ကျမအကြိုက် appsများ

မြန်မာပြည်ကို တလလောက်သွားလိုက်တာ ရေးချင်နေတာတွေ အများကြီးရလာခဲ့တယ် ။ ဒါပေမယ့် ရှုပ်လွန်းတဲ့ အလုပ်တွေများလွန်းတဲ့ ကိစ္စတွေကြောင့် မေ့ချင်ချင်ဖြစ်ကုန်ပြီ ။ နောက်မှပဲ မမ်မိုရီကို ဘက်ကက်လုပ်ပြီး ပြန်ရေးရမယ် ။ :D

ကီးဘုတ်နဲ့ရော စကရင်နဲ့ပါ ဝေးနေတဲ့ အချိန်ရယ် တခုခုကိုစောင့်နေရတဲ့ အချိန်တွေမှာ အကျိုးရှိတာ တခုခု လုပ်မယ်ကြံလိုက်တော့ မလုပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ကိုယ့်စိတ်ကို ပြန်ဖမ်းတဲ့ အလုပ်လေးလုပ်ဘို့ ကြိုးစားကြည့်မိတယ် ။ ငယ်ငယ်တုန်းက လိပ်ပြာပိုလှလို့လား မသိဘူး ကိုယ့်စိတ်ကို ပြန်ဖမ်းတာ အဲလောက် မခက်ခဲ့ဘူးနော် ။ ခုတော့ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းတဲ့ အလုပ်လုပ်တာ အတော် ချာလည်လည်နေတာ တွေ့ရတယ် ။ ဒီအတိုင်းဆိုရင်တော့ ငါရုတ်တရက် တခုခု ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူးလို့ သက်ပြင်းချမိတယ် ။

စိတ်ငြိမ်အောင်ကြိုးစားရင်း အာရုံကိုဖမ်းဆုတ်မိပြန်တော့ ပေါ်လာတာတွေက မကောင်းတဲ့ အာရုံတွေ မကြည်လင်တဲ့ ဖြစ်ရပ်တွေ မလှပတဲ့ ပုံရိပ်တွေကိုကြောက်မက်ဖွယ် စွဲနေတာကို ကိုယ့်ကိုယ်ကို သိလိုက်ရတယ် ။ နေ့စဉ် တွေ့နေကြားနေရတာတွေက မကောင်းတဲ့ သတင်းတွေ မလှပတဲ့ အနိဌာရုံတွေ များလွန်းတာကိုး ။ သွေးတွေနဲ့ လူတွေ ပျက်နေတဲ့ ကမ္ဘာတွေ တစ္ဆေသရဲလို အဆင်းရှိသူတွေ။

ဒါနဲ့ အသက်လေး မှန်မှန်ရှူပြီး ကြားဖူးနားဝသလို ပန်းပွင့်လေးတွေ လှပတဲ့ အဆင်တန်ဆာလေးတွေ နူးညံ့တဲ့ အရာလေးတွေ အာရုံမှာ ပေါ်လာအောင် လှည့်စားရင်း စဉ်းစားမိလိုက်တာက ဒီအရာတွေကိုစွဲလမ်းတော့ရော လွတ်လမ်းရှိပါမလားလို့ ။ တော်ကြာ နူးညံ့တဲ့ အခင်းလေးကိုစွဲလမ်းရင်းသေသွားပြီးကြမ်းပိုးမကြီးဖြစ်နေမှာ ဟီးးး။ 

 အစွဲအလမ်းမှန်သမျှ လွတ်ဘို့လမ်းမမြင်ဘူးထင်တာပဲလေ ။ ကိုယ့်ကို စွဲလမ်းချုပ်နှောင်ထားမယ့် အရာတွေချည်းပဲ ။

ဒါကြောင့် ဘာမှ မစွဲလမ်းအောင် လုပ်ဘို့ အရေးကြီးတယ် လိုအပ်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း သဘောပေါက်မိတယ် ။ ဒါပေမယ့် အဲလို သဘောပေါက်တာလေးကိုတောင် လိုက်မလုပ်နိုင်တာ ပြသနာ ။

ဒါနဲ့ Meditation ဆိုတဲ့ keywords လေးကို app store မှာ ရိုက်ရှာရင်း ဒီ appလေး တခု ဒေါင်းထားလိုက်မိတယ် ။


