Percy Jackson and the lighting thief ( 3 )





Luke ပေးလိုက်တဲ့ မြေပုံအရ  ပထမဆုံး ပုလဲ ဝှက်ထားတဲ့ နေရာက အမေရိက မှာ နယူးဂျားစီ ပြည်နယ်က Auntie Em's Garden Emporium ။ ဥယာဉ်ထဲမှာ အလှထားတဲ့ ကျောက်ရုပ်တွေ ရောင်းတဲ့ နေရာ ။ သူတို့ရောက်သွားတဲ့ အချိန်မှာ အရောင်းဆိုင်ထဲမှာ ဘယ်သူမှ မတွေ့ရဘူး ။ ရေပန်းဟောင်း တခုထဲမှာ မီးလောင်ထားလို့တွန့်နေတဲ့ ရှေးဟောင်း ဂရိ ဒင်္ဂါးပြားတွေ Drachmas တွေ့လို့ လက်တဆုတ်စာ ကောက်ယူလာခဲ့တယ် ။ လိုလို မယ်မယ် ပေါ့ ။




သုံးယောက် ခွဲပြီးနေရာ တခုလုံး လှည့်ပတ်ရှာကြတဲ့ အခါမှာ စက်တယာ တွေ့လိုက်တာက ဆိတ်တကောင်ရဲ့ ကျောက်ရုပ်။ သူက ဆိတ်ဖြစ်ပေမယ့် ဦးချို မရှိသေးတဲ့ အတွက် ဆိတ်ရုပ်တုက ဦးချိုကို သဘောတကျ နဲ့ ကြည့်နေတုန်း ကျောက်ရုပ်ရဲ့ နဖူးက မှဲ့ကို တွေ့လိုက်တဲ့ အခါမှာ ။ စက်တယာရဲ့ ဦးလေးအန်ကယ် ဖာနန်ဒတ် မှန်း သိလိုက်တယ် ။ အဲဒီမှာ အန်ကယ်ဖာနန်ဒတ်ကို သတ်သူဟာ မာဒူးဆာ ဆိုတာ မှတ်မိသွားတော့ စက်တယာ အထိပ်တလန့်နဲ့ အော်လိုက်တယ် ။

သူပြုစားထားတဲ့ ကျောက်ရုပ်တွေနဲ့ နေထိုင်တဲ့ ခေါင်းပေါင်းပြီး မျက်စေ့ကို နေကာမျက်မှန်နဲ့ ကာထားတဲ့ မော်ဒန်ဒီဇိုင်းနဲ့ မာဒူးဆာ


တချိန်ထဲမှာ ပဲ သွေးရူးသွေးတန်းပြေးထွက်လာတဲ့ မိန်းမကြီး တဦးက အန်နာဘသ်ကို လက်ဆွဲပြီး "ဒီဆိုင်ကို လာလိုက်မိတာ သူ့ယောက်ကျား ကျောက်ရုပ်ဖြစ်သွားပြီ" ဆိုပြီး အော်နေတယ် ။ အန်နာဘသ်နဲ့ မိန်းမကြီး တို့ ရင်ဆိုင်တွေ့လိုက်ရတဲ့ သူက ခေါင်းပေါင်းကြီးပေါင်းထားတဲ့ မာဒူးဆာ။ သူက နေကာမျက်မှန်ကို ချွတ်ပြီး ခေါင်းပေါင်းကြီးကို ဆွဲချွတ်လိုက်တော့ ဆံပင်တွေနေရာမှာ မြွေတွေ ပေါက်နေတယ် ။ အဲဒီမျက်စေ့ကို ကြည့်ရင် အန္တရာယ်ဖြစ်မယ်ဆိုတာ ပါဆီ ၊ အန်နာဘသ် နဲ့ ဂရူဘာတို့က သိပေမယ့် ။ ဈေးဝယ်သူမိန်းမကြီးက မသိဘူးလေ ။ မာဒူးဆာက ဒီမိန်းမကြီးကိုပါ ကျောက်ရုပ်ဖြစ်အောင် လုပ်ပစ်လိုက်ပြန်ပြီ ။


