easy cooking

သမီးနဲ့ ကိုယ်နဲ့ နှစ်ယောက်စာ ချက်လို့ လွယ်တာလေးတွေပဲ ချက်တယ် ။

ဆယ်လ်မွန်ငါးက အဲအတိုင်းအလွှာလေးတွေလာတာ ဆိုတော့ ဆီပူထိုးပြီး ကျက်တယ်ဆိုယုံလေးပဲ လုပ်လိုက်ပြီး ဂျပန်ဆော့စ်ဆမ်းလိုက်တာ စုစုပေါင်းမှ ၃မိနစ်လောက်ပဲကြာတယ် ။ ကျန်တဲ့ ဆီပူလေးကို ကြက်သွန်ဖြူ ဥတလုံးကြီးကြီးလေး တလုံးကို ဓားပြားရိုက်ပြီး နွမ်းအောင်လုပ် ပြီးရင် ပန်းပွင့်စိမ်းထဲ့ပြီး ရေစပ်စပ်လေးနဲ့ ဆားလေးနဲနဲ ထည့်လိုက်ရင် ရေလဲခမ်းစပြုရော စားလို့ရရော ။


ယိုးဒယားသင်္ဘောသီးသုတ် ကလဲ ထောင်းရတာ ဆိုတော့ သင်္ဘောသီးစိမ်းကို ငှက်ပျောသီး တလုံးစာလောက် ခြစ်လိုက်ပြီး ကျန်တာ အကုန် ထောင်းထည့်တာ ( မြေပဲလှော် ပုဇွန်ခြောက် ကြက်သွန်ဖြူ ဥတလုံး တခု ၊ ခရမ်းချဉ်သီး ပဲတောင့်ရှည် တချောင်းပိုင်းပြီးသား ၊ ဆားသကြား ၊ ရှာလကာရည် (သို့ ) သံပုရာရည်တို့နဲ့ ရောထောင်းလိုက်ယုံပဲ မြန်တယ် ။



ဒါကတော့ ကော့တေးလ်လို့ခေါ်တဲ့ NTUC ဝက်အူချောင်းလေးတွေနဲ့ ရွှေပဲသီးကြော်

ဒါကသူငယ်ချင်း စူးမေးထားတဲ့ silver fishes ကို နနွင်းမှုန့် ဆားလူးပြီး အကျွတ်ကြော်စားလိုက်တာ ။ အရမ်းနုတော့ တခြမ်းက ဝါလာမှအချပ်လိုက် လှန်ရဲတယ် ။


အဲဒီ ချွန်ချွန်လေးအရွက်တွေကို ဝယ်လာပြီး ဘာလုပ်ရမှန်းမသိဘူး ။ ဘဲသားကင်တခြမ်းကလဲဝယ်လာတယ် ။ အဲတာနဲ့ သံပုယိုသီး ကြက်သွန်နီ တလုံးနုတ်နုတ်စင်း ။ ငြုပ်သီးအနီတောင့်ထောင်းထားတာလေးတွေရှိတော့ ငါးငံပြာရည်နဲ့ သုတ်စားပလိုက်တယ် ပြီးရော ။ သံလွင်ဆီလေး ရှိလို့ နဲနဲ ထည့်လိုက်တယ် ။ ဆားလေးနဲ့ ။ အရွက်စိမ်းကို အများကြီးစားချင်လာရင် တို့ဆီက အရွက်တွေ ချဉ်ပေါင် ကန်စွန်း ကင်ပွန်းရွက်တွေ သုတ်စားလို့ မကောင်းဘူး ။ စလုံးက တရုတ်ရွက်တွေ ဖြစ်တဲ့ မုန်ညင်းစိမ်းတွေဖြူ တွေကလဲသုတ်စားလို့ မရတော့ အဲလို အသုတ်လုပ်တဲ့ အရွက်တွေကတော့ သုတ်စားလို့လွယ်တယ် ။ ဘိုလိုပဲသုတ်သုတ် မြန်မာလိုပဲ ဆီစိမ်းလေးနဲ့ ပဲနှမ်းလေးနဲ့ သုတ်သုတ် မိုက်တယ် ။ ကြက်သားပုဇွန် ကြိုက်တာ ထဲ့စားလို့ရတယ် ။ ဝါသနာပါရင် ငပိရည်ကျိုလေး ထည့် ဟိဟိ ။ ငြူပ်သီးအကြမ်းမှုန့်လဲ ထည့် ရတယ်နော် :D ဘာပဲပြောပြော အဲလောက်များတဲ့ အရွက်စိမ်းတွေ အများကြီးအားကြီးစားလိုက်ရတဲ့ အတွက် ကျေနပ်သွားတယ် ။ နို့မို့ အဲလောက် အရွက်စိမ်းမစားဖြစ်ဘူး ။

ဒါက ပထမနေ့က ဝယ်လာပြီး ဒီတိုင်း thousand island အရည်ထည့်စားတာ ဟိုလိုသုတ်တာလောက် မကောင်းဘူး ။ ဘဲသားကင်က အသားချည်းပဲ  NTUC ကဝယ်လာတာ ။ ၄ကျပ်လောက်ပဲ ပေးရတယ် ။

