Percy Jackson and the lighting thief ( 1 )





ဂိုးလ်ဒင်းဂိတ် တံတားကြီးအနီးမှာ ရှိတဲ့ ဆိပ်ခံတံတားလေး ဘေးက ရေပြင်ကြီးထဲကနေပြီး  ဘွားကနဲ ကြီးမားတဲ့ လူကြီးတယောက် ပေါ်လာတယ် ။  အံ့သြမင်သက် သွားတဲ့ ငါးဖမ်းသမားကြီးကို တချက်ကြည့်လိုက်ပြီး ကြီးမားတဲ့ လူကြီးဟာ တံတားပေါ်ကို ခြေထောက် တဘက်နဲ့ အသာလေးလှမ်းတက်လာတယ် ။ သူရဲ့ ဝတ်စားဆင်ယင်ပုံက ရှေးခေတ် ဂရိ လူမျိုးတွေလိုပဲ ။ တံတားပေါ်ရောက်တဲ့ အချိန်မှာ တဖြေးဖြေးနဲ့ လူသာမာန် အရွယ်အစားနဲ့  ခေတ်ပေါ် အဝတ်အစားတွေ ဝတ်ဆင်လျက် အလိုအလျောက် သာမာန်လူ ပုံစံကို ပြောင်းလဲသွားတယ် ။

နောက်တော့ ဒီလူဟာ အင်ပါယာစတိတ် အဆောက်အဦကြီးရဲ့ အပေါ်ဆုံးထပ် 102 ထပ် ရှိတဲ့ ဆီကို ရောက်လာပါတယ် ။


အဲဒီမှာ စောင့်နေတဲ့ သူကလဲ ယနေ့ခေတ် ဝတ်စားပုံမျိုးနဲ့ ပဲ ။ သူက Zeus ဆိုတဲ့ နတ်မင်းကြီး ။

ဇုဇ်ကမေးလိုက်တယ် "ပါဆီ ခိုးသွားတဲ့ ငါပိုင်တဲ့ ဝရဇိန်လက်နက် thander bolt ကို အမြန် ပြန်ပေးခိုင်းပါ ။ မပေးရင် သူ့ကို သတ်ပစ်မယ် "တဲ့ ။ အဲဒီအခါမှာ ပါဆီရဲ့  အဖေဖြစ်တဲ့  ရေထဲက တတ်လာတဲ့ ရေနတ်မင်းက လူယောင်ဆောင်လာတဲ့ Poseidon ပွေစိုက်ဒွန် ဆိုတဲ့သူ ။ 



သူကပြန်ပြောလိုက်တယ်.....

" ပါဆီကို မထိနဲ့ ငါသူ့ကို ဖြောင့်ဖျမယ် " လို့ ပြောလိုက်တယ် ။ ဒါပေမယ့် သူဟာ သူ့ရဲ့သား ပါဆီကို တိုက်ရိုက်ဆက်သွယ်စကားပြောလို့ မရဘူး ။ ဒါဟာလဲ ဇုဇ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ Gods တွေဟာ လူလောကက သားသမီးတွေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့် မရှိဘူး ဆိုတဲ့ ဥပဒေသကြောင့်ပဲ ။ အဲဒီလို ဆက်သွယ်ခဲ့ရင် Gods တွေဟာ သာမာန်လူသားဘဝ ကို ကူးပြောင်းသွားလိမ့်မယ် ။ ဒီအချက်ကို ကာကွယ်ထားတာ ။

Zeus ကလဲ" ဒီလက်နက်ကိုအချိန်မီ ပြန်မပေးရင် စစ်ပွဲတွေ ဖြစ်လာလိမ့်မယ် "လို့ သတိပေးလိုက်တယ်

ဒီလိုမျိုး နတ်မင်းကြီးတွေ စစ်ပွဲ ဖြစ်လာရင် မိုးကြီးတွေ ရွာမယ် မြေငလျင်ကြီးတွေ လှုပ်မယ် မီးတောင်တွေ ပေါက်ကွဲမယ် တကမ္ဘာလုံး စိစိညက်ညက် ကျေကုန်မှာလေ...





