စကော့ဈေးမှာ ချာလည်လည်

ရန်ကုန်မှာရောက်နေတုန်း မပါမဖြစ် ပါအောင်ဝယ်လာခဲ့ချင်တာလေးတွေ ရှိတယ် ။ ဒါကြောင့် တခေါက်လောက်တော့ ဗိုလ်ချုပ်ဈေးကိုပြေးခဲ့တယ် ။ ဗိုလ်ချုပ်ဈေးကို ပြေးဘို့ ဆိုတာ ဒီနေ့ခေတ်လို ကားကျပ်ပုံနဲ့များများဝယ်စရာ မရှိရင် သွားချင်စိတ်တောင် မရှိတော့အောင်ပါပဲ ။

မြန်မာလို ဝတ်ရတာ ငယ်ကတည်းက နှစ်သက်တဲ့ အတွက် ခုလို ဝလာတဲ့ အချိန်မှာ ဆိုတော့ မြန်မာလိုပဲ ဝတ်ချင်မိတော့တယ် ။ ဒါပေမယ့် အဝေးကနေလှမ်းကြည့်ရင် မြန်မာမှန်းတန်းပြီး ဓာတ်ပေါက်သွားစေတဲ့ အဆင် အရောင် ဒီဇိုင်းတွေ မကြိုက်ဘူး ။

 မြန်မာမှန်းသိသွားတာကို ပြောတာမဟုတ်ဘူးလေ ။ဟိုအရင်တုန်းကဆို ကုလားရောင်ဆိုတာ တို့တွေ ပြောပြောခဲ့ကြတာ သိတယ် မဟုတ်လား။ ခု တို့ဆီက လူတွေ အဲလိုတွေဝတ်နေကြပြီ ပြူးကြောင်ကြောင်တွေလေ ။ တော်ကြာ မြန်မာရောင်လို့ ပြောခံထိမှာ စိုးလို့ :D



ဒါမျိုး

ဒါမျိုး

ဒါမျိုး

ဒါမျိုး

ဒါမျိုးကြီးတွေ ကြိုက်ဘူးတော့ တောကျတယ် ပဲဆိုဆို အရမ်း ဇတ်ဆန်တာပဲ

ဟိုးအရင်က မြန်မာတွေ ဝတ်ပုံစားပုံလေးတွေက ယဉ်တယ် ။ အရောင်က အစ ။ ခုခေတ်က မြန်မာဒီဇိုင်းတွေ အရမ်းလှလာတယ်။ဒါပေမယ့်တချိုဒီဇိုင်းတွေကတော့ ဇတ်ထဲမှာ ဝတ်တဲ့ ဒီဇိုင်းမျိုကြီးတွေ causal မဖြစ်တဲ့ ဒီဇိုင်းတွေ ဖြစ်နေတာ တွေ့နေရတယ် ။


ဥပမာ စထရော်ဘယ်ရီရောင်တောက်တောက် အစိမ်းတောက်တောက် အပြာတောက်တောက် အဝါတောက်တောက် ။ ဆိုတဲ့ တောက်ပပေ့ ဆိုတဲ့ အရောင်တွဲတွေ ။ ဒီ့အပြင် သပ်ယပ်မှု မရှိပဲ ကျောက်ရောင်စုံ စိန်ပွင့် ( ကော်ပွင့် ) ရောင်စုံ ကပ်ထားတာတွေ ။ ရွှေရောင် ငွေရောင်တွေ ချယ်ထားတာတွေ။ အဆင်တွေ ချိတ်တွေမှာလဲ အရောင်စပ်ကို အဓိက မထားပဲ ရောင်စုံနိုင်သမျှစုံအောင် ထည့်ထားတာတွေ မကြိုက်ဘူး ။ 

ဒါကြောင့် တကယ် နေ့တိုင်းဝတ်ချင်လာတော့ အရောင်က စိတ်ကြိုက်ရှာရခက်နေတယ် ။ ငယ်တုန်းကလို ကြီးကြီးတို့ ဒေါ်လေးတို့ ခေတ်မှာ ဝတ်ကြတဲ့ မီးခိုးလေးတွေ အပြာပြောင်နုနုလေးတွေ ။ ပန်းနုနုလေးတွေ ကို အောက်က ရှာလုံချည်လို့ ခေါ်တဲ့ အနက်ခံပေါ်မှာ ပွင့်နုတ်လေးတွေ ပါတဲ့ ဒီဇိုင်းလေးတွေ ကြိုက်တယ် ။ 