ဒါကတော့ ပထမဆုံးလုပ်တဲ့ ကိတ်မုန့် fondant အောက်ကစဖတ်မှ ရမယ် ။ ပုံတွေက ဖုန်းနဲ့ ရိုက်ပြီး အပ်ပလုပ်တာ ဆိုတော့ :D :D
ပြီးတော့ ဂလိုလေးကပ်လိုက်တယ် ။ Mash mellow ကို ပြားအောင်လှိမ့်တော့ icing sugar က ကုန်နေတယ် သိပ်မလောက်တော့ အရမ်းကပ်တော့ ပါးပါးလေး လုပ်လို့မရဘူး ။ ထူနေတယ် ။ အဟီး ။ ဒါပေမယ့် ။ စားကောင်းတယ်လို့ ပြောတယ် ။ ဟိဟိ ။ ကိတ်မုန့်ကချိုတော့ ချိုတယ် အပေါ်က အဖြူချပ်ကြီးက ။ အောက်က အသားကတော့ စားကောင်းတယ် ။ ပြောင်းပြန်ဖတ်လိုက်ရတာ ဆောရီးနော် ။ :D

 ပန်းရောင်ကို အပြားလုပ်ပြီး ပန်းပွင့် ခွက်လေးတွေနဲ့ ဖိပြီး ဖြတ်လိုက်တော့ ဂလိုလေးတွေရတယ် ။

Mash mellow အဖြူရောင်ကို spatula နဲ့ မွှေ.... icing sugar အမှုန့်နဲ့ ပြားအောင်လုပ်ပြီး အဖတ်လိုက် ကိတ်မုန့်ပေါ်မှာ ဖုံးလိုက်တယ် ။


ကိတ်မုန့်ကို ၂ခြမ်း လွှာလိုက်ပြီး အလည်မှာ cream cheese နဲ့ icing sugar နဲ့ သံပုရာအနံ့ကို စက်နဲ့ ထည့်မွှေလိုက်တယ် ။ အရောင်က လိမ္မော်ရောင် တစက် ထည့်တယ် ။ ပြီးတော့ ကိတ်မုန့် ၂ချပ်ကြားထဲ ထူထူလေးသုတ်လိုက်တယ် ။

ဒါက ပန်းရောင်

ရေလေး နဲနဲလေးထည့်ပြီး မိုက်ခရိုဝေ့ထဲ သုံးလေးစက္ကန့်လောက် လှည့်လိုက်တော့ အဲလိုဖြစ်သွားတယ် ။

Mash mellow နဲ့ လုပ်ရင်ရတယ် ဆိုလို့ အရောင် ၂ရောင်ပါပြီးသား ဝယ်လာတယ်

ငါးပိရည်လေး လက်ဆောင်ရလို့ ရေကျဲလေးဖျော်စားတယ် ။ ငြုပ်သီး ကခြောက်ပြီး ကြွတ်နေတော့ လက်နဲ့ ဖြစ်လိုက်ယုံပဲလေ ။
မွှေးနေတာပဲ ။

ဒါက ဘာလီက ဝယ်လာတဲ့ ကော်ဖီမှုန့်ကိုဖျော်သောက်တာ ။

Comments

  1. တို့လည်း ဘရိုကိုလီကြိုက်တယ်..ကြော်ရတာတအားမြန်လို့.. သင်္ဘောသီးထောင်းနဲ့ ငါးကြော် ကပ်စား..သိပ်ကောင်း..
    ကိုယ့်ကိုုယ်တော့ မထောင်းစားတော့ဘူး..အဆာပလာ ဝယ်ရမှာများလို့..ဟိဟိ.. ရူကိုလာ rucola ရွက်လည်း အသေကြိုက်လို့ ခဏခဏ
    ကြော်စားဖြစ်တယ်.. ဒီကလူတွေကတော့အသုပ်ထဲ နည်းနည်းထည့်ကြတာ..တို့တော့ ကြက်ဟင်းခါးရွက်အစားထိုးဆိုပြီး ပုစွန်ခြောက်နဲ့ ကြော်စားတယ်..ကြက်ဥနဲ့လည်းကြော်တယ်.. ခါးသက်သက်လေးမို့ ကြိုက်တာ။ ငါးပိရည်လည်းစားချင်တယ်။ မစားတာ ကြာလှပြီ။ ဒီတခါပြန်တာလည်း ငါးပိရည်သိပ်မစားဖြစ်လိုက်ဘူး။

    ReplyDelete
  2. ရူကိုလာရွက်က ကျော်စားလို့ရတယ်လား အကြံကောင်းတယ် လုပ်စားဦးမှပဲ သူုငယ်ချင်းရေ

    ReplyDelete
  3. yummy yummy အိုက်ငါးကြော်စားချင်ဒယ်

    ReplyDelete
    Replies
    1. အဲတာ ပင်လယ်ငါး ရန်ကုန်မှာ မရှိဘူး ဂျာမှာ ရှိမယ်ထင်တယ် ညီမလေး

      Delete

Post a Comment

Popular posts from this blog

စကော့ဈေးမှာ ချာလည်လည်

ပိုလာဘာလီ ( Discovery Spa + Turtle Island +Bye Bye )

စာရေးချင်တယ်