ကျောက်ဖြစ်သွားတဲ့ ဈေးဝယ်သူမိန်းမကြီး 


မာဒူးဆာက တကယ်တော့ အန်နာဘသ်ရဲ့ အမေ အသီနာရဲ့ နန်းဆောင်မှာ ခစားရတဲ့ ချောမောလှပတဲ့ လူမိန်းမတယောက်ပါ ။ ပွေဆိုက်ဒွန်က အသီနာ နဲ့ လက်ထပ်ပြီးနောက် အသီနာရဲ့ အဆောင်ထဲမှာ မာဒူးဆာကို မုဒိန်းကျင့်ခဲ့တယ် ။ အသီနာ သိတော့ မာဒူးဆာရဲ့ လှပတဲ့ ဆံပင်တွေကို မြွေတွေ အဖြစ်နဲ့ ပြောင်းပစ်ခဲ့တယ် ။ မာဒူးဆာရဲ့ မျက်လုံးကိုကြည့်မိတဲ့ ယောက်ကျားတိုင်း ကျောက်ရုပ်ဖြစ်အောင် လုပ်ပစ်ခဲ့တယ် ။ ဒါကြောင့် မာဒူးဆာနဲ့ အသီနာနဲ့က ရီးစားလုဘက် ။ ပွေဆိုက်ဒွန် က ပါဆီ့မေမေ ဆယ်လီ ကိုလဲ ကြိုက်သေးတော့ ပါဆီနဲ့ အန်နာဘသ်က အဖေတူ အမေကွဲ ။







မာဒူးဆာက အထီးကျန်နာကျည်းမှုတွေနဲ့ ဒီနေရာမှာ ဇာတ်မြုတ်နေထိုင်ပြီး လာတဲ့ သူတွေ အားလုံးကို ကျောက်ရုပ်ဖြစ်အောင် ပြုစားပစ်ခဲ့တယ် ။ မာဒူးဆာကို ကြည့်မိတဲ့ သူတိုင်းကျောက်ရုပ်ဖြစ်ကုန်တာကြောင့် ပါဆီက iPod အိုင်ပေါ့လေးရဲ့နောက်ကျောဘက်က ရောင်ပြန်မှန်ကို  သုံးပြီး မာဒူးဆာ ကို ကြည့်ခဲ့တယ် ။







နောက်တော့ သူငယ်ချင်း နှစ်ယောက်ရဲ့ အကူအညီနဲ့ ပါဆီဟာ မာဒူးဆာ ကို ခေါင်းဖြတ် နိုင်ခဲ့တယ် ။ မာဒူးဆာ လက်က လက်ကောက်မှာဝတ်ဆင်ထားတဲ့ ပုလဲ စိမ်းကြီး တလုံးကိုလဲ ရခဲ့တယ် ။ အန်နာဘသ်က မာဒူးဆာ သေသွားပေမယ့် အရေးကြုံရင် သုံးလို့ ရတယ် ဆိုတာနဲ့မာဒူးဆာရဲ့ ခေါင်းပြတ်ကြီးကို အင်္ကျီနဲ့ ပတ်ပြီး ယူလာခဲ့ကြတယ် ။

ပထမ ပုလဲ ရပြီ ဆိုတော့ ဒုတိယနေရာက မြေပုံစာရွက်ပေါ်မှာ အလိုအလျောက်ပေါ်လာတယ် ။ တန်နက်စီ ပြည်နယ် နက်ရှ်ဗီးလ် မြို့က Parthenon ဆိုတဲ့ အသီနာ ရုပ်တုကြီးရှိရာ ဂရိနတ်ဘုရားကျောင်းဆောင်ကြီး ဆီမှာ ဖြစ်တယ် ။ သူတို့ ကားကို အပြင်းမောင်းထွက်ပြေးကြတယ် ။ ဘုရားကျောင်းဆောင်ကြီးဆီကို ရောက်တော့ အသီနာရုပ်တုကြီးကို ကြည့်ပြီး အန်နာဘသ်က ငါ့အမေကို တခါမှ မမြင်ဘူးဘူးလို့ ပြောတယ် ။ အဲတာ အန်နာဘသ်ရဲ့ မေမေလေ ။ သူတို့တွေအားလုံး သူတို့ရဲ့ မိဘဖြစ်တဲ့ နတ်ဘုရားတွေ ကို မမြင်ဘူးကြဘူး ။ သူတို့ဟာ သူတို့ရဲ့ မိဘတွေဖြစ်တဲ့ နတ်ဘုရားကြီးတွေကို မနှစ်သက်ကြဘူး ။ မိဘဖြစ်ပြီး သူတို့ကို ပစ်ထားခဲ့ကြပြီး သူတို့ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရလို့ ။