ကိုယ့်ဖုန်းထဲမှာ ထည့်ထားမိပေမယ့် ထုံးစံအတိုင်းကတော့ တခါမှ မကြည့်မိတဲ့ app တခု ဖြစ်နေတာစိတ်လေစရာကြီးနော် ။
တနေ့ကျတော့ သမီးကို ကိုယ့်ဘာသာဝင်အိပ်ဘို့ ခပ်တည်တည်နဲ့ပြောလိုက်တော့ သမီးက ကိုယ့်ကိုကြောက်ကြောက်နဲ့ဝင်သွားပြီး မာမီးဖုံးနဲ့ ခဏဆော့မယ်နော်ဆိုပြီးယူသွားတယ် ။ ခဏနေတော့ ဝင်သွားတော့ သမီးက သူ့ဘာသာသူ အဲကွန်းလေးဖွင့်စောင်လေးခြုံပြီး မျက်လုံးလေးမှိတ်လို့ တခုခုကို ဖွင့်ပြီးနားထောင်နေတာတွေ့လိုက်ရတယ် ။ အဲတာ ဒီapp လေးပါပဲ ။ 
ပထမတော့ သမီးကိုသဘောကျရုံလေးပါပဲ ။ နောက်တော့ သမီးက မာမီနဲ့ တူတူနားထောင်မယ်လို့ ခဏခဏ ပြောတာကြောင့် သူ့ကိုလိုက်လျော ပြီးနားထောင်ရင်း အတော်ကောင်းတဲ့ app လေး တခုဖြစ်မှန်း သိလိုက်ရတယ် ။ 

နောက်တော့ စိတ်အရမ်းညစ်လာရင် ဘာမှ မကြားခြင်မမြင်ခြင်ဖြစ်လာရင်တောင် ဒီ app လေးကို ဖွင့်ပြီး မျက်စေ့စုံမှိတ်နားထောင်းရင်းနဲ့ အလွန်စိတ်ချမ်းသာပြီး အကုန်အကျတပြားမှမရှိတဲ့ ပြန်လည်ပေးဆပ်စရာဘာမှမလိုတဲ့ စိတ်ချမ်းသာမှုကိုရပါတယ်။



လက်လှမ်းမီသမျှ တရားမှတ်ခြင်းနဲ့ ဆိုင်တဲ့ app တွေကို စမ်းကြည့်မိပါတယ် ။ ဒီappလေးကတော့ အကြိုက်ဆုံး အလွယ်ကူ အပေါ့ပါးဆုံး ။ သုံးပြီးတိုင်းဝမ်းမြောက်ဝမ်းသာ အဖြစ်ဆုံးလေးပါပဲ ။ ငြိမ့်ငြောင်းတဲ့ တီးလုံးလေးလဲ ပါတယ် ။ ဆရာရဲ့ အသံနဲ့ တီးလုံးရဲ့ အသံ ညှိလို့ရပါတယ် ။


မိန်းမဆရာ ယောင်္ကျားဆရာ အသံလဲရွေးလို့ရတယ် ။ ကျမကတော့ ယောင်္ကျားအသံကို ပိုကြိုက်တယ် ။ အလွန်ငြိမ်လို့ပါ ။ နားထောင်ပြီး အိပ်ယာနိုးချင်တာလား အိပ်ပျော်စေချင်တာလား ဆိုတာကိုလဲ ရွေးလို့ရတယ် ။

ဂီတသံလေးကိုလဲ စိတ်ကြိုက်ရွေးလို့ရပါတယ် ။



alarm လေးပါပါတယ် ။ အချိန်မလွန်သွားစေချင်ရင် သတိပေးဘို့ပါ ။ 

Meditation ဆိုပေမယ့် ဘာသာရေးနဲ့ ဆိုင်တယ်လို့ ထင်သွားမှာ စိုးမိပါတယ် ။ ဘာသာရေးနဲ့ ဆိုင်တဲ့ ဘုရား ဘယ်အဆူကိုမှ ကန်တော့ပါတယ် ဆိုတဲ့ စကားလုံးမပါပါဘူး ။ နားထောင်ပြီးတာနဲ့ အလွန်စိတ်လက်ပျော့ပြောင်းပြီး တည်ငြိမ်အေးဆေးသွားဘို့ အာမခံပါတယ် ။ စုစုပေါင်းနားထောင်ချိန် မိနစ်၂၀လောက်ကြာပါတယ် ။

