အော်ဂဲနစ် ရောဂါ



မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့်  လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။

ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။  ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။

မဒေါက်ကို အလည်ရောက်ဖြစ်ခဲ့ရင် အဒေါ်လုပ်သူက ချက်ကျွေးတာ ပုဇွန်ထုပ်ကြီး အခွံမချွတ်ပဲ ဆီပူပူမှာ ဒီတိုင်းကြော်ပေးတာ ။ ဆားလေး နဲနဲ ဖြူးပေးရင် တခြားနေရာကပုဇွန်ကို ပုဇွန်လို့တောင် မခေါ်ချင်တော့ဘူး ။

ငါးပျံ ။ ငါးစင်ရိုင်း ။ ငါးဇင်ကာ ။ ငါးမြွေထိုး ။ ငါးလိပ်ကျောက် ( stingray ) ။ ပုဇွန်ဆိတ် ။ ဂွေးဆိုတဲ့ မျက်စေ့မဲမဲလေးတွေအစက်စက်လေးတွေပဲ မြင်ရတဲ့နီနီရဲရဲ မြှင်ပုဇွန်ငပိလေးတွေဟာ အဲဒီဒေသက ထွက်ခွာလာ ကထည်းက တာ့တာ ပြလိုက်ကြတယ် ဆိုတာ ခုမှ ဝမ်းနည်းစွာ သဘောပေါက်လို်က်ရတယ် ။

ကိုင်းခရမ်းချဉ်သီးကိုပဲ အားပေးခဲ့တဲ့ တို့မြို့သူတွေ စိုက်ပျိုးရေး ခရမ်းချဉ်သီးလို့ ခုစားနေကြတဲ့ ဟိုတုန်းက ပေါ်ကာစ ခရမ်းချဉ်က မချဉ်လို့ မစားခဲ့ကြဘူး ။ ရန်ကုန်ဆိုတာ ရောက်ကတည်းက တခါတလေပဲ ဈေးထဲ မြင်ရတော့တယ် ။ ငယ်တုန်းကပါ ။ ခုများတော့ ရန်ကုန် တမြို့လုံးရှာရင်တောင် စိုက်ပျိုးရေးခရမ်းချဉ်သီးတွေက ပြုတ်မနူးတွေပဲရှိတော့တယ် ။ ဝါကျင်ကျင်နဲ့ တကယ် မကောင်းဘူး ။

စိုက်ပျိုးရေး ခရမ်းချဉ်သီးဆိုတာ အထွက်တိုးခရမ်းချဉ်ပေါ့နော် ။ အဓိပ္ဗါယ်က ဆေးပါတယ်ပေါ့ ။ ငယ်တုန်းက မဒေါက်မှာ ခရမ်းချဉ်သီးရာသီဆိုရင် ပေါများလွန်းလို့ တပိဿာ ဝယ်ပြီးရင် မကုန်လို့ ယိုထိုးစားရတဲ့ အထိမှတ်မိသေးတယ်။

ဟိုတနေ့က တန်လင်းမောက မားကတ်ပလေ့စ်ကိုရောက်တော့ ဒီလို အညှာတန်းလန်းနဲ့ ကိုင်းခရမ်းချဉ်သီးတွေကိုတွေ့လိုက်ရတော့ မမြင်ရတာကြာတဲ့ ဆွေမျိုးဟောင်းကိုတွေ့လိုက်ရသလို မဝယ်လာပဲ မနေနိုင်တော့ဘူး ။ အဲလို အညှာစိမ်းစိမ်းလေးတွေရယ် နီနီရဲရဲ အသီးလေးတွေရယ်က အရမ်းချစ်စရာကောင်းနေတယ် ။

နှစ်ကိုင်းလောက်ရွေးပြီး ချိန်ခိုင်းလိုက်တာ ၁၂ကျပ် ကျော်တယ် ။ ဒါပေမယ့် အရမ်းကြိုက်တဲ့ အတွက် ဝယ်လာခဲ့မိတယ် ။ ဒီနေရာမှာ မဒေါက်က လူတယောက်လောက် ကိုယ့်နားမှာ ရှိရင် ကိုယ်ရဲ့ အာသီသကို သူသဘောပေါက်မှာပဲ ။ သာမာန် ခရမ်းချဉ်သီးတွေ စလုံးမှာ လှပါတယ် ။ ပြုတ်လဲ နူးတယ် ။ ဒီလောက်အရွယ် နဲ့ လေးငါးလုံးဆိုရင် ၁ကျပ် ကျော်ကျော်ပဲကျမှာ ။

ဒါပေမယ့် တွေ့တွေ့ခြင်းအရမ်းလိုချင်နေပြီ မရတော့ဘူး ။ :D


အိမ်ရောက်တော့ ငါးဖယ်ဟင်းချက်တယ် ။

ငါးခေါင်းချဉ်ရေ မန်းကျီးမှည့်နဲ့ ချက်တယ် ။

တိုင်ဝမ် ကြက်ဟင်းခါးသီး ကြော်စားတယ် ။

ဒါလေးကတော့ သမီးနဲ့ သူငယ်ချင်းများ အတွက် ပန်းသီး အရသာနဲ့ almond စေ့ပါတဲ့ cupcakes


ကိတ်မုန့်အေးသွားတဲ့ အခါ မှ ကရမ်က တင်ရတာ ဆိုတော့ ဒါလေးက ကရမ်တင်ထားတဲ့ ပုံပေါ့ ။ ကရမ်ကလဲ ထောပတ်နဲ့ လုပ်တဲ့ ဟာကို မကြိုက်လို့ cream cheese နဲ့ လုပ်ထားတာ ။ အရမ်းအရမ်းစားကောင်းတဲ့ cream လေး