ပါဆီကသာ လူတွေကြားထဲနေရပေမယ့် အန်နာဘသ်ဆို လူ့ပတ်ဝန်းကျင်ကို ခုမှ မြင်ဘူးတာ ။ သူက ငယ်ကတည်းက Camp Half Blood ထဲမှာ ပဲ လေ့ကျင့်ရင်း ကြီးပြင်းလာတာ ။

သူတို့ရောက်သွားတဲ့ အချိန်မှာ လေ့လာနေကြတဲ့ တိုးရစ်တွေ ရှိသေးတဲ့ အတွက် ညမှ ပြန်လာကြဘို့ ဆုံးဖြတ်လိုက်တယ် ။ ညရောက်တော့ သုံးယောက်လုံး ပုန်းနေတဲ့ အိမ်သာထဲက ထွက်လာကြတယ် ။ တံမြက်စည်းလှဲနေတဲ့ အစောင့်တွေကို မေ့ဆေးမြှားနဲ့ ပစ်ပြီး အိပ်ပျော်ကုန်ပြီ ဆိုတော့မှ ။ ပါဆီက တောင်ပံ ဖိနပ်လေးဝတ်ပြီး ပျံတတ်သွားပြီး အသီနာရုပ်တုကြီးရဲ့ နဖူးက ပုလဲလုံးကို ရယူခဲ့တယ် ။


အန်နာဘသ်ရဲ့ အမေ အသီနာနတ်ဘုရားမ



တန်နက်စီပြည်နယ် နက်ရှ်ဗီး က အသီနာ ဘုရားကျောင်း



 အဲဒီအချိန်မှာ အစောင့် ဝန်ထမ်းငါးယောက် ပေါ်လာပြီး ပါဆီကို ဝရဇိန်လက်နက် ပေးဘို့ပြောခဲ့တယ် ။  နောက်တော့ အစောင့် ငါးယောက်လုံး Hydra ဆိုတဲ့ ခေါင်းငါးလုံးရှိတဲ့ မိစ္ဆာကောင်ကြီး အဖြစ်ပြောင်းလဲသွားတယ် ။ အလယ်ကခေါင်း က မီးတွေ မှုတ်ထုတ်တတ်တယ် ။ ပါဆီက မသိပဲ အဲဒီခေါင်းတွေကို ဓားနဲ့ ခုတ်ဖြတ်ခဲ့တဲ့ အချိန်မှာ တခေါင်းကနေ နှစ်ခေါင်းပွားလာပြီး ခေါင်းဆယ်လုံးဖြစ်သွားတယ် ။









 နောက်တော့ ပြေးမလွတ်မှန်းသိတဲ့ အခါ စက်တယာက မာဒူးဆာရဲ့ခေါင်းကို ထုပ်ပြီး ပြလိုက်တာ  ခေါင်းဆယ်လုံးမိစ္ဆာကောင်ကြီး Hydra ကျောက်ရုပ်ဖြစ်သွားတော့တယ် ။





Hydra

( တချို့နေရာတွေမှာ ဟိုက်ဒရာ ကောင်ကြီးကို သတ်တာ ဇုဇ်နတ်မင်းကြီးရဲ့ သား Demigod တပါးဖြစ်တဲ့ ဟာကျူလီလို့ ရေးထားပါတယ် ။ ဟိုက်ဒရာက ပင်လယ်ပေါက်ဝကနေ ငရဲကို ဝင်တဲ့ နေရာကိုစောင့်တဲ့ နတ်နဂါးပါ ။ သူက တိုင်ဖွန်း နဲ့ မြွေတပိုင်း လူမိန်းမတပိုင်းက မွေးထားတဲ့ သားပါ )

