ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ - ၅

ဘုရင် နီကိုလပ်စ်ဟာ နန်းတတ်ပြီး မှာ သူ့အဖေ အလက်ဇန်းဒရား III ၃နှစ်ခန့်အကြာလောက် ထဲက ဆောက်လုပ်လက်စဖြစ်တဲ့ ဆိုက်ဘေးရီယား ရထားလမ်းကြီးကို ဆက်လက်ဆောက်လုပ်ခဲ့တယ် ။
ရုရှား နိုင်ငံဟာ ကမ္ဘာမြေပုံပေါ်မှာ သူ့တနိုင်ငံထဲနဲ့တင်ဥရောပနဲ့ အာရှတိုက်ကြီး နှစ်တိုက် ပါဝင်တဲ့ အထိကြီးမားကျယ်ပြန့်တယ် ။ 
ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက်ကျတဲ့ ဆိုင်ဘေးရီးယားဆိုတဲ့ ဒေသဟာ တနှစ်ပတ်လုံးဆီးနှင်းတွေ ထူထပ်စွာကျပြီး အလွန်ဝေးလံ ချမ်းအေးလွန်းလို့ အဲဒေသတစ်ခုထဲနဲ့တင် မြန်မာပြည် ၅ ဆလောက်ကျယ်ဝန်းပေမယ့် လူဦးရေ သန်းလေးဆယ်လာက်ပဲရှိတယ်လို့မှတ်သားခဲ့ရဘူးတယ် ။ ရုရှား အရှေ့ဘက်မြို့တော် မော်စကိုကနေ ကမ္ဘာအနောက်ဘက် မြောက်ကိုးရီးယားမြို့တော်ပြုံယမ်း အထိပေါက်တယ် ။ ကမ္ဘာမှာ အရှည်ဆုံးမီးရထားလမ်း တစ်ခုအဖြစ် ကာလကြာရှည်စွာနာမည်ကြီးခဲ့တယ် ။
အခုတော့ အဲထက်ရှည်တဲ့ တရုပ်ပြည် အရှေ့ဖျား အိဝု Yiwu မြို့ကနေ အနောက်ဘက် ဥရောပ စပိန်အထိရောက်တဲ့ရထားက နောက်ဆုံးနဲ့ အရှည်ဆုံးပါ ။ ဒုတိယ အရှည်ဆုံးကတော့ ရုရှားမော်စကိုကနေ တရုတ်ပီကင်းအထိရောက်တဲ့ လိုင်းပါ ။ ထရန်းစ် ဆိုက်ဘေးရီးယမ်း ရထားလမ်းကြီးကတော့ တတိယပဲ ချိတ်ပါတော့တယ် ။
နီကိုလပ်စ်ရဲ့ ထရန်စ် ဆိုက်ဘေးရီးယမ်း ရထားလမ်းကြီးကိုဘာလို့ ထရန်စ် Trans လို့ ခေါ်လဲ ဆိုတော့ တိုက်ကြီး နှစ်တိုက်အထိရှည်လျားလို့ပါ ။ ဆိုက်ဘေးရီးယား အေးခဲဒေသဟာ ရုရှားနိုင်ငံတစ်ခုလုံးရဲ့ ၇၇%အထိကျယ်ပြန့်တယ် ။ အဲဒေသကနေဖြတ်ပြီး မွန်ဂိုးလီးယာဒေသ မန်ချူးရီးယားဒေသ ဂျပန်ပင်လယ် နဲ့ ပြုံယမ်းအထိရောက်တယ် ။ မိုင်ပေါင်း ၅၇၇၂ ရှည်တယ် ။ အအေးဒီဂရီ အနှုတ် ၇၀ ကျော်တယ်တဲ့ သွားလည်ကြမလားလို့စ် :D ။ အပူဆုံးကဇုလိုင်လ ၁၉  ဒီဂရီတဲ့ ။