Percy Jackson ပါဆီဂျက်ဆန် ဆိုတဲ့ ၁၂ နှစ် အရွယ် ဆယ်ကျော်သက်ကောင်လေးတယောက်ရေကူးကန်ကြီးရဲ့ အောက်ခြေမှာ ဇိမ်နဲ့ ထိုင်ပြီး ကျေနပ်နေတယ်

ခဏကြာတော့ ဘွားကနဲ ရေပေါ်ကို ထိုးတတ်သွားတဲ့ အချိန်မှာ ကျေနပ်အားရနေတဲ့ သူငယ်ချင်း ဂရိုဘာ Grover ဆိုတဲ့ ကောင်လေးက " ၇ မိနစ်တောင်ကြာတယ်ကွ " လို့ ပြောလိုက်တယ်




ရှုပ်ယှက်ခတ်နေတဲ့ ကျောင်းသူကျောင်းသားတွေ ကြားကဖြတ်လျှောက်ပြီး စာသင်ခန်းရှိရာကို သွားနေတဲ့ ပါဆီက ဒီလိုအရှုပ်တွေကြားထဲနေမယ့် အစား ရေထဲမှာ ပဲနေလိုက်ချင်တယ် လို့ ဂရိုဘာ ကိုပြောလိုက်တယ် ။
ဂရိုဘာက ခြေနှစ်ဘက် မသန်စွမ်းလို့ ခြေတုတတ်ပြီး သွားနေရတဲ့ ကောင်လေး ။

ပါဆီက စာသင်ခန်းထဲမှာလဲ သူစိတ်မဝင်စားဘူး.. ဒါပေမယ့် တွေးစရာ တခုခု ကြုံတိုင်း နားထဲမှာ အသံ တခုခု ကို ကြားနေရတယ်.... စိတ်ထဲမှာ အဖေဆီက လို့ထင်နေတယ်

အဝေးကနေ ပါဆီ့ကို ရပ်ကြည့်နေတဲ့ ဒယ်ဒီ ပွေစိုက်ဒွန် Modern version


အသစ်အစားထိုးရောက်လာတဲ့ ဆရာမ Ms. Dodds က မေးလိုက်တဲ့ မေးခွန်းကို ပါဆီ မဖြေနိုင်ဘူး ။ ပါဆီက ADHD လို့ခေါ်တဲ့ စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့ ရောဂါ တမျိုး ရှိတယ် ။ စာတွေ ကိုကြည့်လိုက်တိုင်း တခါမှ မှန်အောင် မဖတ်နိုင်ဘူး ။ အတန်းထဲမှာ ပါဆီဟာ ကြာလေ စာညံ့လေဖြစ်နေတယ် ။


Ms. Dodds


ပါဆီ့ မေမေ က မိန်းမချော တယောက် ။ ပါဆီဖေဖေ မရှိတဲ့နောက် သူလက်ထပ်ထားတဲ့ ယောက်ကျားက ဘီယာအရမ်း သောက်တယ် မူးတယ် ။ မိန်းမကို တချိန်လုံး အပြစ်ရှာနေတဲ့ လူတယောက် ။ သူ့ရဲ့ ခန္ဒာကိုယ်က ထွက်တဲ့ အနံ့ က ဘယ်သူမှ မခံနိုင်ဘူး.... ပါဆီက မေမေ့ကို ကွာပစ်ဘို့ ပြောပေမယ့် .... မေမေက သူဒီလူကို လိုအပ်တယ်လို့ ပြောတော့ ပါဆီ စိတ်ပျက်လက်ပျက် ဖြစ်နေတယ် ။ ပါဆီကလဲ စာကို ကောင်းစွာ မသင်ယူနိုင်ဘူး ။ အခြေအနေက စာသင်ကြားတဲ့ နေရာမှာပိုဆိုးလာနေတယ် ။ စိတ်အာရုံ စူးစိုက်မှု မရဘူး ။






ကျောင်းကနေ field trip သွားတဲ့ ပြတိုက်ကြီး တခုကို ရောက်တဲ့ အခါမှာ မသန်စွမ်းတဲ့ ဘီးတတ်ကုလားထိုင်နဲ့ နေရတဲ့ ဆရာ Mr.Brunner က ဂရိနတ်ဘုရားတွေ အကြောင်း ရှင်းပြနေရင်း ပါဆီကို ရုတ်တရက်မေးလိုက်တယ် ....

