Titans တို့ရဲ့ ရွှေခေတ် သို့မဟုတ် ( Sky + Earth = Titans )
ဂရိတွေရဲ့ အယူအဆအရ လောကကိုကြီးစိုးနေတဲ့ ( ဇုဇ် ၊ ပွေဆိုက်ဒွန် နဲ့ ဟေးဒီးစ် ) နတ်ဘုရားကြီးတွေ မတိုင်ခင်မှာ Titan ဆိုတဲ့ အသူရာနတ်မင်းကြီးတွေ ကြီးစိုးခဲ့တယ် ။ သူတို့ရဲ့ အဖေအမေ ခေတ်ပေါ့ ။
Big three လို့ခေါ်တဲ့ အိုလမ်ပီယာနတ်မင်းကြီးတွေကို မွေးဖွားပေးခဲ့တဲ့ ခရိုနပ်စ်ဆိုတဲ့ တစ်တန်ကြီးတွေရဲ့ အထက်က မိဘတွေကတော့ Uranus နဲ့ Gaia ဆိုတဲ့ ကောင်းကင်ဖခင်နဲ့ မိခင်မြေကြီးတို့ ဖြစ်ပါတယ် ။
Big Three ရဲ့ ဘိုးဘွားတွေပေါ့ ။
ကမ္ဘာမြေကြီးကို မိခင်လို့ယူဆရင် ကောင်းကင်ကိုဖခင်လို့ယူဆခဲ့တဲ့ အယူအဆတွေဟာ ဂရိနတ်ဘုရားတွေရဲ့ ဒဏ္ဍာရီမှာ ကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ် ။
![]() |
မိခင်မြေကမ္ဘာ ဂါယီယာရဲ့ မျိုးဆက် |
![]() |
Sky + Earth = Titans |
Uranus ယူရေးနပ်စ် ဆိုတာ ရှေးဂရိ ဒဏ္ဍာရီလာ စာအရ အဖကောင်းကင်ကြီးဖြစ်ပါတယ် ။ ကောင်းကင်ဘုံပေါ့နော် ။
![]() |
Uranus အဖကောင်းကင် |
သူရဲ့ မိခင်လည်း ဖြစ် ဇနီးလည်း ဖြစ်တဲ့သူကတော့ မိခင်ကမ္ဘာမြေကြီးလို့ လူသားတွေတင်စားခဲ့ကြတဲ့ Gaia ဂါယီယာ mother earth ဖြစ်ပါတယ် ။
![]() |
မိခင်မြေကမ္ဘာ Gaia ခေါ် Gaea ဂါယီယာ |
![]() |
မိခင်မြေကြီးရဲ့ သင်္ကေတ |
![]() |
ဝမ်းကြာတိုက်နဲ့ လက်နှစ်ဘက်ကို ကိုယ်စားပြုတဲ့ မိခင်မြေကြီး |
![]() |
မိခင်မြေကြီး သဏ္ဍာန် ရုပ်တု |
![]() |
လှပတဲ့ မိခင်မြေကမ္ဘာ |
![]() |
ဖျားနာနေတဲ့ ကမ္ဘာမြေကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး ပင်လယ်ရဲ့ အစွမ်းနဲ့ ကုစားနေတဲ့ မိခင်မြေကြီး |
Gaia ဂါယီယာကို Gaea လို့လဲ ခေါ်သေးတယ် ။ သူကတော့ အားလုံးရဲ့ မိခင်မေမေပါ ။ မြေပြင်နဲ့ စင်္ကြာဝဠာ အတွက် မွေးဖွားခြင်း နဲ့ ပေးဆပ်ခြင်းတို့ကို ဆောင်ကျဉ်းပေးသူဖြစ်ပါတယ် ။
( ကြားဖြတ်နောက်လိုက်ဦိးမယ် xxx ဒီဂရိနတ်တွေက ဘာဖြစ်လို့ ကိုယ့်အဖေအမေ ကိုယ့်ညီမ အမရင်းတွေ နဲ့ ပြန်ညားကြတာလဲ လို့ .... ဟိဟိ..... တုံးလုံးကြီးတွေ နေလို့ ဖစ်မှာပေါ့ညော်... ခစ်ခစ် )
BC 750 နဲ့ 650 ကြားမှာ ကျော်ကြားခဲ့တဲ့ ရှေးဟောင်းဂရိစာဆို Hesiod ဆိုသူရဲ့ စာထဲမှာတော့ ယူရေးနပ်ကောင်းကင်ကြီးကို ဂါယီယာ မိခင် ကမ္ဘာကြီး တဦးထဲက သန္စေဆောင်မွေးဖွားခဲ့ပါတယ်တဲ့ ။ Single mother ပေါ့ ။