ဒါပေမယ့် ကားမောင်းနေရင်း စက်ပစ္စည်းတခုခု ကိုသုံးနေရင်းနဲ့တော့ နားမထောင်သင့်ပါဘူးရှင့် ။ သင်တင့်လျောက်ပတ်တဲ့ မည်သည့်နေရာမှာ မဆို မည်သည့် ကိုယ်ဟန်အနေအထားနဲ့မဆို နားထောင်နိုင်ပါတယ် ။

လုပ်စရာဆိုလို့ တခုပဲလိုပါတယ် ။ အဆင်ပြေသလို သက်တောင့်သက်သာနေဘို့ပဲလိုပါတယ် ။ ပြီးတာနဲ့ တင်းထားသမျှတွေ အားလုံးလွှတ်ပေးလိုက်ဘို့ပါပဲ ။ ဘယ်အရာကိုမှ သီသန့် ကြိုးစားစရာကို မလိုပါဘူး ။အဲလောက်ထိကို လွယ်ကူတာပါ ။
သူပြောသမျှလေးပဲ အာရုံလေးစိုက်ပြီး နားထောင်နေယုံပါပဲ။

Meditation is safe, It's healthy and so very positive. ဆိုတဲ့ စကားလုံးလေးကို ကျမ အနှစ်သက်ဆုံးပါပဲ ။ မကြာခဏ နားထောင်ပေးခြင်းဖြင့် သင်ဟာ complete control ဆိုတဲ့ အဆင့်လေးကိုရောက်ရှိစေမှာပါ ။

မိမိရဲ့ ခန္ဒာကိုယ်ကို မိမိယုံကြည်ပါ ။ ဘာမှ အားစိုက်စရာမလိုပဲနဲ့ ဒီအသံလေးပြီးဆုံးသွားရင် လန်းဆန်းခြင်းနဲ့ နိုးထလာမယ်ဆိုတာ ယုံကြည်ပါ ။ 
Balance and reconnected to the real you ပါတဲ့နော် ။



ဒါလေးကတော့ သူတို့ရဲ့ ဆိုဒ်ကလေးပါရှင့် ။ အင်းဒွိုက်ဗားရှင်းတော့ မလာသေးပါဘူး ။ လာဘို့ရှိတယ်လို့ သူတို့ရဲ့ ဝဘ်ဆို်ဒ်မှာရေးထားတာ ဖတ်ရပါတယ် ။


အကျိုးရှိသော အချိန်လေးများကို ဖြတ်သန်းနိုင်ပါစေလို့ ။



Comments

  1. Thanks ... definitely download this one :)

    ReplyDelete
    Replies
    1. ငယ် ဘလော့ထပ်ရေးဦးလေ အမခဏခဏ လာတယ်

      Delete
    2. ဟုတ် အမ ... ရေးမယ်လို့ တေးထားလိုက် .. ရေးဖို့ အချိန်မရှိလိုက်နဲ့ .. မရေးဖြစ်ဘူး ဖြစ်နေတယ် အမရေ .. ရန်ကုန်ကို ၁ ပါတ် ၁ခါ ပြန်လာနေတော့ အားတဲ့အချိန်လေး လုပီးအိပ်နေရတယ် ... စိတ်ထဲတော့ ရေးချင်တာတွေ အများကြီး ... ဘိုင်သယ်ဝေး ... ညက အဲ့ဒီ App လေး ဒေါင်းပီး နားထောင်ပီး အိပ်တယ် ... အရင်က relax လုပ်ဖူးပေမယ့် အခုဟာက music နဲ့ ဆိုတော့ ပိုအိပ်ပျော်တယ်

      Delete
    3. အရမ်းကောင်းတယ်နော်.. :)

      Delete
  2. ဖတ်သွားတယ်ဗျို့ 

    ReplyDelete

Post a Comment

Popular posts from this blog

စကော့ဈေးမှာ ချာလည်လည်

ပိုလာဘာလီ ( Discovery Spa + Turtle Island +Bye Bye )

စာရေးချင်တယ်