ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ -၎
























သားနီကိုလပ်စ်က ဖခင်နတ်ရွာစံပြီးနောက်မှာ ဘုရင်ဖြစ်လာခဲ့တယ် ။ သူ့ချစ်သူအဲလက်စ်ကို ပထမဆုံး လက်ဆောင်ပေးတဲ့ တော်ဝင် ကြက်ဥလေးကို Rose Bud နှင်းဆီဖူးလေးလို့ခေါ်တယ် ။ 
ဖိပိတ်ရတဲ့ အဖုံးလေးကို ဖွင့်လိုက်ရင် အဝါရောင် ကြွေဆေးသုတ်ထားတဲ့ နှင်းဆီဖူးလေးထွက်လာတယ် ။ နှင်းဆီဖူးအဝါလေးကိုဖွင့်လိုက်ရင် အထူးအဆန်းလေး နှစ်ခုကျလာတယ် ။ ဘာတွေလဲ ဆိုတော့ တစ်ခုက စိန်တွေ ပတ္တမြားသေးသေးလေးတွေနဲ့ စီခြယ်ထားတဲ့ ပေါင်းမိုးခုံးပုံစံ သရဖူလေးရယ် ပြီးတော့လုံးချောသွေးထားတဲ့ပတ္တမြား လော့ကတ်သီးလေးတစ်ခုပဲဖြစ်တယ်။ နှင်းဆီဖူးလေးက ဘုရင်သစ်နစ်ကိုးလပ်စ်ရဲ့ လက်ထက်မှာ ပွင့်လန်းတိုးတက်လာမယ့်ရုရှားပြည်ကြီးရယ်၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရယ်ကို ရည်ရွှန်းပြီး သရဖူကတော့ နစ်ကိုးလပ်စ် နန်းတက်တာကို ရည်ရွှန်းတယ်လို့ဆိုတယ်။ ဒါပေမယ့်ပေါ့---
သမိုင်းမှာ ရုပ်ဆိုးခဲ့တဲ့ နန်းတက်ပွဲကြီး
နီကိုလပ်စ်နဲ့ အဲလစ်စ်တို့ မင်္ဂလာဆောင်ပြီးနှစ်နှစ်အကြာမှာ နန်းတက်ပွဲကို ၁၈၉၆ မှာအကြိးအကျယ် ကျင်းပတယ်။ ဘုရင် အလက်ဇန်းဒရား သေဆုံးပြီး နောက်ထပ်ဘုရင်အသစ်တတ်တဲ့ သမိုင်ဝင်ပွဲကြီးကို ကရင်မလင်နန်းတော်ဝင်းကြီးထဲက ဘုရားကျောင်းကြီးထဲက Kodynka ကွင်းကြီးထဲမှာလုပ်တယ် ။ နန်းတက်ပွဲမှာ ဘူဖေးပွဲပေါင်း ၁၅၀ နဲ့ ဘီယာ Pub ပေါင်း ၂၀ လက်ဆောငိတွေပါ ဝေပေးမယ်လို့ ကြေငြာထားတယ် ။
လူတိုင်းကို ပေါင်မုန့်လိပ်တစ်ခု ဝက်အူချောင်း တချောင်း ပရက်ဇဲလို့ခေါ်တဲ့ မုန့်လက်ကောက်ကြွပ်တစ်ခု ဂျင်းနဲ့လုပ်တဲ့ ပေါင်မုန့်တခု နဲ့ နန်းတက်ပွဲ
အထိန်းအမှတ် ခွက်တခုစီ ပေးမယ်လို့ ပြောထားတယ် ။ အဲဒီကြွေရေသုတ်ခွက်လေးထဲမှာ ရွှေဒင်္ဂါး တစ်ခုစီလဲ ထည့်ပေးမယ်တဲ့ ။ ပွဲကျင်းပမယ့် မနက်ခြောက်နာရီလောက်မှာ လူပေါင်း ငါးသိန်းလောက်ဟာ မျှော်လင့်ချက်တွေနဲ့ ကွင်းကြီးထဲမှာ တိုးနေကြပြီ ဘီယာတွေနဲ့ မုန့်တွေ မလောက်တော့ဘူးလို့ သတင်းတွေထွက်နေပြီ ။
