ကျမဘဝရဲ့ အကြောက်ဆုံးအရာ




ယဉ်ကျေးသိမ်မွေ့သည့် အပြုအမူ လွန်ကဲသော ပုဂ္ဂိုလ်တစ်ဦးသည် အချိန်ကြာလာတဲ့ အခါ ငြီးငွေ့ဖွယ် စိတ်ပျက်ဖွယ် ကောင်းလာတတ်တယ်

သတိထားမှုလွန်ကဲသော ပုဂ္ဂိုလ်ကတော့ တိုးသထက် တိုးလာတာကတော့ ကြောက်စိတ်ပဲ

စည်းကမ်းကြီးလွန်းတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ သည်းခံစိတ် နည်းရုံမက သည်းညည်းခံနိုင်တဲ့ ခံနိုင်ရည်ပါ လျှော့ သွားတက်တယ်

သတ္တိလွန်ကဲတဲ့ လူမျိုးကျတော့ တစစနဲ့ အကျိုးအကြောင်းကို သိပ်မဝေဖန်ပဲ ရမ်းကားတက်လာတယ်

သံသယ လွန်ကဲတဲ့ ပုဂ္ဂိုလ်ကြီးကျတော့ လောကမှာ ကိုယ့်အတွက်လဲ အပူမီးကြီးမားစွာလောင်ကျွမ်းတယ် သူ့အတွက်လဲ အချင်းချင်းဆက်ဆံရေးမှာ ယုံကြည်မှု မရတာ အလိုလျောက် သိနိုင်တဲ့ အတွက် ဘယ်သူမှ စိတ်ရောကိုယ်ရောပေါင်းမှာ မဟုတ်လို့ မိမိသာလျင် ပူဆွေးဝမ်းနည်းရတတ်တယ်.... သူဟာ အားလုံးကို ဖျက်စီးပစ်နိုင်တဲ့ အင်အားအကြီးမားဆုံး destroyer ပါပဲ.


ဒီအရွယ်ကိုရောက်လာတော့ လူအမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီပေါ့ ။
လူတွေဟာ အမျိုးမျိုး လှည့်စားနေကြတာပါ ။ တခြားသူတွေကို လှည့်စားတာထက်စာရင် ကိုယ့် စိတ်ကို လှည့်စားနေကြတာ ရာခိုင်နှုန်းပိုများတယ် ။ ကိုယ်ကိုယ်တိုင်ကမှ အပစ်ကင်းတယ် ဆိုသူတွေရှိကောင်းရှိမယ်။

ဒီထက်ပိုလာတာက ကိုယ်ကမှ သည်းခံနေရတာ ဆိုသူတွေ ။

ဘယ်တော့မှ တွင်းနက်ထဲက မထွက်သူတွေကတော့ ကိုယ့်ဘဝကမှ သနားစရာ ကောင်းတယ် လို့ အထင်ရှိသူတွေပေါ့ ။

ကိုယ်ကမှ သမာသမတ်ရှိတယ် ထင်သူများလဲ ဒုနဲ့ ဒေးပါပဲ ။
ကိုယ်ရဲ့ အယူအဆကမှ ပိုမိုက်တယ် ( cool ) ထင်နေသူများ ။ အဲတယောက်က ဘာပုံမှန်းကို မသိဘူး ဆိုသူတွေလဲ တွေ့ခဲ့ရတယ် ။

ကိုယ်ကမှ လူချစ်လူခင်များတယ် တခြားသူများကတော့ ပုံမလာဘူးဆိုတဲ့ သူတယောက်ကို ကျမနဲ့သိတဲ့ သူတိုင်းက အရမ်း အမြင်ကပ်ဘို့ ကောင်းတာပဲလို့ အပြောခံရတာကို သူကိုယ်တိုင်တောင် မသိပဲ လွဲနေတာတွေ အများကြီး ကြုံခဲ့ရတယ် ။

အဲဒီ အမျိုးသမီးက ကျမကို ကြည့်ပြီး ပြောခဲ့ဘူးတယ် ။ အမကို ကြည့်ရတာ တခါတလေ အမြင်ကပ်တယ်တဲ့ ။

အဲလိုပြောခံရတော့ စိတ်မဆိုးတဲ့ အပြင် အံ့သြပြီး ကွယ်ရာမှာ ကျိတ်ရီခဲ့ဘူးတယ် ။ ဘာလို့ဆို သူ့ကို လူတွေ ဘယ်လောက်မုန်းတယ် ဆိုတာ ကိုယ်က ပိုသိလို့လေ ။ ဘယ်သူက သူ့ကို ဘယ်လို အမြင်ရှိလဲ ဆိုတာ မသိပဲ ကိုယ့်ကိုယ်ကို ချစ်ဘို့ကောင်းတယ် လို့ ထင်နေတာလေ ။

