Hate speech kills the Free Speech






အင်တာနက်မှာ လူတွေဟာ စိတ်ချဉ်တွေ ပေါက်နေကြတယ် ။ တခုခု ဆို ပြင်းပြင်းထန်ထန်ပြောလိုက်ရမှ ကျေနပ်နေကြတယ် ။ လူတွေမှာ ဘဝတလျှောက်လုံး မပြေလည်ခဲ့တဲ့ စိတ်အဆာတွေ ရှိတယ် ။ ဒီလိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ထွက်ပေါက် အဖြစ် တဘက်သားရဲ့  ရှေ့မှောက်မှာ ဖောက်ခွဲထုပ်ပစ်လိုက်ခြင်ကြတယ် ။

ဒီလိုလုပ်တဲ့ အခါမှာ သူဖောက်ခွဲ ထုပ်တာ ခံရတဲ့ အကြောင်းအရာ လူပုဂ္ဂိုလ် ဖြစ်ရပ် မှန်တယ် မှားတယ် ကြည့်မနေဘူး ။ သူရဲ့ ရည်ရွယ်ချက်ကလဲ စိတ်ကို ဖောက်ထုပ်ဘို့သတ်သတ် ဆိုတော့ ဒါတွေက အရေးမပါဘူး ။ သူဖွင့်ထုပ်ပစ်လိုက်ဘို့ ပေါ့သွားဘို့က အဓိက လိုရင်းပဲ ။ မှန်စရာလဲ မလိုဘူး ။ မျှတစရာလဲ မလိုဘူး ။ လူကြီး လူကောင်းဆန်ဘို့လဲ မစဉ်းစားဘူး ။ ကိုယ်ခြင်းစာဘို့ကတော့ ဝေးရောပေါ့ ။

 ဒါပေမယ့် မသိရင်တော့ သူတို့ အော်ဟစ်နေတာ အမှန်တရားတွေလိုပဲ ။ ဒါပေမယ့် သူတို့မှာ အမှန်အမှား ခွဲခြားတတ်သူက ဆယ်ယောက်တယောက်ပဲပါတတ်တယ် ။ အဲဒီမှာ ခံလိုက်ရသူတွေက မထင်မှတ်ပဲ သူတို့ရဲ့ တားဂတ်ဖြစ်သွားတဲ့ သူတွေပေါ့ ။

လူတွေရဲ့ အဆင်မပြေမှုတွေ ဘဝရဲ့ဟန်ချက် Balance ဆုံးရှုံးနေမှုတွေဟာ ကြည့်တတ်ရင် ကြောက်ဘို့ကောင်းတယ် ။ ကိုယ့်ဘဝကို ကိုယ့်ဘာသာ မျှတအောင်နေရတာ ။ ဘယ်သူမှ မကူညီနိုင်ဘူး ။ မကူညီနိုင်ရင်သာရှိမယ် အဲဒီ ဘဝရဲ့ အခက်ခဲဆုံးအပိုင်းနဲ့ မသေမချင်းထိန်းထားရတဲ့ Balance ကို ဖျက်ဆီးမယ့်သူတွေကတော့ အများကြီးပဲ ။

တရားကျစရာ ။ အနေမတတ်ရင် အချိန်မရွေး သူတို့ရဲ့သားကောင်ဖြစ်သွားရော ။ သူတို့ဟာ သားကောင်ကိုတွေ့ပြီ ဆိုရင် တိုက်ခိုက်စရာ နည်းမျိုးစုံကို သုံးတတ်ကြတယ် ။

Balcance ပျက်နေတဲ့ ခြေတချောင်းထဲနဲ့ ရပ်နေတဲ့ သူဟာ သူဆောင့်တွန်းလိုက်ရင် ဘေးလူတွေဟာ ဟန်ချက်ပျက်ကုန်သလိုပဲလေ ။

တချို့ကတော့လည်း ခင်မင်ရင်းနှီး သယောင် လုပ်ပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို မှတ်ယူသွားကြတယ် ။ တခြားနေရာမှာ သွားဖွင့်ချကြတယ် ။ ဒီလို စိတ်အဆာကို လာကြွေးတဲ့ သူတွေကို အစာခွက်လေးကိုင်ပြီးစောင့်နေတဲ့ သတင်း( အတင်း )ဆာသူများကလဲ ဒုနဲ့ဒေးပဲ ။ အတင်း အစာကျွေးသူနဲ့ အတင်းဆာသူတွေ ဟာ နေရာမရွေး လူမရွေးဘူး ။ ရှိနေကြတယ် ။

