ဘလော့ဂါမလေးတယောက်အကြောင်း



စလုံးမှာ အရမ်းနာမည်ကြီးလာတဲ့ ဘလော့ဂါ တယောက်ရှိတယ် .... Xiaxue လို့ခေါ်တဲ့ ကောင်မလေးတယောက်ရဲ့ ဘလော့ ..... သူက တနေ့ကို ဘလော့ဂင်းကနေ ပိုက်ဆံရတာ ဘယ်လောက် ရှိပြီ ဆိုလဲ သေချာတော့ မမှတ်မိတော့ဘူး :D >.<... 



အရုပ်မလေး တရုပ်လို ပြင်ထားတာတွေ့တော့ ပထမတော့ နှာခေါင်းရှုံ့လိုက်မိသေးတယ် ဟီး ။


ဘလော့ဂင်းပြီး ပိုက်ဆံရှာတယ် ဆိုတော့ ကြည့်လိုက်မိတယ် ။ သူ့ဘလော့ကို တနေ့ ဝင်ကြည့်တဲ့ သူပေါင်းကလဲ ဘယ်လောက်တောင်ဆိုလဲ သေချာ မသိဘူး :P .......... အများကြီးပဲ တကယ်ပြောတာ ..





သူက အမှန်က ကော်လမ်မစ်စ် တယောက်ပါ ။ တီဗီရှိုးတွေဘာတွေတောင် လုပ်နေရပြီ ။ သူ့ဘလော့ အားလုံး ၁၀ ခုတောင်ရှိတယ်တဲ့ ။
 
သူ့ဘဝလေးကို စိတ်ကြိုက် အလှဆင်နိုင်တာလေးကတော့ အားကျစရာလေး ... သူငယ်ငယ်တုန်းကတော့ သိပ်ချောပုံ မပေါ်ဘူး ..... ဒီမှာ သူ့ပုံ



သူဘာကြောင့် အဲလောက် နာမည်ကြီးလဲ ဆိုတာ သေချာ လေ့လာဦးမယ် ... လောလောဆယ်တော့ သူရေထားတာလေး တခု အရမ်းသဘောကျနေတယ် ။ သူ့သတင်းက အတော်ကြီးနေတယ် .... ဒါကြောင့် သိမိတာပေါ့ ။

ဘာအကြောင်းလဲဆိုတော့ Permanent Hair Removal  အကြောင်းလေ ..... အရမ်းကောင်းတယ် ဆိုပဲ ပြန်မထွက်တော့ဘူးတဲ့ ။ ခြေသလုံးမွှေးတွေနဲ့ နှုတ်ခမ်းမွေးရေးရေးလေးကို သွားသမ မလားလို့ :3...

သူ့မှာ သားလေး တဦးရှိတယ် ။ အရမ်းချစ်ဘို့ကောင်းတယ် ။ သူ့ကလေးအကြောင်းလဲ ရေးထားတယ် ။ အဓိကကတော့ သူသုံးလိုက်တဲ့ Product တွေ အကြောင်းကို ပုံလေးတွေနဲ့ တကွ review ကို ကျကျနန လှလှပပလေးရေးတာပဲ ။

သူ့ဘလော့လေးသွားကြည့်ပြီး ကိုယ်တောင် ကိုယ့်ဘလော့လေးကိုအလှဆင်ခြင်လာတယ် ။

သူ့ဘလော့တင် မကဘူး သူနေတဲ့ အိမ်လေးကလဲ အရမ်းလှတာပဲ ။ 





ဒါက သူ့မင်္ဂလာဆောင်တုန်းက ပုံပါ ။


ခုဆို သူက ဆယ်လစ်ဘရစ်တီ တယောက်လို ဖြစ်နေပြီ ။ သူဘာလုပ်လုပ်သတင်းထဲမှာ ပါတယ် ။

ဒါကတော့ မိတ်ကပ် မလိမ်းမီပုံပေါ့ 


Comments

  1. အဲ့ ဒီပို့စ် မဖတ်မိဘဲ ကျော်သွားတယ် ... သွားကြည့်မယ်

    ReplyDelete
    Replies
    1. ကြည့်သင့်တယ် ငယ်ရေ စလုံးဘလော့ဂါတွေ ဘယ်လိုလဲ ဆိုတာ လေ့လာချင်လို့ :D

      Delete
  2. Replies
    1. ချစ်စရာလေးနော် :)

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်