Posts

စနေရှင်းတမ်း

Image
ဒီတပတ် လဲ မအားပြန်ဘူး ကတိပေးထားတာလေးတွေကို ကျေအောင် ဆပ်နေရတယ် ။ မတတ်တဲ့ သူတွေက မပင်ပန်းဘူး ။ တတ်လဲ တတ် အားလဲ နာတော့ ကိုယ့် အတွက် အချိန်အားဆိုတာ မရှိတော့ဘူး ။ Jasmine  ထိုင်းကပြားမလေးဂျက်စမင်လေး အတွက် စင်ဒရဲလား ဝတ်စုံ မယ်လစ်ဆာ ရဲ့ အမ စမီရာ  Smira အတွက် ရေသူမလေး အေရီရယ် လူယောင်ဖန်ဆင်းရင် ဝတ်တဲ့ဝတ်စုံ    ကလေးတွေပဲ သိတယ် ဘယ်မင်းသမီးက ဘာဝတ်စုံ ဝတ်သလဲ ဆိုတာကို ။ သူတို့က အရောင်နဲ့ တကွ အညွှန်းပေးတာလေ ။ ကိုယ်က ဂူးဂဲလ်မှာ ပြန်ရှာ ပြီး ကြည့်ချုပ်ရတယ် ။ မမအိမ်းကတော့ အကုန်ကြိုက်နေတယ် ။  သူ့အတွက် ဆိုဖီယာ ဝတ်စုံတဲ့ ကျန်သေးတယ် ။ Sophia the First တဲ့ ။ ဒီမင်းသမီးလေးက တို့ငယ်ငယ်က ပေါ်တဲ့ မင်းသမီးလေး မဟုတ်ဘူး ။ ခုခေတ်မှာ ပေါ်လာတာ ။   :D မောာာဒယ်........ဟယ်.......  :P

တခါကတဘဝ

Image
ဒီဇင်ဘာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ရရှိခဲ့ဘူးတယ်…. သူတကာတွေလိုတော့ အချစ်အကြောင်းလေးတွေ မဟုတ်ပါဘူး…. ခရစ်ယာန်မဟုတ်တဲ့ကျမ …. ငယ်စဉ်ထဲက ခရစ်ယာန်တွေ ရှိတဲ့ အရပ်ဌာနမှာ မနေခဲ့ဘူးတော့ ခရစ်စမတ်ဆိုတာ နားစွန်းနားဖျားပဲ ကြားဘူးခဲ့တယ်လေ…. လွန်ခဲ့တဲ့ အနှစ် ၂၀လောက် ၁၉၉၁ ဆိုတဲ့ ကာလမှာ ... ဆယ်တန်းအောင်တာ ၃နှစ် ရှိပြီး… ကျောင်းတွေ မဖွင့်သေးခင်အချိန်ပေါ့ ။ တက္ကသိုလ်ဆိုတာ ဘယ်တော့ ရောက်မယ်မှန်း မသိတဲ့ အိမ်မက်တခု ဖြစ်ပြီး ယောင်လည်လည်ဖြစ်နေချိန်… တောင်ငူဘက်မှာ တာဝန်နဲ့ ပြောင်းရွှေ့လာတဲ့ ဦးလေး အရင်းက ကိုယ့်ကို သံတောင်မြို့နယ် လိပ်သိုလ် ဆိုတဲ့ မြို့ကလေးမှာ ဆရာမ လုပ်ခိုင်းခဲ့တယ်…       ဒီမြို့လေးဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ တည်ရှိပါတယ် ။ တောင်ငူကနေ အရှေ့ဘက်ကို ကားနဲ့ တောင်တတ်လမ်းတွေ အတိုင်း ခရီးဆက်ရပါတယ်…  ( ဖေ့စဘွတ်မှာ ရေးခဲ့ဘူးတဲ့ notes နှစ်ခုကို ပေါင်းထားပါသည် ) ကရင်ပြည်နယ် ဟု ဆိုလိုက်ရင် ဖားစည် ဇွဲကပင် စသည်တို့ကို ပြေးမြင်မိမှာပါ ။ ဒါပေမယ့် ကရင်ပြည်နယ်အတွင်းမှ သံတောင်မြို့လေးကတော့ ကရင်ပြည်မကြီး ဖြစ်တဲ့ ဘားအံမြို့မှ တိုက်ရိုက်သွား၍မရပ...