ဒုတိယ ပုလဲ ရပြီ ဆိုတော့ တတိယ ပုလဲ တည်ရှိတဲ့ နေရာမြေပုံထဲမှာ ပေါ်လာပါပြီ ။ Lotus Hotel and Casino ရှိတဲ့ လာ့စ်ဗီဂတ်မြို့ မှာပါ ။ လာ့စ်ဗီးဂတ် ကို သွားရမှာ အရမ်းပျော်စရာကောင်းပေမယ့် ။ တတိယ ပုလဲ လုံးကို အချိန်မီအောင် ယူရမှာ ဖြစ်တဲ့ အတွက် ဟိုတယ်မှာ ညမအိပ်ဘို့ ဆုံးဖြတ်လိုက်ပါတယ် ။

ကားအကြာကြီးမောင်းပြီ ဟိုတယ်ကိုရောက်လာကြပြီ ။ ဒါပေမယ့် ဟိုတယ် ဝန်ထမ်းတွေ က သူတို့ သုံးယောက်ကို ကြာပန်းမုန့်တွေ ခဏခဏ လာကျွေးပါတယ် ။ ကြာပန်းမုန့်စားပြီးရင် အရမ်းပျော်ပြီး သူတို့လာရင်း ကိစ္စကို မေ့သွားကြပါတော့တယ် ။ ဒီမုန့်တွေ စားပြီးရင် နေ့ရက်အချိန်တွေ အတွက်မှားကုန်ကြပါတယ် ။






ဝန်ထမ်းတွေကလဲ မုန့်တွေ ကျွေးပြီးရင်းကျွေးနေ ကြပါတယ် ။ ပါဆီတယောက် နောက်မုန့်တခုကို လှမ်းယူလိုက်တဲ့ အချိန်မှာ တစုံတယောက်ရဲ့ အသံကြားလိုက်ရပါတယ် ။ ဆက်ပြီး မစားဘို့နဲ့ သတိပြန်လည်လာအောင် ကြိုးစားဘို့ပါ ။ နောက်တော့ ပါဆီလဲ စက်တယာနဲ့ အန်နာဘသ်ကို သွားပြောပြီး သတိပြန်လည်လာအောင် လုပ်ပြီး ကာစီနိုထဲက ကစားဝိုင်းထဲမှာ လည်နေတဲ့ ပုလဲလုံးကို ရအောင်ယူပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြပါတယ် ။


ဒီအချိန်မှာ ငရဲပြည်သွားဘို့ အဆင်သင့် ဖြစ်နေပါပြီ ။ လမ်းတလျှောက်လုံးမှာလဲ မုန်တိုင်းသတင်းတွေ အကြီးအကျယ် ကြေငြာနေပြီး ကမ္ဘာတဝှမ်းလုံး သတိပေးနေရတဲ့ အဆင့်ရောက်နေပါပြီ ။ ဇုဇ်နတ်မင်းကြီး သတ်မှတ်ထားတဲ့ ရက် ဝရဇိန်လက်နက် ပြန်ပေးရမယ့်ရက် ရောက်ကာနီးနေပါပြီ ။ နတ်မင်းကြီးတွေ စိတ်ဆိုးနေပါပြီ ။

ဟေးဒီးစ်ရှိမယ့်နေရာ  မြေပုံထဲမှာ ပေါ်လာပါပြီ ။ ငရဲမင်းကြီး ရှိတဲ့ နေရာက ကယ်လီဖိုးနီးယားပြည်နယ် ဟောလိဝုဒ်ဖြစ်ပါတယ် ။ ( ဟောလိဝုဒ်ကို ငရဲနဲ့ နီးတယ်လို့ ပြောချင်တာပါ ။ အတော် ဗရုတ်ကျတယ်နော် ) ။ဟောလိဝုဒ်လို့ရေးထားတဲ့ ဆိုင်းဘုတ်ကြီးနားကနေဖြတ်သွားတုန်း ပါဆီရဲ့ ကမောက်ကမကျတဲ့ မျက်စေ့က စာလုံးတလုံးကိုမြင်လိုက်ပါတယ် ။ woe to all depraved souls လို့ရေးထားပါတယ် ။ ဒီနေရာဟာ ငရဲဝင်ပေါက်တည့်တည့်ပါပဲ ။