အကယ်၍ အောက်က လုံချည်က အရောက်တောက်ရင် အပေါ်က ရင်ဖုံးကို ဇာ အဖြူလေးပဲ ဖြစ်ဖြစ် ဝတ်ချင်တယ် ။ အပေါ်တောက်တောက် အောက်တောက်တောက်။ အပေါ် အပွင့် အောက်က အခက်တွေ မလို်က်ဘူးလို့ထင်တာပဲ ။

 မြင်ရတဲ့သူ ရင်မအေးပဲ သက်တောင့် သက်သာ မရှိတဲ့ တယောက်တည်း ထင်းနေရှင်းနေတဲ့ အရောင်ကြီးဖြစ်နေမှာ ကြောက်တယ် ။ အဲလို ဝတ်လို့ရတဲ့ နေရာတွေလဲရှိပါတယ် ။ ပွဲလမ်းသဘင်တွေ အခန်းနားတွေကတော့ ချကြတာပေါ့နော် ။ ဒါပေမယ့် တချို့ ပွဲလမ်းတွေလဲ ဝတ်တတ်တဲ့သူတွေ ရှိတယ် ။ အရောင် တောက်စရာမလိုဘူး ။ ယဉ်ယဉ်လေးဖြစ်ပြီး ခန့်နေတဲ့ဝတ်စားပုံမျိုးတွေကို ကြိုက်တယ် ။

ပြောရဦးမယ် ခုတလော မင်းသမီးတွေ မင်္ဂလာဆောင်တာ အားလုံးထဲမှာ မယ်လိုဒီဝတ်တာလေး အရှင်းဆုံးနဲ့ အလှဆုံးပဲ ။ တော်ပြီ ဒီလောက်ပဲ ။ သူက အကယ်ဒမီပွဲ တတ်ရင်တောင် ဒီလောက်ပဲ ဝတ်တယ် ။ ပေါက်ကရတွေ လျှောက်မတပ်ထားဘူး ။ ဒါကတော့ မင်္ဂလာဆောင်ပေါ့နော် ။ 




စလုံးမှာ နေ့တိုင်းဝတ်ချင်တယ် ဆိုရင် ဒါမှ မဟုတ် တခါတလေ ဝတ်ချင်တယ် ဆိုရင်တော့ ယောလုံချည် ။ ကချင်လုံချည် မွန်လုံချည် ရခိုင်ချည်ချိတ် လေးတွေနဲ့ အပေါ်က ပန်းရောင် အပြာရောင် ဖက်ဖူးစိမ်း နုနုလေးတွေ ။ အဖြူသာသာ အရောင်လေးတွေ ဒါမှ မဟုတ် ပင်နီရောင် ရိုးရိုး ရင်စေ့ရင်ဖုံးလေးတွေ နဲ့ ပဲဝတ်ချင်တယ် ။


ဒီလို ပင်နီရောင်လေးကို  ချည်စစ်စစ် ဒါမှ မဟုတ် မာစရိုက်ချည်ချောလေးပဲ ဖြစ်ဖြစ် ရိုးရိုးလေးဝတ်ချင်တယ် ။ပြောရမယ်ဆိုရင် ဒေါ်စုက အလွန်ဝတ်စားတတ်သူတယောက်ပဲ ။ သူဝတ်တာလေးတွေ က ဒီခရီးနဲ့ ဒီထီးနဲ့ သင့်တော်တာလေးတွေ ရွေးတတ်တဲ့သူမှန်း တန်းသိတယ် ။ တခါမှ မမှားသေးဘူး ။ ဒေါ်စု အရင် သာမာန် အိမ်ထောင်သည်ဘဝမှာ ဝတ်တာလေးတွေ ဆို ယဉ်တယ် နေ့တိုင်းဝတ်ရမယ်ဆိုရင်တောင် မျက်စေ့ မရိုင်းဘူး လွတ်လပ်ပေါ့ပါးတယ် ။ 


