Posts

Percy Jackson and the lighting thief ( 2 )

Image
သုံးရက်အကြာ ပါဆီနိုးလာတဲ့ အချိန်မှာ သူဟာ အိပ်ယာ တခုပေါ်မှာ လှဲလျောင်းနေတယ် ။ သူဘေးနားမှာ သူငယ်ချင်း ဂရိုဘာ က စောင့်နေတယ် ။ ဘေးနားမှာ ထိခိုက်ဒါဏ်ရာ ရထားတဲ့ သူတွေကို ကုသပေးနေတယ် ။ ဒါပေမယ့် နေရာက ဒီနေ့ခေတ် ဆေးရုံလိုနေရာမျိုး မဟုတ်ဘူး ။ ထူးဆန်းနေတယ် ။ Demigods တွေကို လေ့ကျင့် သင်ကြားပေးတဲ့ လျှို့ဝှက်နေရာ Camp Half Blood. ဂရိုဘာက မေးတယ် ဘာတွေ မှတ်မိလဲ ပါဆီတဲ့ ။ ပါဆီက "သူ အိမ်မက်မက်တယ် အရမ်းထူးဆန်းပြီး မင်းလဲ ပါတယ် ။ အိမ်မက်ထဲမှာ မင်းက ဆိတ်ကြီး " လို့ ပြောရင်းနဲ့ ဂရိုဘာ့ ခြေထောက်ကို ကြည့်လိုက်တော့ သူလန့်သွားတယ် ။ ဂရိုဘာ့ခြေထောက်က အိမ်မက်ထဲက အတိုင်း ဆိတ်ခြေထောက်ဖြစ်နေတယ် ။ အဲဒီတော့မှ ပါဆီက သူအိမ်မက် မက်တာ မဟုတ်မှန်း သိလိုက်ရတယ် ။ တဆက်တည်း မေမေ့ကို ဆုံးရှုံး လိုက်ရတာ တကယ်မှန်းသိတော့တယ် ။ ဒီနေရာမှာ ဂရိုဘာနာမည်က Satyr. စက်တယာ ။ စက်တယာ က ဆေးကုတဲ့ နေရာကနေပြီး အပြင်ထွက်ပြီး ပါဆီကို နေရာ အနှံ့လိုက်ပြတယ် ။ပါဆီ့ကိုလဲ သားရေ ကိုယ်ကျပ် အကျီင်္ပေးဝတ်ထားတယ် ။ အကာအကွယ် အတွက်လို့ ပြောတယ် ။  ဒီနေရာမှာ လူငယ်လေးတွေ အများကြီး စစ်ရေး...

Percy Jackson and the lighting thief ( 3 )

Image
Luke ပေးလိုက်တဲ့ မြေပုံအရ  ပထမဆုံး ပုလဲ ဝှက်ထားတဲ့ နေရာက အမေရိက မှာ နယူးဂျားစီ ပြည်နယ်က Auntie Em's Garden Emporium ။ ဥယာဉ်ထဲမှာ အလှထားတဲ့ ကျောက်ရုပ်တွေ ရောင်းတဲ့ နေရာ ။ သူတို့ရောက်သွားတဲ့ အချိန်မှာ အရောင်းဆိုင်ထဲမှာ ဘယ်သူမှ မတွေ့ရဘူး ။ ရေပန်းဟောင်း တခုထဲမှာ မီးလောင်ထားလို့တွန့်နေတဲ့ ရှေးဟောင်း ဂရိ ဒင်္ဂါးပြားတွေ Drachmas တွေ့လို့ လက်တဆုတ်စာ ကောက်ယူလာခဲ့တယ် ။ လိုလို မယ်မယ် ပေါ့ ။ သုံးယောက် ခွဲပြီးနေရာ တခုလုံး လှည့်ပတ်ရှာကြတဲ့ အခါမှာ စက်တယာ တွေ့လိုက်တာက ဆိတ်တကောင်ရဲ့ ကျောက်ရုပ်။ သူက ဆိတ်ဖြစ်ပေမယ့် ဦးချို မရှိသေးတဲ့ အတွက် ဆိတ်ရုပ်တုက ဦးချိုကို သဘောတကျ နဲ့ ကြည့်နေတုန်း ကျောက်ရုပ်ရဲ့ နဖူးက မှဲ့ကို တွေ့လိုက်တဲ့ အခါမှာ ။ စက်တယာရဲ့ ဦးလေးအန်ကယ် ဖာနန်ဒတ် မှန်း သိလိုက်တယ် ။ အဲဒီမှာ အန်ကယ်ဖာနန်ဒတ်ကို သတ်သူဟာ မာဒူးဆာ ဆိုတာ မှတ်မိသွားတော့ စက်တယာ အထိပ်တလန့်နဲ့ အော်လိုက်တယ် ။ သူပြုစားထားတဲ့ ကျောက်ရုပ်တွေနဲ့ နေထိုင်တဲ့ ခေါင်းပေါင်းပြီး မျက်စေ့ကို နေကာမျက်မှန်နဲ့ ကာထားတဲ့ မေ...

Olympians Fever

Image
Olympus ဆိုတဲ့ တောင်ကြီးမှာ နေထိုင်ကြီးစိုးတဲ့ Olympians နတ်မင်းကြီးတွေ စုစုပေါင်း ၁၂ပါး ရှိတယ်တဲ့ ။ ဒီနတ်ဘုရားတွေ အားလုံးရော သူတို့ရဲ့ အဆက်အနွယ်တွေ အားလုံးဟာ နတ်မင်းခေါင်ကြီး ဇုဇ် Zeus နဲ့ ပတ်လည်ဆက်နွယ်ပြီး အမျိုးတော်နေကြတယ် ။ ဒီနတ်ဘုရားတွေ အပြင် ငရဲပြည်ရဲ့ အရှင်သခင် ဟေးဒီးစ် Hedes နတ်မင်းကြီးနဲ့ သူ့ရဲ့ မိဘုရား Persephone ပါ့စ်ဖီနီ ကတော့ အိုလမ်ပီယာ မိသားစုဝင်တွေ ဖြစ်ပေမယ့် ။ အိုလမ်ပီယာတောင်ကြီးမှာ မနေပါဘူး ။ သူတို့အပိုင်စားရာ ငရဲပြည်မှာပဲနေပါတယ် ။ ၁ ။   Zeus   ဇုဇ်  ဇုဇ် ဆိုတာ ရောမ လိုဆိုရင်တော့ ဂျူပီတာ တဲ့ ။ ကောင်းကင်ကြီး တခုလုံးနဲ့ မိုးကြိုးတွေကို ပိုင်တဲ့ နတ်ဘုရားဖြစ်ပြီး အိုလမ်ပီယာတောင်ကြီးတခုလုံးနဲ့ နတ်ဒေဝတာတွေရဲ့ အကြီးအမှူးပေါ့ ။ အမှန်ကတော့ နတ်မောင်နှမတွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ် ။ သူနဲ့ ဆက်စပ်နေတဲ့ သင်္ကေတတွေကတော့ Thander bolt လို့ သိကြတဲ့ မြန်မာလို ဝရဇိန်လက်နက် မိုးကြိုး ၊ စွန်ရဲငှက် ၊ ဝက်သစ်ချပင် ၊ အကြီးအမှူးတွေ ကိုင်လေ့ရှိတဲ့ ကျိုင်းတံ နဲ့ သမာဓိ ချိန်ခွင်ရှာတို့ဖြစ်ကြပါတယ် ။ န...