သူတို့ရပ်လိုက်တော့ တောင်ကြီးနံရံက အပေါက်ကြီး ဖြစ်သွားတယ် ။ သူတို့ဝင်သွားတဲ့ အချိန်မှာ အထဲလည်းရောက်ရော အပေါက်ကြီးက ပြန်ပိတ်သွားပါပြီ ။ အထဲမှာ အမှောင် ကမ္ဘာကြီးဖြစ်ပြီး ရှေးခေတ်မီးတိုင်အနည်းငယ် ထွန်းတားသောကြောင့် လူအရိုးခေါင်းများကို မြင်နေရပါတယ် ။ မြစ်ကြီး တစင်းလဲ တွေ့ရပါတယ် ။ ပြီးတော့ လှေတစင်းပေါ်မှာ မတ်တပ်ရပ်နေသော ခေါင်းဆောင်းနဲ့ ကြောက်စရာ လူတဦး ။ သူကတော့ သေသူများကို ငရဲမင်းရဲ့ အဆုံးဖြတ်ခံယူရန် ကူးတို့ ပို့ဆောင်ပေးသော ကူးတို့သမားဖြစ်ပါတယ် ။






သူကပြောတယ် "မင်းတို့လာရမယ့်နေရာ မဟုတ်ဘူး ဒီနေရာမှာ အသက်ရှင်သူတွေ လာတဲ့ နေရာမဟုတ်ဘူး ။ ပြန် ။ သေပြီးမှ ပြန်လာခဲ့ " လို့ ပြောတယ် ။ ဒါပေမယ့် စက်တယာက လဘ်ထိုးတဲ့ အနေနဲ့ ပါလာတဲ့ ဒေါ်လာ ၂ရွက်ကို ပေးလိုက်တယ် ။ အားလုံး အဲဒီလူကြီး လက်ထဲမှာ ပြာကျသွားတယ် ။ နောက်တော့ အကြံရပြီး မာဒူးဆာရဲ့ ဥယာဉ်ထဲက ယူလာတဲ့ မီးလောင်ပြီးသား ဒင်္ဂါးဟောင်းတွေ ကို ပေးလိုက်မှပဲ ငရဲမင်းဆီ လိုက်ပို့ပေးတော့တယ် ။

(ဒီနေရာမှာ တွေ့လိုက်ရတဲ့ အိုင်ဒီယာက လူသေရင် မီးရှို့ရတယ် ။ ပါးစပ်ထဲမှာ ပိုက်ဆံ ထည့်ပေးလိုက်ရတော့ ပိုက်ဆံက မီးကျွမ်းပြီးသား ပိုက်ဆံပေါ့ ။ ကူးတို့သမားက မီးကျွမ်းတဲ့ ပိုက်ဆံ နဲ့ အသက်မရှိတဲ့ သူကို ပဲလက်ခံတယ် ဆိုတော့ မြန်မာတွေ ရဲ့ အယူနဲ့ တူသလိုလိုပဲနော် )





တလမ်းလုံးမှာ တွေ့ရတဲ့ ငရဲ မြင်ကွင်းက ပီပြင်လွန်းပါတယ် ။ ကြောက်စရာကြီး လှိုင်ခေါင်းကြီးတွေ တောင်ကြီးတွေက မီးတွေ တဝုန်းဝုန်းနဲ့တောက်လောင်နေပြီး အော်ငိုနေတဲ့ အသံတွေက ဆူညံနေပါတယ် ။လေထဲမှာ မြောနေတဲ့ အရာတွေက လူအသုံးဆောင်မျိုးစုံဖြစ်ပါတယ် ။ ကူးတို့သမားကို မေးကြည့်တော့ " ဒီအရာတွေက လူတွေ မပြည့်လိုက်တဲ့ ဆန္ဒတွေ လိုအပ်ချက်အရာတွေ" လို့ရှင်းပြတယ် ။ အလိုဆန္ဒ မပြည့်ပဲ သဂြိင်္ုလ်ခံလိုက်ရတဲ့ အရာတွေပေါ့ ။ အိမ်က အစ ရွှေငွေ အဆုံး စာအုပ် ဖိနပ် အစုံပါပါတယ် ။

နောက်တော့ ငရဲမင်းကြီး နေထိုင်တဲ့ဗိမာန်ကြီးကို ရောက်လာပါတယ် ။ ကူးတို့သမားက သူတို့ကို ဆင်းခိုင်းပါတယ် ။ ဒီထက်ပိုပြီး ဆက်ပို့လို့မရတော့ပါဘူး ။