အဖေအလက်ဇန်းဒရားက ၁၈၉ ၁ ကနေဆောက်တာ သားနီးကိုလပ်စ် ၁၉ ၁၆ အထိနှစ်ပေါင်း ၂၅ နှစ်အကြာဆောက်ခဲ့ကြတယ် ။ ရထားလမ်းဆောက်တာတဝက်လောက်ရှိတော့ ၁၉ ၀၀ ပြည့်နှစ်မှာ
ဖာဘယ်ဂျေးက နီကိုလပ်စ်ကိုဂုဏ်ပြုသောအားဖြင့် Trans Siberian Railway Egg လေးကိုပြုလုပ်ပေးခဲ့ပါတယ် ။ ဒီတခုကတော့ အီစတာဥ မဟုတ်ပေမယ့် ရုရှားဇာဘုရင်မျိုးဆက် နောက်ဆုံးမင်းနီကိုလပ်စ်နဲ့ သက်ဆိုင်တာမို့ရေးလိုက်တာပါ ။ ဒီဥလေးဟာလဲ နီကိုလပ်စ်က သူ့ချစ်သူမိဘုရား အဲလက်စ်ကို ပေးခဲ့တဲ့ လက်ဆောင်ပါပဲ ။
မဟူရာ ငွေ ရွှေ သလင်းကျောက်တို့နဲ့ ပြုလုပ်ထားတယ် ။ ဥအဖုံးပေါ်မှာ ရွှေစင်ခေါင်းသုံးလုံးတော်ဝင်သိန်းငှက် အမှတ်တံဆိပ်နဲ့ သရဖူလေးတပ်ဆင်ထားပါတယ် ။ ဥကိုယ်ထည်ပေါ်မှာ ထရန်စ်ဆိုက်ဘေးရီးယန်း ရထားဘူတာရုံတွေ ပါတဲ့လမ်းပြ မြေပုံကိုငွေထည်မှာ ထွင်းထားတယ် ။ ဘူတာရုံတွေနေရာကို ကျောက်မျက်တွေ မြုတ်ထားတယ် ။ ဥတင်တဲ့ ခြေထောက်သုံးချောင်းထောက်လေးမှာ ဂရစ်ဖင်ဆိုတဲ့ ဒဏ္ဏာရီလာ ခြင်္သေ့ကိုယ်နဲ့သိန်းငှက်ခေါင်းပုံသတ္တဝါကို ရွှေရည်လောင်းထားတဲ့ငွေသားနဲ့ လုပ်ပြီး အဖြူရောင်မဟူရာကျောက်ခုံပေါ်မှာ တင်ထားတယ် ။
ဖာဘယ်ဂျေးဥတိုင်းမှာ အပြင်က ဥခွံဟာလဲ အနုစိတ်လက်ရာတွေနဲ့ပြည့်နေပေမယ့် လူတွေကိုဟာကနဲဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့ အတွင်းမှာထည့်ထားတဲ့ ဆပရိုက်စ် surprise လေးတွေပါပဲ ။ ဒီဥထဲက ဆပရိုက်စ်ကတော့ ရွှေ ပလက်တီနမ်တို့နဲ့ လုပ်ထားတဲ့ သော့ဖွင့်ပြီး တကယ်မောင်းလို့ရတဲ့ ရေနွေးငွေ့စက်ခေါင်းဆွဲ မီးရထားသေးသေးလေးဖြစ်ပါတယ် ။ ခြောက်တွဲကို သုံးခေါက်ချိုးပြီး ဖြန့်လိုက်ရင် တပေလောက်ရှည်တယ် ။ စက်ခေါင်းက မီးသီးကြိးနေရာမှာ စိန် တခြားမီးသီးလေးတွေက ပတ္တမြား ။ နောက်တွဲငါးတွဲပါပြီး စာပို့တွဲ ၊ အမျိုးသမီးများတွဲ ၊ ဆေးလိပ်သောက်သူများစီးတဲ့ အတွဲ ၊ ဆေးလိပ်မသောက်သူများ အတွဲ၊ နဲ့ ဘုရားရှိခိုးဘို့ဘုရားခန်းအတွဲ လို့ စာလေးတွေထွင်းထားပါတယ် ။ ပြူတင်းပေါက်တွေကတော့ ခရစ္စတယ်ကျောက်နဲ့မှန်ပုံစံလေးတွေပါ ။ ရွှေသော့လေးတချောင်းပါပြီး သံပတ်ပေးမောင်းလို့ရပါတယ် ။
နောက်တနှစ် ၁၉ ၀၁ အီစတာကျတော့ နီကိုလပ်စ်က သူမေမေ ဒိန်းမတ်သူမိဘုရားခေါင်ကြီး မာရီယာကို ပေးဘို့ မှာယူတဲ့ ဥက ဇာဘုရင်တို့ စံမြန်းရာ နန်းတော်ကြီးတွေများစွာထဲက စိန့်ပီတာစဘတ်မြို့တောင်ဘက်က ဂတ်ချီနာ နန်းတော် Gatchina Palace Egg ဥကြီးဖြစ်ပါတယ် ။ ရွေငွေစိန်တွေအပြင် ပုလဲလုံးလေးတွေပါ ထည့်သွင်းထားပါတယ် ။
ဖွင့်လိုက်တဲ့အခါမှာ တွေ့ရတဲ့ ဆပရိုက်စ်ကတော့ ဂတ်ချီနာနန်းတော်ပုံတူ ရွှေနန်းတော်လေးပဲဖြစ်ပါတယ် ။ ဇာဘုရင်ပေါလ်လက်ထက်ကဆောက်ခဲ့တဲ့ နန်းတော်မို့ နန်းတော်ရှေ့က ပေါလ်ရုပ်ထု ၊ အလံတိုင်















နဲ့ အမြောက်ကြီး တစ်ခုပါ တွေ့ရမှာပါ ။


Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်