Posts

ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ - ၅

Image
ဘုရင် နီကိုလပ်စ်ဟာ နန်းတတ်ပြီး မှာ သူ့အဖေ အလက်ဇန်းဒရား III ၃နှစ်ခန့်အကြာလောက် ထဲက ဆောက်လုပ်လက်စဖြစ်တဲ့ ဆိုက်ဘေးရီယား ရထားလမ်းကြီးကို ဆက်လက်ဆောက်လုပ်ခဲ့တယ် ။ ရုရှား နိုင်ငံဟာ ကမ္ဘာမြေပုံပေါ်မှာ သူ့တနိုင်ငံထဲနဲ့တင်ဥရောပနဲ့ အာရှတိုက်ကြီး နှစ်တိုက် ပါဝင်တဲ့ အထိကြီးမားကျယ်ပြန့်တယ် ။  ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက်ကျတဲ့ ဆိုင်ဘေးရီးယားဆိုတဲ့ ဒေသဟာ တနှစ်ပတ်လုံးဆီးနှင်းတွေ ထူထပ်စွာကျပြီး အလွန်ဝေးလံ ချမ်းအေးလွန်းလို့ အဲဒေသတစ်ခုထဲနဲ့တင် မြန်မာပြည် ၅ ဆလောက်ကျယ်ဝန်းပေမယ့် လူဦးရေ သန်းလေးဆယ်လာက်ပဲရှိတယ်လို့မှတ်သားခဲ့ရဘူးတယ် ။ ရုရှား အရှေ့ဘက်မြို့တော် မော်စကိုကနေ ကမ္ဘာအနောက်ဘက် မြောက်ကိုးရီးယားမြို့တော်ပြုံယမ်း အထိပေါက်တယ် ။ ကမ္ဘာမှာ အရှည်ဆုံးမီးရထားလမ်း တစ်ခုအဖြစ် ကာလကြာရှည်စွာနာမည်ကြီးခဲ့တယ် ။ အခုတော့ အဲထက်ရှည်တဲ့ တရုပ်ပြည် အရှေ့ဖျား အိဝု Yiwu မြို့ကနေ အနောက်ဘက် ဥရောပ စပိန်အထိရောက်တဲ့ရထားက နောက်ဆုံးနဲ့ အရှည်ဆုံးပါ ။ ဒုတိယ အရှည်ဆုံးကတော့ ရုရှားမော်စကိုကနေ တရုတ်ပီကင်းအထိရောက်တဲ့ လိုင်းပါ ။ ထရန်းစ် ဆိုက်ဘေးရီးယမ်း ရထားလမ်းကြီးကတော့ တတိယပဲ ချိတ်ပါတော့တယ် ။ နီကိုလပ်စ်...

ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ -၎

Image
သားနီကိုလပ်စ်က ဖခင်နတ်ရွာစံပြီးနောက်မှာ ဘုရင်ဖြစ်လာခဲ့တယ် ။ သူ့ချစ်သူအဲလက်စ်ကို ပထမဆုံး လက်ဆောင်ပေးတဲ့ တော်ဝင် ကြက်ဥလေးကို Rose Bud နှင်းဆီဖူးလေးလို့ခေါ်တယ် ။   ဖိပိတ်ရတဲ့ အဖုံးလေးကို ဖွင့်လိုက်ရင် အဝါရောင် ကြွေဆေးသုတ်ထားတဲ့ နှင်းဆီဖူးလေးထွက်လာတယ် ။ နှင်းဆီဖူးအဝါလေးကိုဖွင့်လိုက်ရင် အထူးအဆန်းလေး နှစ်ခုကျလာတယ် ။ ဘာတွေလဲ ဆိုတော့ တစ်ခုက စိန်တွေ ပတ္တမြားသေးသေးလေးတွေနဲ့ စီခြယ်ထားတဲ့ ပေါင်းမိုးခုံးပုံစံ သရဖူလေးရယ် ပြီးတော့လုံးချောသွေးထားတဲ့ပတ္တမြား လော့ကတ်သီးလေးတစ်ခုပဲဖြစ်တယ်။ နှင်းဆီဖူးလေးက ဘုရင်သစ်နစ်ကိုးလပ်စ်ရဲ့ လက်ထက်မှာ ပွင့်လန်းတိုးတက်လာမယ့်ရုရှားပြည်ကြီးရယ်၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရယ်ကို ရည်ရွှန်းပြီး သရဖူကတော့ နစ်ကိုးလပ်စ် နန်းတက်တာကို ရည်ရွှန်းတယ်လို့ဆိုတယ်။ ဒါပေမယ့်ပေါ့--- သမိုင်းမှာ ရုပ်ဆိုးခဲ့တဲ့ နန်းတက်ပွဲကြီး နီကိုလပ်စ်နဲ့ အဲလစ်စ်တို့ မင်္ဂလာဆောင်ပြီးနှစ်နှစ်အကြာမှာ နန်းတက်ပွဲကို ၁၈၉၆ မှာအကြိးအကျယ် ကျင်းပတယ်။ ဘုရင် အလက်ဇန်းဒရား သေဆုံးပြီး နောက်ထပ်ဘုရင်အသစ်တတ်တဲ့ သမိုင်ဝင်ပွဲကြီးကို ကရင်မလင်နန်းတော်ဝင်းကြီးထဲက ဘုရားကျောင်းကြီးထဲက Kodynka ကွင်းကြ...

သံဘယ်လိုချမလဲ

Image
နည်းလမ်း ၁- ဆေးသောက်ခြင်း   ( ၁ ) albendazole ဒြပ်ပေါင်းပါသောဆေး   အယ်လ်ဘင်ဒါဇိုးလ် ဒြပ်ပေါင်းပါသောဆေးသည် ခန္ဓာကိုယ်တွင်းမှာ ရှိသော သံကောင် တုတ်ကောင်များ ကြီးထွားခြင်း ပွားများလာခြင်း တို့ကို ထိန်းချုပ်သည်သာမက ရှိပြီးသားအကောင်များကိုပါသေစေနိုင်သည် ။ များသောအားဖြင့် ဆရာဝန်က လုံးဝကင်းစင်စေရန် နှင့် ပြန်မကူးစက်စေရန် ထိုဆေးအားတနှစ်ခန့် ပေးတတ်သည် ။ အစာနှင့် တွဲဘက်စားသင့်သည် ။ ကိုယ်ဝန်ဆောင်နှင့် နာတာရှည်ရောဂါသယ်များ သွေးအားနည်းသူများ မသောက်သင့်ပါ ။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်းသောက်ပါ ။ ( ၂ ) pyrantel pamoate. တုတ်ကောင်များနှင့် သံချိတ်ကောင်များအတွက်အဓိကထားသုံးသည် ။တုတ်ကောင် သံချိတ်ကောင်တို့၏ အာရုံစနစ်ကို တိုက်ခိုက်ပြီး သေဆုံးစေသည် ။သေဆုံးသွားပါက မစင်မှ တဆင့် အခက်ခဲမရှိကျဆင်းသွားနိုင်သည် ။ တလုံးထဲသာသောက်ရသောဆေးမျိုးဖြစ်သည် ။ ကိုယ်ဝန်ဆောင်သည်နဲ့ အသည်းမကောင်းသူများ မသောက်သင့်ပါ ။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်သင့်သည် ။ ( ၃ )  mebendazole . မီဘင်ဒါဇိုးလ်သည် သံကောင်အကြီး သံချိတ်ကောင် တုတ်ကောင်နှင့် သံပြားကောင် တို...