home made


စားစရာတွေ ဘက်ခြေဦးလှည့်လိုက်ပါဦးမယ်နော် ။ စိတ်လိုလက်ရရှိတုန်း ချက်စားမိတာလေးတွေပါ ။

ခုလေးပဲ supper စားချင်တယ် ဆိုလို့ ပလာတာ နဲ့ ကြက်ဥနဲ့ ကြော်စားတာ



ဒါလေးကတော့ သမီးစားချင်တဲ့ Baked Pasta ဆိုင်မှာ စားရင် သမီးက တပန်ကန်လုံးကုန်အောင်စားတာ ။ ချက်ကြည့်တော့လဲ လွယ်လွယ်လေးပဲ ပစ္စည်းစုံတော့ ရှိနေရတာပေါ့လေ ။

ပါစတာကို အရင်ပြုတ် သိပ်အကြာကြီးတော့ မပြုတ်နဲ့ ။ နပ်လောက်ရင်တော်ပြီ ။  ပြီးရင် သမီးက အသီးအရွက် ခရမ်းချဉ်သီးနှစ်တွေ မထည့်စေချင်တော့ ကြက်ဥ တလုံး ၊ နွားနို့ ၊ ကြက်သွန်နီ ဥသေးတခြမ်း နဲ့ အဖြူ ဥတလုံးလေး တမွှာကို ဓားပြားရိုက် ၊ နုတ်နုတ်စင်းပြီး ထည့် ... အပေါ်က ချိစ်ကို ခြစ်ထည့်ပြီး အာဗန်ထဲမှာ ၅မိနစ်ဆိုကျက်ပြီ ။



အသား အနေနဲ့ Ham တို့ Bacon တို့ ပုဇွန်တို့ Scallop တို့ ထည့်ဖုတ်လို့ ရတယ် ..... ။ ကျမကတော့ ဘေကန်လေး ၂ပြားကို ရေဆေး ကပ်ကျေးနဲ့ ညှပ်ပြီး အရင် အာဗန်ထဲ ထည့်ကင်လိုက်တယ် ။ နဲနဲ ကြွပ်လာရင် ထည့်ဖုတ်လို်က်တယ် ... ။  ခုတလော လွယ်လို့ ခဏခဏ လုပ်ဖြစ်တယ် ကိုယ်တော့ မစားဘူး ဝလွယ်လို့ :D ။

 ကိုယ်ချားဒါ ဒီမှာ ။ ချားချင်လို့ မဟုတ်ပေမယ့် ချားလဲ ပြီးရော ကြိုက်တယ် ။ အထဲမှာ ငပိရေပါထည့်သုတ်လိုက်ရင် မိုက်မယ်နော် ။ ဆီစာ ဆလတ်ရည် ထက်ပိုမို်က်မယ် ....။  ငြုတ်သီးကို ဂလို မိုက်ကလိုဝေ့ထဲ ၂မိနစ်လောက် ထည့်လှ့ည်ပြီး လက်နဲ့ မွမွ ခြေပြီးထည့်တယ် ။ မွှေးနေတာပဲ ။ သံလွင်ဆီ နဲ့ဆိုရင် အသုတ်က မွှေးပြီး မိုက်နေပြီ ။ နောက်တခါ ဆီစာဆလတ်ရည် မဝယ်တော့ဘူး ။


ဂျိုးဂျိုး ဂျွတ်ဂျွတ်မည်အောင် ရန်ကုန်က ဝယ်လာတဲ့ သီဟိုလ်စေ့ကို နဲနဲ သေးအောင် ဖဲ့ပြီး မိုက်ကလိုဝေ့နဲ့ လှည့်လိုက်တော့ သူလဲမွှေးတယ်။



သမီးက အဲလို အပြင်က အစာလေးတွေ မျက်စေ့ကျလာတော့ သူလဲ ကောင်းတာလေး စားရအောင် သူကိုယ်တိုင်လည်း ဝင်ရှည်ရင်း လုပ်တတ်အောင် သားမိနှစ်ယောက် အစာပေါင်းစုံထွင်နေကြတယ် ။ NTUC ကအသီးစစ်နဲ့ ဖျော်တဲ့ အရည်တွေ ရှာဝယ်ပြီး ဂလိုလေး လုပ်ကြတယ် ။ ဒီတခေါက်တော့ strawberry milk နဲ့ coffee milk နဲ့ သရက်သီးဖျော်ရည်လေးနဲ့ လုပ်ထားတာ။