ဒါပေမယ့် မူကွဲတချို့မှာတော့ ယူရေးနပ်စ်ရဲ့ ဖခင်ဟာ Aether အိသာရ် လို့ခေါ်တဲ့ ပထမဆင့် ဒြပ်စင်အမျိုးအစားဖြစ်တဲ့ မြင့်မားတဲ့နေရာကလေထု ဖြစ်ပါတယ် ။ ( ရှုပ်သွားပြီလား မသိဘူး ) ။ အိသာရ် ဆိုတာ သူတော်စဉ်တွေသာ ရှူနိုင်တဲ့ လေဖြစ်ပါတယ် ။ ကျမ အထင် အိုဇုန်း O3 များလား မသိ ။
အိသာရ်ဆိုတာ ဒီပုံမှာ ပြထားတဲ့ အပြာရောင်နေရာကို ဆိုလိုတာပါ ။
အိသာရ်ဆိုတာ ဒီပုံမှာ ပြထားတဲ့ အပြာရောင်နေရာကို ဆိုလိုတာပါ ။
( အိသာရ်နဲ့ ဂါယီယာ) မြင့်မြတ်သောလေ နဲ့ မိခင်ကမ္ဘာကနေ ယူရေးနပ်စ်ဆိုတဲ့ ကောင်းကင်လေးကို မွေးဖွားပေးခဲ့တယ် ။ နောက်တော့ ယူရေးနပ်စ်သားသားလေးက သူ့ မေမေ နဲ့ ပြန်ကြိုက်ပြီး ကောင်းကင် ဖေဖေ ရယ်လို့ ဖြစ်လာသတဲ့ ကွယ်..... ဟိ ။ ( ဂရိတွေကတော့ ကုလားသွေးပါပုံရတယ် )
သူတို့ စုံတွဲက မွေးဖွားလိုက်တဲ့ သူတွေကတော့ တစ်တန်ကြီးတွေ Titans ဖြစ်ပါတယ် ။
ဒီအပိုင်းကတော့ ပွေဆိုက်ဒွန်တို့ ဇုဇ်တို့ ဟေးဒီးစ်တို့ရဲ့ ဘိုးဘွားတွေ ဘက်ကို ပြန်လှန်ရေးထားတာပါ ။ ဒီမှာ သားသမီးစာရင်း ။ မြင်ဘူးတဲ့ သူတွေပါတယ်နော် ။
- Cyclopes, one-eyed giants ဆိုက်ကလော့စ်လို့ ခေါ်တဲ့ မျက်လုံးတလုံးထဲပါတဲ့ ဘီလူးကြီးတွေ ၃ယောက်ရှိတယ် ။
- Brontes
- Steropes
- Arges
- Hekatonkheires, hundred-handed, fifty-headed giants ဟေကပ်တန်ခိုင်းရပ်စ် လို့ခေါ်တဲ့ လက်အဘက် ၁၀၀ နဲ့ ဦးခေါင်း အလုံး ၅၀ ရှိသူတွေ... ၃ယောက်
- Briares
- Cottus
- Gyges
- Titans, the elder gods တစ်တန်လို့ခေါ်တဲ့ နတ်ဘီလူးကြီးတွေ ၁၂ ယောက်
- Erinyes အင်ရင်းနပ်စ်လို့ ခေါ်တဲ့ ၃ယောက်
- Gigantes, the giants ဂျစ်ဂျန်တပ်စ် လို့ခေါ်တဲ့ ကြီးမားတဲ့ Gaints ကြီး ၅ယောက်
- Meliae, the ash-tree nymphs မေးလီအိ လို့ခေါ်တဲ့ ပြာသစ်ပင်ရယ်
- Aphrodite (according to Hesiod) အပရိုဒိုက်လို့ခေါ်တဲ့ အလှနတ်သမီးလေးရယ်ဖြစ်ပါတယ် ။
Titans တစ်တန်အသူရာနတ်မင်းကြီးတွေဟာ ကြီးမားတဲ့ ကိုယ်လုံးကြီးတွေနဲ့ ကြောက်မက်ဖွယ်ရာကြမ်းကြုတ်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ကြတယ် ။
![]() |
Hekatonkheires လို့ခေါ်တဲ့ လက်ဘက်တရာ ခေါင်းအလုံး၅၀ ရှိတဲ့ ဘီလူးကြီး |
![]() |
မေးလိအိ Meliae လို့ခေါ်တဲ့ ပြာကနေပေါက်ဖွားလာတဲ့ သစ်ပင် |
![]() |
မေးလိအိ |
မွေးထားလိုက်တာ မနည်းဘူးနော်...... :P
ဒီအောက်က စာရင်းအရတော့ မာမီမားသားမေမေ မြေကမ္ဘာမွေးထားတဲ့ သားသမီးတွေ ရယ် သူတို့ ရဲ့ အဖေတွေရယ်ကိုတွေ့ရမှာပါ ။
မာမီက ပွေဆိုက်ဒွန်တို့ ဇုဇ် တို့စတဲ့ မြေးတွေနဲ့ လဲ ပြန်ညားပါသေးတယ် ။ အဲဒီအပိုင်းကိုတော့ ဘာသာ မပြန်ချင်တော့လို့ ထားလိုက်တော့မယ်နော် ။