စစ်သားအယောက် ၁၈၀၀ ကလဲ မနိုင်တော့ဘူး လူတွေ တိုးရင်း တိုးရင်း တယောက်နဲ့ တယောက်ဖိမိပြိုကျ တက်နင်းလို့ လူတွေ သေကြ လူတွေသေတော့ လန့်ပြီး ထွက်ပြေးနဲ့ ကွင်းကြီးထဲမှာ ကမ္ဘာပျက်သလိုဖြစ်နေပြီ ။စုစုပေါင်း ၁၃၈၉ ယောက် တက်နင်းခံရတဲ့ ဒါဏ်ရာနဲ့ ပွဲခြင်းပြီးသေကုန်ပြီ နောက်ထပ် ၁၃၀၀ လောက်က ဒါဏ်ရာတွေရပြီး ဆေးရုံတွေ မဆန့်တော့တဲ့ အထိဖြစ်ကုန်တယ် ။
ကွင်းကအရမ်းကြီးတော့လဲ နောက်နေရာတွေကလူတွေ မရိပ်မိကြတာတွေလဲဖြစ်တယ် နန်းတတ်ပွဲက ဆက်လက်ကျင်းပ နေပြီ ။
နေ့လည် ၂ နာရီ ဘုရင် နဲ့ဘုရင်မ လေသာဆောင်မှာ ထွက်ရပ်ပြီး ဖူးမြော်ခံတော့ ကိစ္စရပ်တွေကို ဝန်ထမ်းတွေက ရှင်းထားပြီးပြီ ။ ဘုရင်နဲ့ဘုရင်မက အဲအချိန်မှာ ဘာမှ မမြင်လိုက်ဘူး ။
အဲညမှာ ရုရှားက ပြင်သစ်သံရုံးကြီးမှာ ပါတီဆက်လက်ကျင်းပဘို့ရှိတယ် ။ ဘုရင်နီကိုလပ်စ်က သတင်းတွေကြားလို့ တက်ရောက်ဘို့ မသင့်ဘူးလို့တွေးပေမယ့် အမတ်တွေက ရုရှားနဲ့ ပြင်သစ် နှစ်ပြည်ထောင်အရေး ဆက်ဆံရေးမှာ မျက်နှာ ပျက်မှာ စိုးတာကြောင့် တက်ဘို့ တိုက်တွန်းတဲ့ အတွက် ပါတီပွဲကို တက်ခဲ့ကြတယ် ။ နောက်တနေ့မှာ သူတို့စုံတွဲဟာဆေးရုံတွေကိုသွားပြီး လူနာတွေကို သွားရောက်အားပေးခဲ့ကြတယ် ။
အစိုးရက ပြည်သူလူထုကို အကူအညီ များစွာပေးခဲ့ပေမယ့် ဝန်ထမ်းတွေ အာဏာပိုင်တွေရဲ့ နမော်နမဲ့ကြောင့် လွတ်သွားတဲ့ မရလိုက်တဲ့ လူအနည်းငယ်ရှိခဲ့တယ် ။ ဘုရင်လဲ တခါထဲ Nicolas the Bloody သွေးစွန်းတဲ့ နှီကိုလပ်စဆိုတဲ့ နာမည်ပျက်တစ်ခု ရရှိခဲ့တယ် ။ နိုင်ငံတော် တရားရုံးကလဲ သြစထရီးယားက တော်ဝင်တယောက်သေတာကို ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေငြာပြီး နိုင်ငံသားစစ်စစ်ထောင်နဲ့ချီသေဆုံးတာကို ဘာမှ မထုတ်ပြန်မကြေငြာခဲ့ဘူး