ပီဇာတွေလဲ အရင်ဖုတ်သမျှတွေ အဆင်မပြေပေမယ့် ဒီတခါ ဖုတ်တာတွေ အကုန်တစမကျန်ရောင်းကောင်းတယ် ။ လွယ်မှန်းလဲ သိသွားပြီ ။


 





ပီဇာဒို့က ပိုတဲ့ ဂျုံနဲ့ ပေါင်မုန့်ဖုတ်တော့ နဲနဲတော့ ခြောက်တယ် ။ ဘာနဲ့ တူလဲဆိုတော့ ပြင်သစ်ပေါင်မုန့် မာစီးစီးလေးနဲ့ သွားတူတယ် ။ အမှန်က ပေါင်မုန့်ရိုးရိုးဆိုရင် သံလွင်ဆီနဲ့ မလုပ်ပဲ ထောပတ်နဲ့ လုပ်မှ မွှေးတာလေ ။ ဒါကတော့ စားလို့တော့ တမျိုးကောင်းပါတယ် ။


 

ပျင်းရင် ကြော်စားတဲ့ ထမင်းကြော် သီဟိုဌ်စေ့ရယ် ဆတ်သားခြောက်ရယ်နဲ့ အလုပ်ဖြစ်တယ် ။


ပလာတာကလဲ ရယ်ဒီမိတ်အထုပ်ကိုပဲ ကြော်တာ လွယ်တယ် ။


ခုတလော အရမ်းကို စားချင်နေတဲ့ မဒေါက်က လက်သုတ်စုံ ။ ပစ္စည်းမစုံတော့ အရင်က လုပ်ခဲ့တာလေး အလွမ်းပြေ ပြန်တင်ထားတယ် ။ တခြားလက်သုတ်စုံနဲ့ မတူတာလေးတွေ point out လုပ်ကြည့်မလား ။ အဲတာလေးတွေကြောင့် တခြား အသုတ်နဲ့ မတူတာ ။ တကယ်ကောင်းတယ် ။




သူများလက်ဆောင်ပေးတာတွေပါ ။ မကြိုက်ဘူးအဲတာ မျိုးတွေ ။ တို့က တောသူ စစ်စစ် ။

:D

အော်ဂဲနစ်ရေဒဲချောင်း :P







ဒီနေ့တော့ မြေပဲဆန်နဲ့ မလုပ်ဘူး ကျောက်ကျောနဲ့ 



ဒီနေ့ ပုံစံတမျိုး မနက်ဖန်ကျရင်တော့ ရေခဲချောင်းထပ်မလုပ်တော့ဘူး အာသီးယောင်မှာ စိုးလို့ :D

ခရမ်းချဉ်သီး အကြောင်းပြုလို့ တပုဒ်တော့ တတ်သွားပြန်ပြီ ။ တို့တော့ ဘလောဂါပါးနဲနဲ ဝလာပြီ ထင်တယ်နော် ။ အဟီးးး ။


သာယာပါစေ ။

Comments

  1. ကိုင်းခရမ်းချဉ်လေးတွေနဲ့ ငါးပိချက်၊ ငါးပိတစ်ချက် ချက်စား သိပ်ကောင်းတာ။ တို့လည်း အဲဒါလေးတွေ ဝယ်တယ်။ အသုပ်ကလည်း ဆီကျက်နဲ့ မန်ကျည်းရည်နဲ့ဆို ကြိုက်တယ်။ ငရုတ်ဆီတွေနဲ့သုပ်တဲ့ ရန်ကုန်သုပ်တွေ မကြိုက်ဘူး။ အညာဘက်ကလည်း အဲလိုပဲ သုပ်ကြတာ။ တို့လည်း ဒီမှာပလာတာစားချင်ရင် ရယ်ဒီမိတ်ပဲ လုပ်လိုက်တယ်။ ကိုယ်တိုင်လုပ်တာ မာလို့။ ရေခဲချောင်း သမီးနဲ့ လုစားရမယ် :)

    ReplyDelete
  2. တို့ဆီက အသုတ်က နနွင်းနံ့ များများပါတဲ့ ဆီချက်ရယ် မန်ကျီးရည်ရယ် ခရမ်းသီးဆီသတ်နှပ်လေးရယ် ပဲပင်ပေါက်ချဉ်ရယ် ရှောက်ရွက်ရယ်ပါတယ်... ပြီးတော့ သင်္ဘောသီး စိမ်းအမျှင်လေးတွေရယ်ပဲမှုန့် လှော်မွှေးမွှေးလေးရယ် ငြုတ်သီးမှုန့် လှော်မွှေးမွှေးလေးရယ်လဲပါတယ် ... သယ်ချင်းစားကြည့် အရမ်းကြိုက်သွားလိမ့်မယ် ....

    ReplyDelete
  3. အသုတ်တစ်ပွဲလောက်ကျွေးပါအမ

    ReplyDelete
    Replies
    1. ချားပါအမ ချားပါ လဂါးချား

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်