မာမီက ပွေဆိုက်ဒွန်တို့ ဇုဇ် တို့စတဲ့ မြေးတွေနဲ့ လဲ ပြန်ညားပါသေးတယ် ။ အဲဒီအပိုင်းကိုတော့ ဘာသာ မပြန်ချင်တော့လို့ ထားလိုက်တော့မယ်နော် ။
- With Pontus
- With Poseidon
- With Oceanus
- With Tartarus
- With Zeus
- With Hephaestus
- With Aether
- Unknown father or through parthenogenesis
ခုတခေါက် ပြောချင်တာကတော့ တစ်တန်ကြီးTitans တွေ အကြောင်းဖြစ်ပါတယ် ။
ရှေးအကျဆုံး လူသားမျိုးနွယ် အစလို့ပြောရင်လဲရမယ့် စွမ်းအားကြီးမားသော နတ်ဘုရားကြီးတွေ ဖြစ်ပါတယ် ။ ဂရိ ဒဏ္ဍာရီမှာ Golden Age လို့ခေါ်တဲ့ ရွှေခေတ်ကို ကြီးစိုးခဲ့သူများဖြစ်ပါတယ် ။
မိုးကောင်းကင်ကြီး ယူရေးနပ်နဲ့ သူ၏ဇနီး ဂါယီယာမြေကမ္ဘာမိခင်တို့ ကနေမွေးဖွားပေးလိုက်တဲ့ မွေးချင်းတွေကို သားဖြစ်တဲ့ ခရိုနပ်စ်က အားလုံးစားပစ်ပါတယ် ။ ပြီးတော့ အလွန်အင်အားကြီးသော ရွှေရောင်ခေတ်ကို ထူထောင်ခဲ့ပါတယ် ။ သူ့ကို တနေ့ သားများက ပြန်သတ်မည်ဆိုတာကို ဇနီးလည်းဖြစ် ညီမလည်းဖြစ်သော Rhea က သတိပေးသောကြောင့် သူနဲ့ Rhea ကနေ မွေးလာသော သားအားလုံး ကို စားပစ်တဲ့နောက်မှာ အလွန်ဝမ်းနည်းပူဆွေးတဲ့ Rhea ဟာ ခရိုနပ်စ် မသိအောင် Zeus ဇုဇ် ဆိုတဲ့သားကို Ida တောင်မှာ တိတ်တဆိတ်မွေးဖွားခဲ့ပါတယ် ။
နောက်ခရိုနပ်စ်ကို မာယာပရိယာယ်နဲ့ ကျောက်တုန်းပါဆိုပြီး လိမ်ထားခဲ့ပါတယ် ။ ခရိုးနပ်စ်ကလဲ အကယ်၍ သူ့ကို သတ်မယ့်သူ တယောက်ပေါ်လာရင် အကာအကွယ်ရအောင် Pyilyra ဆိုသူနဲ့ တိတ်တဆိတ် Chiron ခိုင်ရွန်ကို မွေးဖွားခဲ့ပါတယ် ။ ခိုင်ရွန် ရဲ့ မိခင်ဟာ ခိုင်ရွန်ရဲ့ လူတဝက် မြင်းတဝက်ခန္ဓာကိုယ်ကြောင့် စွန့်ပစ်ခဲ့ပါတယ် ။ သူ့ကို နေနတ်သား အပိုလိုက ကောက်ယူမွေးစားခဲ့ပြီး အတတ်ပညာများကို သင်ကြားပေးခဲ့ပါတယ် ။
ပြောရမယ်ဆိုရင် ခိုင်ရွန်လို့ခေါ်တဲ့ ဆရာဘရူနာဟာဇုဇ်တို့ ပွေဆိုက်ဒွန်တို့နဲ့ အဖေတူ အမေကွဲ ညီအကို ဖြစ်ပါတယ် ။
ဒီတစ်တန်ကြီးတွေရဲ့ ခေတ်ကို အဆုံးသတ်ပေးမယ့် သူများကတော့ သူတို့ရဲ့နောက်မျိုးဆက်ဖြစ်တဲ့ ကျမရေးခဲ့တဲ့ အိုလံပီယာသား ခရိုးနပ်စ်ရဲ့သား ဇုဇ် ဖြစ်ပါတယ် ။ သူတို့အားလုံးကို အနက်ရှိုင်းဆုံးမဟာ အဝီဇိငရဲ အောက်ဆုံးမှာ ပိတ်လှောင်ထားခဲ့တယ် ။
ပထမမျိုးဆက် Titans တွေထဲမှာ အငယ်ဆုံးနဲ့ အာဏာအကြီးဆုံးခရိုနပ်စ်က Golden Age ကို ကြီးစိုးခဲ့ပါတယ် ။