ခင်ခဲ့ဘူးတဲ့ ညီမတယောက်က ပြောဘူးတယ် ။ အဲဒီလူနဲ့ မခင်တော့ဘူးဆိုတဲ့ အချိန်တုန်းက ငါ့ကို ဘာကြောင့် မခင်တော့တာလဲ လို့ ပြန်မေးကြည့်ဘူးတယ် ။ ပြန်ဖြေလိုက်တဲ့ စကားကို ကြားရင် သတ်သေချင်စိတ်တောင် ပေါက်သွားမယ်တဲ့ ။

လူတဘက်သားမှာ ကိုယ်မသိပဲ ပြောလိုက်မိလုပ်လိုက်မိတဲ့ အရာလေးတွေကို စိတ်ထဲ စွဲထင်ကျန်ရစ်ပြီး နာကျင်ခဲ့တတ်ကြတယ် ။ ကိုယ်ကတော့ မသိဘူးပေါ့ ။ သူ့ကို ဘာကြောင့်လဲလို့ ပြန်မေးမိလိုက်တော့မှ ဘာတွေ ကိုယ်လုပ်ခဲ့လဲ ဆိုတာ ပြန်သိရှိခဲ့ရတယ်တဲ့ ။

ပြောချင်တာကတော့ သိပ်မများပါဘူး ။ ဒါလောက်ပါပဲ ။

အဲလိုလူတွေထဲမှာ ကျမလဲ ထိပ်ဆုံးပါပဲနော် ။ သူများကို ပြောချင်လို့ ကိုယ့်ကိုယ်ကို ချန်ခဲ့တဲ့ သူတွေထဲမှာ ကျမ မပါပါဘူး ။

ခုလိုမျိုး ကိုယ်ပိုင်တဲ့ဒိုင်ယာရီလေးမှာ ကိုယ့်ဘာသာရင်ဖွင့်တာက သူများကို ပြောပြလိုက်တာထက်စာရင် ပိုကောင်းတဲ့ နည်းလမ်းလို့ ယူဆမိတယ် ။

ဘယ်သူ့ရဲ့ နားလည်မှုမှလဲ မလိုတော့ဘူး ။ တိုက်ဆိုင်တဲ့သူတွေဖတ်မိရင်လဲ  တိတ်တဆိတ် မျှဝေခံစားကြတာပေါ့နော် ။

ပေါ့သွားမလားလို့ ရင်ဖွင့်ယုံသတ်သတ်ပါ ။

ကြုံခဲ့သမျှ ကောက်ကျစ်သူ ။ လည်ဆယ်သူ ။ ဟန်ဆောင်သူ ။ ဘဝင်မြင့်သူ ။ ယှဉ်ပြိုင်သူ ။ ခြေထိုးသူ အားလုံးသော အမျိုးစုံ လူတွေကြားထဲမှာ ကျမ အကြောက်ဆုံး အရာကတော့ မာနအဆမတန်ကြီးသူပါပဲ ။

မာနဆိုတာ မရှိအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပြီး ဖယ်ချခဲ့တဲ့ ကျမ ။ မာနရှင်တွေ အများကြီးနဲ့ ကြုံရတယ် ။ တမင်စမ်းနေသလားတောင်ထင်ခဲ့မိတယ် ။

မာနဟာ အပူလောင်ဆုံးပဲ ။ ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ပူတယ် ။ စိတ်မကောင်းဘူး ။
မာနသမားတွေနဲ့ကြုံရတိုင်း ခံစားမိတဲ့ ခံစားချက်က အဲဒီလိုဖြစ်နေတယ် ။

ခင်မင်တယ် လေးစားတယ် သံယောဇဉ်ရှိတယ် ။ ဒါပေမယ့်ကြောက်တယ် ။

မာန မရှိသူလိုနေလို့ မလေးစားလဲ နေကြပါစေ ။ ကျမ လူ့ဘဝကိုလာတာ အဲတာတွေ မပါပဲ နဲ့ ပြန်သွားချင်တယ် ။

မာန ဆိုတာ ကျမအကြောက်ဆုံး ။ ဖြေဆေးမရှိတဲ့ အဆိပ်ပါ ။


ဗုဒ္ဒဘုရားကတောင် ဟောခဲ့တယ် သူ့ကို မကိုးကွယ်ချင်နေ သစ္စာလေးပါး တရားတော်ကို ကိုးကွယ်ရင် သံသရာက လွတ်တယ်တဲ့ ။

ဒီစကားထဲမှာ အတ္တဆိုတာ မပါဘူး ။ အဲလို အရာတွေကို အတုယူမိတဲ့ ကျမ ခဏခဏ တိုင်မှတ်လို့ နှပ်ချီး သုတ်ခံနေရပါကော ။










Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်