တချို့ကကျတော့လဲ သူတို့ပြောချင်နေတာတွေကို ဟုတ်မယ်နော်လို့ လာမေးသလိုလိုနဲ့ သူတို့ကချည်းပဲ ပြောသွား ၊ ကိုယ်က ဖော်လို လုပ်မိရင် သေပြီသာမှတ် ။ သူနဲ့ ကိုယ်နဲ့ ပြောလိုက်သမျှ အားလုံး ကိုယ်ပဲ တယောက်ထဲ ပြောသလို လုပ်ချသွားတတ်တယ် ။ :P

တချို့ကတော့ အနောနီးမတ် တွေပေါ့ ။ ခုခေတ်မှာ ပြောကလဲ ပြောချင် လူမုန်းလဲ မခံချင်သူတွေရဲ့ နည်းကတော့ ခေတ်စားနေတဲ့ အနောနီးမတ်ပေါ့ ။

 ကြုံဘူးတာလေးပြောရရင် တချိန်တုန်းက ကိုယ်နဲ့ တဖွဲ့ထဲခင်ခဲ့ကြသူတွေ မြန်မာဘလော့ခေတ်ဦးပိုင်းမှာ Nick name လေးတွေပဲ သုံးနေကြတုန်းက ကြုံဆုံခင်မင်ပြီး သူ့လဲ ကိုယ်မသိ ကိုယ့်လဲ သူမသိပဲ nick လေးတွေနဲ့ ခင်ခဲ့ရတဲ့ အဖွဲ့လေးရှိတုန်းကပေါ့ ။ လူပြောများတဲ့ ဘလော့တခုကို အကြောင်းတခု အတွက်နဲ့ သွားအော်ခဲ့ကြတယ် ။ လူဆိုတာ ခင်တာက ခင်တာပဲ အကြိုက်ကတော့ မတူဘူးလေ ။

တဖွဲ့တည်းပေမယ့် အဲဒီဘလော့ကို ကြိုက်တဲ့သူရှိတဲ့ မကြိုက်တဲ့သူရှိတယ်လေ ။ ကိုယ်အပါအဝင် လေးယောက်လောက်က ကြိုက်တယ် ။ အဲဒီ ကလေးမလေး (နောက်မှ သိတာ သူက အတော်ငယ်တယ် မသိခင်တုန်းက ရွယ်တူတွေပဲထင်တာ ) ကမကြိုက်ဘူး ။ သူကချည်းဦးဆောင်ပြီး သွားအော်တာ ။ အကြီးတွေက ထိန်းတယ် အဲလောက် မပြောပါနဲ့လို့လေ ။ ကျမတို့လဲ ကိုယ်နဲ့မှ တိုက်ရိုက် မဆိုင်တာ။ သူ့ဟာသူအော်ချင်တာအော် ။ ကိုယ့်ဘာသာ အော်ချင်တာအော်တာပေါ့ ။ တူတာလဲ ရှိတယ် မတူတာလဲရှိတယ် ။ သူရဲ့ အမုန်းတရားက သူက စီဘောက်မှာ သွားရေးရင် အဖတ်မလုပ်လို့တဲ့ ။

အဲတုန်းက သူ့မှာ လူကြိုက်များတဲ့ ဘလော့လေး တခုရှိတယ် ။ လူသိများတဲ့ နာမည်ကြီးဘလော့လေးပဲ ။ရေးပုံလေးကလဲ ချစ်စရာလေး ။ သူအော်ဆဲခဲ့တဲ့ သူလဲ အဲဒီဘလော့လေးကိုသိတယ် ။ တို့တဖွဲ့လုံးသူတယောက်ပဲဘလော့ ရေးတာ အဲတုန်းက ။

ဒါပေမယ့် အံ့သြစရာကောင်းတဲ့ အချက်က သူတို့ခြင်း ခင်နေကြတယ် ။ သူက တခြား nick နဲ့ သွားသွားဆဲတာ ။ ဟိုကတော့ ဒီတဖွဲ့လုံးကို မုန်းမှာပေါ့ ။ အမှန်က သူနဲ့ ခင်နေတဲ့ သူကပဲ သူ့ကို ဆဲနေတာ မသိခဲ့ရှာဘူး ။ သူ့ကို တကယ်ကြိုက်တဲ့ ကိုယ်က ရှေ့ထွက်လိုက်မိတယ် ။ ဘလော့ တခု ကို ဖွင့်လိုက်မိတယ် ။ ဆိုတော့ကာ ဟိုကကိုယ့်ကိုသိသွားတော့ ကိုယ်က အမုန်းခံလိုက်ရတယ် ။ ထားပါလေ ။

ကျမပြောချင်တာက တားဂတ် ကြီးနဲ့ ခံလိုက်ရသူ အပြင် ကြားညှပ်သူတွေ ခံလိုက်ရတာလဲမတရားဘူး ။

ရှင်းပြရအောင် ကိုယ်က ဘယ်နေရာမှားခဲ့လို့လဲ ။ အသလွတ်ကြီးခံလိုက်ရပေမယ့် ။ ကိုယ်ပေါင်းလိုက်မိတဲ့သူတွေထဲမှာ ဖြစ်ခဲ့တော့ ကိုယ်နောက်ဆို သတိထားရမှာပေါ့ ။ ကိုယ့်ကိုယ်ကို လူပေါင်းမှားတယ်လို့ တော့ မပြောသင့်ပါဘူး ။ ကောင်မလေးကိုလဲ ခုထိခင်နေတုန်းပဲ ။ သူကတော့ ဖဘကနေရော အင်တာနက်ကနေပါပျောက်သွားပြီ မရှိတော့ဘူး ။ အမြင်မတူပေမယ့်ပေါင်းခဲ့မိလိုက်တယ် ။

ခုခေတ်မှာ အနောနီးမတ်တွေ ဆိုတာ အတော် များလာပြီ ။ အရင်ကလဲ အနောနီးမတ်တွေ အများကြီးပါ ။ ဘယ်သူက သိနိုင်မှာ မို့လဲ ။ အခု ဖဘခေတ်မှာ လူတွေဟာ ပရိုဖိုင်းကို ဖုံးထားလို့ မရတော့ ။ ခပ်တည်တည်နဲ့ ကိုယ့်ရုပ်နဲ့ကိုယ်တိုင် ဝင်ဆဲနေကြသူတွေအများကြီးပဲ ။ ပေါ်တင်ပိုကျလာတာပေါ့ ။ ခန့်မှန်းလို့ ရနေပြီလေ ။ စိတ်အချဉ်ပေါက်နေတဲ့ သူတွေ မြန်မာ အင်တာနက် အသိုင်းအဝိုင်းမှာ ဘယ်လောက် ထုနဲ့ ထည်နဲ့ ရှိနေလဲ ဆိုတာ ။ သိလာကြရင်ကောင်းမယ် ။ တချို့တွေ ဆို မထင်ရဘူး ။

ကိုယ်ကယောင်တော်ပြန်နဲ့ ရောလွှတ်တာခံခဲ့ရတော့ အဲလိုမျိုး ဆဲတဲ့သူတွေတွေ့ရင် ပရိုဖိုင်းကို လိုက်ကြည့်တော့တာပဲ ။ တခါတလေ ယောက်ကျားရင့်မကြီးတွေပြောတာ အတော်ဆန်းတယ် ကိုယ့် အတွက်ပေါ့ ။ ယောက်ကျားဆိုတာ ယောက်ကျားပီသရမယ် ။ အရိုသေခံထိုက်ရမယ် ။ အဲလိုပြောတတ်တဲ့သူတွေဟာ ကိုယ့်လိပ်ပြာ ကိုယ်လုံတာ ထူးဆန်းမိတယ် ။

မိန်းကလေးတွေထဲမှာလဲ အာဘွားတို့ မွမွတို့ ချစ်ချစ်တို့ လုပ်တတ်တဲ့ သူအများစုဆို သိပ်ကြောက်စရာကောင်းတယ် ။ ဘုရားစာတွေ တင်တတ်တဲ့သူဆို သိပ်ကြောက်စရာ ကောင်းတယ် ။ အတွင်းစိတ်မှာ ရှိကို ရှိနေတတ်တယ် ။ ကိုယ်တွေ့ပဲ ။ ကိုယ်တွေကတော့ မကျေနပ်ရင် ပြောပြတယ် ။ ကိုယ်နဲ့ ဆိုင်တာတွေပဲ ဖွင့်ချတယ် ။ ကဲ့ရဲ့ တာမျိုးတော့ မလုပ်ပါဘူး ။ မနာလိုတာလဲ လုံးဝ(လုံးဝ) မရှိဘူး ။ ဘာလို့ဆို ကိုယ်မပြောရင် ကိုယ့်အစားသူတို့က ပြောသွားတာ ခံလိုက်ရမှာ ကြောက်လို့ပဲ ။ အမြဲတန်း ပြောပြလိုက်ရင် ကောင်းမကောင်းတွေဝေခဲ့တယ် ။ ဒါပေမယ့်သေချာတာကတော့ ကိုယ်မပြောပြလိုက်မိတာတွေအမြဲတန်း ကိုယ်ကချည်းပဲခံနေရတာကိုပေါ့ ။