နီကိုလပ်စ်က သူ့ရဲ့ ဒိုင်ယာရီထဲမှာ--- မေလ ၁၉ ရက်-- အရာအားလုံးဒီအတိုင်းပဲလို့ထင်ရတယ်, ဒီနေ့ အလွန်စိတ်မသက်သာစရာပဲ Khodynka ကွင်းထဲမှာ နေ့လည်စာနဲ့ မတ်ခွက်ဝေတာကိုစောင့်နေတဲ့ လူတွေအကြီးအကျယ်ဒါဏ်ရာတွေရကြတယ် လူ၁၃၀၀ကျော်သေကြတာ စိတ်မသက်သာစရာပဲ !! မနက် ၁၀နာရီခွဲ မှာ စစ်ဝန်ကြီး ဗန်နော့စကီး သတင်းမပို့သေးခင် ငါသိခဲ့ရတယ် သတင်းတွေကြောင့် မျက်နှာပျက် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပြီ ။နေ့လည် ၁၂နာရီခွဲ နေ့လည်စားစားပွဲပြီးချိန်မှာ နိုင်ငံတော်ရဲ့ သတင်းဆိုးကို ကြားနာဘို့ ငါကွင်းထဲကိုသွားခဲ့တယ် ။ ငါလှမ်းကြည့်လိုက်ချိန်မှာ ကွင်းထဲမှာ ဘာမှာ အထွေအထူးမရှိတော့ဘူး ကြီးမားတဲ့ လူအုပ်ကြီဟာ စတိတ်စင်ကို လှည့်ပတ်နေကြပြီ သြခတ်စတရာကလဲ Glory ဆိုတဲ့တေးသွားကို အစဉ်မပြတ် တီးခတ်နေတယ် ။ နန်းတော်ထဲဝင်သွားတော့ ဂိတ်ပေါက်ဝမှာ များစွာသော တာဝန်ဝတ္တရားတွေလက်ခံခဲ့တယ် ပြီးတော့ နန်းတော်ပရဝုဏ်ထဲ သွားခဲ့တယ် ။ ညနေစာကို တဲကြီးလေးခုထိုးပြီး မြို့နယ်လေးခုက ထိပ်တန်းတွေနဲ့ ဆုံကြတယ် ။ မိန့်ခွန်းပြောရတယ် သစ္စာခံတပ်ကိုလဲ မိန့်ခွန်းပြောရတယ် ။ စားပွဲတွေစုံအောင်လိုက်လံ နှုတ်ဆက်ပြီး ကရင်မလင်နန်းတော်ကိုပြန်လာခဲ့တယ် ။ ည ၈နာရီမှာ ပြင်သစ်သံအမတ် မွန်တီဘယ်လိုစီစဉ်ပေးတဲ့ ကပွဲခန်းမမှာ ညစာစားပွဲ ရှိတယ် ။ အလွန်ခန်းနားစွာစီစဉ်ထားတယ် ဒါပေမယ့် အပူဒါဏ်က ကြီးမားလိုက်တာ ။ ည ၂နာရီမှာ ပြန်လာခဲ့တယ်လို့ ရေးထားခဲ့တယ် ။ 
ငယ်စဉ်ဘဝထဲကအဘိုးဘုရင်ကြီးကို မျက်စေ့ရှေ့တင် အသတ်ခံရတာမြင်ခဲ့ဘူးသူ ဘုရင်လုပ်ဘို့ သွေးပျက်ခဲ့သူ အမလေးယောက်ပြီးမှ နောက်မှ တဦးတည်းသောသားအဖြစ်မွေးဖွားလာသူ ဘုရင်လုပ်ရမယ့် အချိန်မှာ ဘာလို့ ရုရှားတွေ အားလုံးကြားမှာ ငါကဘုရင်ဖြစ်ရတာလဲလို့ မေးခွန်းထုတ်ခဲ့သူ ဘုရင်အသစ်စက်စက် နီကိုလပ်စ်ရဲ့ နန်းတတ်ပွဲ စစခြင်းနေ့မှာ ကြုံလိုက်ရတဲ့ သွေးစွန်းသော နိမိတ်ဖြစ်ခဲ့ပါတယ် ။