လုပ်ရင်း လုပ်ရင်း တဆင့်တတ်လာတော့ ရေခဲချောင်း ice lollypop ဒါမှ မဟုတ် ice Popsicle   လေးတွေ လုပ်ချင်လာတယ် ။ Daiso ၂ကျပ် ဆိုင်မှာ အဲဒီ ခွက်ကလေးတွေ ရလာတယ် ။ သူက အရည်ပျော်ရင် စုတ်ဖို့ စုတ်တဲ့ အတံလေးပါ ပါတယ် very thoughtful :D ။  စစခြင်း မရှိရှိတဲ့ အရည်တွေ လျှောက်ထည့်တာ နွားနို့ က တခု ၊ pomegranate juice သလဲသီးဖျော်ရည် ကတခု ၊ carrot juice ဥနီဖျော်ရည်က တခု ၊ နောက်ဆုံးတခုက မိုင်လို .... လှတယ်နော် ။



တဆင့်တတ်လာပြီနော် ။ နေ့လည်က NTUC မှာ ကျောက်ကျောမည်း ရယ်  အုန်းနို့ ရယ်ဝယ်လာတယ် ။
ပြီးတော့ မြေပဲလေး မိုက်ကလိုဝေ့နဲ့ လှော်လိုက်ပြီးထောင်းလိုက်တယ် ။



စားကုန်သွားတဲ့ ခွက်၃ခွက်ကို အရင် ပြန်ထည့်မလို့ ။ အရင်ဆုံး အုန်းနို့လေးတွေ ထည့်လိုက်တယ် ။ ပြီးတော့ မြေပဲ မှု့န်လေးတွေ ထည့်လိုက်တယ် ။



အပြာလေးက ကော်ဖီနို့ ၊ အဝါလေးက သရက်သီးဖျော်ရည် ၊ အစိမ်းလေးက မကုန်သေးတဲ့ ဥနီဖျော်ရည် ၊ ပန်းရောင်လေးက စထရော်ဘယ်ရီနို့ မိုက်တယ်ကွာာာာာာ.......



နောက်တခါကျရင် ငှက်ပျောသီး ထောပတ်သီး စတဲ့ အသီးစစ်တွေနဲ့ လုပ်မယ် ။ သမီးလဲ ကောင်းတာလေးစားရတာပေါ့နော်...
 ပျော်ရွှင်ပါစေ


Comments

  1. မိုက်တယ်ကွာာာာာ ... ဒါမိုးလေးတွေ များများရေးပါ။
    အိမ်မှာ ရှိနေတဲ့ မိုက်ကလိုဝေ့တစ်လုံးကို ဘာလုပ်ရမှန်းမသိလို့ သားအမိနှစ်ယောက် ပုံးထဲထည့်ထားတယ်။
    ကော်ဖီဖျော်တဲ့ဟာလဲ မလုပ်တတ်လို့ ဗုံးထဲမှာပဲ။ :D။ အိမ်မှာနေတဲ့အချိန်ကနည်း နယ်မှာအနေများ ပြန်လာရင် အပြင်ထွက်နဲ့ ဒါမျိုးလေးတွေ စမ်းကြည့်ဦးမှ။

    ReplyDelete
    Replies
    1. ငါ့ညီမလေးကတော့ သူ့အမ ဘာတင်တင် အားပေးတယ် ကွာ.... ဘလော့လေးလဲ ရေးဦးလေ..... တွေ့ရတော့မှာ မို့ အရမ်းပျော်နေတယ်ညီမလေးငယ်ရေ

      Delete
  2. ရေခဲချောင်းစားမယ်.. ကြိုက်တယ်... ငါတော့ ခေါက်ဆွဲကိုပါ ထည့်ဖုတ်လိုက်တယ် နာရီဝက် ထားလိုက်တယ်... နောက်မှ ငါလည်း အဲဒါတွေ တင်ဦးမယ် ပုံကရှိတယ် တင်ဖို့အလှည့်မကျသေးတာ :D

    ReplyDelete
    Replies
    1. ရေခဲမုန့်လုပ်နည်းရှိသေးတယ် သယ်ချင်းရေ ငှက်ပျောသီး တမျိုးပဲ ပါတယ်... ထောပတ်သီးဆိုလဲ အဲတမျိုးပဲ ပါတယ် မွှေပြီးခဲလိုက်တာ အသီးစစ်နဲ့ လုပ်တဲ့ ရေခဲမုန့်လုပ်လို့ရတယ်

      Delete
  3. ကြိုက်ကြိုက်တွေချည်းဘဲ

    ReplyDelete
    Replies
    1. ပြီးရင် စားတာလဲ မဟုတ်ဘူး နော် :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်