ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ - ၈














Bouquet of Lilies Clock (Fabergé egg)

လီလီပန်းစည်းနာရီ ဥကလဲ နီကိုလပ်စ်က အဲလက်စ်ကို ၁၈၉၉  အီစတာလက်ဆောင်အနေနဲ့ပေးတာပါ ။ ဥရဲ့ကိုယ်ထည်တစ်ခုလုံးကိုစိန်အတန်းတွေနဲ့ ၁၂ပိုင်းခြားထားပြီး ခါးနေရာကနေ စိန်စီထားတဲ့ရိုမန်ဂဏန်းများနဲ့ နာရီက အဝိုင်းပတ်လည်ပြီးအချိန်ကိုပြပါတယ် ။ စိန်စီထားတဲ့လေးတင်ထားတဲ့မြားလေးရဲ့ ထိပ်က ဘယ်နှစ်နာရီရှိလဲ ဆိုတာကို ညွှန်ပြပါတယ် ။ ရွှေအိုရောင်အောက်ခြေခုံမြင့်လေးကို ရွှေနှင်းဆီပန်းဆိုင်းများနဲ့ အလှဆင်ထားပြီး ပြုလုပ်သည့် ခုနှစ် ၁၈၉၉  ကိုတပ်ဆင်ထားတယ် ။ အဖြူရောင် မဟူရာနဲ့လုပ်ထားတဲ့လီလီပန်းကလေးများက နီကိုလပ်စ်ရဲ့ အဲလက်စ်ပေါ်ချစ်တဲ့ ချစ်ခြင်းနဲ့ ရိုးစားဖြူစင်မှုကို ညွှန်းဆိုပါတယ် ။ ရွှေသော့လေးက နာရီသံပတ်ပေးဘို့ဖြစ်ပြီး ဒီဥလေးရဲ့ ဆပရိုက်စ်ကတော့ ပျောက်ဆုံးနေဆဲပါ ။

Pansy (Fabergé egg)
တောပန်းလေးဆိုတဲ့ ဥက နီကိုလပ်စ်က မားမားကြီးကိုပေးတာပါ နက်ဖရိုက်ကျောက်စိမ်းနဲ့ ဥခွံကိုပြုလုပ်ထားပြီး ငွေပင်စည်လေးကလိမ်တက်သွားတဲ့ပုံနဲ့ပတ်ထားပါတယ် ။ တောရိုင်းပင်စီပန်းကလေး ငါးပွင့်နဲ့ အဖူးလေးတွေလဲပါပါတယ် ။ diamond-set Star of Bethlehem ဘသ်လီဟမ်စိန်ကြယ်ပွင့်ပုံလေးထပ်မှာ တပ်ဆင်ထားတဲ့ ရွှေပန်းချီကားထောက်တိုင်လေးက အသဲပုံ စိန်တွေကွပ်ထားပြီး စိန်သရဖူလေးတင်ထားတဲ့ အိုပယ်ရောင်ကဗျည်းပြားလေးကိုချိတ်ထားပါတယ် ။  ရွှေစတော်ဘယ်ရီသီးသေးသေးလေး ၁၁လုံးမှာ နာမည်အစစာလုံးလေးတွေပါပြီး ခလုပ်လေးတွေကို နှိပ်လိုက်ရင် မယ်တော်ကြီးမာရီယာရဲ့ သားသမီးမြေမြစ်တွေရဲ့ ပန်းချီပုံလေးတွေ ကိုတွေ့ရမှာပါ ။

Cockerel (Fabergé egg)
မူလနာမည်  Cuckoo Clock Egg အောက်အီးအီးအွတ်ကြက်ဖနာရီလေးပါ သူရဲ့ ဆပရိုက်စ်က တနာရီထိုးတိုင်း ကြက်ဖလေးက ငယ်ထိပ်ကနေထွက်လာပြီးအော်တာပါ ။

