Thursday, May 29, 2014

ရှင့်ကျန်း ကာတွန်းရီဗျူး

ခုတလော စာကြည့်တိုက်လဲ ခဏခဏ ရောက်တယ် စာအုပ်တွေလဲ ငှားပြီး ဖတ်မိတယ် ။ အင်တာနက်ကို scrolling လောက်ပဲ လုပ်တော့တယ် ။ ဖတ်မိတဲ့ စာအုပ်တွေက သိပ်အကြီးကျယ်ကြီး မဟုတ်ပါဘူး ။ ကော်မစ်ရုပ်ပြတွေပါ ။ ရုပ်ပြ ခရီးသွား နဲ့ ရုပ်ပြဗုဒ္ဒဝင် လေးပေါ့ ။ ဘားမားခရိုနီကယ်ရေးတဲ့ ကာတွန်းဆရာကို သဘောကျသွားတာကြောင့် သူဆွဲခဲ့တဲ့ ရုပ်ပြတွေ စာကြည့်တိုက်မှာသွားထပ်ရှာတော့ တရုပ်ပြည် ရှင့်ကျန်း မှာ နေခဲ့တဲ့ စာအုပ်လေး ထပ်ရလာခဲ့တယ် ။ ဂျေရုဆလင် ဆိုတဲ့ စာအုပ်ရှာပေမယ့် မရခဲ့ဘူး ။ ကံအကြောင်းတိုက်ဆိုင်စွာ ဖဘမှာ ရှယ်ထားတဲ့ လင့်ကနေ စာရေးဆရာ Ksaungchaung ရေးတဲ့ ဘလော့မှာ သူကိုယ်တိုင် အစဆုံးဘာသာပြန်ထားတာလေး ဖတ်လိုက်ရလို့ အရမ်းကျေးဇူးတင်မိတယ် ။ စိတ်ထဲမှာ စာရေးဆရာကို ဘာမားခရိုနီကယ်လေး နဲ့ ရှင့်ကျန်းလေးပါ ဘာသာပြန်ပေးရင် အရမ်းကောင်းမှာပဲ လို့ ဆုတောင်းမိတယ် ။ စာဖတ်သူတွေကြားကို ကျယ်ပြန့်စွာ ရောက်သွားရင် သိပ်ကောင်းမှာပဲနော်....

သူ့ရဲ့လင့်က ဒီမှာပါ ။


ဒီစာအုပ်လေးကိုတော့ ဦးဏှောက်ထဲက မပျောက်ပျက်သွားအောင်တော့ ဒီဘလော့လေးမှာ တင်ထားချင်တယ်။

ဒီစာအုပ်ရဲ့ထူးခြားချက်နဲ့ ဘာမားခရိုနီကယ်စာအုပ်နဲ့ ကွာခြားချက်ကတော့ ဒီစာအုပ်က ပိုပါးတယ် ။ စာမျက်နှာတိုင်းကို မွဲမှောင်နေတဲ့ ပုံသဏ္ဌာန် ရေးဆွဲထားတယ် ။ တရုပ်ပြည်ရှင့်ကျန်းမှာ ကြည်လင်တဲ့ ရာသီဥတု မရှိဘူးလို့ ဆိုလိုခြင်တာလားမသိဘူးနော် ။

ရှင့်ကျန်းဆိုတာ တရုပ်ပြည်မကြီးရဲ့တောင်ဘက်စွန်း ဟောင်ကောင်ကျွန်းကို မြင်နေရတဲ့ မြို့လေး ဖြစ်ပါတယ် ။
စာမျက်နှာတွေလဲ အစဉ်တိုင်းမှန်ချင်မှ မှန်မှာပါ ။ ကျမကတော့ ဖတ်မိတဲ့ ထဲက ဗဟုသုတ ရသလောက်လေးကိုပဲ ရှဲသွားမှာပါ ။



စစခြင်းပြထားတဲ့ပုံတွေကတော့ ထိုးထိုးထောင်ထောင်နဲ့ ဆောက်လက်စ ဆောက်လုပ်ရေးတွေပါ ။



 ဟော်တယ်မှာတည်းတော့ Doorman ရဲ့ အင်္ဂလိပ်က တလွဲကြီးတဲ့ ။ အခန်းဆီကိုသွားတဲ့လမ်းတလျှောက်လဲ သီချင်းသံတွေ ပျံလွင့်နေတယ် ဆိုပဲ ။