ငြိမ်ခံနေခဲ့ရင် ငြိမ်ခံနေခဲ့သလောက် မရှင်းပြခဲ့ရင် မရှင်းပြခဲ့သလောက် ကိုယ်ခံခဲ့ရတယ် ။ လက်တွေ့ပဲ ။ ကြာလာတော့ အမှားတွေ အမှန်ဖြစ်လာတဲ့ အတွက် တခါတလေ ကိုယ်လဲ ဖွင့်ချခွင့် ဘာလို့မရှိရမှာလဲ လို့ ကိုယ့်ဘာသာ ကိုယ်အားပေးတယ် ။ အားလုံး အတူတူပဲလေ ဒီလိုဆိုရင် ငြင်းရဲမယ် မထင်ဘူး ။ ဟုတ်တယ်မဟုတ်လား ။ လက်ဦးသူက အမြတ် အပေါင်းသင်းများသူက အမြတ်ပဲလေ ။

ဘလော့လောကမှာ ကျမကိုယ်တိုင်လေးစားခဲ့ရတဲ့ ဘလော့ဂါ တယောက်က သူနဲ့ သူငယ်ချင်းဖြစ်တဲ့ နောက်ဆရာကြီး နဲနဲကျတဲ့ တယောက်ကို အကောင့်ရင်းနဲ့ good comment တွေ ပေးတယ် ။ နောက်အကောင့်ပုန်းတခုနဲ့ ပက်ပက်စက်စက်သွားဆဲတယ်လို့ သူယုံကြည့်ခဲ့တဲ့ ကောင်မလေးတယောက်က လျှောက်ဖွင့်ချတာ နားထောင်ဘူးတယ် ။ အော် ဆရာကြီးတွေလဲ အဲလို လုပ်တတ်တာပဲနော် ။

ဟိုက ဒီကောင်မလေးကို ယုံလို့ ပြောပြတာပဲနေမှာ ။ ဒီကောင်မလေးကတော့ အပေါ်ယံကြည့်ရင် ယုံချင်စရာပဲ ။ ဒါပေမယ့် လျှောက်ပြောတတ်တယ် ဟတ်ဟတ် ။ ရီစရာ မကောင်းဘူးလားဟင် ။

ဒါကြောင့် ကျမဘာသာ နေတတ်တဲ့ အကျင့်ကို ပိုပြီး လိုလားလာခဲ့တယ် ။ ကြားမညှပ်ချင်ဘူး ။ ဘာလို့ဆို ကိုယ့်ကိုယ်ကိုသိတယ် ။

အမှန်ကို လက်ခံတတ်ရင် အတိအကျ လုပ်ကြပေါ့နော် ။ အတိအကျ လုပ်တတ်တဲ့ သူတွေ အမုန်းခံနေရတာ တခါတလေ လောကကြီးက ကိုယ့်ကို လူလည်ပဲလုပ်ပါလားလို့ သင်ပေးနေသလိုခံစားရတယ် ။

ထူးအိမ်သင်ဆိုထားတဲ့ အမေ့ရဲ ဒုက္ခအိုးလေးလိုပေါ့ ။ တည့်တည့်နေရတာ ခါးလာသလိုလို ဖြစ်နေပြီ ။

ဒီလို အချိန်မှာ လူတွေရဲ့ ရှေ့ကို ထွက်ရပ်ရဲတဲ့ သူတွေကို ချီးကျူးတယ် ။

လူသိခံချင်သူတွေ ၊ လူသိတဲ့သူတွေနားမှာ ပဲ နေချင်တဲ့သူတွေကတော့ အများကြီးပဲ ။ အဲလို လူမျိုးတွေကလဲ ကျမလိုလူကိုမပေါင်းချင်ကြဘူးလေ ။ :D ။ နေပါစေ ။

ကျမတို့ လူမျိုးတွေ ဒီလိုဖြစ်နေတာ တယောက်ယောက်က စမရပ်ဘူး ဒီလိုပဲ ဆက်ပြီး ကျင်လည်ကြမယ်ဆိုရင် ။ တနေ့ မကောင်းပဲနေမှာပေါ့ ။ ခုတောင် အတော် မကောင်းတာတွေ မြင်နေတွေ့နေရပြီ ။ မသိရင် အွန်လိုင်းမှာ ထသတ်ကြတော့မယ့် အတိုင်းပဲ ။ တယောက်ယောက်က စရပ်လိုက်ရင် ကောင်းမယ်နော် ။

ကျမကတော့ တရားမင်မှ ပုဂ္ဂိုလ်ခင်တယ် ။ ဂွမကျဘူးလားဟင် ။ ကိုယ့်ကိုယ်ကိုတော့ အားပေးထားတယ် ။ အေးချမ်းတာပေါ့လို့ ခစ်ခစ် ။

Comments

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်