http://beautytips4her.com/spa-day-saturday-detoxing-foot-soak/
Posts
home made
- Get link
- X
- Other Apps
စားစရာတွေ ဘက်ခြေဦးလှည့်လိုက်ပါဦးမယ်နော် ။ စိတ်လိုလက်ရရှိတုန်း ချက်စားမိတာလေးတွေပါ ။ ခုလေးပဲ supper စားချင်တယ် ဆိုလို့ ပလာတာ နဲ့ ကြက်ဥနဲ့ ကြော်စားတာ ဒါလေးကတော့ သမီးစားချင်တဲ့ Baked Pasta ဆိုင်မှာ စားရင် သမီးက တပန်ကန်လုံးကုန်အောင်စားတာ ။ ချက်ကြည့်တော့လဲ လွယ်လွယ်လေးပဲ ပစ္စည်းစုံတော့ ရှိနေရတာပေါ့လေ ။ ပါစတာကို အရင်ပြုတ် သိပ်အကြာကြီးတော့ မပြုတ်နဲ့ ။ နပ်လောက်ရင်တော်ပြီ ။ ပြီးရင် သမီးက အသီးအရွက် ခရမ်းချဉ်သီးနှစ်တွေ မထည့်စေချင်တော့ ကြက်ဥ တလုံး ၊ နွားနို့ ၊ ကြက်သွန်နီ ဥသေးတခြမ်း နဲ့ အဖြူ ဥတလုံးလေး တမွှာကို ဓားပြားရိုက် ၊ နုတ်နုတ်စင်းပြီး ထည့် ... အပေါ်က ချိစ်ကို ခြစ်ထည့်ပြီး အာဗန်ထဲမှာ ၅မိနစ်ဆိုကျက်ပြီ ။ အသား အနေနဲ့ Ham တို့ Bacon တို့ ပုဇွန်တို့ Scallop တို့ ထည့်ဖုတ်လို့ ရတယ် ..... ။ ကျမကတော့ ဘေကန်လေး ၂ပြားကို ရေဆေး ကပ်ကျေးနဲ့ ညှပ်ပြီး အရင် အာဗန်ထဲ ထည့်ကင်လိုက်တယ် ။ နဲနဲ ကြွပ်လာရင် ထည့်ဖုတ်လို်က်တယ် ... ။ ခုတလော လွယ်လို့ ခဏခဏ လုပ်ဖြစ်တယ် ကိုယ်တော့ မစားဘူး ဝလွယ်လို့ :D ။ ကိုယ်ချားဒါ ဒီမှာ ။ ချားချင်လို့ မဟုတ်ပေမယ့် ချားလဲ ပြီးရော ကြိ...
စကော့ဈေးမှာ ချာလည်လည်
- Get link
- X
- Other Apps
ရန်ကုန်မှာရောက်နေတုန်း မပါမဖြစ် ပါအောင်ဝယ်လာခဲ့ချင်တာလေးတွေ ရှိတယ် ။ ဒါကြောင့် တခေါက်လောက်တော့ ဗိုလ်ချုပ်ဈေးကိုပြေးခဲ့တယ် ။ ဗိုလ်ချုပ်ဈေးကို ပြေးဘို့ ဆိုတာ ဒီနေ့ခေတ်လို ကားကျပ်ပုံနဲ့များများဝယ်စရာ မရှိရင် သွားချင်စိတ်တောင် မရှိတော့အောင်ပါပဲ ။ မြန်မာလို ဝတ်ရတာ ငယ်ကတည်းက နှစ်သက်တဲ့ အတွက် ခုလို ဝလာတဲ့ အချိန်မှာ ဆိုတော့ မြန်မာလိုပဲ ဝတ်ချင်မိတော့တယ် ။ ဒါပေမယ့် အဝေးကနေလှမ်းကြည့်ရင် မြန်မာမှန်းတန်းပြီး ဓာတ်ပေါက်သွားစေတဲ့ အဆင် အရောင် ဒီဇိုင်းတွေ မကြိုက်ဘူး ။ မြန်မာမှန်းသိသွားတာကို ပြောတာမဟုတ်ဘူးလေ ။ဟိုအရင်တုန်းကဆို ကုလားရောင်ဆိုတာ တို့တွေ ပြောပြောခဲ့ကြတာ သိတယ် မဟုတ်လား။ ခု တို့ဆီက လူတွေ အဲလိုတွေဝတ်နေကြပြီ ပြူးကြောင်ကြောင်တွေလေ ။ တော်ကြာ မြန်မာရောင်လို့ ပြောခံထိမှာ စိုးလို့ :D ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုးကြီးတွေ ကြိုက်ဘူးတော့ တောကျတယ် ပဲဆိုဆို အရမ်း ဇတ်ဆန်တာပဲ ဟိုးအရင်က မြန်မာတွေ ဝတ်ပုံစားပုံလေးတွေက ယဉ်တယ် ။ အရောင်က အစ ။ ခုခေတ်က မြန်မာဒီဇိုင်းတွေ အရမ်းလှလာတယ်။ဒါပေမယ့်တချိုဒီဇိုင်းတွေကတော့ ဇတ်ထဲမှာ ဝတ်တဲ့ ဒီဇိုင်းမျိုကြီးတွေ causal မဖြစ်တ...
စနေရှင်းတမ်း
- Get link
- X
- Other Apps
ဒီတပတ် လဲ မအားပြန်ဘူး ကတိပေးထားတာလေးတွေကို ကျေအောင် ဆပ်နေရတယ် ။ မတတ်တဲ့ သူတွေက မပင်ပန်းဘူး ။ တတ်လဲ တတ် အားလဲ နာတော့ ကိုယ့် အတွက် အချိန်အားဆိုတာ မရှိတော့ဘူး ။ Jasmine ထိုင်းကပြားမလေးဂျက်စမင်လေး အတွက် စင်ဒရဲလား ဝတ်စုံ မယ်လစ်ဆာ ရဲ့ အမ စမီရာ Smira အတွက် ရေသူမလေး အေရီရယ် လူယောင်ဖန်ဆင်းရင် ဝတ်တဲ့ဝတ်စုံ ကလေးတွေပဲ သိတယ် ဘယ်မင်းသမီးက ဘာဝတ်စုံ ဝတ်သလဲ ဆိုတာကို ။ သူတို့က အရောင်နဲ့ တကွ အညွှန်းပေးတာလေ ။ ကိုယ်က ဂူးဂဲလ်မှာ ပြန်ရှာ ပြီး ကြည့်ချုပ်ရတယ် ။ မမအိမ်းကတော့ အကုန်ကြိုက်နေတယ် ။ သူ့အတွက် ဆိုဖီယာ ဝတ်စုံတဲ့ ကျန်သေးတယ် ။ Sophia the First တဲ့ ။ ဒီမင်းသမီးလေးက တို့ငယ်ငယ်က ပေါ်တဲ့ မင်းသမီးလေး မဟုတ်ဘူး ။ ခုခေတ်မှာ ပေါ်လာတာ ။ :D မောာာဒယ်........ဟယ်....... :P