အဲအချိန်က ဟော်တယ်အားလုံး ဘာနာမည်ပဲဖြစ်ဖြစ် တပုံစံထဲပဲတဲ့ ။



အခန်းထဲမှာ ပေးထားတာလဲ ရေနွေးပူ ရေနွေးကြမ်း ဒါမှမဟုတ် ဟင်းချိုပူတခွက်တဲ့ ။ ရေနွေးဓာတ်ဘူး နှုတ်သီးရဲ့ ဒီဇိုင်းပုံ မမှန်သောကြောင့် ရေနွေးတွေ ဖိတ်စင်ကုန်တယ် ။




အခန်းထဲမှာ မီးခလုပ်တွေ များလွန်းတော့ ဘယ်တခုကို ပိတ်မှ အခန်းမှောင်ချလို့ရမယ် မသိဘူး ။




ဆိုင်တွေမှာ သွားစားရင် ဘာသားနဲ့ ချက်ထားလဲ လို့ မေးချင်ပေမယ့် ကြက်ဖခေါင်းကြီး ဆယ်မိတဲ့ အတွက် အရင်သဘောပေါက်လိုက်တယ် ။




လမ်းမှာ လူတွေက နှုတ်ဆက်တတ်တယ် ။ Doorman ရဲ့ အင်္ဂလိပ်ကလဲ ပြောတိုင်းလွဲတယ် ။ ဓာတ်လှေခါးထဲတောင် ဖုန်းကို အရမ်းအကျယ်ကြီးပြောတယ် ။




အိပ်မပျော်တဲ့ ညတွေမှာ မီးလင်းနေတဲ့ ပြူတင်းပေါက် တဘက်က အခန်းမှယ ဘေစင်ပေါ်ထိ တတ်ထိုင်ပြီး အဝတ်လျှော်နေတဲ့ မိန်းကလေးတယောက်ကိုတွေ့လိုက်တော့ အံ့သြသွားတယ် ။နောက်တော့မှ သိရတာ အဲတာ ဟော်တယ်သုံးအဝတ်စတွေ လျှော်တဲ့ လောင်ဒရီခန်းတဲ့ ။




မြို့ထဲသွားတော့ ပလက်ဖောင်းကို ခေါင်းနဲ့ ဆောင့်ဆောင့်ပြီးတောင်းနေတဲ့ သူတောင်းစားကိုတွေ့တယ် ။




အမှန်ကသူတို့က ဟန်ဆောင်နေတာ ဆံပင်တွေနဲ့ ဖုံးနေတဲ့အတွက် နဖူးနဲ့ ထိတယ် မထိဘူး မမြင်ရဘူးတဲ့




ဒီနေရာမှာ တန်းစီစနစ်ကို နားလည်ပုံမရဘူးတဲ့ ။ နေရာလေးနဲနဲလောက် ခြားလိုက်မိရင် နော်ကတယောက်က ဝင်သွားရော ။ ဘယ်လောက်သေးတဲ့ နေရာပဲ ဖြစ်ဖြစ် တိုးဝင်တာတဲ့ ။






တရုပ်ဌာနဆိုင်ရာတွေမှာ အလုပ်လုပ်တဲ့ပုံ




KFC ဆိုင်ဖွင့်ပွဲကိုမြင်လိုက်တယ် ။ မိန်းကလေးငယ်ငယ်လေးတွေယူနီဖောင်းဝတ်ပြီး တန်းစီ ကနေကြတယ် တဲ့ ။ မြန်မာပြည်က အခန်းအနားတွေမှာ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖက်ရှင်ရှိုးထဲ့တာ သတိချပ်မိတယ် ။




ပြီးတော့ လော်စပီကာနဲ့ အမျိုးသမီး တယောက်ကKFC ဖွင့်ပွဲမှာ လူခေါ်နေတာ ။




တရုပ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘာသာစကားမပေါက်တော့ ခဲတံနဲ့ ပြောလိုသမျှ ကို ပုံဆွဲပြပြီးပြောကြတယ် ။




သွားနာတော့ စကားပြန်မကို အကူညီတောင်းတယ် ။ စကားပြန်မက သွားဆေးခန်းတခုကို ခေါ်သွားတယ် ။ ဆေးခန်းမှာ စောင့်နေတဲ့ လူအုပ်ကြီးက အရမ်းများတယ် ။ စကားပြန်မက လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားတယ် ။ ပြန်ထွက်လာတော့ တိုကင်နံပါတ်လေးပါလာတယ်တဲ့ ။