Big Three သုံးယောက်ရဲ့ အဖေဖြစ်တဲ့ Cronus ခရိုနပ်စ် ဆိုတဲ့ တစ်တန်ကြီးကို သားအရင်း ဇုဇ်နတ်မင်းကြီးကပဲ ညီအကိုများဖြစ်တဲ့ ပွေစိုက်ဒွန် ဟေးဒီးစ်တို့နဲ့ အတူ အပိုင်းပိုင်း ခုတ်ထစ်ပြီး သတ်ပစ်ခဲ့တာပါ ။
![]() |
ခရိုးနပ်စ်ကို ဇုဇ်က ငယ်ပါကို ဖြတ်နေပုံ |
![]() |
ခရိုနပ်စ်ရဲ့ ငယ်ပါကို ခုလိုလှီးပြီး ပင်လယ်ထဲ ပစ်ချခဲ့တာတဲ့ |
![]() |
ကိုယ့်သားကို ကိုယ်ပြန်စားတဲ့ ခရိုးနပ်စ် |
(((( ခရိုနပ်စ်ကလဲ သူ့အဖေဖြစ်တဲ့ ယူရေးနပ်စ် ကောင်းကင်ဖေဖေကို သတ်ပြီး တစ်တန်နို်င်ငံ ထူထောင်ခဲ့တာပါပဲ ။))))
အဲဒီ Big Three သုံးယောက်နဲ့ တစ်တန်တို့ရဲ့ စစ်ပွဲကို Clash of Titans နဲ့ Wrath of Titans တို့ရုပ်ရှင်ရိုက်ခဲ့တယ် ထင်တာပဲ ။
ဇုဇ်ဟာ တစ်တန်ကြီးတွေကို ငရဲပြည်ရဲ့အောက်ဆုံးမှာ ချုပ်နှောင်ထားခဲ့ပါတယ် ။
ဆက်ရန်ရှိပါသေးသည်
ရေးသူ
Mnemosyne (/nɨˈmɒzɨniː/ or /nɨˈmɒsɨni/; Greek: Mνημοσύνη, pronounced [mnɛːmosýːnɛː]), source of the word mnemonic,[2] was the personification of memory in Greek mythology. The titaness was the daughter of Gaia and Uranus and the mother of the nine Muses by Zeus:The Muses (Ancient Greek: Μοῦσαι, moũsai:[1] perhaps from the o-grade of the Proto-Indo-European root *men- "think"[2]) in Greek mythology, poetry and literature, are the goddesses of the inspiration of literature, science and the arts. They were considered the source of the knowledge, related orally for centuries in the ancient culture that was contained in poetic lyrics and myths.
The Muses, the personification of knowledge and the arts, especially literature, dance and music, are the nine daughters of Zeus andMnemosyne (who was memory personified). Sometimes they are referred to as water nymphs, associated with the springs of Heliconand with Pieris. According to Pausanias in the later 2nd century AD,[3] there were three original Muses, worshiped on Mount Helicon inBoeotia. In later tradition, four Muses were recognised: Thelxinoë, Aoedē, Arche, and Meletē, said to be daughters of Zeus and Plusia or of Uranus. In Renaissance and Neoclassical art, the dissemination of emblem books such as Cesare Ripa's Iconologia (1593 and many further editions) helped standardize the depiction of the Muses in sculpture and painting.