သူရှင်းပြနေတာက  " Big Three ဆိုတဲ့ Zeus , Poseidon နဲ့ Hades နတ်ဘုရား ညီအစ်ကို သုံးပါးဟာ သူတို့ရဲ့ အဖေ Cronus နတ်ဘုရားကြီးကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် သတ်ပစ်ပြီး အာဏာရလာကြတယ် ။ သူတို့ သုံးယောက်တွေ့ကြရင်လဲ တချိန်လုံး ဒေါသတွေနဲ့ ရန်ပဲဖြစ်နေကြတယ်တဲ့ ။ အလွန် အတ္တကြီးတဲ့ နတ်ဘုရားကြီးတွေပေါ့ ။

ဂရိနတ်ဘုရားကြီးတွေဟာ လူလောက ကို ခဏတဖြုတ်ရောက်ရှိတဲ့ အချိန်မှာ လူသာမာန်တွေနဲ့ ချစ်ကြိုက်ကြပြီး လူတပိုင်း နတ်တပိုင်း Demigod ဆိုတဲ့ Half blood တွေ မွေးဖွားလာတယ်တဲ့ ။

ဒီ လူတပိုင်း နတ်တပိုင်းတွေဟာ လူတွေလိုအသွင်ပြင်ရှိပြီး သူမတူတဲ့ အစွမ်းတွေ ပိုင်ဆိုင်ကြတယ် ။ သူတို့ဟာ ကမ္ဘာကြီးရဲ့ သူရဲကောင်းတွေ လဲ ဖြစ်လာခဲ့ကြတယ် ။

သူ ပါဆီ့ကို မေးလိုက်တဲ့ မေးခွန်းက ရေနတ်မင်းကြီး ပွေဆိုက်ဒွန်မှာ လူသားမိန်းမ နဲ့ ရတဲ့ သားတယောက်ရှိတယ် ..... သူ့နာမည် မင်းသိလား" တဲ့

ပါဆီက အမြဲ ဆရာတွေ မေးတာ မဖြေနိုင်ပါဘူး.... ဒီတခါ သူငေးကြည့်နေတဲ့ ဂရိနတ်ရုပ်ထုက နာမည်က စာလုံးတွေက ကြည့်နေရင်းရွေ့သွားပြီး နာမည်တခုပေါ်လာတယ်

ငေါင်နေတဲ့ ပါဆီကို ဆရာ Bruuner က " မင်းနာမည်နဲ့ နဲနဲ ဆင်တယ်လေ"လို့ ပြောလိုက်တယ် ။ ဒီမှာတင်ဘဲ ပါဆီ ကြည့်နေတဲ့ စာလုံးက အဖြေမှန်း သိသွားလိုက်ပြီး ပြောပြလိုက်တယ် ။ " Perseus ပါးဆီးယပ်စ် "ပါတဲ့ ။ အဖြေမှန်သွားတယ် ။


Mr.Brunner


သူ့နောက်နားမှာ ကပ်ရပ်နေတဲ့ ဆရာမ အသစ် Mrs. Dodds က......  " ပါဆီ.. ငါမင်းကို ပြောစရာရှိတယ် "တဲ့ ။ အဆူခံရတော့မယ် ဆိုတာ သိတဲ့ ပါဆီက ပုခုံးတွန့်ပြီး ဆရာမ ခေါ်တဲ့ နောက် အခန်းကျယ်ကြီးထဲ လိုက်သွားတယ် ။

အခန်းကျယ်ကြီးထဲရောက်တော့ ဆရာမ က ရုတ်တရက် ကြောက်စရာကောင်းတဲ့ Fury ဖျူရီဆိုတဲ့ ပျံလို့ရတဲ့ လင်းနို့နဂါးကြီး ဖြစ်သွားတယ်

ဖျူရီကောင်ကြီးက " ပါဆီ ..... မင်းခိုးထားတဲ့ ဝရဇိန်လက်နက် ပေးမလား မပေးရင် မင်းကို သတ်ပစ်မယ် " ဆိုပြီး ကြောက်မက်ဖွယ်ရာ အသံကြီးနဲ့ အော်တယ်

အလွန်ထိပ်လန့်နေတဲ့ ပါဆီက နားမလည်စွာနဲ့ " ဘာပြောတာလဲ ငါ ဘာမှ မခိုးဘူး " လို့ ပြန်အော်လိုက်ချိန်မှာ

တံခါးကြီး ပွင့်သွားပြီ ဆရာ Mr. Brunner နဲ့ ဂရိုဘာ တို့ ပြေးဝင်လာကြတယ် ။
ဆရာ ဘရုနာ က..... ဖျူရီကောင်ကြီး ကို " မင်းထွက်သွားစမ်း မသွားရင် မင်းကို တစစီ ဆွဲဖြဲ ပစ်မယ် "လို့ ပြောလိုက်တော့ ဖျူရီက ကျယ်ကျယ်လောင်လောင် တချက်အော်ပြီး မှန်ပြူတင်းကို ခြွဲပီး ပျံထွက်ပြေးသွားတယ်


ငရဲမင်း ဟေးဒီစ်လွှတ်လိုက်တဲ့ ဖျူရီကောင်

ဆရာ ဘရူနာက " ပါဆီမင်းဒီမှာ ရှိနေတာ သူတို့ သိသွားပြီတဲ့ ပြေး " တဲ့ ... ဂရိုဘာက ပါဆီကို ကာကွယ်မယ့်သူတဲ့ ... 

သူက မသန်မစွမ်းလေ .... ပါဆီဘာမှ နားမလည်တော့ဘူး.... ဆရာ ဘရူနာက ဖောင်တိန်လေး တချောင်းပေးတယ် "အရမ်းအလွန် အရေးကြီးမှ သုံးပါ " တဲ့.... ပါဆီက "ဆရာ...  ဒါ သာမာန် ဖောင်တိန် တချောင်းလေ" လို့ ပြောတော့....

ဆရာက...  " ဖျူရီက အစပဲ ရှိသေးတယ် မင်းဒီလိုဆက်နေမယ် ဆိုရင် အရမ်းကြီးမားတဲ့ အန္တရာယ်တွေ နဲ့ ကြုံရတော့မယ် "လို့ ပြောတယ် .....



Mr. Brunner နဲ့ Grover


ဂရိုဘာက .... "ပါဆီ ဘာမှ မပြောနဲ့ မင်း အမေကို သွားခေါ်မှ ရမယ်" ဆိုပြီး အမြန် ပါဆီကို ခေါ်ထုတ်သွားတယ် ။ တလမ်းလုံးလဲ ဘယ်သူ့မှ မယုံဘို့ ဘယ်ကိုမှ မကြည့်ဘို့ တတွတ်တွတ် ပြောလာတယ် 

အိမ်လဲရောက်ရော.... ပါဆီ့ပထွေးက သူရဲ့ သူငယ်ချင်းတွေ အများကြီး အိမ်ခေါ်ထားပြီး ဖဲရိုက်နေကြတယ် ။ ပါဆီမေမေက ဘီယာတွေ ငှဲ့ပေးနေရတာပေါ့ ။

ပါဆီနဲ့ စပြီး ကတောက်ကဆ ဖြစ်တာနဲ့ ဂရိုဘာက သူရဲ့ ဂျိုင်းထောက်နဲ့ ပထွေးခြေထောက်ကို ဆောင့်နင်းချလိုက်ပြီး မေမေ့ကို ခေါ်ပြီး ကားမောင်းပြေးကြတယ်....

လမ်းမှာ ပါဆီက မေမေကို ပြောပြတယ် " သား ဘာမှ မခိုးပါဘူး ဘာတွေ ဖြစ်ကုန်တာလဲ" ဆိုတော့ ။ မေမေက ပါဆီဟာ ရေနတ်မင်းကြီးရဲ့ သားတော် တယောက်ပဲဆိုတာ ရှင်းပြခဲ့တယ် ။ ပါဆီ့ပထွေးရဲ့ နံစော်နေတဲ့ ကိုယ်နံ့ကြောင့် ပါဆီ့ကို ရှာနေတဲ့ တန်ခိုးရှင်တွေက အနံ့မရတာ....  ဒါကြောင့် မေမေဟာ ဒီပထွေးကို မချစ်သော်လည်းပေါင်းသင်းနေရကြောင်း ရှင်းပြတယ်...... 

အခု သူတို့ Half blood Demigod တွေ လေ့ကျင့် တဲ့ စခန်းဖြစ်တဲ့ Camps ကို သွားနေကြတာ ဖြစ်တယ် ။ ပါဆီရဲ့ ဘဝဟာ Camps ရဲ့ ပြင်ပမှာ လုံးဝ မလုံခြုံတော့ဘူး 

စကားတပြောပြောနဲ့ တော်တော်မောင်းလာပြီးတဲ့နောက်မှာ လမ်းဘေးကနေရိပ်ကနဲ ပြေးဝင်လာတာ မဲမဲကြီးက ကားဆီကို ဝုန်းဆိုလာဆောင့်တယ်..... ကားက တပတ်ဂျွမ်းထိုးပြီး မှောက်ခုံဖြစ်သွားတာ ကျွဲကြီး တကောင် မိုးပေါ်က ပျံလာပြီး ကားပေါ်ကို ဝုန်းကနဲ ကျလာတာ....

