Posts

Hate speech kills the Free Speech

Image
အင်တာနက်မှာ လူတွေဟာ စိတ်ချဉ်တွေ ပေါက်နေကြတယ် ။ တခုခု ဆို ပြင်းပြင်းထန်ထန်ပြောလိုက်ရမှ ကျေနပ်နေကြတယ် ။ လူတွေမှာ ဘဝတလျှောက်လုံး မပြေလည်ခဲ့တဲ့ စိတ်အဆာတွေ ရှိတယ် ။ ဒီလိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ထွက်ပေါက် အဖြစ် တဘက်သားရဲ့  ရှေ့မှောက်မှာ ဖောက်ခွဲထုပ်ပစ်လိုက်ခြင်ကြတယ် ။ ဒီလိုလုပ်တဲ့ အခါမှာ သူဖောက်ခွဲ ထုပ်တာ ခံရတဲ့ အကြောင်းအရာ လူပုဂ္ဂိုလ် ဖြစ်ရပ် မှန်တယ် မှားတယ် ကြည့်မနေဘူး ။ သူရဲ့ ရည်ရွယ်ချက်ကလဲ စိတ်ကို ဖောက်ထုပ်ဘို့သတ်သတ် ဆိုတော့ ဒါတွေက အရေးမပါဘူး ။ သူဖွင့်ထုပ်ပစ်လိုက်ဘို့ ပေါ့သွားဘို့က အဓိက လိုရင်းပဲ ။ မှန်စရာလဲ မလိုဘူး ။ မျှတစရာလဲ မလိုဘူး ။ လူကြီး လူကောင်းဆန်ဘို့လဲ မစဉ်းစားဘူး ။ ကိုယ်ခြင်းစာဘို့ကတော့ ဝေးရောပေါ့ ။  ဒါပေမယ့် မသိရင်တော့ သူတို့ အော်ဟစ်နေတာ အမှန်တရားတွေလိုပဲ ။ ဒါပေမယ့် သူတို့မှာ အမှန်အမှား ခွဲခြားတတ်သူက ဆယ်ယောက်တယောက်ပဲပါတတ်တယ် ။ အဲဒီမှာ ခံလိုက်ရသူတွေက မထင်မှတ်ပဲ သူတို့ရဲ့ တားဂတ်ဖြစ်သွားတဲ့ သူတွေပေါ့ ။ လူတွေရဲ့ အဆင်မပြေမှုတွေ ဘဝရဲ့ဟန်ချက် Balance ဆုံးရှုံးနေမှုတွေဟာ ကြည့်တတ်ရင် ကြောက်ဘို့ကောင်းတယ် ။ ကိုယ့်ဘဝကို ကိုယ့်ဘာသာ ...

Phantom Of The Opera

Image
သရဲကြီး ဖန်တန်ရဲ့ မျက်နှာဖုံး Nightwish - Phantom Of The Opera (live) by  Taish ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ လူတွေ အုတ်အုတ်သဲသဲ နာမည်ကြီး ကြိုက်နှစ်သက်ခဲ့တဲ့ အော်ပရာ ပြဇာတ်တစ်ခုရဲ့ ဇာတ်ဝင်သီချင်း တစ်ပုဒ်ကို တင်ဆက် ချင်ပါတယ်...ကျမတို့ကလွဲရင် ပေါ့လေ.. ကျမတို့က ဒီလို အရမ်းဖန်တီးမှုအားကောင်းတဲ့ အနုပညာတွေနဲ့ ဘာမှ မဆိုင်သလို နေကြရတာ ဆိုတော့ ကြိုက်နှစ်သက်ချင်မှကြိုက်နှစ်သက်မှာပါ..။ ဇာတ်လမ်းအကျဉ်းကိုသိမှ သီချင်းရဲ့ အဓိပ္ပါယ်ကိုနားလည်မှာပါ.... ဒီပြဇာတ်ဟာ ၁၉ ရာစုနှောင်းပိုင်းလောက်က တည်ဆောက်ခဲ့တဲ့  Palais Garnier  ဆိုတဲ့ ပြဇာတ်ရုံကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီးရေးသားခဲ့တယ် လို့သိရပါတယ်...။ ပြဇာတ်ရုံဆိုလို့ တို့ဆီက ဖိုးချစ်တို့ ကတဲ့ဇာတ်ရုံလိုမျိုး မထင်နဲ့နော် ပုံက ဒီမှာပါ..။ စိတ်ဝင်စားဘို့ကောင်းတာက အဲဒီပြဇာတ်ရုံကြီးဟာပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိပြီးတော့ ဆောက်လုပ်နေဆဲ ကာလမှာ အချိန်ရွှေ့ဆိုင်းမှုတွေ ခဏခဏ ဖြစ်ရလောက်အောင် မြေနေရာ ကွန်ကရစ်ဖောင်ဒေးရှင်းက ချမရလောက်အောင်ဖြစ်ခဲ့ပါတယ်..။ ဘာလို့လဲ ဆိုတော့ မြေအောက်တည့်တည့်မှာ  subterranean lake  ဆဘ်တာရန်းနီးယန...

ကျမလက်ရာများ

Image
ရန်ကုန်ပြန်တာ အကျီတွေ ကိုယ့်ဘာသာ ကိုယ် အတော်ချုပ်မိသွားတယ် ။ အမေ့အတွက်ရော သမီး အတွက်ရော ကိုယ့် အတွက်ရော ။ ကြိုပြောထားမယ်နော် ။ ထပ်ရှာတွေ့ရင် တင်ဦးမှာ ညှဲညှဲ။ ယုံလားတော့ မသိဘူး သင်တန်းလုံးဝ မတတ်ဘူးဘူးနော် ။ :P