The Muses were both the embodiments and sponsors of performed metrical speech: mousike (hence the English term "music") was just "one of the arts of the Muses". Others included Science, Geography, Mathematics, Philosophy, and especially Art, Drama, and inspiration. Some authors invoke Muses when writing poetry, hymns or epic history. The invocation typically occurs at or near the beginning, and calls for help or inspiration, or simply invites the Muse to sing through the author. The British poet Robert Gravespopularised the concept of the Muse-poet in modern times.[citation needed] His concept was based on pre-12th century traditions of the Celtic poets, the tradition of the medieval troubadours who celebrated the concept of courtly love, and the romantic poets.
Thalia /θəˈlaɪə/ (Ancient Greek: Θάλεια, Θαλία; "the joyous, the flourishing", from Ancient Greek: θάλλειν, thállein; "to flourish, to be verdant") was the Muse who presided over comedy and idyllic poetry. In this context her name means "flourishing", because the praises in her songs flourish through time.[1] She was the daughter of Zeus andMnemosyne, the eighth-born of the nine Muses.
According to pseudo-Apollodorus, she and Apollo were the parents of the Corybantes.[2]Other ancient sources, however, gave the Corybantes different parents.[3]
She was portrayed as a young woman with a joyous air, crowned with ivy, wearing boots and holding a comic mask in her hand. Many of her statues also hold a bugle and a trumpet (both used to support the actors' voices in ancient comedy), or occasionally ashepherd’s staff or a wreath of ivy.
ဂါဂီယာကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ဂီးယာ လို့ ခေါ်သသဗျ
ReplyDeleteဆက်သာရေးပါ ဆုံးတဲ့အထိး)
ReplyDeleteကျေးဇူး ပဲ နော် ခုလိုအားပေးတာ ။ ဂါယီယာ လို့ရေးတာ ပါ ဂါဂီယာ မဟုတ်ပါဘူး... JK.. :D
ReplyDelete