Clover Leaf (Fabergé egg)
ကလိုဗာရွက်ဥ ကလေးကတော့ ချစ်ဇနီးအတွက် နီကိုလပ်စ်ရဲ့ လက်ဆောင် ဖြစ်ပြီး ဇကာပေါက်စတိုင် ကလိုဗာရွက်လေးတွေ ရွှေနဲ့ကွက်ကြိုကွက်ကြား ဖန်တီးထားပြီး ကြားထဲမှာ ပတ္တမြားနီနီရဲရဲ လေးတွေကိုစီပြီး ဖဲကြိုးလေးလို ဖန်တီးထားပါတယ် ။ သူ့ရဲ့ ဆပရိုက်စ်ကတော့ ခုထိရှာဖွေမတွေ့ပျောက်ဆုံးနေဆဲဖြစ်ပြီး သမိုင်းဝင်ဓာတ်ပုံများထဲက အထောက်အထားများအရ အရွက်လေးမွှာပါတဲ့ စိတ်ကလိုဗာ ရွက်ကလေးမှာ နီကိုလပ်စ်နဲ့ အဲလက်စ်တို့ရဲ့ သမီးလေးဦးဖြစ်တဲ့ အော်လဂါ တတ်တီယားနာ မာရီယာ နဲ့ အန်နာစတေရှာ တို့ရဲ့ ပုံတူလေးတွေလို့ ဆိုပါတယ် ။ အန်နာစတေရှာ ဆိုတဲ့ ရုရှားမင်းသမီးလေး အကြောင်း ကာတွန်းကားလေးရှိပါတယ် ။

Empire Nephrite(Fabergé egg)

မကြာသေးတဲ့ 2015 ခုနှစ်တုန်းက ကျွမ်းကျင်သူများရဲ့ ရှာဖွေတွေ့ရှိမှုအရ အလွန်အရေးပါတဲ့ သမိုင်းဝင် စာရွက်စာတမ်းဖြစ်တဲ့  the "List of the personal property of the Dowager Empress Maria Feodorovna,28 July 1917မှာပြုစုခဲ့တဲ့  မိဘုရားခေါင်ကြီး မာရီယာဖီရိုဒိုရော့ဗနာ၏ ကိုယ်ပိုင်ဥစ္စာပစ္စည်းများစာရင်း ကို ဂတ်ချီနာနန်းတော်ရဲ့ စတိုခန်း မှာရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ စာမျက်နှာ ၁၂မျက်နှာပါတဲ့ စာအုပ်ငယ်လေးထဲမှာ ရတနာပစ္စည်းပေါင်း အနည်းဆုံး ၁၅၀ ခန့်စာရင်းလုပ်ထားပြီး မယ်တော်ကြီးမာရီယာ တစ်ဦးတည်းပိုင်ဆိုင်သော ဖာဘယ်ဂျေးရဲ့ တော်ဝင်  Imperial egg ဥ ၇လုံးလဲ အပါအဝင်ဖြစ်ပါတယ် ။ ဒုတိယစာမျက်နှာက နံပါတ် တစ်ဆယ်မြောက်မှာ ရွှေကွပ်ထားသော နက်ဖရိုက်တိုင်နှစ်လုံး မှာချိတ်ထားတဲ့ ဥမှာ  သမီးတော် Gr. Dss. Olga Alexandrovna နှင့် သူ၏ပထမခင်ပွန်း Duke P.A. Oldenburg ၏ပုံများအထဲတွင်ပါသည် ဟု အတိအကျ ရေးထားတယ် ။

Peter the Great (Fabergé egg)