တို့ နိုင်ငံကလူတွေလည်း နိုင်ငံခြားမှာ နေပေမယ့် ရိုးရာ ဖြစ်တဲ့ ထမီကို ဝတ်ကြစေချင်တယ် ။ ကိုယ်ဝတ်နိုင်သလားဆိုတော့ ကိုယ်လဲ မဝတ်နိုင်သေးပါဘူး ။ ကိုယ်ကိုယ်တိုင်လဲ ဝတ်ချင်စိတ်တွေ တားမရဆီးမရ ဖြစ်နေမိတယ် ။

 ကိုယ့် အကျီင်္ အစစ်ကို ကိုယ်ဝတ်သလို ခံစားချက်မျိုးလေး ရှိချင်တယ် ။ အိန္ဒိယ အမျိုးသမီးတွေ ဆို တခြား အကျီင်္ မဝတ်ဘူး ။ သူတို့ဆီက ထွက်တဲ့ ချည်ထည်လေးတွေဆို unique အရမ်း အနုပညာလက်ရာမြောက်တယ် ။



 https://www.google.com.sg/search?q=cotton+dress&client=firefox-a&hs=zQ0&rls=org.mozilla:en-US:official&channel=sb&source=lnms&tbm=isch&sa=X&ei=IFIQU9n1LoH_rAeNkIDIAg&ved=0CAcQ_AUoAQ&biw=1920&bih=883#channel=sb&q=cotton%20dress%20pakistani&revid=1840741809&rls=org.mozilla%3Aen-US%3Aofficial&tbm=isch&imgdii=_


ဒီလင့်လေး တချက်လောက်နှိပ်ကြည့်ပါလားဟင် ။ အရမ်းလှတယ်နော် ။ ကိုယ်တောင် ဝတ်ချင်တယ် ။ အားလုံးရိုးရာ သူတို့ လက်နဲ့ လုပ်ထားတဲ့ ချည်သားပျော့ပျော့လေးတွေ ။ သူတို့ အတွက် အမြဲ  နေ့ရော ညရော ဝတ်နိုင်လောက်တဲ့ အထိ နူးညံ့တယ် ။သက်တောင့်သက်သာရှိတယ် ။ မပူဘူး ။ မကျပ်ဘူး ။အရမ်းနှစ်သက်စရာကောင်းတယ် ။

 ဒါပေမယ့် ကိုယ်ဝတ်လို့ မရဘူးလေ ။ ကိုယ်ဝတ်လို့ လှလဲ ခဏပဲဝတ်ကြည့်လို့ ရမယ် ။ အမြဲ ဝတ်ချင်လို့ မရဘူး ။ ဘာလို့လဲ ဆို ကိုယ်က အိန္ဒိယ လေဒီ မဟုတ်လို့ပဲ ။ ဒါဆို သူတို့ ဝတ် တာတွေလဲ အရောင်တောက်တာပဲ ဘာလိုကြိုက်လဲ ဆိုရင် ဟုတ်တယ် အဲတာလေးတွေ ဝတ်ရင် သူတို့မှန်းသိလို့ပဲပေါ့ ။

ကိုယ့်ရဲ့ အကျီကို ကိုယ်ဝတ်ရရင် ဖြစ်တတ်တဲ့ ဖီလင်ဆိုတာ အဲတာမျိုးကို ပြောချင်တာပါ ။ အဓိပ္ဗါယ် မပေါက်ရင်တော့ ရေးတဲ့သူ ညံ့တာပါ။

ဒါနဲ့ ပဲ ဒေါ်စုတို့ အိမ်ထောင်သည်ဘဝက ဝတ်သလိုမျိုးလေး လိုက်ရှာဝယ်ချင်တာနဲ့ အရှာ ထွက်ခဲ့တယ် ။