ကားဟာ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားပြီ ပက်လက်လန်သွားတယ် ။ လိပ်ကို ပက်လက်လှန်သလိုပဲ သူတို့သုံးယောက် အထဲမှာ ပိတ်မိနေတယ် ။

ဂရိုဘာက ဘောင်းဘီချွတ်လိုက်တယ် ။ သူရဲ့ ခန္တာကိုယ် အောက်ပိုင်းက ဆိတ်ခြေထောက်ကြီးပဲ ။ ဆိတ်ဂရိုဘာက ကားမှန်ကို ခြေနဲ့ ကန်ပြီး ခွဲလိုက်တော့မှ အားလုံးကားထဲက ထွက်လို့ရတယ် ။ အဲဒီအချိန်မှာ တောင်စောင်းပေါ်ကနေ မဲမဲ ကြီး နဲ့ အကြီးကြီး အကောင်ကြီး တကောင် ဝုန်းဒိုင်းဆို ပြေးဆင်းလာတာတွေ့ရတော့ သူတို့ ၃ယောက် သေပြေးရှင်ပြေး ပြေးရတော့တာပဲ ။ 

ပြေးရင်းနဲ့ Camps ဂိတ်ပေါက်ဝကို ရောက်လာတော့ ပါဆီနဲ့ ဂရိုဘာက ဝင်သွားလို့ရပေမယ့် ပါဆီ့မေမေကတော့ တစုံတခုရဲ့ တားဆီးမှုကို ခံလိုက်ရတယ် ။သူမ ဟာ သာမာန် လူသားမို့လို့ Camps ထဲ ဝင်လို့ မရပါဘူး။ 

အဲဒီအချိန်မှာ ကြီးမားမဲနက်လှတဲ့ အကောင်ကြီး Minotour မန်နတော် ကြီးက မီလာပြီးတော့ ပါဆီ့မေမေကို လက်တဘက်နဲ့ ဖမ်းချုပ်ပြီး မွေ့ယမ်းလိုက်တာ ပါဆီ့မေမေ လောင်ကျွမ်းပြီး ပျောက်ကွယ်သွားတော့တယ် 

အမေ့စိတ်နဲ့ ထူပူသွားတဲ့ ပါဆီဟာ ဂရိုဘာ အော်လိုက်သံကြောင့် သတိဝင်လာပြီး ဆရာ ဘရူနာ ပေးလိုက်တဲ့ ဖောင်တန်လေးကို နှိပ်လိုက်တော့ ဓားတချောင်း အဖြစ်ပြောင်းသွားပြီ မန်နတော်ကောင်ကြီးကို ခုတ်တော့တယ်...

ဓားက ပါဆီလက်ထဲက လွင့်ထွက်ပြီး မန်နတော်ကောင်ကြီးနားရောက်သွားတယ် အကောင်ကြီးရဲ့ ဂြိုလ် တချောင်းက သစ်ပင်မှာ စိုက်ပြီး ကျိုးသွားတဲ့ အခါမှ ပါဆီက အဲဒီ ဂြိုလ်ကျိုးကြီး ကို ဆွဲနှုတ်ပြီး အကောင်ကြီးရဲ့ ရင်တည့်တည့်ကို ထိုးစိုက်လိုက်တဲ့ အချိန်မှာ အကောင်ကြီး သေဆုံးသွားပါတယ် 

ဒီနောက်တော့ ပါဆီလဲ စိတ်ထိခိုက် မေ့လဲပြိုကျ သွားပါတော့တယ်။။။။။

Minotour





Comments

  1. ပါဆီ့မေမေလဲကျသွားပြီး သေမှာလား... ဘာဆက်ဖြစ်မှာလဲ... ရင်ခုန်စွာနဲ့နောက်တပိုင်းဖတ်ဦးမယ်

    ReplyDelete
  2. မေမေက မန်နတော်ကြီး ငရဲပြည်ကို ဖမ်းသွားတာ ဟိုကောင်ကြီးကို သတ်ပြီး မေ့လဲ သွားတာတာပါဆီ

    ReplyDelete
  3. ဖတ်မယ်၊ ဖတ်မယ်။ ကြိုက်တယ်

    ReplyDelete
    Replies
    1. ဖတ်ပါ ဖတ်ပါ ကျေးဇူးပါ... :)

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်