1703 မှာ စစ်ပွဲပေါင်းများစွာအောင်နိုင်ခဲ့တဲ့ ဇာဘုရင်ကြီး ပီတာ စတင်တည်ထောင်ခဲ့တဲ့ စိန့်ပီတာစဘတ် မြို့ဟာ ဇာဘုရင် နီကိုလပ်စ်လက်ထက် 1903 မှာ နှစ်ပေါင်းနှစ်ရာ ပြည့်ခဲ့တယ် ။ ဘုရင်ကြီး ပီတာသည်ဂရိတ်ဟာ ရုရှားမြို့တော် မော်စကို ကနေ စိန့်ပီတာ စဘတ်မြို့ကိုနေပြည်တော်အဖြစ်ပြောင်းရွှေ့ခဲ့တယ် ။ အနောက်စစ်ပွဲကြီးကာလဖြစ်သည်နဲ့အညီ အနောက်ပိုင်းက ပြူတင်းပေါက်မြို့အဖြစ် တင်စားပြီး အရှေ့ဘက်မော်စကိုမြို့နဲ့မတူအောင် စိန့်ပီတာစဘတ်မှာ အနောက်ယဉ်ကျေးမှု ဗဟိုအဖြစ်သတ်မှတ် အနောက်ယဉ်ကျေးမှုများ ထွန်းကားအောင်ကြံဆောင်ခဲ့ပါတယ် ။
မြို့တော် နှစ် ၂၀၀ ပြည့် အထိန်းအမှတ် နီကိုလပ်စ်က အဲလက်စ်ကို လက်ဆောင်ပေးခဲ့တဲ့ Peter The Great ဖာဘယ်ဂျေးဥကို အနီရောင် အစိမ်းရောင်အဝါရောင် ရွှေ ပလက်တီနမ် ပတ္တမြား သလင်းကျောက် စိန်တို့နဲ့ ကနုတ်ပန်းလေးတွေ ဖန်တီးခဲ့ပါတယ် ။ လေးညှင်းရွက်လေးတွေ နဲ့ ရေစပ်မှာပေါက်တဲ့ကိုင်းပင်ရိုးလေးတွေကို အစိမ်းရောင်ရွှေနဲ့ လုပ်ခဲ့ပြီး ကိုင်းပွင့်ဖြူလေးတွေကို ပတ္တမြားအနီလေးတွေနဲ့ ပုံဖော်ခဲ့တယ် ။ ကိုင်းပင်လေးတွေက အမြဲစီးဆင်းနေတဲ့ ရေအလျင်ကို ကိုယ်စားယူခဲ့ပါတယ် ။
ဥရဲ့ အပေါ်ပိုင်း အဖုံးက နီကိုလပ်စ်ရဲ့ ပန်းစာလုံးကိုပန်းခိုင်တွေကြားမှာထားပြီး ကြွေဆေးအဖြူနဲ့ ဖဲကြိုးပုံပေါ်မှာ သမိုင်းအထောက်အထားကို ရေးထိုးထားတယ် ။
ဥခွံပေါ်မှာ ဆင်စွယ်ပေါ် ရေဆေးနဲ့ ပုံလေးပုံရေးဆွဲထားပြီး နှစ်ပုံက စိန့်ပီတာစဘတ်မြို့ရဲ့ ယခင်နဲ့ ယခု 1703 & 1903 နှစ်ပုံရေးထားတယ် ။ တစ်ပုံက လွန်ခဲ့တဲ့ နှစ်နှစ်ရာက ပီတာ ကိုယ်တိုင် မြို့သစ်စတည်ချိန်မှာ ဆောက်ပြီးနေခဲ့တဲ့ သစ်လုံးအိမ်လေးရဲ့ ပုံဖြစ်ပြီး ယခုပုံကတော့ နီကိုလပ်စ်တို့ ပင်တိုင်စံမြန်းနေတဲ့ ဆောင်းတွင်းနန်းတော် Winter Palace ပုံဖြစ်ပါတယ် ။ နောက်နှစ်ပုံကတော့ ပီတာပုံနဲ့ နီကိုလပ်စ်တို့ရဲ့ ပုံတွေ ဖြစ်ပါတယ် ။
ပုံတွေရဲ့အောက်မှာ
The Emperor Peter the Great, born in 1672, founding St. Petersburg in 1703",
"The first little house of the Emperor Peter the Great in 1703",
"The Emperor Nicholas II born in the 1868 ascended the throne in 1894" and
"The Winter Palace of His Imperial Majesty in 1903."
လို့ရေးထိုးထားပါတယ် ။
ဒီဥရဲ့ ဆပရိုက်စ်ကတော့ အဖုံးကိုဖွင့်လိုက်တဲ့အခါမှာ ဘုရင်ကြီးပီတာမြင်းစီးနေတဲ့ ရုပ်တုလေး နဲ့နီလာကျောက်ဖျာလေးမြင့်တတ်လာပါတယ် ။ ဒီရုပ်တုဟာ စိန့်ပီတာစဘတ်ရဲ့ မြို့လည်နီဗာ အရပ်မှာ စိုက်ထူထားပြီး ဒီ19ရာစု သူရဲကောင်းပီတာရဲ့ မြင်းစီကြေးရုပ်တု Bronze HorseMan ဒီမြေပေါ်မှာရပ်နေသမျှ ဒီမြို့ကိုရန်သူမနို်င်စေရ ဆိုတဲ့ အဓိပ္ဗါယ်ဖြစ်ပါတယ် ။

Royal Danish (Fabergé egg)

မယ်တော်ကြီးရဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဒိန်းမတ် ဘုရင်ကြီးနဲ့ဘုရင်မကြီးတို့ရဲ့ အမှတ်တရ ဒိန်းမတ်ကိုပြန်အလည်သွားမယ့် မယ်တော်ကြီးမာရီယာ ကို သားနီကိုလပ်စ်က လက်ဆောင်ပေးခဲ့တာပါ ။ ဒိန်းမတ်နန်ုးတော်အမှတ်အသားများနဲ့ ဆင်အဖြူရောင်လေးပါတဲ့ အဖုံးကို ဖွင့်လိုက်ရင် နီကိုလပ်ရဲ့ အဖိုးနဲ့အဖွားဖြစ်တဲ့ ဒိန်းမတ် ဘုရင်နဲ့ ဘုရင်မကြီးပုံ လေးကိုမြင်ရမှာပါ ။

Swan (Fabergé egg)
အိမ်ထောင်တည်တဲ့ခိုင်မြဲတဲ့ အထိန်းအမှတ်နဲ့ မိသားစုဆိုတဲ့ အထိန်းအမှတ်ကိုကိုယ်စားပြုတဲ့ ငွေငန်းရုပ်လေးတွေပါတဲ့ ငွေငန်းဥကိုလဲ မယ်တော်ကြီး မာရီယာနဲ့ ပါပါးတို့ရဲ့မင်္ဂလာ နှစ်သက်တန်း ၄၀ပြည့် 1906 မှာပေးခဲ့ပါတယ် ။ ဗေဒါရောင် ကြွေဆေးသုတ်ရွှေဥခွံပေါ်မှာ စိန်းသေးသေးလေးတွေနဲ့ ဖဲကြိုးလေးတွေ လိမ်တွန့်နေတဲ့ ဥခွံလေးကိုဖွင့်လိုက်ရင် သံပတ်ပေးလှုပ်ရှားလို့ရတဲ့  ငွေငန်းလေးနဲ့ Aquamarine ကျောက်နဲ့ လုပ်ထားတဲ့ ရေအိုင်ငယ်လေးထွက်လာပါတယ် ။

Rose Trellis (Fabergé egg)
နီကိုလပ်စ် က မယ်တော်ကြီးနဲ့ ချစ်ဇနီးအဲလက်စ်တို့အတွက် 1907 ခုနှစ်အီစတာအတွက် ဥတယောက်တလုံးပေးခဲ့တာ ဒီတလုံးကအဲလက်စ်အတွက်ပါ ။သူ့ရဲ့ ဆပရိုက်စ်လေးတွေ လဲ ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ။

Cradle with Garlands (Fabergé egg)
Love Tropy အချစ်ရဲ့ ဆုဖလား သို့မဟုတ် ပန်းကုံးများနှင့်ပွေ့ဖက်ခြင်းတဲ့ နီကိုလပ်စ်က သူ့မားမားကိုပေးတဲ့ ဥနာမည်က :D ။ ဒီထဲမှာ ပါတဲ့ ဆပရိုက်စ်လေးတွေက တော်ဝင်မိသားစုထဲက ကလေးတွေရဲ့ ရုပ်တုသေးသေးလေးတွေဖြစ်ပြီး ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ။

 Alexander Palace (Fabergé egg)
အလက်ဇန်းဒရားနန်းတော်ဥ က သားသမီး ငါးယောက်တို့ရဲ့ ဆင်စွယ်ပေါ်မှာ ရေးဆွဲထားတဲ့ ရုပ်ပုံလေးတွေ နဲ့ သူတို့ရဲ့ နာမည်အစပန်းစာလုံးလေးတွေကို စိန်လေးတွေနဲ့ ရေးထိုးထားပြီး သူတို့ရဲ့ မွေးနေ့သက္ကရာဇ် ရက်စွဲလေးတွေကို ပုံလေးတွေရဲ့နောက်ဘက် ဥအတွင်းပိုင်းကနေပဲ မြင်ရပါတယ် ။ ဆပရိုက်စ်ကတော့ သူတို့မိသားစုရဲ့ အနှစ်သက်ဆုံး Tsarkoye Selo အရပ်က အလက်ဇန်းဒရား နန်းတော်ကြီးရဲ့ ပုံတူလေးကို ရွှေစားပွဲလေးပေါ်မှာ တင်ထားတဲ့ အနုစိတ်လက်ရာလေးဖြစ်ပါတယ် ။ပန်းခြံလေးပါပါပြီး စားပွဲမှာ "The Palace at Tsarkoye Selo " ဆိုတဲ့ စာတန်းထိုးထားပါတယ် ။

 Colonnade (Fabergé egg)

နီကိုလပ်စ်တို့ကြာမြင့်စွာစောင့်မျှော်ခဲ့ရတဲ့သားအငယ်ဆုံးလေး အဲလက်စီရဲ့မွေးဖွားခြင်း အထိန်းအမှတ်အဖြစ်နဲ့ ဇနီးအားပေးခဲ့တဲ့ လက်ဆောင်လေးဖြစ်ပါတယ် ။ ကော်လံတိုင်လေးတွေ လေးတိုင်ပါဝင်တဲ့ အတွက် Colonnade လို့ ခေါ်တာပါ ကော်လံတိုင်လေးတိုင်ရဲ့အောက်ခြေမှာထို်ငနေကြတဲ့  နတ်သူငယ်လေး လေးပါးက သမီးတော်လေးပါးကိုကိုယ်စားပြုတယ်။ ကော်လံတိုင်တွေရဲ့ အလယ်မှာ လည်ခြင်းယှက်နေတဲ့ ခိုမောင်နှံက ပါပါးနီကိုလပ်စ် နဲ့ မားမားအဲလက်စ်တို့ကိုကိုယ်စားပြုတယ် ။ ပေါင်းမိုးပေါ်က နတ်သူငယ်လေးကျူပစ်ကတော့ ယခုမွေးဖွားတဲ့ သားငယ်လေး အဲလက်စီ ကိုကိုယ်စားပြုပါတယ် ။ ပေါင်မိုးလေးရဲ့အောက်ခြေအနားပတ်လေးက နာရီလေး ဖြစ်ပြီး အဝိုင်းပတ်ပုံစံ လည်ပတ်နိုင်ပါတယ် ။




























Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်