ဒါပေမယ့် ပေါ့လေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါဘူး ။ တို့ဆီမှာက ရယ်ဒီမိတ်တွေဘယ်လောက်လှလှ ချုပ်ဝတ်တဲ့ အထည်တွေကို လုံးလုံးလျားလျား အစားထိုးနိုင်တဲ့ခောတ် မရောက်သေးဘူး ။ ဈေးတိုင်းမှာ ကိုက်ဖြတ်စတွေ အောတိုက် ရှာဝယ်နိုင်သေးတယ် ။ တခုမဟုတ်တခုတော့ ကိုယ့်စိတ်ကြိုက်ရနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဈေးထဲ တိုးခဲ့တာပဲ ။

တကယ်ဈေးထဲရောက်တော့ ကိုယ်လိုချင်တဲ့ ကိုယ့်အကျီ စစ်စစ်ကို ရှာရတာ အတော်ခက်တယ် ။ သူတို့ ထုတ်ပြလိုက်တာတွေ ကြည့်ရတာ တချို့က အရောင် မကြိုက်ဘူး။ တချို့ အပွင့် မကြိုက်ဘူး ။ တချို့အသားမကြိုက်ဘူး ။ စိတ်ကူးလေးနဲ့ ရူးနေတဲ့ အသားလေး အဆင်လေး အရောင်လေးတခုမှ ရှာမရတဲ့ အဖြစ်ကို ရောက်လာတယ် ။

ကိုယ်က ချည်စစ်စစ်ကို ဂုဏ်ယူပြီး ဝတ်ချင်နေလို့ပါ ။ တခြား လှပေ့ ညွန့်ပေ့ ဆိုတဲ့ အစတွေကတော့ အများကြီးမှ အများကြီးပါ ။ ဆွဲသား ။ အလက်သား ။ ရှောတိုး အကုန်ရှိတယ် ။မြန်မာဖြစ်လဲ မဟုတ်ဘူး ။ ဒါပေမယ့် ရှာရင်း စိတ်ညစ်လာတယ် ။ စိတ်ထဲမှာ မကျေနပ်ဘူး ။ ဘာလို့ အဲဒီ အဆင်လေးတွေ မရှိတော့တာလဲ ပေါ့နော် ။ ငယ်ငယ်တုန်းက မြင်ဘူးခဲ့တဲ့ လုံချည်လေးတွေကို ပဲစိတ်စွဲနေတယ် ။ ရခိုင်ချည်ချိတ် ။ မွန်လုံချည် ။ ကချင်လုံချည် အမည်းရောင် ။ ကရင် ချည်ထည် ။ဒူးနားချိတ် ။ ချည်ကိုပြောတာပါ ပေါ့ပေါ့လေးနဲ့ ပါးချောလေးတွေ ။

နောက်တော့ ဘာချည်မှ မရရင်လဲ ဒေါ်စုချိတ်လို့ခေတ်စားနေတဲ့ ချိတ်လုံချည်လေးဝတ်မယ်ပေါ့ ။ ချစ်သုဝေချိတ်လို့လဲ တချို့ကခေါ်တယ် ။ ချိတ်ကြီးတွေလို မာတောင် ရောင်စုံနဲ့ အပွင့်ကြီးတွေ မဟုတ်လို့ ဝတ်ရတာ ယဉ်မယ်ထင်တယ် ။

 ဒေါ်စုချိတ်လေးရှာတော့လဲ စီလွန်ဆိုတဲ့ ထိုင်းကလာတဲ့ ချည်နို်င်လွန်စပ်နဲ့ ယက်ထားတာလေးတွေပဲ အများကြီးရှိတယ် ။ ချည်တိုင်ချည်ဖောက် ရမလားလို့ မေးလိုက်တော့ ၂ထည် ၃ထည် ထွက်လာတယ် ။ အဲဒီထဲက အရောင်ပြေတာလေးကို ရှာလိုက်တော့ ၂ထည်လောက် ၃ထည်လောက်တော့ ရလာတယ် ။

