခွဲပြီ ။ ဟော်တယ်က ဆိုင်မှာ အစားသောက်သွားရှာတော့ ရှိသေးတယ် ။ စားလို့ကောင်းမှကောင်း ။ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ။
 |
ပြောရမယ်ဆို စားဘူးသမျှတွေထဲမှာ အကောင်းဆုံး Fish and chips |
 |
lamb rib နဲ့ ထမင်း |
 |
ဆိတ်သားဟင်းနဲ့ ထမင်း |
|
|
စားလို့ကောင်းမှကောင်း သန့်ရှင်း လတ်ဆတ် ပြီး ဆုံးဖြတ်ချက် မှန်သွားတယ် :D ။ စားလို့ ပြီးတော့ ဟော်တယ်အပြင်ထွက်ပြီး ဂျလန်းဂျလန်းကျသေးတယ် ။ စားသောက်ဆိုင်တွေ မပိတ်ကြသေးဘူး ။ ရှော့ပင်ဆိုင်တွေတော့ ပိတ်ပြီ ။ ၁၁ နာရီထိုးပြီလေ ။ ဒီတခေါက်တော့ မစားနိုင်တော့ဘူး ။ နောက်တခေါက်ရောက်ရင် လျှောက်စားမယ် ။ :D
မနက်ကျရင် spa လုပ်မယ် ။ လိပ်ကျွန်းသွားမယ် ။ ရေအောက်သန္တာကျောက်တန်းတွေနဲ့ ငါးတွေ သွားကြည့်မယ် ။ နေ့လည် ရှော့ပင်ထွက်မယ် ။ ပါတိတ်ဝယ်မယ် ။ ညကျရင် စင်ကာပူပြန်မယ် ။
တာ့တာ for now.
တော်ပြီ ဂါဝန်တထည် ၂ သောင်းရမှပဲ ဝယ်တော့မယ်။ ဒါတောင် များနေဦးမယ် ထင်တယ် :)
ReplyDeleteငါက ဈေးမဆစ်တတ်လို့ ခုနောက်ပိုင်းဆို တခွန်းဈေးမကပ်ထားရင် လုံးဝ မဝယ်ဘူးဟ။ ဂရိမှာလည်း အဲလိုပဲ လိုချင်တဲ့ သူတို့ရိုးရာ အထည်လေးတွေ တွေ့တယ်။ မဝယ်ခဲ့ဘူး။ ဘယ်အချိန်များမှ တခွန်းဈေးကပ်ပြီး ရောင်းကြမလဲ မသိပါဘူး။ အီဂျစ်မှာတော့ တော်တော်ဆိုးတာ။ ဈေးမေးတာ မတန်ဘူးထင်လို့ မဆစ်ဘဲ ထွက်လာခဲ့တာ နောက်ကနေအတင်းလိုက်ထိုးပေးတယ်။ ဈေးပေးကြည့်ပါပေါ့။ မဆစ်မချင်း နောက်ကလိုက်တာ။ အဲဒါ ကိုယ်က ဈေးမေးမိလို့လေ။ စိတ်ရှုပ်လို့ မပေးနိုင်တဲ့ဈေး မတရားဈေးဆစ်ချလိုက်တာ(သူတို့မရောင်းနိုင်ဘူးထင်လို့) ရလာတယ်တော့။
ဝက်ကောင်လုံးကင် စားချင်သား။ ပုံကတော့ ညစ်ပတ်မယ့်ပုံနော် ..ဟိ
ငါတို့သွားရင် ဂိုက်မခေါ်ဘူး။ ပက်ကေ့ခ်ျ မဝယ်ဘူး။ ကိုယ့်ကိုယ်ပဲသွားမယ်။ ဟိုတယ်လည်း ကိုယ့်ကိုယ်ပဲ ဘွတ်ကင်လုပ်မယ်။
ဂိုက်တန်းလန်း ပါနေရင် တနည်းအားဖြင့်အဆင်ပြေပေမယ့် တနည်းအားဖြင့်လည်း ရှုပ်တယ်။
ထမင်းလေးကလည်း နည်းလိုက်တာ.. ဒီကဆိုင်တွေ အတိုင်းပဲ...:D
ဟုတ်တယ် သယ်ချင်း နင်တို့ဆို ကလေးမပါတော့ အဲလိုသွားတာ အကောင်းဆုံးပဲ .... လူတွေစိတ်ရှူပ်စိတ်ပျက်အောင် ဘာလို့လုပ်နေမှာလဲနော် တခွန်းဈေးခပ်တည်တည်ရောင်းလိုက်ပေါ့ .... ခရီးသါားရတဲ့ အနှစ်သာရတွေ ပျက်တယ် ...
ReplyDeleteဝယ်လာတဲ့ ဂါဝန်လေးတွေပြပါ....
ReplyDeleteဝါထိန်တောက် ဟိဟိ ဝတ်ပြီး မလျှော်ရသေးဘူး
Delete