သံကောင် တုတ်ကောင် လျှော့မတွက်စေလို



ခန္ဓာကိုယ်ထဲမှာရှိနေတတ်တဲ့ တုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သတ်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ် ။ အမေရိကန်လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သံချဘို့ ၊ စားသောက်ဆိုင်ရွေးစားဘို့ နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း သေချာဆေးကြောဘို့ အကြံပေးထားပါတယ် ။

ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင်တွေနဲ့ပတ်သတ်လို့ ဆရာဝန်တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စေ့နဲ့ တတ်အပ် မြင်ရလောက်တဲ့အခြေနေကျမှသာ သိကြရတာပါ ။ လူတိုင်းဟာ နေ့စဉ်ဘဝ လူနေမှု မှာကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်းဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ် ။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ် ။ ကပ်ပါးကောင် သံကောင် တွေကြောင့် မအီမသာဖြစ်တာတွေကိုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမာန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ် ။

ကပ်ပါးကောင်သံကောင်တွေကြောင့် ကိုယ်တွင်းအခြေအနေပျက်စီးခြင်းက အတိုင်းအဆ မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သံကောင်အမျိုးအစားတော်တော်များများရဲ့ အရွယ်ပမာဏဟာအလွန်သေးငယ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမျိုးမဆို အသားငံရေ သွေးတို့ကတဆင့် ခရီးပေါက်နိုင်ကြပါတယ် ။ ကပ်ပါးသံကောင်တွေဟာ လူတွေရဲ့ အာဟာရတွေကိုလဲ စားသုံးကြပါတယ် ။ အရေပြားယောင်ယမ်းယားနာခြင်းတွေကလဲ ကပ်ပါးသံကောင်တွေကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် ဒီလိုယားယံမှုမျိုးတွေဟာ ကပ်ပါးသံကောင်တွေကို မနှိမ်နင်းပဲနဲ့ မပျောက်နိုင်ပါဘူး ။ တချို့ကတော့ ကုသမရဘူးလို့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုခံအားစနစ်ယိုယွင်းခြင်းလို့ ခေါင်းစဉ်တတ်ကြပါတယ် ။

  • Heart worms: ဒီလိုသံကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုယ်ထဲမှာ တွေ့ရဘို့ အလွန်အမင်းရှားပါးပါတယ် ။ တကယ်လို့ တွေ့ရပြီဆိုရင်လဲ နှလုံးထဲမှာထက် အဆုတ်ထဲမှာ တကောင်ထဲတွေ့ရလေ့ရှိပါတယ် ။ ဒီလိုကောင်တွေဟာ လူတယောက်ကနေတယောက်ကို မကူးတတ်ပါဘူး ။ ခြင်ကိုက်ခံရတာကနေ ကူးစက်နိုင်ပါတယ် ။
  • Tape worms: ဒီလို သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေ ကို စားသုံးရာကနေကူးတတ်ပါတယ် ။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုဖြစ်နိုင်ပါတယ် ။ အောက်ဘက်ရှိအူတွေထဲမှာ နေကြတာများပါတယ် ။ မကူးစက်နိုင်အောင် အသားငါးတွေကို လက်အိပ်နဲ့  ကိုင်တွယ်ဆေးကြောပြီး လက်ကို ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ် ။
  • Pin worms: တုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုတ်ထဲမှာ ခိုအောင်းနေလေ့ရှိပြီး ညအချိန်ကြရင် စအိုဝကို ဥများဥချဘို့ဆင်းလာလေ့ရှိပါတယ် ။ ဥကပြန်ပေါက်တဲ့ အကောင်းသေးလေးတွေက စအိုထဲကနေခန္ဓာကိုယ်ထဲပြန်ဝင်ကြပါတယ် ။ ညအခါ စအိုဝယားလို့လက်နဲ့ ကုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေ ပါလာတတ်ပြီး ထိုလက်နဲ့ ထိတဲ့ မည်သည့်နေရာမဆို ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ် ။ လေထဲမှာ လွင့်နိုင်လောက်တဲ့ အထိဥများကသေးမွှားပါတယ် ။အသက်ရှူတဲ့ အခါလဲ ဝင်ရောက်ပါသွားနိုင်ပါတယ် ။ ဒါကြောင့် အဆုတ်ထဲအထိရောက်နိုင်ရှိအသက်ရှင်နိုင်ပါတယ် ။
  • Hook worms and thread worms: ဒီအမျိုးအစားကတော့ သောက်ရေ မသန့်ရှင်းတာကနေ ကူးစက်တတ်ပါတယ် ။ ဒါမှမဟုတ်ခြေထောက်ကနေ တဆင့်ကူးစက်လာတတ်ပါတယ် ။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြားကနေ ခန္ဓာကိုယ်ထဲအထိ အရေပြားမှာ ပြတ်ရှရာ မရှိပဲနဲ့ကို ဝင်ရောက်နိုင်ပါတယ် ။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ ဖိနပ်ကို အမြဲ ဝတ်ထားဘို့လိုအပ်ပါတယ် ။ ဒီကပ်ပါးသံကောင်အမျိုးအစားက နှစ်ပေါင်းများစွာအသက်ရှင်နေနိုင်ပါတယ် ။ ဥများကိုလဲ ဆယ်နှစ်အထိ ဥချနိုင်ကြပါတယ် ။
Symptoms of Parasite Infection ( ကပ်ပါးကောင်းကူးစက်ခံရပြီဆိုရင် )
  • ဝမ်းဆက်တိုက်လျှောခြင်း ဒါမှ မဟုတ် ဝမ်းချုပ်ခြင်း Repeated diarrhea or constipation
  • အကြောင်းမဲ့ ပျို့ခြင်း တခါတရံအံခြင်း Chronic, unexplained nausea, often accompanied by vomiting
  • အလွန်တရာ ပင်ပန်းလွယ်ခြင်း အားနည်းလွယ်ခြင်း Fatigue and weakness
  • အူအောင့်ခြင်း ဘိုက်အောင့်ခြင်း Intestinal cramping
  • အာရုံများ မူးနောက်တတ်ခြင်း Unexplained dizziness
  • အာပုတ်နံ့နံခြင်း Foul-smelling gas
  • အစာမကြေခြင်း Indigestion
  • လေပွခြင်း လေပူထခြင်း Bloating
  • အစားအသောက်ဓာတ်မတည့်ခြင်းများ Multiple food allergies
  • ခံတွင်းပျက်ခြင်း Loss of appetite
  • စအိုဝယားယံခြင်း အထူးသဖြင့် ညအခါ Itching around the anus, especially at night
  • အိပ်ပျော်ရန်ခက်ခဲခြင်း Difficulty sleeping
  • ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ထိန်းထားရန်ခက်ခဲခြင်း ( ဝခြင်းနှင့် ပိန်ခြင်း )Difficulty maintaining a healthy weight (over or underweight)
  • ခြေဖဝါးများယားယံခြင်း Itching on the soles of the feet, often accompanied by a rash
  • အလွန်များလာလျင်ချောင်းဆိုးသည့်အခါသွေးပါလာခြင်း Coughing blood (severe cases)
  • နှလုံးခုန် အလွန်မြန်လာခြင်း Palpitations (hook worms)
  • သွေးအားနည်းခြင်း Anemia
  • မျက်လုံးတဝိုက် ယောင်အမ်းခြင်း Facial swelling around the eyes (round worms)
  • ကြက်ညှာချောင်းဆိုးခြင်း အံခြင်း အစာအိမ်အောင့်ခြင်း လေပူပွထခြင်းWheezing and coughing, followed by vomiting, stomach pain and bloating (suggesting round worms or thread worms)
Allopathic Treatments
ဆရာဝန်က သံကောင်တုတ်ကောင်ရှိပြီဆိုရင် anti-parasitic ဆေးပေးပါလိမ့်မယ် ။ ထိုဆေးများဟာ အမြဲ အဆိပ်အတောက်ရှိတဲ့ အတွက် အရည်ကျိတ်များယောင်ယမ်းခြင်း ခြေလက်များ ယောင်ခြင်း တို့ အနည်းငယ်ဖြစ်နိုင်ပါတယ် ။ မျက်စေ့ဝါးခြင်း ဝေသီခြင်း အကျောတက်ခြင်းဖြစ်တတ်ပါတယ် ။ ဝမ်းလဲ လျှောတတ်ပါတယ် ။