တခြား ကရင်ဆင်လေးတွေ မွန်ဆင်လေးတွေလဲရလာတယ် ။ စုစုပေါင်း ၅ထည် ။ အပေါ်က ဝတ်ဘို့ကိုတော့ ဇာဖြူဖြူလေးတွေ ကိုက်ဆွဲ ဖြတ်လာခဲ့လိုက်တယ် ။ ရင်စေ့ လက်စကလေးတွေ ချုပ်မလို့ ။ ကိုယ်က တရုတ်ကြယ်သီးလို့ ခေါ်တဲ့ တိုက်ပုံကြယ်သီးခေါင်း ကျွမ်းတယ်လေ ။ အဲလို ကြယ်သီး တတ်မယ် ။ တချို့ အကျီင်္တွေကို ကွင်းတပ်ပြီး ကျောက်ကြယ်သီးတို့ ပုလဲကြယ်သီးတို့ တတ်မလို့ ။

 အိမ်ပြန်ရောက်တော့ အမေလက်အပ်ပြီး သူသိတဲ့ ဆိုင်မှာ အထုပ်လိုက် လုံချည်တွေချည်းပဲ အရင် ချုပ်ခိုင်းလိုက်တယ် ။ စလုံးရောက်မှ ချုပ်မယ်ဆို ရန်ကုန်မှာ မဝတ်လိုက်ရမှာ စိုးတယ်လေ အဟဲ ။



ဝဲမှယာ ဒေါ်စုချိတ် မွန်လုံချည် နဲ့ ကရင်လုံချည်

လုံချည်လေးတွေက တထည်ကို ၆၅၀၀ ။ ၇၀၀၀ ပဲပေးရတယ် ။မရမ်းရောင်လေးက သမီးကိုဝါဝန်ချုပ်ပေးဘို့ ချည် ဖောက်ဇာလေးတွေ ။တကိုက် ဘယ်လောက်လဲ မသိတော့ဘူး ၆၀၀၀ လား ၈၀၀၀ လားမသိတော့ဘူး ။

ရှမ်းတို့ ကချင်တို့ ချင်းတို့ တောင်ပေါ်ထည်တွေ ရောင်းနေတဲ့ ဆိုင်က ဝယ်လာတဲ့ကျောပိုးအိပ်အပြာရောင်လေး လက်နဲ့ လုပ်ထားတာ ၂သောင်း၈ထောင်တောင်ပေးရတယ် ဘေးလွယ်အိပ်သေးသေးလေးက ၉ ထောင် ဇီးကွက်ရုပ်လေးက ၁၅၀၀









တောင်ပေါ်ထည်တွေ ရောင်းတဲ့ ဆိုင်ရောက်တော့ အကုန်လိုချင်နေတာ ။ ဈေးတွေကလဲ မသေးဘူး ။ ဒေါ်လာနဲ့တွက်ကြည့်ရင် ဘရန်းထည်တွေ ကျနေတာပဲ ။ ဒါပေမယ့် အကုန်လိုချင်တယ် ။ သေချာတော့ မေးရတယ် ထိုင်းလက်ရာတွေ တရုတ်ယူနန်လက်ရာတွေ လားလို့ ။ ဆိုင်ရှင်ကတော့ ပြောတာပဲ ။ ကျမတို့ လူမျိုးတွေက အဲသည်ဘက်တွေမှာလဲ ရှိကြတယ် ။ တူတူပဲ ဆိုတော့ ။ ကိုယ်လဲ ဘာမှ ထပ်ပြောမနေချင်တော့ဘူး ။ ကြိုက်နေတာ လဲ ကြာပြီ ဆိုတော့ ဝယ်ချလာလိုက်တော့တယ် ။


ဒီဖိနပ်လေးတွေက သမီးလေး အတွက် သူခြေထောက်နုနုလေးတွေ က အဲလို ကတ္တီပါ သားလေးကို ထိရတဲ့ အရသာကို သိပ်ကြိုက်ဆိုပဲ 



ဒီဖိနပ်လေးတွေ ကိုယ်လဲ ကြိုက်တယ် ။ ဒါပေမယ့် သူရဲ့ အားနည်းချက်က ခြေချော်လဲကျတတ်တယ် ။ sole က ရာဘာတု ဆိုတော့ grip အားနည်းတယ် ။ ပြုတ်ကျလိုက်ရင် သေပြီသာမှတ် ။ တရံကို ဘယ်လောက်လဲ မမှတ်မိတော့ဘူး ။ ချစ်စရာလေးတွေနော် ။