ငရဲမင်းကြီး Hades ရဲ့ စံအိမ်အပြင်ဘက်


ဗိမာန်ကြီးထဲဝင်လိုက်တဲ့ အချိန်မှာ ရင်ဆိုင်လိုက်ရတာ က ငရဲခွေးကြီးတွေ Hellhounds ပါ ။ သူတို့ကို ကိုက်ဆွဲကာနီး မှာ ကယ်တင်လိုက်တဲ့သူက ငရဲမိဘုရားကြီး Persephene ပါ့စ်ဖီးနီး ဖြစ်ပါတယ် ။

 ဇုဇ်နဲ့ ညီမတော်ဒေမီတာတို့ရဲ့ သမီး ငရဲမင်းကြီး ဟေးဒီးစ်ရဲ့ တူမလဲတော်တဲ့ ဇနီးလဲတော်တဲ့ သူဖြစ်ပါတယ် ။

( ဒါကြောင့် မြန်မာတွေမှာလဲ အယူရှိတယ် ။ မိုးတွေ ထစ်ချုန်းရွာနေတဲ့ အခါ သကြားမင်းနဲ့ သူ့သားမက် ငရဲမင်းတို့ သမီးခိုးပြေးလို့ စစ်ခင်းနေကြတယ် လို့ အယူရှိပါတယ် ။ သီချင်းတောင် ရှိသေးတယ် သားမက်နဲ့ ယောက္ခမဘောက်ကျလို့ပဲ အားမရနိုင်ပါ ... တဲ့ :D မတူဘူးလားဟင် )



Hades နဲ့ သူ့မိန်းမ ပါ့စ်ဖီးနီးစ် Persephoene


ပါ့စ်ဖီးနီးက ချက်ချင်းပဲ လာတဲ့သူတွေထဲမှာ တိရစ္ဆာန် တကောင်ပါတာ သိပါတယ် ။ အဲတာ ကတော့ ဂရိုဘာ တဖြစ်လဲ စက်တယာပါ ။ သူမကပြောတယ် ။ အင်းးး မဆိုးပါဘူး.... ဆိတ်နဲ့ တခါမှ ရည်းစား မဖြစ်ဘူးဘူး " တဲ့....... :D :D :D

သူတို့ကို ငရဲမင်းဆီခေါ်သွားတော့ ငရဲမင်းက ဟော့ရှော့ပါ ။ အဆိုတော် Mick Jagger စတိုင်နဲ့ပါ  ။ သူက ပါဆီကို မြင်တာနဲ့" တူတော်လာတယ်" ဆိုပြီး နှုတ်ဆက်တယ် ။ ပါဆီရဲ့ သတ္တိကို ချီးကျူးပါတယ် ။





ဟေးဒီးစ်က သူငရဲပြည်မှာ နေရတဲ့ ဒုက္ခက လွတ်ချင်တယ် ...... ဒီလိုလွတ်ချင်ရင်တော့ ဇုဇ်နဲ့ ပွေစိုက်ဒွန်ကို ဝရဇိန်လက်နက် အကူအညီနဲ့ သုတ်သင်မှရမယ်လို့ပါဆီကို ရှင်းပြပါတယ် ။ ပါဆီကတော့ သူ့ဆီမှာ ဝရဇိန်လက်နက် မရှိကြောင်းပဲ ပြောလိုက်တော့ ဟေးဒီစ်းက ဖွက်ထားတဲ့ ပါ့ဆီမေမေကို ထုတ်ပေးပြီး. ငရဲတွင်းထဲ တွန်းချဘို့ ခြိမ်းခြောက်ပါတယ် ။ အဲဒီအချိန်မှာ လုခ်ပေးလိုက်တဲ့ ဒိုင်းက လွတ်ကြပြီး ဒိုင်းရဲ့ အံဝှက်ထဲက ဝရဇိန်လက်နက် ထွက်ကျလာပါတယ် ။ ဒီအချိန်မှာ ဝရဇိန်လက်နက်ကို ခိုးသူဟာ ဒိုင်းကို ပေးလိုက်တဲ့ လုခ် luke မှန်း အားလုံး သိသွားပါပီ ။

ပါ့စ်ဖီးနီးက ငရဲမင်းလက်ထဲက ဝရဇိန်လက်နက်ကြည့်ချင်တယ်လို့တောင်းယူပြီး ရုတ်တရက် ဟေးဒီးစ်ကို တိုက်ခိုက်လိုက်တော့ ဟေးဒီးစ်မေ့သွားပါတယ် ။ ပြီတော့ ဝရဇိန်လက်နက်ကို ပါဆီ့ကို ပြန်ပေးလိုက်ပါတယ် ။ ပါဆီတို့ ပြန်လို့ရပါပြီ ။

သူတို့ပါလာတာ ပုလဲ သုံးလုံးပဲ ရှိလို့ သုံးယောက်ပဲ ပြန်လို့ရပါတယ် ။ စက်တယာက ပါ့စ်ဖီးနီး သူ့ကို ကြိုက်နေတယ် ဆိုတာ သိလို့ သူချန်နေခဲ့မယ်လို့ ပြောပါတယ် ။

ပါဆီရယ် ။ မေမေဆယ်လီရယ် ။ အန်နာဘသ်ရယ် သုံးယောက် သွားရမယ့် နေရာ အိုလံပီယာတောင်ကို အာရုံပြုလို့ ပုလဲကို ခြေထောက်အောက်မှာ နင်းချေလိုက်တဲ့ အခါမှာ အိုလံပီယာ တောင်နဲ့ရဲ့ ဝင်ပေါက်ရှိတဲ့ အင်ပါယာစတိတ် အဆောက်အဦး ကြီးပေါ်ကို ရောက်လာပါတယ် ။ သူတို့ သုံးယောက် ဝင်ပေါက်ထဲ ဝင်ကာနီးမှာ ဝရဇိန်သူခိုး လုခ် ပေါ်လာပါတယ် ။



Mount Olympia


သူက ဇုဇ်နဲ့ အမတော် ဟေရာတို့ ရဲ့ သား နတ်မင်းကြီး Ares ရဲ့ ခိုင်းစေချက်နဲ့ခိုးယူခဲ့တာပါ ။ ဖခင်နတ်မင်းကြီးတွေ စစ်မက် ဖြစ်ပွားပြီး သေဆုံးသွားစေလိုသူ ဖြစ်ပါတယ် ။ နတ်မင်းကြီးတွေ သေဆုံးသွားမှ နောက်ပေါက်နတ်တွေက အကြီးအကဲ လုပ်လို့ရမှာပါ ။ ဒါကြောင့် လုခ်ကို ခိုးခိုင်းပြီး ပါဆီခိုးတယ်လို့ သတင်းလွှင့်တာပါ ။ ပါဆီငရဲမင်းဆီသွားမယ် ဆိုတော့ ပါဆီကိုပါ သေစေလိုသူ လုခ်က ဒိုင်းထဲကို ဝှက်ထည့်ပေးလိုက်တာပါ ။

နောက်တော့ ပါဆီက ငရဲပြည်က အရှင်ပြန်ထွက်လာပြီး ဝရဇိန်ပါပြန်ပါလာပြီး ဇုဇ်ကို ပြန်ပေးတာကို မလိုလားတဲ့ လုခ်က ပါဆီကို တိုက်ခိုက်ပါတယ် ။ နောက်ဆုံးမှာ ပါဆီက နိုင်သွားပြီး အိုလမ်ပီယာတောင်ကြီး ဆီ ထွက်သွားနိုင်ပါတော့တယ် ။
 

ငြင်းခုံနေကြတဲ့ နတ်ဘုရားတွေ


အိုလံပီယာမှာတော့ နတ်သဘင် အစည်းဝေးပွဲကြီးမှာ နတ်တွေ ငြင်းခုံနေကြပါတယ် ။ ဇုဇ်သတ်မှတ်ထားတဲ့ အချိန်ရောက်ဘို့ မိနစ်ပိုင်းပဲလိုပါတော့တယ် ။ ပါဆီက အချိန်မီရောက်လာပြီး ဝရဇိန်ကို ဇုဇ်ကို ပေးအပ်လိုက်ပါတယ် ။ ပြသနာ အားလုံးလဲ ရှင်းသွားပါပြီ ။ ဒီအလွန်ကြောက်မက်ဖွယ် ပြင်ထန်းတဲ့ လက်နက်ဟာ ဇုဇ်ရဲ့ ကိုယ်ပိုင် ။ ဇုဇ်ကိုယ်တိုင်ဖန်တီးထားတာပါ ။