အဲဒီ နန်းတက်ပွဲအတွက် ဖာဘယ်ဂျေးလုပ်ပေးတဲ့ ကြက်ဥကအလွန်တရာလက်ရာမြောက်ပါတယ်။ ဇာဘုရင်မ အဲလစ်စ်ရဲ့ နန်းတက်ဝတ်စုံရွှေရောင်ကို ညွှန်းပြီး ရွှေလေးညှင်းရွက်သေးသေးလေးတွေကို အတန်းလေးတွေနဲ့ အကွက်ဖော်ထားပြီ ကြက်ခြေခတ်နေရာတွေမှာ အနက်ရောင် ခေါင်းနှစ်လုံးလင်းယုန်ငှက်ပုံဖော်တံဆိပ်လေးတွေ ကပ်ထားပါတယ် ။
လင်းယုန်ငှက်ရဲ့ ရင်ဘတ်မှာ စိန်ပန်းရောင်လေးတွေ မြုတ်ထားတယ် ။
ထိပ်မှာတော့ စိန်အလတ်ဆယ်လုံးဝန်းရံထားတဲ့ စိန်ကြီး တလုံးကို တပ်ဆင်ထားပြီး စိန်တွေရဲ့အောက်နားမှာ ဘုရင်မရဲ့ နာမည်အစစာလုံးတွေကို မိုနိုဂရမ် ပုံဖော်ထားပါတယ် ။ 
ကြက်ဥရဲ့နောက်ထိပ်တဘက်မှာတော့ စိန်ပန်းရောင်လေးတွေကြာပန်းဝန်မှုံပုံဖော်ထားပြီ ရွှေရောင်ကြာပွင့်ချပ်တွေရဲ့ အလယ်မှာ ၁၈၉ ၇ ဆိုတဲ့ သက္ကရာဇ်ကိုထိုးထားပါတယ် ။
ကြက်ဥကိုထောင်ဘို့ထားတဲ့ စင်လေးကလဲ ရူဘယ် ၅၆၅၀ တန်တဲ့ ကျောက်စိမ်းစစ်တွေမြုတ်ထားတဲ့ ရွှေစင်လေးပါ ။
ကြက်ဥကို ဖွင့်လိုက်တော့ ကတ္တှီပါနဲ့ အုပ်ထားတဲ့ အံလေးထဲမှာ ဇာဘုရင်မကို နန်းတက်ပွဲကို ပင့်ဆောင်ခေါ်လာပေးတဲ့ ရထားလုံးလေးနဲ့ ချွတ်စွတ်တူတဲ့ ၁၈ရာစုစတိုင် ရထားလုံးသေးသေးလေးထွက်လာတယ် ။
လေးလက်မသာ အရှည်ရှိပေမယ့် တကယ့်ရထားလုံးနဲ့ ချွတ်စွပ်ကို တူအောင်လုပ်ထားတယ်။ ကိုယ်ထည်က ရွှေနဲ့ စဥ့်ရောလုပ်ထားပြီး ရထားလုံးတံခါးလေးကို လည်း ဖွင့်လို့ပိတ်လို့ရတယ်။ ဘီးတွေကလည်း လည်လို့ရအောင်လုပ်ထားတယ်။ ခြေနင်းခုံလေးလဲ ခေါက်လို့ရတယ် ။ တော်ဝင်သိန်းငှက် တံဆိပ်ကိုလဲ တံခါးလေးတဘက်တချက်စီမှာ တပ်ထားပေးတယ် ။ တော်ဝင် ခရစ္စတယ်လ်ပြူတင်းပေါက်လေးတွေနဲ့ ပလက်တီနမ် ဘီးလေးတွေ တပ်ထားပါတယ်။ Coronation Egg လို့အမည်ရတဲ့ အဲဒီ နန်းတက်ပွဲ ကြက်ဥကို ဖာဘယ်ဂျေးနဲ့ အဖွဲ့ဟာ ၁၅ လ တိတိ အချိန်ယူ လုပ်ခဲ့ရတယ်။

Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်