ဒီလုံချည်လေးနှစ်ထည်က ကိကိရဲ့ လက်ဆောင် သူနဲ့ ဆင်တူဆိုပြီးဝယ်ပေးတာ အပြာလေးရဲ့ အရောင်ရောအဆင်ရောကြိုက်တယ် သူက ၄၅၀၀ ဒေါ်စုချိတ် မရမ်းရင့်လေးက ၇၀၀၀


အဲဒီအိပ်ကလေးလဲချင်းဆိုင်က ဝယ်လာတာပဲ အစေ့လေးတွေကို တွဲလောင်းလေးတွေ ချထားတော့ သမီးရော ကိုယ်ရော ကြိုက်တယ် ။ သောင်းကျော်တယ် မမှတ်မိတော့ဘူး ။ ပိုက်ဆံအိပ်အစိမ်းလေးက လဲရောင်စုံကျောက်စေ့လေးတွေ နဲ့ လက်နဲ့ ထိုးထားတာ ၉၀၀၀ ကျပ် ။ စလုံးသူ သူငယ်ချင်း အတွက် ။

နောက်နေ့ ရလာတဲ့ လုံချည်လေးတွေ ကို အိမ်က ကလေးမက လျှော်ပြီး မီးပူတိုက်ခိုင်းပြီး ဝတ်လိုက်တော့ ။ ပတ်လို့ မရဘူးတော့ ။ သေရော ။ မေးပြီးမဝယ်မိလိုက်ဘူး ။ လေးတောင်ကွင်းလား သုံးတောင့်ထွာကွင်းလား ဆိုတာ ။ ကိုယ်တို့အရွယ်က လေးတောင်ပဲ ဝတ်လို့ရတယ်လေ။ သုံးတောင့်ထွာကွင်းက ၃လွှာ စကပ်ချုပ်ရင်ချုပ် ၊ မချုပ်ရင် သူငယ်မ ဆယ်ကျော်သက် ကိုယ်လုံးလေးတွေပဲဝတ်လို့ရတယ်။ ၁၀တန်းကျောင်းသူကနေ ၂၀ အရွယ်တွေပေါ့ ။

ဆိုင်ကလဲ ရောင်းရပြီးရော ကိုယ့်ကိုမပြောပြလိုက်ဘူး ။ အထုတ်လိုက် အမေ့ကို ပဲပေးလိုက်ရတယ် ။ ဟီး ။ ၅ထည်လုံး ။မြောလိုက်တာ ။ အမေကလဲ မဝတ်တာကြာပြီ ။ သူကလဲ ကိုးရီးယား စကပ် ဆိုတာ တွေပဲ ဝတ်နေတာ ။ ကြည့်လိုက်ရင် လုံချည်လိုပဲလေ ။ ပြန်ပြင်ဝတ်စရာမလိုဘူး ။ :( အဲတာနဲ့ စကော့ဈေးကိစ္စ တခန်းရပ်သွားရော ။ ဟင့် ။




သမီးကို မြန်မာလို သင်ချင်လို့ သင်ပုန်းကြီး စာအုပ်သွားရှာတာ သင်ပုန်းကြီးတော့ မရခဲ့ပေမယ့် ဒါလေးတွေက ပိုကောင်းတယ် ။ အဆင့်လေးဆင့်ပါတယ် ။ ပုံလေးတွေ သပ်သပ်ရပ်ရပ်နဲ့  လေးကြောင်းမျဉ်းလေးတွေပါ ပါတယ် ။ တခါတည်း စာအုပ်ထဲ ရေးခိုင်းလို့ရတယ် ။ တော်ဝင်စင်တာက Itab ဆိုတဲ့ စာအုပ်ဆိုင်ကရလာတာ ။



 ၃၈ ဖြာ မင်္ဂလာစာအုပ်လေးကလဲ ကိုယ်ပါပြန်ဖတ်ချင်လို့ အင်္ဂလိပ်လို မြန်မာလို ပုံလေးတွေ ကာတွန်းလေးတွေနဲ့ ဆိုတော့ သမီးလဲဖတ်လို့ရတယ် ။ ကိုယ်လဲ မေ့နေတာလေးတွေပြန်ဖတ်မယ်လေ ။လူက အရိုင်းစိတ်ဝင်နေတာကြာပြီ ။ ဒါကြောင့် :P