ကျမအကြိုက် appsများ

Image
မြန်မာပြည်ကို တလလောက်သွားလိုက်တာ ရေးချင်နေတာတွေ အများကြီးရလာခဲ့တယ် ။ ဒါပေမယ့် ရှုပ်လွန်းတဲ့ အလုပ်တွေများလွန်းတဲ့ ကိစ္စတွေကြောင့် မေ့ချင်ချင်ဖြစ်ကုန်ပြီ ။ နောက်မှပဲ မမ်မိုရီကို ဘက်ကက်လုပ်ပြီး ပြန်ရေးရမယ် ။ :D ကီးဘုတ်နဲ့ရော စကရင်နဲ့ပါ ဝေးနေတဲ့ အချိန်ရယ် တခုခုကိုစောင့်နေရတဲ့ အချိန်တွေမှာ အကျိုးရှိတာ တခုခု လုပ်မယ်ကြံလိုက်တော့ မလုပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ကိုယ့်စိတ်ကို ပြန်ဖမ်းတဲ့ အလုပ်လေးလုပ်ဘို့ ကြိုးစားကြည့်မိတယ် ။ ငယ်ငယ်တုန်းက လိပ်ပြာပိုလှလို့လား မသိဘူး ကိုယ့်စိတ်ကို ပြန်ဖမ်းတာ အဲလောက် မခက်ခဲ့ဘူးနော် ။ ခုတော့ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းတဲ့ အလုပ်လုပ်တာ အတော် ချာလည်လည်နေတာ တွေ့ရတယ် ။ ဒီအတိုင်းဆိုရင်တော့ ငါရုတ်တရက် တခုခု ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူးလို့ သက်ပြင်းချမိတယ် ။ စိတ်ငြိမ်အောင်ကြိုးစားရင်း အာရုံကိုဖမ်းဆုတ်မိပြန်တော့ ပေါ်လာတာတွေက မကောင်းတဲ့ အာရုံတွေ မကြည်လင်တဲ့ ဖြစ်ရပ်တွေ မလှပတဲ့ ပုံရိပ်တွေကိုကြောက်မက်ဖွယ် စွဲနေတာကို ကိုယ့်ကိုယ်ကို သိလိုက်ရတယ် ။ နေ့စဉ် တွေ့နေကြားနေရတာတွေက မကောင်းတဲ့ သတင်းတွေ မလှပတဲ့ အနိဌာရုံတွေ များလွန်းတာကိုး ။ သွေးတွေနဲ့ ...

နေရာ

Image
အသက်အတော်ကြီးလာပြီ ကိုယ့်ကိုယ်ကို တချိန်လုံး ၄၃ ပြည့်ပြီလို့ထင်နေမိတယ် ။ မနေ့ကမှ သေချာစဉ်းစားမိတော့မှ ၄၂ ပဲရှိသေးတယ် အဟီးးးး ။ စိတ်တွေ အရမ်းထွေတယ် ။ မေ့တတ်တယ် ။ အသက်တကယ်ကြီးသွားပြီ ။ :D ခုနောက်ပိုင်း အသည်းရောအူရော အရမ်းနေချင်တဲ့ နေရာလေးတွေကို စုဆောင်းထားတာပါ ဘာရယ် မဟုတ်ဘူး ။ တကယ်ကံကောင်းတဲ့ သူတွေ ။ နေချင်လိုက်တာ ။

၄၃

Image
ဒီနေ့ မွေးနေ့ ။ အသက်ကြီးလာတာနဲ့ အမျှ ကျမရဲ့ အယူအဆလေးတွေ နည်းနည်းခြင်းပြောင်းလဲလာခဲ့ပါတယ် ။ ဟိုအရင်တုန်းကတော့ မွေးနေ့ကို အမှတ်တရနေ့တခု ဖြစ်စေချင်ခဲ့ပေမယ့် ဒီတနှစ်မှာတော့ တနေ့တခြား ဗာရီဟတွေ များလာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တကူးတက အလုပ်မရှူပ်စေချင်ဘူး ။ တာဝန်ကြီး တရပ်လိုလဲ မဖြစ်စေချင်တဲ့ စိတ်တွေနဲ့ ခပ်ရှိုရှိုပဲနေခဲ့ပါတယ် ။ အသက်ကြီးလာတာကို မေ့ထားချင်တာလဲ ပါပါတယ် :D ။ ဒါကြောင့် အလွန့်အလွန် ညီအမလိုရှိတဲ့ မိတ်ဆွေ တယောက် နှစ်ယောက်ကလွဲလို့ ကျမဝေါကို ပိတ်ထားခဲ့တယ် ။ မချစ်လို့တော့ မဟုတ်ဘူး ။ သူငယ်ချင်းတွေ အယောက်တိုင်းကို ရတနာတွေလို တန်ဘိုးထားပါတယ် ။ ဝေါကြီး ဖွင့်ပြီးတော့ လဲ Make sense လဲ မလုပ်ချင်ဘူး.... နာမည်ရင်းကြီးနဲ့ ဖွင့်ထားတဲ့ အကောင့်ရင်းကြီးမှာ မရင်းနှီးသူတွေကလဲ အများကြီး ကိုယ့်ကိုခင်တဲ့သူရော မခင်တဲ့သူရော ရောနှောနေတာဆိုတော့ ဘယ်သူ့ကိုမှ အနှောင့် အယှက် မဖြစ်စေချင်တော့ဘူး ။ နောက်တခုက တဖြည်းဖြည်းနဲ့ ကျမရဲ့ နယ်ပယ်လေးကို ကျဉ်းလာစေချင်တယ် ။ အဓိကကတော့ အရင်လို အေးချမ်းတဲ့ အိမ်တွင်းပုန်းဘဝလေးကို ပြန်လိုချင်လာလို့ပါ ။ ဒါပေမယ့် ကျမကို တကယ် ...