အဲဒီနေရာ မှာ ပါဆီတွေ့လိုက်ရတာ သူ့အာရုံထဲ အမြဲ တွေ့နေရတဲ့ အခက်ခဲ ကြုံလာတိုင်းကြားခဲ့ရတဲ့ အသံရှင် ပွေဆိုက်ဒွန် နတ်မင်းကြီး ဖြစ်တဲ့ သူရဲ့ အဖေကိုပါ ။ အန်နာဘသ်ကလဲ သူ့အမေ အသီနာကိုတွေ့ပါတယ် ။


Athena . Zeus and Poseidon


ဇုဇ်ကို ပါဆီက တခုတောင်းဆိုပါတယ် ။ ဂရိုဘာ စက်တယာ ကို ငရဲကနေကယ်တင်ပေးဘို့ပါ ။ ဇုဇ်က သဘောတူလိုက်ပါတယ် ။ အဲဒီအခါမှာ ပွေဆိုက်ဒွန်က ဇုဇ်ဆီမှာ တကြိမ်တခါလောက် ပါဆီနဲ့ စကားပြောခွင့်ပေးဘို့ ဘို့တောင်းဆိုပါတယ် ။


စကားပြောခွင့်ရပေမယ့် ပါဆီက သူ့အဖေကို စိတ်ဆိုးနေဆဲပါ ။ သူ့အဖေက ပြောပါတယ် "မင်းငါ့ကိုမမြင်ရဘူး ဆိုတဲ့ အဓိပ္ဗါယ်က ငါ မင်းနားမှာ မရှိဘူးလို့ မဆိုလိုဘူး ။ မင်းလိုအပ်တဲ့ အချိန်တိုင်း မင်းအနားမှာ ရှိနေပါတယ် ။ အဖေမင်းကို မြင်နေရပါတယ်" လို့ ပြော မှ ပါဆီက ကျေနပ်သွားပါတယ် ။



ဇာတ်ပေါင်းတော့ ပါဆီက Camp ကို ပြန်လာတယ် ။ ပါဆီမေမေက သူ့ယောက်ကျားကို ကွာရှင်းလိုက်တယ် ။ ဂရိုဘာလဲ ပြန်ရောက်နေပြီး ရာထူးတိုးနေပါပြီ Junior protector ကနေ senior protector ဖြစ်နေပါပြီ ။ သူ့ဦးခေါင်းမှာ ဦးချိုလေး နှစ်ခုလဲ ထွက်နေပါပြီ ။



ပါဆီဟာနောက်ပိုင်းမှာ Mycenae and of the Perseid dynasty မင်းဆက်ကိုတည်ထောင်သူ သူရဲကောင်း တဦး ဖြစ်လာမှာပါ ။ ဂရိရှေးဟောင်းရာဇဝင်ထဲမှာ လူသားထဲမှာ ပထမဆုံးသူရဲကောင်း တဦး ဖြစ်ပါတယ် ။





ပြီးပါပြီ

ပျော်ရွှင်ပါစေ




ရေးသူ

Comments

  1. ဇတ်လမ်းလေးကကောင်းလိုက်တာ.... ဇာတ်သိမ်းလေးလှတယ်... ပါဆီ့ဖေဖေကလူဆိုး :D

    ReplyDelete
  2. စော်ကြည်ဘဲကြီးလေ...နောက်ထပ် နတ်ဘုရား တဦးမွေးထားတာ သားသမီးပေါင်း သုံးထောင်ကျော်ရှိတယ်လို့ ဖတ်ရသေးတယ်... :D

    ReplyDelete
  3. ဖတ်လို့ကောင်းပါသည်... ခုလို စိတ်ရှည်ရှည်နဲ့ လိုတိုရှင်း ကျစ်ကျစ်လစ်လစ် ဘာသာပြန်ပေးတာ ကျေးဇူးပါ.... ခုရုံတင်ထားတဲ့ အပိုင်းနှစ် မကြည့်ခင် ဒါလေး အရင် ဖတ်သွားရင် အိုကေပဲ...

    ReplyDelete
  4. အပိုင်းတစ်ပါ ပြန်ရှာ ကြည့်လေ ပန်ပန်

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်