ဆေးခန်းအပေါက်ဝမှာ အထဲက သွားဆရာဝန်ပြနေတာတွေကိုချောင်းကြည့်နေသူတွေလဲအများကြီးပဲတဲ့ ။




ဒါကတော့ ဆရာဝန်အခန်းထဲက မြင်ကွင်းပါ ။သွေးတွေရယ် စပ်တူသုံးနေတဲ့ ကိရိယာတွေရယ် :(


တရုတ်ဆရာဝန်က ဖော်ရိန်နာတယောက်မှ မကုဘူးလို့ နဲနဲ လန့်တယ်တဲ့ ။ နို်င်ငံခြားသားတွေက အမေရိကန် စင်တာမှာပဲ ကုကြတယ်တဲ့ ။ အဲတော့မှ အဲနေရာ ရှိနေမှန်းသူသိလိုက်တယ် ။


သူကလဲ ဆေးထိုးမှာရယ် သွားနှုတ်မှာရယ်ကိုကြောက်နေတယ် ။ တော်သေးတယ် အဲတာ တွေ မလုပ်ရဘူး ။ ဈေးတော့ အတော်ပေါတယ် ။ အပြန်လမ်းမှာတွေ့ရတာ သွားဆေးခန်းထဲကထက်ဆိုးတယ် ။ ခြေနင်းမော်တာနဲ့ လည်ပတ်ရတဲ့ သွားစိုက်ဆိုင် တွေရှိတယ် ။



အလုပ်ထဲမှာ တရုပ် ကာတွန်းဆရာနဲ့ ပြန်ပြင်ရမယ့် အချက်အလက်တွေကို စကားပြန်မကတဆင့် ဆွေးနွေးတော့ ကျနော့်ကို ဘာမှ ပြန်မပြောပဲနဲ့ သူတို့ခြင်း အော်ကျယ်ဟစ်ကျယ် ငြင်းခုန်နေကြတယ် ။




တနေ့ကျတော့ မနက်ခင်း မြေညီထပ်ကကောင်တာစာရေးမက ကျနော့ ကိုလဲ မြင်ရော ပြေးပြီး ဓာတ်လှေခါး ခလုပ်ကို ခေါ်ပေးတယ် ။
အမှန်က တခါနှိပ်ရင် ရပါတယ် ။ သူကတော့ ဓာတ်လှေခါးမလာမခြင်း တ"တပ်တပ်" နဲ့ နှိပ်တော့တာပဲ ။ သူထင်တာ အဲလိုနှိပ်ရင် အမြန်တတ်လာမယ် ထင်လို့လား မသိဘူး ။ ကျနော်လဲ ဘယ်လိုရှင်းပြရမလဲ မသိတော့ ဒီလိုပဲ ရပ်ကြည့်နေရတယ် ။




အိမ်ပြန်လမ်းမှာတော့ မြေကွက်လပ်တွေရယ် သစ်ပင်တွေရယ် တလမ်းလုံးမဆုံးနိုင်အောင်ပဲ ။ တံတားတခုပေါ်မှာ လူတယောက် သတင်းစာကို အာရှသမားတွေရဲ့ နည်းအတိုင်း ဆောင့်ကြောင့်ထိုင်ပြီးဖတ်နေတယ် ။ ထူးတာက သူထိုင်နေတာ  သံလက်ရန်းပေါ်မှာ မပြုတ်ကျအောင်ထိုင်နေတာ ။




တရုပ်ပြည်မှာ business card တွေပေးကြတာ ထုံးစံပါပဲ ။ လက်နှစ်ဘက်နဲ့ ပေးကြပြီး လက်နှစ်ဘက်နဲ့ လက်ခံယူရတယ် ။ အဲတော့မှ စိတ်ဝင်တစားရှိတဲ့ အရောတဝင်မှုကို ရတယ် ။ နဲနဲတော့ ဆန်းတယ်နော် ။




ကျနော် တခုခု ပြောလိုက်တဲ့ အခါ ဘာရယ်ကြောင့်မှန်းမသိ တဟဲဟဲ နဲ့ ရီနေကြတယ် ။



စားနေတုန်း တခါထဲ ကြော်လှော်ပေးတဲ့ ဆိုင်မှာ စားခွင့်ရတုန်းက ကြော်တဲ့သူရဲ့ ဆားသုံးစွဲမှုကို အံ့သြခဲ့တယ် ။