ကပ်ပါးကောင်များ သေသွားသောအခါ အသေကောင်များ ပုတ်ခြင်းမှထွက်လာသော အညစ်အကြေးများ အဖြစ် လူ၏ခန္ဓာကိုယ်တွင်းတွင် ကျန်ရှိနေသည် ။ သန်ကောင်တချို့က အူအောက်ဆုံးပိုင်းအထိ ထွက်ပြေးခြင်းများရှိတတ်သောကြောင့် ရုတ်တရက် ဝမ်းဘိုက်စူးအောင့်ခြင်းများ ကြုံတွေ့ရနိုင်သည် ။ သံကောင်များသေဆုံးသွားသော်လည်း ပုတ်သိုးသွားသော သံကောင်အကြွင်းအကျန်များ ရှင်းလင်းရန်ကျန်နေသေးသည် ။

သည်ဖြစ်စဉ်တခုလုံးကြောင့် သင်၏ခန္ဓာကိုယ်သည်သံမချခင်ကထက်ပိုပြီး နေမကောင်းဖြစ်နိုင်သည် ။ သို့သော်လည်းယာယီသာဖြစ်သည် ။ ကိုယ်တွင်းအင်္ဂါသန့်ရှင်းရေး ပြယုက်ဖြစ်သည် ။ သည်ဖြစ်စဉ်ကို  Herxheimer reaction သေသွားသော သံကောင်များ၏ အဆွေးများကြောင့် ထွက်လာသော အဆိတ်အတောက်များ ကြောင့် ဖြစ်သော မအီမသာဖြစ်ခြင်းဟုခေါ်သည် ။ ပင်ပန်းခြင်း ရွံခြင်း များဖြစ်ပေါ်နိုင်သည် ။ ကျန်သည့် နေ့စဉ်ဘဝကတော့ ပုံမှန်အတိုင်းသာလည်ပတ်နိုင်ပါသည် ။ ဝမ်းအများကြီး မလျှောသင့်ချေ ။ အင်အားတိုးပွားမည့် ခုခံအားကောင်းစေမည့် အစားအသောက်များ ရွေးချယ်စားသောက်သင့်သည် ။

သင့်အူမကြီး သံကောင်များ ကပ်ပါးကောင်များကင်းစင်သွားသောအခါ လန်းဆန်းရွင်လန်းပြီး အားအင်များပြည့်ဖြိုးလာပါလိမ့်မည် ။ မကြာခဏဖျားနာ နေမကောင်းခြင်းများလည်း မဖြစ်တော့ချေ ။

Comments

  1. ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  2. ကျေးဇူးတင်ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

စကော့ဈေးမှာ ချာလည်လည်