မြန်မာပြည်မြေပုံလေးကို တိုင်းနဲ့ ပြည်နယ် တခုစီ ခွာထုပ်လိုက်ပြန်ကပ်လိုက် လုပ်လို့ရတယ် ။ အနည်းဆုံးတော့ သမီးကို မြန်မာပြည်ဆိုတာ စင်ကာပူထက် ကြီးတဲ့ နိုင်ငံ တခု ဖြစ်ကြောင်းနဲ့ ဘာညာဘာညာတွေ ရှင်းပြလို့ရတယ် ။ ရောင်စုံလေးဆိုတော့ ကလေးလဲ ကြိုက်တယ် ။



 ဒီပိုးစစ်ချိတ်ကလေးက အမတယောက်လက်ဆောင်ပေးတာ ရေမွှေးလေးက နောက်တယောက်ပေးတာ ။ အရင်ကိုယ့်ဘာသာဝယ်ဝတ်တဲ့ ချိတ်ကလဲ အစိမ်းရောင် ဒီတခါ ရတာလဲ အစိမ်းရောင် ကြိုက်တာကလဲ အစိမ်းရောင် မို့လို့ တော်သေးတယ် ။


အတော်ဆင်တယ်နော် ချိတ်နှစ်ခုလုံး ဒါပေမယ့် နှစ်ခုလုံးကြိုက်တော့ ဝတ်မှာပဲ ။ တကယ့် ပွဲကြီးတွေကျမှ ဝတ်ရမှာ ဆိုတော့ လောလောဆယ်တော့ သိမ်းထားရဦးမယ် ။ ရန်ကုန်ပြန်ရင်တော့ သယ်သယ်သွားရမယ် ။



ဒီအိကျီင်္လေးတွေကတော့ ဆိုင်မှာ အပ်ပြီးဝတ်လာတာ ။ ရုတ်တရက် သွားရမှာတွေ ရှိရင် ဝတ်စရာ မရှိဘူး ။ ချုပ်ခတွေ အရမ်းဈေးကြီးတယ် ။ ၂သောင်းပတ်ဝန်းကျင်လောက်ပေးရတယ် ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ်စိတ်ကြိုက်ချုပ်ဝတ်ချင်တာ ။

ဒီအစလေးတွေကတော့ အကျီချုပ်ဘို့ အဖြူ ဆင်စွယ်ရောင်လေးတွေ ။ ဓားကြီးတွေက အမေပေးတာ ၂ထည် တထည်က သူများပေးပစ်ပြီ ။ ခု ပါတိတ်မကြိုက်တော့ဘူး ။ မလေးမတွေ အင်ဒိုမတွေ ရဲ့ အစတွေ မို့လို့ ။ ဝတ်လဲ အလကားပဲ သူတို့က မြင်တာနဲ့ လက်ညှိုးထိုးပြီး ပြောတာပဲ ။ သူတို့ ပါတိတ်ဆိုပြီးတော့ ။ အဲဒီထဲက မဝတ်တော့တာ ။ အနက်ပွင့်စိတ်လေးက ရယ်ဒီမိတ်ပုံချုပ်ဝတ်မို့ ဂျပန်ပိုးဆိုလား တကိုက်ကို တသောင်းခွဲတဲ့ ။

ပိုက်ဆံ တခါကုန်ပြီးရင် နောက်လေးငါးလလောက် ငြိမ်နေလိုက်မှ နို့မို့ မလွယ် :D :D >.< ။


ဒါလေးကတော့ Pic of the day လေးပါ ခွိခွိ.....