ရထားစီးဘို့ ဘူတာရုံရောက်တော့ ရထားဝန်ထမ်းက ကျနော့ကို တပ်ပုံစံ အလေးပြုလို့အံသြသွားတယ် ။




အတော် ကလပ်စ်စစ် ဖြစ်တာပဲနော် :D :P




 ဟော်တယ် ပြန်ရောက်တော့ doorman ရဲ့ အပေါက်အလမ်းမတည့်တဲ့ အင်္ဂလိပ်စကားကြောင့် ကျွဲမှီးတိုခြင်လာတယ် ။
အခန်းထဲမှာလဲ အဲကွန်းဖွင့်ထားလိုက်တာ သွေးခဲမတတ်ပါပဲ ။



ထုံးစံအတိုင်း လေ့ကျင့်ခန်းတွေ ပိုလုပ်တယ် ကာတွန်းဆွဲတယ် ။ လမ်းထောင့် တနေရာမှာ ပေါက်တူးတွေ ပေါက်ပြားတွေနဲ့ လမ်းပြင်နေတဲ့ မိန်းမတချို့ ကိုတွေ့တယ် ။ အမျိုးသမီး တွေကို အလုပ်ကြမ်းခိုင်းစေတဲ့ ဆိုးဝါးမှုပဲ ။




လမ်းပေါ်က ဖက်ရှင်ဆိုင်တွေ မှာ အရုပ်မ ပုံစံ ၂မျိုးလောက်ကို အဝတ်စား အမျိုးမျိုး ဆင်ယင်ပေးပြီး ဘေးတဘက်တချက် တန်းစီပြီးချထားတယ် စစ်တပ်မှာသတိဆွဲတဲ့ပုံနဲ့ တူတယ် ။ ဆိုင်နဲ့ မတူပဲ ပြတိုက်နဲ့ တူတယ် ။




တရုပ်တွေနဲ့ ကာတွန်းဆွဲရာမှာ အတော်ခက်ခဲတဲ့ အပိုင်းကတော့ မျက်လုံးဆွဲတာပဲ ။ ဘယ်လိုဆွဲဆွဲ ပါပ မျက်လုံးပုံပဲ ထွက်နေတယ် ။




အိမ်သာပြသနာပ အတော် မလွယ်ဘူး ။ ဒါမျိုးပဲရှိတယ် ။ မတတ်နိုင်ဘူး ကိုယ့်ဘာသာ ကျင့်ယူရတယ် ။ နောက်တော့လဲအကျင့်ဖြစ်သွားတယ် ။ (ကျမဆိုရင် မနေနိုင်ဘူး :( )



တရုပ်ပြည်မှာ အိမ်သာတတ်ရင် အနံ့ဟာ ဘာစားခဲ့လဲ ဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင်တယ် ။ ထမင်း ? ။ အဲအနံ့တော့ မဟုတ်ဘူး နွေရာသီမြောင်းပုတ်နံ့ထွက်တယ် ။ ပြင်းတယ် ။ ကျနော်ထင်တယ် ဘယ်နိုင်ငံမဆို ကွဲပြားတဲ့ စရိုက်တော့ ရှိမှာပဲ အဲတာကိုက ယဉ်ကျေးမှု စရိုက်ဆိုတာ ဖြစ်လာတယ် ။




နိုင်ငံတကာက အထင်ကရ အဆောက်အဦးတွေရဲ့ ကလုံးပုံစံတူလေးတွေ ရှိတဲ့ ပြတိုက်ကိုရောက်တယ် ။ အီတလီ ပြင်သစ် ဂရန်းကင်ညွန် ။ သြစတေးလျ မှာတော့ လူတယောက်က သူ့မိန်းမနဲ့ ဓာတ်ပုံတွဲရိုက်ပါရစေတဲ့ ။




သူ့မိန်းမဘေးမှာ ကျနော်ရပ်နေခြင်းဟာ ဂုဏ်ယူစရာဖြစ်နေတာလားမသိ ။ အာဖရိကန်နေရာရောက်တော့ ကျနော် အပြေးလေးသွားကြည့်မိတယ် ။ တရုပ်ပြည်မှာ အာဖရိကန်ရှားတယ် ။ ဒါပေမယ့် တရုပ်တွေဖိနပ်သုတ်ဆေးတွေ တကိုယ်လုံးသုတ်ပြီး ဂူးဂူးဂဲဂဲ နဲ့ ခလေးတွေလိုခုန်ပေါက်နေတာ ပဲ တွေ့လိုက်ရတယ် ။ လင်ကွန်းဗိမာန်ထဲက ကြွက်တကောင်ထွက်ပြေးလာတာလဲ တွေ့ခဲ့တယ် ။ လာရကျိုးမနပ်လိုက်တာ




ဂိုက်အားကိုးနဲ့ ဆိုင်ကောင်းမှာ စားဘို့ရွေးလိုက်တယ် ။ ဆိတ်အူဟင်း ( ရာဘာပြားနဲ့ တူတယ် ) နှစ်တထောင်ကြက်ဥ ( century eggs အရောင်က စိမ်းရွှေရွှေနဲ့ ကြည့်ရတာ ရွံ့စရာကြီး ဒါပေမယ့် စားကောင်းတယ် ) ပြီးတော့ ဆိုင်ရဲ့ စပါယ်ရှယ် ပေါက်စီ

ရှန့်ကျန်းက အလျှင်အမြန်တိုးတတ်နေတယ် ။ မျက်စေ့တဆုံး ကရိန်းကြီးတွေတွေ့ရတယ် ။ အလုပ်သမားတွေကလဲ နေ့ရော ညရော ဆောက်နေတယ် ။




ဟော်တယ် ပြန်ရောက်တော့ doorman ရဲ့ ပေါက်ကရ အင်္ဂလိပ်ပါလာပြန်ပြီ ။




ဆောက်လုပ်ရေး တခု ရဲ့ မြန်ပုံ




တရုပ်ပြည်မှာ ငါးဆိုတာ မလတ်ဆတ်တော့ရင် ဘိုက်ပက်လက်လန်ပြီး ပေါလော ပေါ်နေတာပါ ။




ကျနော့ရှေ့တင် အဘိုးကြီး တယောက် ငှက်ပြောခွံနင်းမိပြီချော်လဲသွားတယ် ။ ဘသူ့မှ အရေးမလုပ်ဘူး ။ မယုံနိုင်အောင်ပဲ ။ ကျနော့် ဘဝမှာ အဲလို ငှက်ပျောခွံနင်းမိတာ ကာတွန်းထဲမှာ ပဲရှိတယ်ထင်မိခဲ့တာ ။ ကျနော်မျက်စိကိုတောင် မယုံခဲ့ဘူး ။




 သတင်းစာတွေကတော့ အမှိုက်သာသာဖြစ်ကုန်ပြီ ။ ပထမစာမျက်နှာမှာ အကြောင်းအရာတခုရဲ့ အစကိုပြိုးတယ် ။ နောက်စာမျက်နှာမှာ အဲအကြောင်းအရာကိုဆွေးနွေးခြင်း ပြန်လည်သုံးသပ်ခြင်းနဲ့ အမြင်တချို့ ။ နောက်စာမျက်နှာမှာလဲ အဲအကြောင်းအရာပဲ အဆုံးသတ်နဲ့ ပြန်လည်သုံးသပ်ခြင်းကိုပြန်လည်သုံးသပ်ခြင်း အမြင်တွေအပေါ်ထက်ဆင့်အမြင်များ ?




ပရိုဂျက်ဒါရိုက်တာတယောက် ဆေးရုံတက်အဆုတ်ခွဲရတယ် ကြားတယ် ။ ဒီရာသီဥတုနဲ့ သနားပါတယ် ။ သူဆေးရုံတက်တာ ၂ပတ်မှာ ဘယ်သူမှ သူအကြောင်း ပြောတာ မတွေ့လို့ စပ်စုကြည့်တယ် ဘယ်သူမှ မသိဘူးပဲပြောတယ် ။ တနေ့သူပြန်လာတော့ အရမ်းပိန်သွားတယ် ။ လည်ပင်းက ခွဲစိတ်ဒါဏ်ရာတွေကိုပြတယ် ။




နေ့လည်စာစားချိန်မှာ ဘဲကျွတ်ကင်ကိုစားနေတုန်း ပုံဆွဲခန်းထဲက ကောင်မလေးတယောက် အပြေးအလွှားလက်ထဲလာထည့်သွားတယ် Big Mc ဘာဂါတခု ။ သူနောက်ရက်လဲ လာပေးသေးတယ် ။ ကျနော့ဆီက သူ့လက်ရာ အပေါ်သုံးသပ်ချက်မျှော်လင့် သလားမသိဘူး ။ နောက်ရက်ကြတော့ ဓာတ်ပုံအယ်လဘမ် တအုပ်လာပေးသွားတယ် ။ ပုံတွေ အားလုံးကနောက်ခံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ သူ့ရဲ့ပုံတွေ ပါပဲ ။




နောက်တော့ တိုတဲ့ပြတ်တဲ့ အကျီတွေဝတ်ထားတဲ့ ပုံတွေ ။ စိတ်မကောင်းစရာက ဆွဲဆောင်မှု မရှိပါဘူး ။ ကျနော် တွေ့တဲ့ နေရာမှာပဲ အယ်လဘမ်တွေ ပြန်ထားလိုက်တယ် ။ နောက်ဘာမှ လာမပေးတော့ဘူး ။




လမ်းကြားမှာ စက်ဘီးနဲ့ သွားတုန်း မျက်နှာခြင်းဆိုင်ကစက်ဘီးတစီးနဲ့ တိုးလို့ကတော့ ဘယ်ကပ်ပေးရမလားညာကပ်ပေးရမလားကြိုစဉ်းစားလဲ အလကားပဲ ။ အမျိုးမျိုး စမ်းကြည့်ပြီးပြီ ။ လမ်းပေါ်မှာ စက်ဘီးလမ်းကြောင်းကြီးက အစဉ်မပြတ်သွားနေတယ် ။ လမ်းဖြတ်ကူးဘို့ဆိုရင် ဟကြောင်းလေးနဲနဲကိုရှာ ပြီးရင် ရှေ့ဘီးလေးတိုး ။ လမ်းကြောင်းကရှေ့ကလူတွေ ဆက်သွားပြီး အနည်းငယ်လောက်ဆက်တွန်းလိုက် ။ လမ်းကြောင်းထဲဝင်သွားတာနဲ့အသာလေးတိုးထွက် ပြီးရင်တော့ အခက်ဆုံးအပိုင်းပြီးပြီ ။ စက်ဘီးတွေဟာ မြို့ပြမှာ မရှိမဖြစ်ပဲ ။ နေပူလဲ စက်ဘီး မိုးရွာလဲ စက်ဘီးနဲ့ပဲ ။




ဟော်တယ်မရောင်ခင်လောက်မှာ လမ်းက နဲနဲနိမ့်ဆင်းသွားတယ် ။ အဲကျရင် မနင်းပဲ ဘရိတ်တဝက်လောက်ဆွဲပြီးမှေးဆင်းသွားလို့ရပြီ ။ အမြင်မှာတော့ ချွေးပြန်စရာပဲ ဒီနေရာမှာနေမှတော့ ဒီလိုပဲ လုပ်ရမှာပဲ ။ ကြည့်ရတာ လမ်းကြီးက သူ့ဘာသာသူရွေ့နေသလိုပဲ ။ ဘီးတွေအောက်မှာ ကမ္ဘာကြီးလည်နေသလိုပဲ ။




ဓာတ်လှေခါးထဲမှာ တပီပီနဲ့ အိပ်ကပ်ပေါင်းများစွာက ဘယ်ဖုန်းက မြည်လဲ မသိဘူး ။ အော်ပြောတယ်ဗျာ ။




ရေနွေးလိုလို့ တခါးဖွင့်လိုက်တော့ လူတယောက်နဲ့ ဓားတလက် ။ ကျနော့တံခါးရှေ့တည့်တည့်မှာ ။ ထိုက်ချိကစားနေရင်း ကျနော့ မထိပါစေနဲ့လို့ ဘုရားတမိတယ် ။




တီဗီမှာ ချန်နယ်ပုံစံ နှစ်မျိုးရှိတယ် ။ တကယ်လို့ ပြုံးနေတဲ့ သာမာန် လူတန်းစားအလုပ်သမားက အင်တာဗျူးတာကို ဖြေနေရင်တော့ နိုင်ငံပိုင်ချန်နယ်ပဲ ။ ဒါမှမဟုတ် စူပါမော်ဒယ်တယောက်က ဆွစ်နာရီကိုဝတ်ထားပြီး လမ်းမှာသွားရင်း ပါပါရာဇီကို ရှောင်နေပြီဆိုရင်တော့ အဲတာဟောင်ကောင်လိုင်း ။





လမ်းပေါ်က မြေအောက်ထဲ ဝင်တဲ့ အပေါက်အဖုံးမရှိတာတွေ့တယ် ။ စက်ဘီးသမားတွေအတွက် ရှယ်ပဲ ။




လမ်းမှာ ဘေလ်ဘုတ်ကြီးနဲ့ အလိုရှိသည်စာရင်းတွေရှိတတ်တယ် ။ ဓာတ်ပုံတွေနဲ့ ဘေးမှာ ဘာပြစ်မှုလဲ ဆိုတာ ပါရေးပေးထားတယ် ။ အမှုတွေက ကြီးကြီးမားမား မရှိပါဘူး  ခိုးတယ် မှောင်ခိုလုပ်တယ် ။ ဒါပေမယ့် ပုံပေါ်မှာ အနီရောင်ကြက်ခြေခတ်တွေ့ပြီဆိုရင်တော့ အဲတာ သေဒဏ် ကွပ်မြက်ပြီးပြီတဲ့ ။
 ဘာလုပ်လုပ်သေဒဏ်ပဲ ။
 


လုပ်ဖော်ကိုင်ဖက် တရုပ်က အိမ်ခေါ်လည်လို့ လိုက်သွားတယ် ။ သူ့က ၅ထပ်မှာနေတယ် ။ အပေါက်မှန်သမျှ သံတိုင်တွေနဲ့ ။




ဟော်တယ် doorman ရဲ့ည နှုတ်ဆက်သံ




တရုပ်ပြည်မှာ ဘာမှ ပြန်မဖြေချင်ရင် ဒီလိုပဲ ရီမောကြတယ် ။ သူတို့ဘာကို ဆိုလိုချင်တယ်ဆိုတာ နို်ငငံခြားသားတွေ နားမလည်ဘူး ။




ဒါကတော့ အများသုံးအိမ်သာ ဒီဇိုင်း ။




မနက်ခင်းတွေမှာ လမ်းပေါ်ရောက်ရင် လူတွေဟာသူတို့ရဲ့ ဘွဲလက်မှတ်တွေစီပြီးချထားတယ် ။ အလုပ်မျှော်တာတဲ့ ။ ညနေကျရင် ဘေးဘက်ဆောက်လုပ်ရေးက ဆံပင်ညှပ်သမားကရောက်လာပြီး အလုပ်သမားတွေကို တန်းစီဆံပင်ညှပ်ပေးဘို့ အဲနေရာကို အစားထိုးရောက်လာတယ် ။







ဖတ်မိသမျှ ရီဗျူးလေးကတော့ ဒီလောက်ပါပဲ ။




8 comments:

  1. အမ ဘားမားခရိုနီကယ် ညွှန်းတာအရင်ဖတ်မိတယ် ... ပီးတော့ ksanchaung blog မှာ တိုက်တိုက်ဆိုင်ဆိုင် ပါးလက်စတိုင်းအကြောင်း သင်ရတုန်း ဘလော့ပိုင်ရှင် ဘာသာပြန်ပြတဲ့ ဂျေရုဆလင်(သို့ ) မြတ်မြို့တော်မှ မှတ်တမ်းများ ဖတ်ရတော့ ပိုနားလည်လွယ်သွားတယ် ... အမ လင့်ခ်ထားပေးတဲ့ ကျေးဇူးနဲ့ ဘာသာပြန်ပြီး တင်ပေးတဲ့ သူရဲ့ ကျေးဇူးပဲ။ စာဖတ်ချင်တယ် စာဖတ်ချင်တယ် ... အချိန်တွေ ဒီတိုင်းမကုန်ချင်ဘူး။

    ReplyDelete
    Replies
    1. ငယ်ရေ ဖတ်လို့ ဘယ်တော့မှ မဝတဲ့ စာတွေပဲနော် အပိုင်ဝယ်ထားလိုက်ချင်တယ် တနေ့ကျရင်ပေါ့ :)

      Delete
  2. ကျွန်တော့် Blog ကို Link လုပ်ပြီး ညွှန်းပေးလို့ ကျေးဇူးတင်ပါတယ်။

    Burma Chronicles က မြန်မာလိုပြန်ထားပြီးသား စာအုပ်ရှိတယ်။ ဘာသာပြန်သူက အောင်မြင်စပြုနေတဲ့ စာရေးဆရာ မြေမှုံလွင်ပါ။ Pyongyang ကိုတော့ ဆရာမောင်ဒေးက ဘာသာပြန်ထားပါတယ်။ ရန်ကုန်မှာတော့ စာအုပ်ထွက်နေပါပြီ။ ကျွန်တော့် Jerusalem ကိုလည်း ဆရာမြေမှုံလွင်ကပဲ စာအုပ်ထုတ်ချင်တယ်လို့ ဆက်သွယ်လာတယ်။ ဒါပေမဲ့ မသေချာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Shenzhen ကို ဆက်ပြီး ဘာသာပြန်ဖို့ ဆုံးဖြတ်ပြီးသားပါ။

    Palestine အကြောင်း လေ့လာချင်တယ်ဆိုရင်တော့ ဒီရုပ်ပြတွေလည်း ကောင်းတယ်။
    - Palestine by Joe Sacco
    - How to Understand Israel in 60 Days or Less by Sarah Gildden
    ဖတ်ချင်ရင်ပြော၊ ကျွန်တော် Link ပေးမယ်။ Video Documentary အနေနဲ့ဆိုရင် Anthony Bourdain ရဲ့ CNN Parts Unknown - Jerusalem ကောင်းတယ်။ တစ်ခြား ဒီစာအုပ်ကို Translate လုပ်နေတုန်း ကျွန်တော်လေ့လာခဲ့ရတာတွေလည်း ရှိတယ်။ သိချင်ရင် ပြောပါ။ ပြောပြဖို့ အသင့်ရှိပါတယ်။

    စာရေးဆရာလို့ အခေါ်ခံရလို့ ခေါင်းနပန်းတောင် နည်းနည်းကြီးသွားတယ်။ ဟဲဟဲ။ ကျွန်တော်က စိတ်ပျော်ရုံသက်သက်ပါ။

    ReplyDelete
    Replies
    1. ခုလို လာရောက် အားပေးတာကျေးဇူးအရမ်းတင်ပါတယ်... ကိုကေစမ်းချောင်းကကျမအတွက်တော့ ဆရာတပါးပဲ.... ဘာသာပြန်တာတွေ အရမ်းချောမွေ့လို့ တချို့ မကြားဘူးတာတွေပါ သိလိုက်ရတယ်...

      Delete
  3. To Ksanchaung ကျေးဇူးတင်ပါတယ် ... ရန်ကုန်မှာ ဘာသာပြန်ထားတဲ့ စာအုပ် ရှိမှန်းတောင်မသိဘူး။ ကြိုးစား ရှာဝယ်လိုက်ပါ့မယ်။ ဂျေရုဆလင်ကို လည်း စာအုပ်ထုတ်ဖို့ တိုက်တွန်းပါတယ်။ ဖတ်ရတာ ချောမွေ့ပီး ပေါ့ပေါ့ပါးပါးသုံးထားတဲ့ အသုံးအနှုန်းတွေက တော်တော်လေး အဆင်ပြေပါတယ်။ တခြား ရုပ်ပြနဲ့ documentary လင့်ခ် ရှိရင်ပေးပါ။ ကျေးဇူးတင်ပါတယ်။ ညွှန်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ Budrus နဲ့ Propanganda, Peace & Promise Land ကိုတော့ ဆရာပေးထားလို့ ရှိပါတယ်။ ဒါပေမယ့် တခြားရှုထောင့်တွေ တခြား ရုပ်ပြ နဲ့ documentary တွေပါ သိရရင် ပိုပီး အမြင်ကျယ်မှာမို့လို့ပါ။

    ReplyDelete
    Replies
    1. အမလဲ ပြန်ရင် ရှာဝယ်ဦးမယ်

      Delete
  4. ကြိုက်​တယ်​သူငယ်​ချင်း​ရေ...Burma Chroniclesကိုရှင်​တခါတင်​ထားလို့ဖတ်​ဖူးတယ်​...အရမ်းကြိုက်​တာ

    ReplyDelete
    Replies
    1. တော်သေးတာပေါ့ ဟယ်.... ငါရေးတာ ရှမ်းပြီးမွှားနေတာ ရှိတယ် ပြင်ရမှာ ပြင်းလို့ မပြင်ရတေးဘူး ဟိဟိ....

      Delete