အဆင်ပြေကြပါစေနော် ။


ဘလော့ရေးသူ


Comments

  1. တို့လည်း ကော်စေ့တွေကပ်ထားတာ မကြိုက်ဘူး။ အရောင်တောက်တာမျိုးတော့ အရောင်ပေါ်မူတည်ပြီး တချို့တလေ ကြိုက်တယ်။ အမြဲဝတ်ဖို့တော့ ချည်သားနဲ့ tunic ပုံစံ ခပ်ရှင်းရှင်း ချုပ်ထားတာ မျိုးလေးတွေပဲ ကြိုက်တယ်။ အဲဒီပုံဆို သိပ်မခက်ဘူး ကိုယ့်ကိုချုပ်လို့တောင် ရတယ်နော်။ ရှပ်အင်္ကျီလည်း ကြိုက်တယ်။ ပါတိတ်တော့ ဟိုးကတည်းကလည်း မကြိုက်လှဘူး။ ဟိုးတုန်းက အမေဝယ်ပေးလို့ ဝတ်တော့ဝတ်ခဲ့တယ်။ မကြိုက်တာက ခြေလှမ်းရင် ရှေ့ဘက်မှာ အလိပ်ကြီး လာဖြစ်လို့။ သူများတော့ မသိဘူး..တို့တော့ အမြဲပဲ... တခြားအစဆို မဖြစ်ဘူး။ ကြိုက်တာကတော့ ရိုးရာဆင် ဒါပေမယ့် သိပ်မထူတဲ့ လုံချည်မျိုး... နောက်ပြီး တရုတ်ချည်ထည် လုံချည် အပွင့်နုတ်လေးတွေ ကြိုက်တာ။ အဲဒါတွေပဲ ခုထိ ဝတ်တယ်။ ပါတိတ်ကတော့ တို့လည်း စွန့်လွှတ်လိုက်တာ ကြာပြီ။ ဗမာထမီမဟုတ်လို့ မဝတ်တော့ဘူး။ ကိုယ်က ထမီဝတ်ချိန်နည်းတဲ့အထဲမှာ ဝတ်တဲ့အခါ သူများတွေကို ဗမာပြည်က အထည်လို့ ပြလို့ရတဲ့ဟာမျိုးပဲ ဝတ်ချင်တယ်။ ဟိဟိ အရှည်ကြီး မန့်လိုက်ပြီနော်..

    ReplyDelete
    Replies
    1. အကြိုက်တွေ တူလိုက်ပုံများ ဒါမှ ငါတယ်ချင်း... :)

      Delete
    2. နင်ပြောတာ ငါသိတယ် ပါးချောလေးဆိုတဲ့ ဟာမျိုးလေးတွေ မဟုတ်လား :D

      Delete
  2. ဂလို ချည်လုံချည်လေးတွေ ကြိုက်တတ်မှန်းမသိခဲ့ပေါင် ... အကြိုက်ချင်းတူပြန်ပီ .. ထမီဆို ဒီတိုင်းကို မြန်မာတိုင်းရင်းသား ချည်လုံချည် .. ပွဲသွားရင် ချိတ်ပဲကြိုက်တယ် .. ငယ်ကတည်းက အခုထိ ချည်မဟုတ်တာသိပ်မကြိုက်ဘူး။ ပူနဲ့ ဒီမှာ မွန်ထဘီတွေ ကရင် ထဘီတွေ အရောင်လှတာတွေ ၀ယ်ထားမယ်။ စောစောသိရင် ကချင်ကလုံချည်တွေ မ ချလာပါတယ်။ ရန်ကုန်မှာရတဲ့ ကချင်ထည်တွေက သိပ်မကောင်းဘူး။ ဘိုင်သယ်ဝေး အကျီအမဲလေးနဲ့ သိပ်လှ။

    ReplyDelete
    Replies
    1. အမယ်လေးဂယ်လားဟင် ညီမလေး ကျေးဇူး အရမ်းတင်တယ် ပြန်လာရင် ညီမလေးကြိုက်မယ် ထင်တာလေးတွေ ဝယ်လာခဲ့ပေးမယ် မှာနော်

      Delete
    2. အဲတာ အမဲလေး မဟုတ်ဘူး ညီမလေး ဘဲဂေါင်းစိမ်းရောင် အောက်က ထမီကဘာဝတ်လဲ သိလား ဆင်စွယ်ဖြူး ဇာ နဲ့ ဟိဟိ....

      Delete
  3. အကုန်ကြိုက်တယ်သူငယ်ချင်း.... နင်ကဘာဝတ်ဝတ်လှနေတာ....

    ReplyDelete
    Replies
    1. လျှောက်ပြောနေတယ် ထိုင်ပြော :P :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို